သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး နိုင်ငံတကာတိုက်တွန်း


Brunei's Second Minister of Foreign Affairs Erywan Pehin Yusof addresses the 74th session of the United Nations General Assembly at U.N. headquarters in New York City, New York, U.S., September 30, 2019. REUTERS/Brendan McDermid
Brunei's Second Minister of Foreign Affairs Erywan Pehin Yusof addresses the 74th session of the United Nations General Assembly at U.N. headquarters in New York City, New York, U.S., September 30, 2019. REUTERS/Brendan McDermid

{{Zawgyi/Unicode}}

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ မြန်မာစစ်ကောင်စီကို အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံနဲ့ ဥရောပသမဂ္ဂ (EU) တို့က တောင်းဆိုလိုက်ကြပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရမယ့် အာဆီယံ ကိုယ်စားလှယ်ရဲ့ ခရီးစဉ် ဖြစ်မြောက်အောင် စီစဉ်ဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့တာပါ။

“မြန်မာစစ်တပ်အနေနဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် ပံ့ပိုးပေးဖို့၊ ဒီထက်အရေးကြီးတာက သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ခွင့်ရအောင် စီစဉ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ဒါဟာ ကျနော်တို့ အခိုင်အမာ၊ အစဉ်တစိုက် အားပေးတိုက်တွန်းနေတဲ့ (အာဆီယံ) ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း ကိုက်ညီပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က သောကြာနေ့ တယ်လီဖုန်းကတဆင့် သတင်းစာ ရှင်းလင်းရာမှာ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံက ဆိုးဝါးတဲ့အခြေအနေတွေအပေါ်မှာ အလွန်အမင်းစိုးရိမ်မိကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို အပြုသဘောဆောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ တောင်ကိုးရီယား၊ နယူးဇီလန်၊ နော်ဝေး နဲ့ အရှေ့တီမော နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးရာအကြီးအကဲ Josep Borrell ကလည်း အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အလွယ်တကူ သွားရောက်နိုင်ဖို့နဲ့ နိုင်ငံရေးမှာ သက်ဆိုင်သူအားလုံးနဲ့ လွတ်လွတ်လပ်လပ် ညှိနှိုင်းဆောင်ရွက်ခွင့်ပေးဖု့ိ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ဟာ ဒီသီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရတာကြောင့် ခရီးစဉ်ကို ဖျက်လိုက်ရကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် တတ်နိုင်သမျှ လိုက်လျောထားပြီး တွေ့ဆုံသင့်သူတွေကို စီစဉ်ပေးထားကြောင်း ကြာသပတေးနေ့ကပဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အခုအချိန်အထိ မြန်မာစစ်အာဏာပိုင်တွေဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒမတွေ့ရကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

...............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}








XS
SM
MD
LG