သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈရပ္ၿပီး ႏိုင္/က်ဥ္းလႊတ္ဖို႔ ကန္-အာဆီယံထိပ္သီးမ်ား တိုက္တြန္း


အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ ခုံအလြတ္ခ်ထားတဲ့ ျမန္မာႏုိင္ငံကုိယ္စားျပဳေနရာ။ (ေမ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြ ခ်က္ခ်င္းရပ္ဆိုင္းၿပီး ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို႔ အေမရိကန္နဲ႔ အာဆီယံႏိုင္ငံ ေခါင္းေဆာင္ေတြက တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အခ်ိန္မီ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲအၿပီး ပူးတြဲေၾကညာခ်က္မွာ တိုက္တြန္းခဲ့တာပါ။

လက္ရွိႀကဳံေနရတဲ့ ျမန္မာ့အက်ပ္အတည္း အေျခအေနအေပၚမွာလည္း အလြန္အမင္း စိုးရိမ္မိတယ္လို႔ အေမရိကန္နဲ႔ အာဆီယံေခါင္းေဆာင္ေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ဒီအက်ပ္အတည္းကို ၿငိမ္းခ်မ္းစြာ အေျဖထုတ္ႏိုင္ဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ကတဆင့္ အာဆီယံရဲ႕ ႀကိဳးပမ္းေနမႈအေပၚမွာ ေထာက္ခံအားေပးတယ္လို႔လည္း ေဖာ္ျပပါတယ္။

ႏွစ္ရက္ၾကာျပဳလုပ္ခဲ့တဲ့ အေမရိကန္-အာဆီယံ ထိပ္သီးေဆြးေႏြးပြဲအၿပီး အခ်က္ ၂၇ ခ်က္ပါ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့ရာမွာ ျမန္မာ့အေရးကို အခ်က္တခ်က္အေနနဲ႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဒီထိပ္သီးအစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီ အ​ႀကီးအကဲကို ဖိတ္ၾကားျခင္းမျပဳခဲ့ဘဲ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေနရာမွာ ခုံအလြတ္ကိုသာ ခ်ထားခဲ့ပါတယ္။

အစည္းအေဝးက်င္းပေနတဲ့ တခ်ိန္တည္းမွာပဲ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ႏိုင္ငံျခားေရးဝန္ႀကီးကို အေမရိကန္အစိုးရက ေခၚယူေတြ႔ဆုံခဲ့တာေၾကာင့္ ျမန္မာစစ္ေကာင္စီဘက္က အေမရိကန္အစိုးရ ရပ္တည္ခ်က္အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ျမန္မာ့အေရးေျဖရွင္းဖို႔ NUG ကို ထိစပ္ေဆာင္ရြက္ဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ကို တိုက္တြန္းထားပါတယ္။ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ဝါရွင္တန္ဒီစီမွာရွိစဥ္ ေမလ ၁၄ ရက္ေန႔မွာ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ လူကိုယ္တိုင္ ေတြ႔ဆုံစကားေျပာဖို႔ ရွိပါတယ္။

------------------------------

(Unicode)

အကြမ်းဖက်မှုရပ်ပြီး နိုင်/ကျဉ်းလွှတ်ဖို့ ကန်-အာဆီယံထိပ်သီးများ တိုက်တွန်း

မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်မှာ တိုက်တွန်းခဲ့တာပါ။

လက်ရှိကြုံနေရတဲ့ မြန်မာ့အကျပ်အတည်း အခြေအနေအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်မိတယ်လို့ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေက ဖော်ပြခဲ့ကြပါတယ်။ ဒီအကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေထုတ်နိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကတဆင့် အာဆီယံရဲ့ ကြိုးပမ်းနေမှုအပေါ်မှာ ထောက်ခံအားပေးတယ်လို့လည်း ဖော်ပြပါတယ်။

နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီး အချက် ၂၇ ချက်ပါ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့အရေးကို အချက်တချက်အနေနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို ဖိတ်ကြားခြင်းမပြုခဲ့ဘဲ မြန်မာနိုင်ငံကိုယ်စားပြု နေရာမှာ ခုံအလွတ်ကိုသာ ချထားခဲ့ပါတယ်။

အစည်းအဝေးကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်အစိုးရက ခေါ်ယူတွေ့ဆုံခဲ့တာကြောင့် မြန်မာစစ်ကောင်စီဘက်က အမေရိကန်အစိုးရ ရပ်တည်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေးဖြေရှင်းဖို့ NUG ကို ထိစပ်ဆောင်ရွက်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကို တိုက်တွန်းထားပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ဝါရှင်တန်ဒီစီမှာရှိစဉ် မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူကိုယ်တိုင် တွေ့ဆုံစကားပြောဖို့ ရှိပါတယ်။

XS
SM
MD
LG