{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လိႈင္ကို ဒီလကုန္လုပ္မဲ့ အာဆီယံထိပ္သီးပြဲ မဖိတ္ေရး၊ ဒီေန႔ အေရးေပၚေဆြးေႏြးရတာက အာဆီယံ ဂုဏ္သိကၡာဆယ္ႏိုင္ဖို႔ပါလို႔ သံုးသပ္မူေတြရွိေနပါတယ္။
ဖီလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း အခုလို ထိပ္သီးပြဲ မဖိတ္ဖို႔က၊ သူ႔ရပ္တည္ခ်က္လည္းျဖစ္တယ္၊ အမ်ားလည္း အလားတူခံစားေနရတယ္လို႔၊ Lowy Institute အဖြဲ႔ အင္တာနက္ Online ေဆြးေႏြးပြဲမွာ လူသိရွင္ၾကား မေန႔က ေျပာခဲ့ပါတယ္။
ဒီေန႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးအစည္းအေဝးကေန ဘယ္လို ဆံုးျဖတ္ခ်က္မ်ိဳး က်လာႏိုင္ပါလဲ။ စကၤာပူအေျခစိုက္ ISEAS Yusof Ishak Institute ေခၚ အေရွ႕ေတာင္အာရွေလ့လာေရးဌာနက ျမန္မာအစီအစဥ္ ညိွႏိႈင္းေရးမွဴး မမိုးသူဇာကို ကိုဝင္းမင္းက မေန႔ညက ေမးထားပါတယ္။
ကိုဝင္းမင္း ။. ။ ျမန္မာစစ္ေကာင္စ္ီ ေခါင္းေဆာင္ကို ေအာက္တိုဘာ ၂၆ ကေန ၂၈ အထိလုပ္မယ္ ႏွစ္စဥ္ အာဆီယံအစည္းအေဝး မဖိတ္ဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး က လူသိရွင္ၾကားေျပာခဲ့တာကို အခု အြန္လိုင္းေဆြးေႏြးပြဲမွာ ဒီေန႔အာဆီယံအစည္းအေဝးကို တက္ေရာက္မယ့္ ဖီလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးTeodoro Locsin ဒါက သူရပ္တည္ခ်က္ျဖစ္တယ္ဆိုၿပီး အေရးပါတာကို အခုလိုရွင္းျပပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး ။. ။ က်ေနာ္တို႔အေနနဲ႔ ျမန္မာႏိုင္ငံက စစ္ေခါင္းေဆာင္ေတြကို အေဝးမွာပဲ. ဆက္ခြာထားသင့္ပါတယ္။ အရင္ေျပာသလိုပဲ တနည္းနည္းနဲ႔ ျပန္ေလွ်ာ့ေပးလိုက္ရင္ က်ေနာ္တို႔ အာဆီယံအဖြဲ႔ရဲ႕ စစ္မွန္တဲ့ေဒသတြင္းအဖြဲ႔အျဖစ္ကေန ေပ်ာက္ကြယ္သြားေတာ့မွာပါ။ ဆိုလိုတာက အဓိပၸါယ္မရွိတာေတြ၊ ကမၻာႀကီးမွာ အသိအမွတ္မျပဳတာေတြကို အခ်င္းခ်င္းစု သေဘာထားေပးတဲ့ လူတစုသာျဖစ္သြားၾကမွာေပါ့။ ဒါဆိုရင္ အားေကာင္းတဲ့ ေဒသတြင္းမဟာမိတ္အဖြဲ႔လို႔ မေခၚႏိုင္ပါဘူး။ အာဆီယံထဲက က်ေနာ္မိတ္ေဆြေတြ ေခါင္းေဆာင္ေတြကိုယ္တုိင္လည္း ဒါကိုသေဘာေပါက္ၿပီး အလားတူခံစားေနၾကရပါတယ္။ ကုန္းတြင္းက် အာဆီယံႏိုင္ငံတခ်ဳိ႕အေနနဲ႔ ေပ်ာ့ေျပာင္းတတ္တယ္ဆိုေပမယ့္ လမ္းပဲဖြင့္ထားေပးေစခ်င္တာပါ။ ကမၻာႀကီးတခုလုံးကိုေတာ့ သူတို႔မဆန္႔က်င္လိုပါဘူး။ အဓိကထိခိုက္မွာက အဖြဲ႔ဂုဏ္သိကၡာဆိုတာ အားလုံးေကာင္းေကာင္းသိပါတယ္။
ကိုဝင္းမင္း ။. ။ အင္္ဒုိနီးရွားနဲ႔ စကၤာပူႏိုင္ငံတို႔ကလည္း အလားတူအနည္းနဲ႔အမ်ားေျပာလာခ်ိန္မွာ ဒီကုန္တြင္းက်ႏိုင္ငံေတြဆိုတာက ထိုင္း၊ ကေမၻာဒီယား၊ လာအို နဲ႔ ဗီယက္နမ္ႏိုင္ငံတို႔ကို ဆိုလုိတာပါ။ ဒီေန႔အာဆီယံအစည္းအေဝး အေရးပါပုံကိုေမးရာမွာ အာဆီယံအေရးကြ်မ္းက်င္သူ မမိုးသူဇာ ကလည္း ...
မမိုးသူဇာ ။. ။ အထူးေဆြးေႏြးဖုိ႔အတြက္ကို အစည္းအေဝး တရပ္ေခၚတာကေတာ့ ဒါထူးျခားတယ္။ ဘာေၾကာင့္လဲဆိုတာကေတာ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ကလည္း အာဆီယံဖက္ကေနၿပီး ျမန္မာႏိုင္ငံမွာ အေရးႀကီးေနတဲ့ အေရးကိစၥေတြကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ဖို႔အတြက္ကိုလည္း ေတာင္းဆိုထားပါတယ္။ ဒီသေဘာတူခ်က္ ၅ ခ်က္ အေကာင္ထည္ေဖာ္ေဆာင္ဖို႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဖက္ကေန အေလးမထားတဲ့သေဘာ သက္ေရာက္ေနတဲ့ အေနအထားမွာ အာဆီယံအစည္းအေဝးေတြကို တက္မယ္ဆိုတဲ့ အေနအထားမွာ အာဆီယံအေနနဲ႔ မ်က္ႏွာပန္းမလွရုံတင္မကဘူး အာဆီယံရဲ႕ သိကၡာ လည္းေခၚလို႔ရတယ္။ ႏိုင္ငံတကာရဲ႕ ယုံၾကည္ေလးစာမႈ ပုံရိပ္ေတြအားလုံးကို ထိေရာက္ႏိုင္တယ္ဆိုတာကို အာဆီယံက အေလးတယူ အေလးထားေဆြးေႏြးတယ္။
ကိုဝင္းမင္း ။. ။ ဘာေၾကာင့္ ႏိုင္ငံတကာ ပုံရိပ္ကို အာဆီယံက အေလးထားေဆြးေႏြးလာရသလဲ
မမိုးသူဇာ ။. ။ ျမန္မာႏိုင္ငံအေနနဲ႔ အာဆီယံထိပ္သီးအစည္းေဝးေတြကို တက္တယ္ဆိုတဲ့အေနအထားက အာဆီယံအဝန္းအဝုိင္းတင္မဟုတ္ဘူး။ ဒီအာဆီယံရဲ႕ ေဆြးေႏြးဖက္ႏိုင္ငံေတြျဖစ္ၾကတဲ့ တျခားအင္အားႀကီးႏိုင္ငံေတြ၊ အခုအေရွ႕အာရွထိပ္သီးအစည္းေဝးပြဲဆိုလို႔ရွိရင္ ေတာ္ေတာ္ေလး က်ယ္ျပန္႔တဲ့ ေဆြးေႏြးပြဲျဖစ္ပါတယ္။ အဲဒီမွာ ဆိုလို႔ရွိရင္ ဒီ အေမရိက၊ တရုတ္၊ ဂ်ပန္၊ ရုရွား ဒီလုိမ်ုိးႏိုင္ငံေတြကေနၿပီး အာဆီယံနဲ႔ ပါဝင္တက္ေရာက္ၾကတာ။ ေခါင္းေဆာင္ပိုင္းအဆင့္မွာ ပါဝင္တက္ေရာက္ၾကမယ္ျဖစ္ပါတယ္။ ဒါေၾကာင့္မိုလို႔လည္း ဒီကိစၥက အခုဆိုလို႔ရွိရင္လည္း အင္မတန္အေရးႀကီးတာျဖစ္ပါတယ္။
ကိုဝင္းမင္း ။. ။ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ အစည္းေဝးတက္ေရး မတက္ေရး ဆုံးျဖတ္ရေအာင္ ဘာေတြကို အဓိကထဲ့ၿပီး ဆုံးျဖတ္မယ္ထင္ပါသလဲ။
မမိုးသူဇာ ။. ။ အာဆီယံ ထိပ္သီးအစည္းအေဝးကို ႏိုင္ငံေခါင္းေဆာင္အေနနဲ႔ တက္ေရာက္ဖို႔ဆိုတဲ့ အေနအထားကို မေပၚလြင္ေအာင္ အာဆီယံက ဦးတည္ေနသလား။ ေယ်ဘူရ အားျဖင့္ တံခါးေနာက္ကြယ္မွာ ညိွႏိႈင္းခဲ့တာေတြ အာဆီယံတရပ္လုံးအေနနဲ႔ေရာ၊ျမန္မာႏိုင္ငံအေနနဲ႔ေရာ မ်က္ႏွာမပ်က္ရေအာင္ ဘယ္လိုေျဖရွင္းမလဲဆိုတဲ့ ေဆြးေႏြးခ်က္ေတြေတာ့ရွိခဲ့တယ္။ ၂ဝဝ၅ခုႏွစ္တုံးက ျမန္မာႏိုင္ငံသည္ ၂ဝဝ၆ ခုႏွစ္မွာ အလွည့္က် အာဆီယံ ဥကၠဌ တာဝန္ကို ယူရေတာ့မယ္ဆိုတဲ့အေနအထားမွာ အဲဒီတုံးကလည္း ျမန္မာႏိုင္ငံဟာ စစ္အစိုးရလက္ထက္ေအာက္မွာ ျမန္မာဖက္က ဆုံးျဖတ္လိုက္တာက ျပည္တြင္းေရးကိစၥေတြကို ပိုၿပီးေတာ့ အေလးထားဖို႔အတြက္ အလွည့္က်ဥကၠဌ တာဝန္ကို မယူေတာ့ပဲနဲ႔ ေနာက္အဆင္သင့္ျဖစ္တဲ့အခ်ိန္ၾကမွ ျပန္ယူမယ္ဆိုၿပီး ခနေဘးထိုင္ေပးခဲ့တဲ့ အေနအထားရွိပါတယ္။ ဒါကိုလည္း အခု သူတို႔သုံးသပ္ၾကမယ္ထင္ပါတယ္။
ကိုဝင္းမင္း ။. ။ ဟုတ္ကဲ့။ အခုအာဆီယံအစည္းအေဝးကေန ဘယ္လိုဆုံးျဖတ္ခ်က္ က်လာမယ္လို႔ သုံးသပ္ၾကည့္နိုင္္ပါသလဲ။
မမိုးသူဇာ ။. ။ ျမန္မာကို ေခါင္းေဆာင္ပိုင္းအေနနဲ႔ အေနနဲ႔ တက္ေရာက္ျခင္းမျဖစ္ေသာလည္း ကိုယ္စားလွယ္ကို လက္ခံမလား။ ေနာက္တပိုင္းကေတာ့ ဒါဆိုလို႔ရွိရင္လည္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကိုယ္စားလွယ္သည္ ထိပ္သီးအစည္းအေဝးကို တက္ေရာက္တယ္ဆိုတဲ့ သေဘာမ်ားသက္ေရာက္မလား။ ဒါေတြကို စဥ္းစားၾကရမွာျဖစ္ပါတယ္။
ကိုဝင္းမင္း ။. ။ ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။
...............................
{{Unicode}}
မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ကို ဒီလကုန်လုပ်မဲ့ အာဆီယံထိပ်သီးပွဲ မဖိတ်ရေး၊ ဒီနေ့ အရေးပေါ်ဆွေးနွေးရတာက အာဆီယံ ဂုဏ်သိက္ခာဆယ်နိုင်ဖို့ပါလို့ သုံးသပ်မူတွေရှိနေပါတယ်။
ဖီလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း အခုလို ထိပ်သီးပွဲ မဖိတ်ဖို့က၊ သူ့ရပ်တည်ချက်လည်းဖြစ်တယ်၊ အများလည်း အလားတူခံစားနေရတယ်လို့၊ Lowy Institute အဖွဲ့ အင်တာနက် Online ဆွေးနွေးပွဲမှာ လူသိရှင်ကြား မနေ့က ပြောခဲ့ပါတယ်။
ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကနေ ဘယ်လို ဆုံးဖြတ်ချက်မျိုး ကျလာနိုင်ပါလဲ။ စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute ခေါ် အရှေ့တောင်အာရှလေ့လာရေးဌာနက မြန်မာအစီအစဉ် ညှိနှိုင်းရေးမှူး မမိုးသူဇာကို ကိုဝင်းမင်းက မနေ့ညက မေးထားပါတယ်။
ကိုဝင်းမင်း ။. ။ မြန်မာစစ်ကောင်စ်ီ ခေါင်းဆောင်ကို အောက်တိုဘာ ၂၆ ကနေ ၂၈ အထိလုပ်မယ် နှစ်စဉ် အာဆီယံအစည်းအဝေး မဖိတ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး က လူသိရှင်ကြားပြောခဲ့တာကို အခု အွန်လိုင်းဆွေးနွေးပွဲမှာ ဒီနေ့အာဆီယံအစည်းအဝေးကို တက်ရောက်မယ့် ဖီလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးTeodoro Locsin ဒါက သူရပ်တည်ချက်ဖြစ်တယ်ဆိုပြီး အရေးပါတာကို အခုလိုရှင်းပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ။. ။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို