သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ-ကုလ ေဆြးေႏြးပဲြကို အတြင္းေရးမွဴးခ်ဳပ္က ေရႊ႕ဆိုင္းခဲ႔


UN Secretary-General António Guterres

[[ Zawgyi ]]

ျမန္မာစစ္ေကာင္စီကို အသိအမွတ္ျပဳ အခ်က္ျပတာမ်ိဳးမျဖစ္ေစဖို႔အတြက္ ၿပီးခဲ့တဲ့ ေသာၾကာေန႔က အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ အြန္လိုင္းေဆြးေႏြးပြဲကို ေ႐ႊ႕ဆိုင္းေပးဖို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ António Guterres ကိုယ္တိုင္က ေနာက္ဆုံးမိနစ္အလိုမွာ ေတာင္းဆိုခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲမွာ စစ္ေကာင္စီႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ ပါဝင္ေဆြးေႏြးမယ္ဆိုရင္ ျမန္မာစစ္ေကာင္စီကို အသိအမွတ္ျပဳသလိုျဖစ္တဲ့အတြက္ အဲဒီလို ေတာင္းဆိုခဲ့တာလို႔ ကုလသမဂၢ သံတမန္ေတြက ေျပာပါတယ္။ ဒါအျပင္ ကုလအတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္ေနရာကိုလည္း စစ္ေကာင္စီ နဲ႔ အမ်ဳိးသားညီညြတ္ေရးအစိုးရ NUG တို႔အၾကား ဘယ္သူက ရသင့္တယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္တာလည္း မလုပ္ခ်င္ဘူးလို႔ အမည္မေဖာ္လိုတဲ့ ကုလ သံတမန္တဦးက ေျပာပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ကုလသမဂၢရဲ႕ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric ကလည္း အတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ အာဆီယံဝန္ႀကီးေတြနဲ႔ ေဆြးေႏြးပြဲကို ေရႊ႕ဆိုင္းဖို႔ ေမတၱာရပ္ခံခဲ့တာျဖစ္ေၾကာင္း သတင္းသမားေတြကို ေျပာဆိုခဲ့ေပမယ့္ ဘာေၾကာင့္ဆိုတာကိုေတာ့ ေျပာမသြားခဲ့ပါဘူး။

အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းႀကီးဟာ ျမန္မာစစ္ေကာင္စ္ီဥကၠဌ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔ ေတြ႔ဆုံခဲ့ၿပီး အခ်က္၅ ခ်က္ပါတဲ့ ဆုံးျဖတ္ခ်က္ကို အားလုံးသေဘာတူ ခ်မွတ္ခဲ့ပါတယ္။ ဒါေပမဲ့လည ္းျမန္မာစစ္ေကာင္စီအေနနဲ႔ သေဘာတူညီခ်က္ကို လိုက္နာဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုၿပီး အဖြဲ႔ဝင္ႏိုင္ငံအမ်ားစုက ေဝဖန္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

အာဆီယံ-ကုလ ဆွေးနွေးပွဲကို အတွင်းရေးမှူးချုပ်က ရွှေ့ဆိုင်းခဲ့

မြန်မာစစ်ကောင်စီကို အသိအမှတ်ပြု အချက်ပြတာမျိုးမဖြစ်စေဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အွန်လိုင်းဆွေးနွေးပွဲကို ရွှေ့ဆိုင်းပေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင်က နောက်ဆုံးမိနစ်အလိုမှာ တောင်းဆိုခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပါဝင်ဆွေးနွေးမယ်ဆိုရင် မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်တဲ့အတွက် အဲဒီလို တောင်းဆိုခဲ့တာလို့ ကုလသမဂ္ဂ သံတမန်တွေက ပြောပါတယ်။ ဒါအပြင် ကုလအတွင်းရေးမှူးချုပ်အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်နေရာကိုလည်း စစ်ကောင်စီ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့အကြား ဘယ်သူက ရသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်တာလည်း မလုပ်ချင်ဘူးလို့ အမည်မဖော်လိုတဲ့ ကုလ သံတမန်တဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကလည်း အတွင်းရေးမှူးချုပ်အနေနဲ့ အာဆီယံဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ကြောင်း သတင်းသမားတွေကို ပြောဆိုခဲ့ပေမယ့် ဘာကြောင့်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးဟာ မြန်မာစစ်ကောင်စ်ီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပြီး အချက်၅ ချက်ပါတဲ့ ဆုံးဖြတ်ချက်ကို အားလုံးသဘောတူ ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည ်းမြန်မာစစ်ကောင်စီအနေနဲ့ သဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံအများစုက ဝေဖန်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG