သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး NUG ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆုံ


NUG ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ေတြ႔ဆုံတဲ့ မေလးရွားႏုိင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah. (ေမ ၁၄၊ ၂၀၂၂။ ဓာတ္ပုံ - Saifuddin Abdullah Facebook)

(Zawgyi / Unicode)

ဝါရွင္တန္ဒီစီကို ေရာက္ေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ဟာ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ေမလ ၁၄ ရက္ ဝါရွင္တန္စံေတာ္ခ်ိန္ မနက္ပိုင္းမွာ ေတြ႔ဆုံခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရး ျပန္လည္တည္ေဆာက္ဖို႔ မေလးရွားႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ ရွိေနတယ္ဆိုတာကို NUG ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အလြတ္သေဘာေတြ႔ဆုံစဥ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက သူ႔ကိုယ္ပိုင္ လူမႈကြန္ရက္ေတြက ေရးပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ျမန္မာႏိုင္ငံ အေျခအေနကို အျပန္အလွန္ အျမင္ဖလွယ္ခဲ့ၾကသလို NUG ရင္ဆိုင္ရတဲ့ စိန္ေခၚခ်က္ေတြ၊ လူသားခ်င္းစာနာမႈ အကူအညီေပးေရးကိစၥ၊ သင္တန္းကိစၥ၊ ဒုကၡသည္ေတြအတြက္ ပညာေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေဖာ္ျပထားပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဟာ ျမန္မာႏိုင္ငံအေရး NUG ကိုပါ ဆက္စပ္ေဆာင္ရြက္ဖို႔ဆိုၿပီး အာဆီယံအတြင္းမွာ အဆိုျပဳ တိုက္တြန္းေနသူ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝး ပူးတြဲေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တုံ႔ျပန္ရာမွာ ေၾကညာခ်က္ပါ အပိုဒ္အမွတ္ ၂၆ ျမန္မာ့အေရးေဖာ္ျပခ်က္ကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ပါတယ္။ ဒါဟာ အာဆီယံ ပဋိညာဥ္ကို ခ်ိဳးေဖာက္တာျဖစ္သလို အာဆီယံ ဘုံသေဘာတူညီခ်က္ကို ေက်ာ္လြန္တဲ့ ေတာင္းဆိုခ်က္ေတြ ပါဝင္တယ္လို႔ ဆိုထားပါတယ္။ ဘယ္အခ်က္လဲဆိုတာ သဲသဲကြဲကြဲ မေဖာ္ျပပါဘူး။ ဒါ့အျပင္ NUG ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံမႈေတြကိုလည္း ကန႔္ကြက္ထားပါတယ္။

------------------------------

(Unicode)

မလေးရှားနိုင်ငံခြားရေးဝန်ကြီး NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ

ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဟာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေလ ၁၄ ရက် ဝါရှင်တန်စံတော်ချိန် မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ မလေးရှားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရှိနေတယ်ဆိုတာကို NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ အလွတ်သဘောတွေ့ဆုံစဉ် ဖော်ပြပြောဆိုခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက သူ့ကိုယ်ပိုင် လူမှုကွန်ရက်တွေမှာ ရေးပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာနိုင်ငံ အခြေအနေကို အပြန်အလှန် အမြင်ဖလှယ်ခဲ့ကြသလို NUG ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စ၊ သင်တန်းကိစ္စ၊ ဒုက္ခသည်တွေအတွက် ပညာရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံအရေး NUG ကိုပါ ဆက်စပ်ဆောင်ရွက်ဖို့ဆိုပြီး အာဆီယံအတွင်းမှာ အဆိုပြု တိုက်တွန်းနေသူ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်နဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ရာမှာ ကြေညာချက်ပါ အပိုဒ်အမှတ် ၂၆ မြန်မာ့အရေးဖော်ပြချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါဟာ အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်တာဖြစ်သလို အာဆီယံ ဘုံသဘောတူညီချက်ကို ကျော်လွန်တဲ့ တောင်းဆိုချက်တွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ဘယ်အချက်လဲဆိုတာ သဲသဲကွဲကွဲ မဖော်ပြပါဘူး။ ဒါ့အပြင် NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုတွေကိုလည်း ကန့်ကွက်ထားပါတယ်။

XS
SM
MD
LG