သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒုနိုင်ငံခြားရေးဝန်ကြီး NUG ကိုယ်စားလှယ်တွေနဲ့ဆွေးနွေး


NUG Foreign Minister Zin Mar Aung and Deputy Secretary of State Wendy Sherman
NUG Foreign Minister Zin Mar Aung and Deputy Secretary of State Wendy Sherman

[[Zawgyi/Unicode]]

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမှာ မေလ ၁၂ ရက်နေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံကူညီသွားမယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ ငြိမ်းချမ်းစွာကြိုးပမ်းနေကြသူအားလုံးကို ဆက်ပြီး ထောက်ခံကူညီသွားမယ်လို့ ကတိပြုခဲ့တာပါ။ မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအပါအဝင် အခြားမိတ်ဖက်နိုင်ငံတွေနဲ့အတူ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကျပ်အတည်းကြုံလာစေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချသလို အကူအညီတွေလိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာကူညီမှုအထောက်အပံ့တွေ ခွင့်ပြုဖို့လည်း ဒုနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမေရိကန်သမ္မတရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinski နဲ့ တွေဆုံပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအချိန်နဲ့ တိုက်ဆိုင်ပြီးရောက်ရှိနေတဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို အမေရိကန်လွှတ်တော်ပိုင်းက လွှတ်တော်ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဝါရှင်တန်ဒီစီမှာပဲ လာမယ့် စနေနေ့မှာ တွေ့ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






============

XS
SM
MD
LG