သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံထိပ္သီးမွာ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ မဖိတ္ဘူးလို႔ အာဆီယံဥကၠ႒ ထုတ္ျပန္


အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚ အစည္းအေဝး က်င္းပေနတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၅၊ ၂၀၂၁။ ဓာတ္ပုံ - Indo FM Twitter)

(Zawgyi / Unicode)

ေအာက္တိုဘာလ ေနာက္ဆံုးပတ္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ အေရွ႕ေတာင္အာရွ ႏုိင္ငံမ်ားအဖြဲ႔ (ASEAN) ထိပ္သီးအစည္းအေဝးအတြက္ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကို ဖိတ္ၾကားမွာမဟုတ္ဘဲ ႏုိင္ငံေရးက႑က မဟုတ္တဲ့ ကိုယ္စားလွယ္တဦးကို ဖိတ္ၾကားမယ္လို႔ အာဆီယံရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ ဘ႐ူႏုိင္းႏုိင္ငံရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေသာၾကာေန႔ေႏွာင္းပိုင္းက လုပ္တဲ့ အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အေရးေပၚ အစည္းအေဝးအတြင္း အဲဒီလို ဆံုးျဖတ္ခဲ့တာကို အာဆီယံဥကၠ႒က ဒီကေန႔ တရားဝင္ ထုတ္ျပန္ေၾကညာတာပါ။

ေဒသတြင္း လံုၿခံဳေရးနဲ႔ "စည္းမ်ဥ္းစည္းကမ္းအေျခခံ အဖြဲ႔အစည္းတခုအျဖစ္ အာဆီယံရဲ႕ ညီၫြတ္မႈ၊ ယံုၾကည္ကိုးစားခံရမႈနဲ႔ အေရးပါမႈတို႔" အေပၚ ျမန္မာ့အက်ပ္အတည္းက ႐ုိက္ခတ္လာတာနဲ႔ ပတ္သက္ၿပီး အာဆီယံဝန္ႀကီးေတြ စိုးရိမ္ၾကတယ္လို႔ အာဆီယံဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ျမန္မာ့အေရး အာဆီယံ အထူးသံတမန္ကို သက္ဆိုင္သူအားလံုးနဲ႔ ေတြ႔ခြင့္ေပးရမယ္လုိ႔လည္း ေတာင္းဆိုထားပါတယ္။

ေအာက္တိုဘာလ ၂၆ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ အြန္လိုင္းကေန က်င္းပမယ့္ အာဆီယံ ထိပ္သီးအစည္းအေဝး တက္ခြင့္ေပးဖို႔ ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ (NUG) ကလည္း ပန္ၾကားထားတယ္လုိ႔ အာဆီယံဥကၠ႒ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး အာဆီယံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ အားလံုးၾကားမွာ တူညီတဲ့သေဘာထား မရတဲ့အတြက္ ႏုိင္ငံေရးပိုင္းက ကိုယ္စားလွယ္တဦးကို အစည္းအေဝး ဖိတ္မယ့္အစား ႏုိင္ငံေရးပိုင္းက မဟုတ္သူတဦးကို ဖိတ္ဖို႔ ဆံုးျဖတ္ခဲ့တာလို႔ အာဆီယံဥကၠ႒ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။ ဒါေပမယ့္ ဘယ္သူ႔ကိုဖိတ္မယ္ ဆုိတာေတာ့ အတိအက် ေျပာမထားပါဘူး။

ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းတာမွာ "ေက်နပ္ဖြယ္မရွိဘဲ တိုးတက္မႈ သိပ္ကိုနည္းလြန္းေနတာမို႔ အာဆီယံရဲ႕ ဂုဏ္သိကၡာကို ထိန္းသိမ္းေရး ခက္ခဲေပမယ့္ လုပ္ကိုလုပ္ရမယ့္ ဆံုးျဖတ္ခ်က္ကို ခ်ခဲ့ၾကတာပါ" လို႔ စင္ကာပူ ႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။

အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔အတူ က်င္းပဖို႔ရွိတဲ့ ဆက္စပ္အစည္းအေဝးေတြကို တက္မယ့္ထဲမွာ အေမရိကန္သမၼတ Joe Biden လည္း ပါဝင္ပါတယ္။

