သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိပ္သီးေဆြးေႏြးပြဲျမန္မာစစ္ေခါင္းေဆာင္ကိုမဖိတ္ဘို႔ ASEAN ကဆံုးျဖတ္ေၾကာင္းသတင္းထြက္


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အာဆီယံသေကၤတ (ေအပီ)

{{Zawgyi/Unicode}}

ဒီလေႏွာင္းပိုင္းမွာက်င္းပမယ့္ အာဆီယံထိပ္သီး ညီလာခံမွာ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္္ကို မဖိတ္ဖို႔ အာဆီယံႏုိ္င္ငံျခားေရးဝန္ႀကီးေတြ ဒီကေန႔ အြန္လုိင္းအစည္းအေဝးမွာ သေဘာတူညီခဲ့ၾကတယ္လို႔ ဒီဆုံးျဖတ္ခ်က္နဲ႔နီးစပ္တဲ့ သတင္းရင္းျမစ္ အေတာ္မ်ားမ်ားကို ကုိးကားၿပီး ႐ိုက္တာသတင္းတရပ္မွာေဖာ္ျပပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကိုယ္စား ႏုိင္ငံေရးနဲ႔ပတ္သက္မႈမရွိတဲ့ ထင္ရွားတဲ့ အရပ္ဘက္ပုဂၢိဳလ္တဦးကို ဖိတ္မယ္ လို႔လည္း ေသာၾကာေန႔ကက်င္းပတဲ့ အာဆီယံႏုိင္ငံျခားေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ သေဘာတူညီခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားတာပါ။

ဒါ့အျပင္ ျမန္မာဆုိင္ရာ အာဆီယံအထူးကိုယ္စားလွယ္ Erywan Yusof လည္း ျမန္မာႏုိင္ငံကို ဒီလထဲသြားေရာက္ မွာမဟုတ္ဘူးလို႔ ေဒသတြင္း သံတမန္ေတြနဲ႔ အစိုးရအရာရွိေတြက ေျပာတဲ့အေၾကာင္း ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ASEAN အဖြဲ႔ႀကီးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔နီးစပ္္တဲ့ အသိုင္းအဝုိင္းကရတဲ့ သတင္းရင္းျမစ္ေတြျဖစ္တယ္လို႔ ႐ိုက္တာက ဆိုေပမယ့္ အာဆီယံအဖြဲ႔ႀကီးဆီက တရားဝင္သတင္း ထုတ္ျပန္ျခင္းေတာ့ မရွိေသးပါဘူး။ ဒီကေန႔လုပ္တဲ့ အစည္းအေဝးနဲ႔ပတ္သက္ၿပီး အာဆီယံဥကၠ႒က စေနေန႔မွာ ထုတ္ျပန္ခ်က္တရပ္ ထုတ္လိမ့္မယ္လုိ႔လည္း သတင္းရင္းျမစ္ေတြကေျပာတဲ့အေၾကာင္း ႐ိုက္တာကေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္


========

{{Unicode}}

ထိပ်သီးဆွေးနွေးပွဲမြန်မာစစ်ခေါင်းဆောင်ကိုမဖိတ်ဘို့ ASEAN ကဆုံးဖြတ်ကြောင်းသတင်းထွက်

ဒီလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ အွန်လိုင်းအစည်းအဝေးမှာ သဘောတူညီခဲ့ကြတယ်လို့ ဒီဆုံးဖြတ်ချက်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ် အတော်များများကို ကိုးကားပြီး ရိုက်တာသတင်းတရပ်မှာဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်စား နိုင်ငံရေးနဲ့ပတ်သက်မှုမရှိတဲ့ ထင်ရှားတဲ့ အရပ်ဘက်ပုဂ္ဂိုလ်တဦးကို ဖိတ်မယ် လို့လည်း သောကြာနေ့ကကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သဘောတူညီခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ဒါ့အပြင် မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof လည်း မြန်မာနိုင်ငံကို ဒီလထဲသွားရောက် မှာမဟုတ်ဘူးလို့ ဒေသတွင်း သံတမန်တွေနဲ့ အစိုးရအရာရှိတွေက ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ASEAN အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကရတဲ့ သတင်းရင်းမြစ်တွေဖြစ်တယ်လို့ ရိုက်တာက ဆိုပေမယ့် အာဆီယံအဖွဲ့ကြီးဆီက တရားဝင်သတင်း ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ ဒီကနေ့လုပ်တဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး အာဆီယံဥက္ကဋ္ဌက စနေနေ့မှာ ထုတ်ပြန်ချက်တရပ် ထုတ်လိမ့်မယ်လို့လည်း သတင်းရင်းမြစ်တွေကပြောတဲ့အကြောင်း ရိုက်တာကရေးပါတယ်။

#ASEAN#MinAungHlaing#ErywanYusouf#အာဆီယံ၊မြန်မာ#မင်းအောင်လှိုင်#စစ်အာဏာသိမ်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG