သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးစည်းဝေးနဲ့ မြန်မာ့အရေး စနေနေ့မှာ အာဆီယံဥက္ကဋ္ဌ ထုတ်ပြန်မယ်


ASEAN and Senior Gen. Min Aung Hlaing (AP)
ASEAN and Senior Gen. Min Aung Hlaing (AP)

{{Zawgyi/Unicode}}

ဒီလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ရေးမဖိတ်ရေး အပါအဝင် မြန်မာ့အရေး ဒီကနေ့ဆွေးနွေးတဲ့ အစည်းအဝေးနဲ့ပတ်သက်လို့ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက နက်ဖြန် စနေနေ့မှာ သတင်းထုတ်ပြန်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ရိုက်တာသတင်းဌာနကို ဒီကနေ့ပဲပြောဆိုခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတခုကအကြီးအကဲကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ မဖိတ်ဘဲချန်ထားနိုင်တဲ့ အများသဘောတူ သတ်မှတ်ချက်မရှိပေမဲ့ ဒီကိစ္စကို တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းသွားနိုင်ခြေရှိတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ အစည်းအဝေးမတိုင်ခင် ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင် တက်ရောက်မယ်လို့ လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပြောဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဆီယံနဲ့သဘောတူထားတဲ့ အချက် ၅ ချက်ကို အချုပ်အခြာအာဏာမထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ တိုးတက်မှုမရှိဘူးဆိုရင်တော့ ဒီလနှောင်းပိုင်းမှာကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ဆန္ဒမရှိဘူးဆိုတဲ့ မလေးရှားရဲ့ရပ်တည်ချက် ပြောင်းမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့တရားဝင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမထားပေမယ့်လည်း သူ့ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ မဖိတ်ဘဲချန်ထားခဲ့မယ်ဆိုရင်တော့ ပြည်တွင်းရေး ဝင်မစွက်တဲ့မူဝါဒကို လက်ကိုင်ထားတဲ့အာဆီယံအသင်းကြီးအတွက် ကြီးမားတဲ့ခြေလှမ်းတရပ်လည်းဖြစ်လာပါလိမ့်မယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေး ဘုံသဘောတူညီမှု ၅ ရပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုထားခဲ့တာဖြစ်ပါတယ်။ အဲဒီသဘောတူညီမှုထဲမှာ ဘက်ပေါင်းစုံ ပါဝင်ပြီး ဆွေးနွေးအဖြေရှာကြဖို့၊ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲထားဖို့လည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ၊ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ကထောက်ခံထားတဲ့ အဲဒီဘုံသဘောတူညီမှုတွေကို မြန်မာစစ်ကောင်စီဘက်က လိုက်နာဖို့ပျက်ကွက်နေတဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံ အတော်များများက စိတ်ပျက်ကြောင်း ပြောဆိုထားကြပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါအပါအဝင် အခြားနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂက မြန်မာ့အရေးကူညီဖြေရှင်းဖို့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာဆိုင်ရာ အထူးကိုယ် စားလှယ် Yusof ကို ထောက်ခံကြောင်း ဒီကနေ့ပဲ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းဖို့ သိပ်ကိုအရေးကြီးနေပြီလို့လည်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


----------

{{Unicode}}











XS
SM
MD
LG