ေသာၾကာေန႔မွာပဲ အေမရိကန္၊ ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝး၊ ေတာင္ကိုရီးယား၊ ဥေရာပသမဂၢ၊ အေမရိကန္နဲ႔ ၿဗိတိန္ႏုိင္ငံေတြရဲ႕ ပူးတြဲထုတ္ျပန္ခ်က္ တခုထဲမွာ အာဆီယံ အထူးသံတမန္ကို အားေပးေထာက္ခံတဲ့ အေၾကာင္းနဲ႔ အထူးသံတမန္ Erywan Yusof နဲ႔ အျပဳသေဘာ ပူးေပါင္းေဆာင္ရြက္ၿပီး သက္ဆိုင္သူအားလံုးနဲ႔ ေတြ႔ခြင့္ေပးဖို႔ စစ္ေကာင္စီကို တိုက္တြန္းထားပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Ned Price ကလည္း "ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းဖို႔ရာ အခုခ်ိန္ထိ စစ္တပ္က အာဆီယံနဲ႔ အလုပ္ျဖစ္ေအာင္ ပူးေပါင္းေဆာင္ရြက္ခ်င္စိတ္ မရွိေသးပါဘူး" လို႔ ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲတခုအတြင္း ေျပာသြားပါတယ္။ "စစ္အစိုးရကို ဖိအားေပးေရး အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြနဲ႔ အာဆီယံ အထူးသံတမန္ရဲ႕ ခရီးစဥ္ကို ဆက္ၿပီး ေထာက္ခံအားေပးသြားပါမယ္" လို႔ ေျပာခြင့္ရ Ned Price က ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

အာဆီယံထိပ်သီးမှာ မြန်မာစစ်ကောင်စီခေါင်းဆောင် မဖိတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်

အောက်တိုဘာလ နောက်ဆုံးပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးအစည်းအဝေးအတွက် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့ ကိုယ်စားလှယ်တဦးကို ဖိတ်ကြားမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သောကြာနေ့နှောင်းပိုင်းက လုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးအတွင်း အဲဒီလို ဆုံးဖြတ်ခဲ့တာကို အာဆီယံဥက္ကဋ္ဌက ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာတာပါ။

ဒေသတွင်း လုံခြုံရေးနဲ့ "စည်းမျဉ်းစည်းကမ်းအခြေခံ အဖွဲ့အစည်းတခုအဖြစ် အာဆီယံရဲ့ ညီညွတ်မှု၊ ယုံကြည်ကိုးစားခံရမှုနဲ့ အရေးပါမှုတို့" အပေါ် မြန်မာ့အကျပ်အတည်းက ရိုက်ခတ်လာတာနဲ့ ပတ်သက်ပြီး အာဆီယံဝန်ကြီးတွေ စိုးရိမ်ကြတယ်လို့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာ့အရေး အာဆီယံ အထူးသံတမန်ကို သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးရမယ်လို့လည်း တောင်းဆိုထားပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ပေးဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပန်ကြားထားတယ်လို့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးကြားမှာ တူညီတဲ့သဘောထား မရတဲ့အတွက် နိုင်ငံရေးပိုင်းက ကိုယ်စားလှယ်တဦးကို အစည်းအဝေး ဖိတ်မယ့်အစား နိုင်ငံရေးပိုင်းက မဟုတ်သူတဦးကို ဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုဖိတ်မယ် ဆိုတာတော့ အတိအကျ ပြောမထားပါဘူး။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းတာမှာ "ကျေနပ်ဖွယ်မရှိဘဲ တိုးတက်မှု သိပ်ကိုနည်းလွန်းနေတာမို့ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရေး ခက်ခဲပေမယ့် လုပ်ကိုလုပ်ရမယ့် ဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ" လို့ စင်ကာပူ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့အတူ ကျင်းပဖို့ရှိတဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်မယ့်ထဲမှာ အမေရိကန်သမ္မတ Joe Biden လည်း ပါဝင်ပါတယ်။

သောကြာနေ့မှာပဲ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေရဲ့ ပူးတွဲထုတ်ပြန်ချက် တခုထဲမှာ အာဆီယံ အထူးသံတမန်ကို အားပေးထောက်ခံတဲ့ အကြောင်းနဲ့ အထူးသံတမန် Erywan Yusof နဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ကလည်း "မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ရာ အခုချိန်ထိ စစ်တပ်က အာဆီယံနဲ့ အလုပ်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိသေးပါဘူး" လို့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားပါတယ်။ "စစ်အစိုးရကို ဖိအားပေးရေး အာဆီယံရဲ့ ကြိုးပမ်းမှုတွေနဲ့ အာဆီယံ အထူးသံတမန်ရဲ့ ခရီးစဉ်ကို ဆက်ပြီး ထောက်ခံအားပေးသွားပါမယ်" လို့ ပြောခွင့်ရ Ned Price က ပြောသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG