သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကို ထိပ်သီးအစည်းအဝေး မဖိတ်မယ့် အာဆီယံ ရပ်တည်ချက်အပေါ် အကဲခတ်အမြင်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံသင်္ကေတ (အေပီ)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံသင်္ကေတ (အေပီ)

{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီကို အာဆီယံထိပ်သီးပွဲမှာ တက်ခွင့်မပေးဘဲ၊ စစ်ကောင်စီမခန့််တဲ့ နိုင်ငံ့ဝန်ထမ်းကိုသာ တက်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်ကျခဲ့တဲ့သဘောက မြန်မာ့အရေးမှာ အာဆီယံ ပိုလေးနက်လာတာလို့ သုံးသပ်နေကြပါတယ်။

မနေ့ညကလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အခုလို ဆုံးဖြတ်ပေးဖို့ အဆိုပြုခဲ့တယ်လို့ ဒီ အစည်းအဝေးအပြီး တွစ်တာမှာ ရေးသားခဲ့ပါတယ်။

တရားဝင်ဆုံးဖြတ်ချက်ကိုတော့ ဒီနေ့ကျမှ အလှည့်ကျအာဆီယံဥက္ကဌ ဘရူနိုင်းက ထုတ်ပြန်ဖို့ရှိရာမှာ၊ အရေးပါမူအပေါ် စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute ခေါ် အရှေ့တောင်အာရှလေ့လာရေးဌာနက မမိုးသူဇာကို ကိုဝင်းမင်းက ဒီအစည်းအဝေးပြီးပြီးချင်း မနေ့ညက မေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

.................................

{{Unicode}}




XS
SM
MD
LG