သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိႈင္ကို ထိပ္သီးစည္းေဝးပြဲ ဖိတ္မဖိတ္ အာဆီယံဝန္ႀကီးေတြ ေဆြးေႏြးဖို႔ရွိ


{Zawgyi/Unicode}


ျမန္မာအာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို လာမယ့္ အာဆီယံထိပ္သီးစည္းေဝးပြဲကို မဖိတ္ေရးအတြက္ အာဆီယံေခါင္းေဆာင္ေတြ မနက္ျဖန္ ေသာၾကာေန႔မွာ ေဆြးေႏြးၾကမယ္လို႔ ဒီကိစၥကိုသိရွိသူေတြေျပာတာကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလအတြင္း က်င္းပခဲ့တဲ့ ျမန္မာ့အေရး အာဆီယံ အေရးေပၚအစည္အေဝးမွာ သေဘာတူခဲ့ၾကတဲ့ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ ျမန္မာစစ္ေကာင္စီဘက္က ပ်က္ကြက္ေနတဲ့အေပၚ အာဆီယံေခါင္းေဆာင္ေတြအၾကား ေဝဖန္ ေျပာဆိုမႈေတြ ထြက္ေပၚတာေၾကာင့္ အခုလို ထိပ္သီးစည္းေဝးပြဲကို မဖိတ္ဖို႔အထိ ေဆြးေႏြးလာၾကတာပါ။

အခုလို ျမန္မာစစ္ေကာင္စီကို မဖိတ္ေခၚေရး အင္ဒိုနီးရွား၊ မေလးရွားနဲ႔ စကၤာပူတို႔က ေထာက္ခံၾကတယ္လုိ႔ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ႐ိုက္တာမွာေရးထားပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို အာဆီယံထိပ္သီး စည္းေဝးပြဲကို မဖိတ္ေရး ေထာက္ခံေၾကာင္း ၾသစေတးလ်အေျခစိုက္ Lowy Institute နဲ႔ အြန္လိုင္းကတဆင့္ ဒီကေန႔ျပဳလုပ္တဲ့ ေဆြးေႏြးပြဲအတြင္း ေျပာသြားပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး Teodoro Locsin က ေျပာတာမွာ တကယ္လို႔ ဒီအစည္းေဝးကိုတက္ဖို႔ ျမန္မာျပည္ကိုဖိတ္လိုက္မယ္ဆိုရင္ အာဆီယံအဖြဲ႔ႀကီးရဲ႕သိကၡာက်ႏိုင္ေၾကာင္း၊ အာဆီယံဟာ ဘာမွ အသုံးမက်တဲ့အဖြဲ႔အျဖစ္ ႏိုင္ငံတကာက ရႈျမင္သြားႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ႀကိဳတင္ စီစဥ္ထားျခင္းမရွိဘဲက်င္းပမယ့္ ဒီ အြန္လိုင္း အေရးေပၚ စည္းေဝးပြဲကို အာဆီယံအလွည့္က် ဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံက ကမကထျပဳ က်င္းပမွာျဖစ္ေၾကာင္း အာဆီယံ သံတမန္နဲ႔ အစိုးရအရာရွိတခ်ဳိ႕ ရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။

ဒီ အေရးေပၚစည္းေ၀းပြဲကိစၥနဲ႔ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းနဲ႔ အာဆီယံအလွည့္က်ဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံတို႔ကို ဆက္သြယ္ခဲ့ေပမယ့္ တစုံတရာ တုံ႔ျပန္ ေျပာဆိုခဲ့ျခင္းမရွိပါဘူး။

ဒါေပမယ့္ အာဆီယံအထူးကိုယ္စားလွယ္ ခရီးစဥ္နဲ႔ပတ္သက္လို႔ စစ္ေကာင္စီႏိုင္ငံျခားေရးဌာနက ဒီကေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္တာမွာ အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို လာႏိုင္မယ့္ရက္ကို ႏွစ္ဘက္ ညႇိႏႈိင္းေနဆဲျဖစ္ေၾကာင္းနဲ႔ အာဆီယံအေနနဲ႔ ျမန္ႏိုင္ငံအေပၚ ႏိုင္ငံေရးအရ ဖိအားေပးလုပ္ေဆာင္မႈေတြ မလုပ္ဖို႔ တိုက္တြန္းထားပါတယ္။
ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ဘ႐ူႏိုင္း၊ ဒုတိယႏိုင္ငံျခားေရး၀န္ႀကီး Erywan Yusof ကေတာ့ ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္ေရးအတြက္ အာဆီယံေခါင္းေဆာင္ေတြအၾကား အေလးအနက္ထား ေဆြးေႏြးေနၾကတယ္လို႔ ေျပာပါတယ္။

အြန္လိုင္းကက်င္းပမယ့္ အာဆီယံထိပ္သီးစည္းေဝးပြဲကိုေတာ့ ေအာက္တိုဘာလ ၂၆ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပဖို႔ စီစဥ္ထားပါတယ္။

အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ခရီးစဥ္ကို ပိတ္မထားေၾကာင္း စစ္ေကာင္စီေျပာခြင့္ရက ေျပာထားေပမယ့္ အာဆီယံအဖြဲ႔နဲ႔ ႏိုင္ငံတကာ အသိုင္းဝိုင္းက လိုလားေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံမႈကိုေတာ့ ခြင့္ျပဳမွာမဟုတ္ေၾကာင္း ေျပာၾကားထားပါတယ္။

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ကေတာ့ အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔၊ ျမန္မာျပည္သူေတြရဲ႕အက်ိဳးအတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အေျဖရွာေရး သက္ဆိုင္ရာအင္အားစု အဖြဲ႕အစည္းအားလုံးနဲ႔ အျပဳသေဘာ ေတြ႔ဆုံေဆြးေႏြးဖို႔၊ ဒီေဆြးေႏြးမႈေတြ ျဖစ္ေပၚေရးအတြက္ အာဆီယံအဖြဲ႔ဥကၠ႒ရဲ႕ အထူးသံတမန္က ၾကားဝင္ကူညီေပးဖို႔၊ လူသားခ်င္းစာနာမႈ အကူအညီေတြကို အာဆီယံကေပးဖို႔နဲ႔၊ အာဆီယံအဖြဲ႔ရဲ႕ အထူးသံတမန္နဲ႔ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာႏိုင္ငံကိုလာၿပီး ျမန္မာႏိုင္ငံအတြင္း လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ သက္ဆိုင္တဲ့အင္အားစု အဖြဲ႔အစည္းအားလုံးနဲ႔ ေတြ႔ဆုံဖို႔တို႔ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------

{Unicode}

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်ကို ထိပ်သီးစည်းဝေးပွဲ ဖိတ်မဖိတ် အာဆီယံဝန်ကြီးတွေ ဆွေးနွေးဖို့ရှိ


မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လာမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို မဖိတ်ရေးအတွက် အာဆီယံခေါင်းဆောင်တွေ မနက်ဖြန် သောကြာနေ့မှာ ဆွေးနွေးကြမယ်လို့ ဒီကိစ္စကိုသိရှိသူတွေပြောတာကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံ အရေးပေါ်အစည်အဝေးမှာ သဘောတူခဲ့ကြတဲ့ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီဘက်က ပျက်ကွက်နေတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်တာကြောင့် အခုလို ထိပ်သီးစည်းဝေးပွဲကို မဖိတ်ဖို့အထိ ဆွေးနွေးလာကြတာပါ။

အခုလို မြန်မာစစ်ကောင်စီကို မဖိတ်ခေါ်ရေး အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူတို့က ထောက်ခံကြတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာမှာရေးထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဆီယံထိပ်သီး စည်းဝေးပွဲကို မဖိတ်ရေး ထောက်ခံကြောင်း သြစတေးလျအခြေစိုက် Lowy Institute နဲ့ အွန်လိုင်းကတဆင့် ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ပြောသွားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ပြောတာမှာ တကယ်လို့ ဒီအစည်းဝေးကိုတက်ဖို့ မြန်မာပြည်ကိုဖိတ်လိုက်မယ်ဆိုရင် အာဆီယံအဖွဲ့ကြီးရဲ့သိက္ခာကျနိုင်ကြောင်း၊ အာဆီယံဟာ ဘာမှ အသုံးမကျတဲ့အဖွဲ့အဖြစ် နိုင်ငံတကာက ရှုမြင်သွားနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ကြိုတင် စီစဉ်ထားခြင်းမရှိဘဲကျင်းပမယ့် ဒီ အွန်လိုင်း အရေးပေါ် စည်းဝေးပွဲကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ကမကထပြု ကျင်းပမှာဖြစ်ကြောင်း အာဆီယံ သံတမန်နဲ့ အစိုးရအရာရှိတချို့ ရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
ဒီ အရေးပေါ်စည်းဝေးပွဲကိစ္စနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့ကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုံ့ပြန် ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီကနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်တာမှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာနိုင်မယ့်ရက်ကို နှစ်ဘက် ညှိနှိုင်းနေဆဲဖြစ်ကြောင်းနဲ့ အာဆီယံအနေနဲ့ မြန်နိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးလုပ်ဆောင်မှုတွေ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကတော့ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ရေးအတွက် အာဆီယံခေါင်းဆောင်တွေအကြား အလေးအနက်ထား ဆွေးနွေးနေကြတယ်လို့ ပြောပါတယ်။
အွန်လိုင်းကကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်ကို ပိတ်မထားကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောထားပေမယ့် အာဆီယံအဖွဲ့နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းက လိုလားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကိုတော့ ခွင့်ပြုမှာမဟုတ်ကြောင်း ပြောကြားထားပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကတော့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာရေး သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနဲ့ အပြုသဘော တွေ့ဆုံဆွေးနွေးဖို့၊ ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်ရေးအတွက် အာဆီယံအဖွဲ့ဥက္ကဋ္ဌရဲ့ အထူးသံတမန်က ကြားဝင်ကူညီပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံကပေးဖို့နဲ့၊ အာဆီယံအဖွဲ့ရဲ့ အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ သက်ဆိုင်တဲ့အင်အားစု အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့တို့ ဖြစ်ပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #ASEAN #voaburmese #စစ်အာဏာသိမ်းမှု #အာဆီယံ #ဗွီအိုအေမြန်မာပိုင်း

XS
SM
MD
LG