{{Zawgyi/Unicode}}
အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာန အတုိင္ပင္ခံ Derek Chollet နဲ့ ဌာနေပါင္းစုံကတာ၀န္ရွိသူေတြ ပါ၀င္တဲ့ အေမရိကန္ကုိယ္စားလွယ္အဖဲြ့ဟာ အေရွ့ေအာင္အာရွႏုိင္ငံေတြကုိလာေရာက္ဖုိ့ရွိေနၿပီး၊ ျမန္မာႏုိင္ငံအေရးအပါအ၀င္ ေဒသတြင္းတည္ၿငိမ္ေရးနဲ့ ဖြံျဖိဳးတုိးတက္ေရးဆုိင္ရာကိစၥရပ္ေတြကုိ ေဆြးေႏြးဖုိ့ရွိေနပါတယ္။
အတုိင္ပင္ခံ Derek Chollet ဦးေဆာင္တဲ့အဖဲြ့ဟာ ေအာက္တုိဘာလ ၁၇ ရက္ေန့ကေန ၂၂ ရက္ေန့ အထိလာေရာက္မွာျဖစ္ၿပီး၊ ထုိင္း၊ စကၤာပူ နဲ့ အင္ဒုိနီးရွားႏုိင္ငံေတြကုိသြားေရာက္မွာျဖစ္ပါတယ္။
အတုိင္ပင္ခံနဲ့ကုိယ္စားလွယ္အဖဲြ့ဟာ အေမရိကန္နဲ့ အာဆီယံပူးေပါင္းေဆာင္ရြက္ေရး ပုိမုိခုိင္မာလာ ဖုိ့ ေဒသတြင္းကိစၥရပ္ေတြကုိနီးကပ္စြာပူးေပါင္းေဆာင္ရြက္ႏုိင္ဖုိ့စတာေတြကုိေဆြးေနြးၾကမွာျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တာပါ။
ျမန္မာႏုိင္ငံနဲ့ပတ္သက္လုိ့လည္း အေမရိကန္အစုိးရရဲ့ရပ္တည္ခ်က္ကုိ ထပ္ေလာင္းျပသဖို႔ ရည္ရြယ္ထားတာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မွုေတြကုိ ရပ္တန့္ဖုိ့၊ ဖမ္းဆီးထားသူေတြကုိျပန္လႊတ္ေပးဖုိ့နဲ့ ဒီမုိကေရစီေဖၚေဆာင္ေရးလမ္းေၾကာင္းကုိ ျပန္လည္ေရာက္ရွိဖုိ့တြက္ အိမ္နီးျခင္းႏုိင္ငံေတြအပါအ၀င္၊ ႏုိင္ငံတကာအသုိင္းအ၀ုိင္း အေနနဲ့အာဏာ သိမ္းစစ္ေကာင္စီကုိ ၀ုိင္း၀န္းဖိအားေပးလုပ္ေဆာင္သြားဖုိ့ကုိ အေရးေပၚတာ၀န္တရပ္အေနနဲ့ လုပ္ေဆာင္ၾကဖုိ့ကုိ အေမရိကန္ကုိယ္စားလွယ္အဖဲြ့နဲ့ သက္ဆုိင္ရာႏုိင္ငံတာ၀န္ရွိသူေတြေဆြး ေႏြးမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အာစီယံက ခ်မွတ္ထားတဲ့ ျမန္မာႏုိင္ငံဆုိင္ရာသေဘာတူညီခ်က္ ၅ ရပ္ကုိ အေကာင္အထည္ ေဖၚႏုိင္ဖုိ့ကုိလည္းေဆြးေႏြးသြားမွာပါ။
ထုိင္းႏုိင္ငံကုိေရာက္တဲ့အခါ ထုိင္းျမန္မာနယ္စပ္ကုိျဖတ္ေၾကာ္ၿပီး လူသားခ်င္စာနာမွု အေထာက္အပံ ေတြေပးသြားဖုိ့ကိစၥကိုလည္း ထုိင္းႏုိင္ငံတာ၀န္ရွိသူေတြနဲ့ေဆြးေႏြးသြားမွာပါ။
..........................................
{{Unicode}}
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ ဌာနပေါင်းစုံကတာဝန်ရှိသူတွေ ပါဝင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ အရှေ့အောင်အာရှနိုင်ငံတွေကိုလာရောက်ဖို့ရှိနေပြီး၊ မြန်မာနိုင်ငံအရေးအပါအဝင် ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိနေပါတယ်။
အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့ အထိလာရောက်မှာဖြစ်ပြီး၊ ထိုင်း၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုသွားရောက်မှာဖြစ်ပါတယ်။
အတိုင်ပင်ခံနဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်နဲ့ အာဆီယံပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာလာ ဖို့ ဒေသတွင်းကိစ္စရပ်တွေကိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ဖို့စတာတွေကိုဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့လည်း အမေရိကန်အစိုးရရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြသဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကြောင်းကို ပြန်လည်ရောက်ရှိဖို့တွက် အိမ်နီးခြင်းနိုင်ငံတွေအပါအဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့အာဏာ သိမ်းစစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးလုပ်ဆောင်သွားဖို့ကို အရေးပေါ်တာဝန်တရပ်အနေနဲ့ လုပ်ဆောင်ကြဖို့ကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူတွေဆွေး နွေးမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာစီယံက ချမှတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖေါ်နိုင်ဖို့ကိုလည်းဆွေးနွေးသွားမှာပါ။
ထိုင်းနိုင်ငံကိုရောက်တဲ့အခါ ထိုင်းမြန်မာနယ်စပ်ကိုဖြတ်ကြော်ပြီး လူသားချင်စာနာမှု အထောက်အပံ တွေပေးသွားဖို့ကိစ္စကိုလည်း ထိုင်းနိုင်ငံတာဝန်ရှိသူတွေနဲ့ဆွေးနွေးသွားမှာပါ။