အဝေးမှာပဲ. ဆက်ခွာထားသင့်ပါတယ်။ အရင်ပြောသလိုပဲ တနည်းနည်းနဲ့ ပြန်လျှော့ပေးလိုက်ရင် ကျနော်တို့ အာဆီယံအဖွဲ့ရဲ့ စစ်မှန်တဲ့ဒေသတွင်းအဖွဲ့အဖြစ်ကနေ ပျောက်ကွယ်သွားတော့မှာပါ။ ဆိုလိုတာက အဓိပ္ပါယ်မရှိတာတွေ၊ ကမ္ဘာကြီးမှာ အသိအမှတ်မပြုတာတွေကို အချင်းချင်းစု သဘောထားပေးတဲ့ လူတစုသာဖြစ်သွားကြမှာပေါ့။ ဒါဆိုရင် အားကောင်းတဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့လို့ မခေါ်နိုင်ပါဘူး။ အာဆီယံထဲက ကျနော်မိတ်ဆွေတွေ ခေါင်းဆောင်တွေကိုယ်တိုင်လည်း ဒါကိုသဘောပေါက်ပြီး အလားတူခံစားနေကြရပါတယ်။ ကုန်းတွင်းကျ အာဆီယံနိုင်ငံတချို့အနေနဲ့ ပျော့ပြောင်းတတ်တယ်ဆိုပေမယ့် လမ်းပဲဖွင့်ထားပေးစေချင်တာပါ။ ကမ္ဘာကြီးတခုလုံးကိုတော့ သူတို့မဆန့်ကျင်လိုပါဘူး။ အဓိကထိခိုက်မှာက အဖွဲ့ဂုဏ်သိက္ခာဆိုတာ အားလုံးကောင်းကောင်းသိပါတယ်။
ကိုဝင်းမင်း ။. ။ အင်ဒိုနီးရှားနဲ့ စင်္ကာပူနိုင်ငံတို့ကလည်း အလားတူအနည်းနဲ့အများပြောလာချိန်မှာ ဒီကုန်တွင်းကျနိုင်ငံတွေဆိုတာက ထိုင်း၊ ကမ္ဘောဒီယား၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံတို့ကို ဆိုလိုတာပါ။ ဒီနေ့အာဆီယံအစည်းအဝေး အရေးပါပုံကိုမေးရာမှာ အာဆီယံအရေးကျွမ်းကျင်သူ မမိုးသူဇာ ကလည်း ...
မမိုးသူဇာ ။. ။ အထူးဆွေးနွေးဖို့အတွက်ကို အစည်းအဝေး တရပ်ခေါ်တာကတော့ ဒါထူးခြားတယ်။ ဘာကြောင့်လဲဆိုတာကတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ကလည်း အာဆီယံဖက်ကနေပြီး မြန်မာနိုင်ငံမှာ အရေးကြီးနေတဲ့ အရေးကိစ္စတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက်ကိုလည်း တောင်းဆိုထားပါတယ်။ ဒီသဘောတူချက် ၅ ချက် အကောင်ထည်ဖော်ဆောင်ဖို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဖက်ကနေ အလေးမထားတဲ့သဘော သက်ရောက်နေတဲ့ အနေအထားမှာ အာဆီယံအစည်းအဝေးတွေကို တက်မယ်ဆိုတဲ့ အနေအထားမှာ အာဆီယံအနေနဲ့ မျက်နှာပန်းမလှရုံတင်မကဘူး အာဆီယံရဲ့ သိက္ခာ လည်းခေါ်လို့ရတယ်။ နိုင်ငံတကာရဲ့ ယုံကြည်လေးစာမှု ပုံရိပ်တွေအားလုံးကို ထိရောက်နိုင်တယ်ဆိုတာကို အာဆီယံက အလေးတယူ အလေးထားဆွေးနွေးတယ်။
ကိုဝင်းမင်း ။. ။ ဘာကြောင့် နိုင်ငံတကာ ပုံရိပ်ကို အာဆီယံက အလေးထားဆွေးနွေးလာရသလဲ
မမိုးသူဇာ ။. ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံထိပ်သီးအစည်းဝေးတွေကို တက်တယ်ဆိုတဲ့အနေအထားက အာဆီယံအဝန်းအဝိုင်းတင်မဟုတ်ဘူး။ ဒီအာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတွေဖြစ်ကြတဲ့ တခြားအင်အားကြီးနိုင်ငံတွေ၊ အခုအရှေ့အာရှထိပ်သီးအစည်းဝေးပွဲဆိုလို့ရှိရင် တော်တော်လေး ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ အဲဒီမှာ ဆိုလို့ရှိရင် ဒီ အမေရိက၊ တရုတ်၊ ဂျပန်၊ ရုရှား ဒီလိုမျိုးနိုင်ငံတွေကနေပြီး အာဆီယံနဲ့ ပါဝင်တက်ရောက်ကြတာ။ ခေါင်းဆောင်ပိုင်းအဆင့်မှာ ပါဝင်တက်ရောက်ကြမယ်ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့လည်း ဒီကိစ္စက အခုဆိုလို့ရှိရင်လည်း အင်မတန်အရေးကြီးတာဖြစ်ပါတယ်။
ကိုဝင်းမင်း ။. ။ မြန်မာစစ်ကောင်စီခေါင်းဆောင် အစည်းဝေးတက်ရေး မတက်ရေး ဆုံးဖြတ်ရအောင် ဘာတွေကို အဓိကထဲ့ပြီး ဆုံးဖြတ်မယ်ထင်ပါသလဲ။
မမိုးသူဇာ ။. ။ အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံခေါင်းဆောင်အနေနဲ့ တက်ရောက်ဖို့ဆိုတဲ့ အနေအထားကို မပေါ်လွင်အောင် အာဆီယံက ဦးတည်နေသလား။ ယျေဘူရ အားဖြင့် တံခါးနောက်ကွယ်မှာ ညှိနှိုင်းခဲ့တာတွေ အာဆီယံတရပ်လုံးအနေနဲ့ရော၊မြန်မာနိုင်ငံအနေနဲ့ရော မျက်နှာမပျက်ရအောင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဆွေးနွေးချက်တွေတော့ရှိခဲ့တယ်။ ၂ဝဝ၅ခုနှစ်တုံးက မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်မှာ အလှည့်ကျ အာဆီယံ ဥက္ကဌ တာဝန်ကို ယူရတော့မယ်ဆိုတဲ့အနေအထားမှာ အဲဒီတုံးကလည်း မြန်မာနိုင်ငံဟာ စစ်အစိုးရလက်ထက်အောက်မှာ မြန်မာဖက်က ဆုံးဖြတ်လိုက်တာက ပြည်တွင်းရေးကိစ္စတွေကို ပိုပြီးတော့ အလေးထားဖို့အတွက် အလှည့်ကျဥက္ကဌ တာဝန်ကို မယူတော့ပဲနဲ့ နောက်အဆင်သင့်ဖြစ်တဲ့အချိန်ကြမှ ပြန်ယူမယ်ဆိုပြီး ခနဘေးထိုင်ပေးခဲ့တဲ့ အနေအထားရှိပါတယ်။ ဒါကိုလည်း အခု သူတို့သုံးသပ်ကြမယ်ထင်ပါတယ်။
ကိုဝင်းမင်း ။. ။ ဟုတ်ကဲ့။ အခုအာဆီယံအစည်းအဝေးကနေ ဘယ်လိုဆုံးဖြတ်ချက် ကျလာမယ်လို့ သုံးသပ်ကြည့်နိုင်ပါသလဲ။
မမိုးသူဇာ ။. ။ မြန်မာကို ခေါင်းဆောင်ပိုင်းအနေနဲ့ အနေနဲ့ တက်ရောက်ခြင်းမဖြစ်သောလည်း ကိုယ်စားလှယ်ကို လက်ခံမလား။ နောက်တပိုင်းကတော့ ဒါဆိုလို့ရှိရင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကိုယ်စားလှယ်သည် ထိပ်သီးအစည်းအဝေးကို တက်ရောက်တယ်ဆိုတဲ့ သဘောများသက်ရောက်မလား။ ဒါတွေကို စဉ်းစားကြရမှာဖြစ်ပါတယ်။
ကိုဝင်းမင်း ။. ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။