သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးပူးတြဲထုတ္ျပန္ခ်က္ထဲ ႐ုရွားကို ႐ႈတ္ခ်မႈမလုပ္


အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ ခုံအလြတ္ခ်ထားတဲ့ ျမန္မာႏုိင္ငံကုိယ္စားျပဳေနရာ။ (ေမ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

အာဆီယံႏိုင္ငံေတြကို ယူကရိန္းက်ဴးေက်ာ္စစ္နဲ႔ ပတ္သက္ၿပီး ခိုင္ခိုင္မာမာ ရပ္တည္ေပးၾကဖို႔ အေမရိကန္ဘက္က တိုက္တြန္းေနေပမဲ့လည္း အခု အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲ အၿပီးမွာေတာ့ ယူကရိန္းစစ္နဲ႔ပတ္သက္လို႔ ႐ုရွားကို ေဝဖန္႐ႈတ္ခ်တာမ်ိဳး ထြက္မလာခဲ့ပါဘူး။

႐ုရွားသမၼတပူတင္ကို ေဝဖန္တာမ်ိဳး အာဆီယံႏိုင္ငံေတြက သတိထား ေရွာင္ၾကဥ္ေနပါတယ္။ အထူးသျဖင့္ အင္ဒိုနီးရွား အပါအဝင္ အာဆီယံႏိုင္ငံေတြက ႐ုရွား-ယူကရိန္းအေရးမွာ ၾကားေနဖို႔ ႀကိဳးစားေနတာပါ။

ျမန္မာစစ္ေကာင္စီကေတာ့ ယူကရိန္းစစ္မွာ ႐ုရွားဘက္က ကာကြယ္ေျပာဆိုတဲ့အထိ ရွိခဲ့ပါတယ္။

အင္ဒိုနီးရွားမွာ မၾကာမီက်င္းပမယ့္ G-20 စက္မႈထိပ္သီး ညီလာခံမွာ ႐ုရွားကို ဖယ္ၾကဥ္ထားဖို႔ ေျပာဆိုတာေတြ ရွိေနၿပီး ႐ုရွားတက္လာမယ္ဆိုရင္ေတာ့ အစည္းအေဝး သပိတ္ေမွာက္မယ္လို႔ အေနာက္ႏိုင္ငံတခ်ိဳ႕က ၿခိမ္းေျခာက္ထားပါတယ္။

ႏိုင္ငံေရးသုံးသပ္သူတခ်ိဳ႕ကေတာ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံနဲ႔ ဆက္ဆံေရးမွာ တ႐ုတ္နဲ႔ယွဥ္ၿပိဳင္ေရး အဓိကမဟာမိတ္လို သေဘာထားတာေၾကာင့္ ႐ုရွားကိစၥမွာ အာဆီယံနဲ႔ သိပ္ၿပီး တင္းတင္းမာမာ မျဖစ္လိုဘူးလို႔ ယူဆၾကပါတယ္။

ထိပ္သီးအစည္းအေဝးအၿပီး ပူးတြဲေၾကညာခ်က္ထဲမွာေတာ့ ယူကရိန္းႏိုင္ငံရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္မႈ၊ ႏိုင္ငံေရးလြတ္လပ္မႈ၊ နယ္ေျမပိုင္စိုးမႈေတြကို အသိအမွတ္ျပဳတယ္လို႔သာ ေဖာ္ျပၿပီး ႐ုရွားအမည္တပ္ၿပီး ေဝဖန္တာမ်ိဳး မရွိပါဘူး။

အခု ဒီအစည္းအေဝးဟာ ဝါရွင္တန္မွာ အာဆီယံေခါင္းေဆာင္ေတြ တစုတစည္းနဲ႔ ဆုံေတြ႔တာ ပထမဆုံးျဖစ္သလို အေမရိကန္သမၼတက အိမ္ရွင္အျဖစ္ ဧည့္ခံတဲ့ ပထမဆုံးအႀကိမ္ ထိပ္သီးအစည္းအေဝးလည္း ျဖစ္ပါတယ္။

ဒါေပမဲ့ ျမန္မာစစ္ေကာင္စီကေတာ့ တက္ေရာက္ခြင့္မရဘဲ ျမန္မာႏိုင္ငံေနရာမွာ ခုံလြတ္တခု ခ်ထားပါတယ္။

-----------------------------

(Unicode)

ကန်-အာဆီယံ ထိပ်သီးပူးတွဲထုတ်ပြန်ချက်ထဲ ရုရှားကို ရှုတ်ချမှုမလုပ်

အာဆီယံနိုင်ငံတွေကို ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ပေးကြဖို့ အမေရိကန်ဘက်က တိုက်တွန်းနေပေမဲ့လည်း အခု အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ ယူကရိန်းစစ်နဲ့ပတ်သက်လို့ ရုရှားကို ဝေဖန်ရှုတ်ချတာမျိုး ထွက်မလာခဲ့ပါဘူး။

ရုရှားသမ္မတပူတင်ကို ဝေဖန်တာမျိုး အာဆီယံနိုင်ငံတွေက သတိထား ရှောင်ကြဉ်နေပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတွေက ရုရှား-ယူကရိန်းအရေးမှာ ကြားနေဖို့ ကြိုးစားနေတာပါ။

မြန်မာစစ်ကောင်စီကတော့ ယူကရိန်းစစ်မှာ ရုရှားဘက်က ကာကွယ်ပြောဆိုတဲ့အထိ ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားမှာ မကြာမီကျင်းပမယ့် G-20 စက်မှုထိပ်သီး ညီလာခံမှာ ရုရှားကို ဖယ်ကြဉ်ထားဖို့ ပြောဆိုတာတွေ ရှိနေပြီး ရုရှားတက်လာမယ်ဆိုရင်တော့ အစည်းအဝေး သပိတ်မှောက်မယ်လို့ အနောက်နိုင်ငံတချို့က ခြိမ်းခြောက်ထားပါတယ်။

နိုင်ငံရေးသုံးသပ်သူတချို့ကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေးမှာ တရုတ်နဲ့ယှဉ်ပြိုင်ရေး အဓိကမဟာမိတ်လို သဘောထားတာကြောင့် ရုရှားကိစ္စမှာ အာဆီယံနဲ့ သိပ်ပြီး တင်းတင်းမာမာ မဖြစ်လိုဘူးလို့ ယူဆကြပါတယ်။

ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲမှာတော့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှု၊ နိုင်ငံရေးလွတ်လပ်မှု၊ နယ်မြေပိုင်စိုးမှုတွေကို အသိအမှတ်ပြုတယ်လို့သာ ဖော်ပြပြီး ရုရှားအမည်တပ်ပြီး ဝေဖန်တာမျိုး မရှိပါဘူး။

အခု ဒီအစည်းအဝေးဟာ ဝါရှင်တန်မှာ အာဆီယံခေါင်းဆောင်တွေ တစုတစည်းနဲ့ ဆုံတွေ့တာ ပထမဆုံးဖြစ်သလို အမေရိကန်သမ္မတက အိမ်ရှင်အဖြစ် ဧည့်ခံတဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာစစ်ကောင်စီကတော့ တက်ရောက်ခွင့်မရဘဲ မြန်မာနိုင်ငံနေရာမှာ ခုံလွတ်တခု ချထားပါတယ်။

XS
SM
MD
LG