သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အကူအညီလိုအပ္ေနတဲ႔ ရွမ္း ကယား စစ္ေဘးေရွာင္မ်ား ဒုကၡ


ကယား ကရင္နီ စစ္ေဘးဒုကၡသည္မ်ား

[[ ZAWGYI / UNICODE ]]

အကူအညီလိုအပ္ေနတဲ႔ ရွမ္း ကယား စစ္ေဘးေရွာင္မ်ား ဒုကၡ

စစ္ေရးတင္းမားေနတဲ့ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခံုၿမိဳ႕နယ္ေတြဘက္ အခုလတ္တေလာ ပစ္ခတ္တိုက္ခိုက္မႈေတြ တည္ၿငိမ္ေနေပမယ့္ ေဒသခံေတြ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ ဆီဆိုင္ၿမိဳ႕နယ္မွာ စစ္ေျပးဒုကၡသည္ ၈,၀၀၀ ဝန္းက်င္ေလာက္ က်န္ရွိေနၿပီး အေတာ္မ်ားမ်ားက ရာသီတုပ္ေကြးေရာဂါ ခံစားေနရပါတယ္။ အိုးအိမ္စြန္႔ခြာ ေဘးထြတ္ရာကို ထြက္ေျပးေနရတဲ့ စစ္ေျပးဒုကၡသည္ေတြဟာ ေနရာထိုင္ခင္း အမိုးအကာေတြနဲ႔ ေဆးဝါး၊ စားနပ္ရိကၡာေတြ လိုအပ္ေနဆဲျဖစ္တယ္လို႔ ကူညီေနသူေတြက ေျပာပါတယယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို ကိုေဇာ္မိုးေက်ာ္ ေျပာျပထားပါတယ္။

စစ္ေကာင္စီတပ္ဖြဲ႔ရဲ႕ စစ္ေၾကာင္းထိုး စစ္ေရးလႈပ္ရွားမႈေၾကာင့္ ၿပီးခဲ့တဲ့ ေမလ ၁၂ ရက္ေန႔ေလာက္က ဖယ္ခံုၿမိဳ႕နယ္ ေဆာင္းနန္းခဲေက်းရြာ လြယ္ေပါေက်းရြာ ဆီးမီးေလာ့ေက်းရြာေတြဘက္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းအဖြဲ႔ေတြနဲ႔ ေန႔စဥ္ ရက္ဆက္တိုက္ပြဲျပင္းထန္ခဲ့ၿပီး ေထာင္နဲ႔ခ်ီတ့ဲ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္လာရပါတယ္။

အဲ့ဒီေနာက္ အခု သီးတင္ ၂ပတ္ေက်ာ္ၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ တည္ၿငိမ္ေနၿပီးလို႔ ဆီးမီးေလာ့ရြာခံ စစ္ေရွာင္ တဦးက ေျပာပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီတပ္ေတြက ေက်းရြာထဲမွာ တပ္စြဲၿပီး ျပန္လည္း ဆုတ္ခြာခ်ိန္ မိုင္းေထာင္ထားတာေၾကာင့္ ေနရပ္မျပန္ရဲၾကဘူးလို႔ ေျပာပါတယ္။ မၾကာေသးခင္က ေနအိမ္မွာ ပစၥည္းျပန္ယူတဲ့ ေဒသခံလူငယ္တဦး ဆီးမီးေလာ့ရြာမွာ ဆိုင္ကယ္နဲ႔ မိုင္းနင္းမိေပါက္ၿပီး ဒဏ္ရာရရွိခဲ့တဲ့ ျဖစ္စဥ္ေတြ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

“စစ္ေကာင္စီတပ္က စစ္ေၾကာင္းထိုးနည္းသြားတယ္။ နည္းသြားက်ေတာ့ ၿငိမ္ေနတာ။ မေန႔ညက်ေတာ့ ဒီနန္းေပၚလံုဖယ္မီးေလာင္သြားေသးတယ္။ အဲ့မွာ ဒီနန္းေပၚလံု၊ လြယ္ေပါမွာ ဒီစစ္ေကာင္စီအဖဲြ႔ တပ္စြဲထားေနလို႔ေလး။ အဲ့မွာ ျပည္သူလည္းမျပန္ရဲ ရြာသူရြာသားလည္း မျပန္ရဲၾကဘူးေနာ္။ အဲ့မွာတိုက္ပြဲ အခ်ိန္မေရြးျဖစ္ႏိုင္ပါတယ္ေနာ္။ အဲ့ဒါကို ေဒသခံလည္း မျပန္လာၾကေသးဘူး။ (စစ္ေရွာင္ေတြ) စားနပ္ရိကၡာျပတ္ေနတဲ့ အေျခအေနေတြက တခ်ဳိ႕ဆိုရင္ေတာ့ ျပတ္လတ္မႈေတာ့ အရမ္းမ်ားတယ္၊ ဒါေပမယ့္ ရွိတဲ့လူနဲ႔ ေဝမွ်စားေသာက္ၾကတယ္ေပါ့ေနာ္။ အဲ့လိုမ်ဳိးပံုစံပဲ ေဝမွ်ၿပီးေတာ့ ဒီလိုပဲေနေနရတာပါေနာ္။ ဒီဟင္းက်ေတာ့ ေတာမွာထြက္တဲ့ ဟင္းသီးဟင္းရြက္ေတြ စားလို႔ရတဲ့ အပင္ေတြ လိုက္ခူးၿပီးေတာ့ စားေသာက္ၾကတယ္ေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ဇြန္လ ၂၁ ရက္က နန္းေပၚလံုေက်းရြာမွာ ေနအိမ္တခ်ဳိ႕ မီး႐ိႈ႕ခံရတယ္လို႔ ဆီးမီးေလာ့ရြာခံ စစ္ေရွာင္တဦးက ေျပာပါတယ္။ လက္ရွိခ်ိန္မွာ စစ္ေကာင္စီတပ္ေတြက အဲ့ဒီ နန္းေပၚလံုေက်းရြာမွာ တပ္စြဲေနထိုင္ဆဲျဖစ္တာေၾကာင့္ အခ်ိန္မေရြးတိုက္ပြဲျဖစ္လာႏိုင္တယ္လို႔ ဆုိပါတယ္။ စစ္ေျပးဒုကၡသည္ေတြဟာ ေဘးလြတ္တဲ့ ေတာေတာင္ေတြထဲမွာ ေနထိုင္ေနၾကၿပီး စားနပ္ရိကၡာျပတ္လတ္မယ့္ အေျခအေနနဲ႔ အခ်င္းခ်င္း ေဝမွ်စားေသာက္ေနၾကရပါတယ္။

အလားတူ ကယားျပည္နယ္မွာ ေဒသကာကြယ္ေရးအဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေၾကာင့္ လနဲ႔ခ်ီၾကားနဲ ဆီဆိုင္ၿမိဳ႕နယ္ဘက္ ခိုလႈံလာ စစ္ေျပးဒုကၡသည္ ေသာင္းခ်ီရွိပါတယ္။ လက္ရွိခ်ိန္မွာ ေဒသအေျခအေနျပန္တည္ၿငိမ္လို႔ ျပန္သြားသူေတြရွိသလို လက္ရွိ ဆီဆိုင္မွာ ၈၀၀၀ ဝန္းက်င္ေလာက္ ရွိေနတယ္လို႔ ကူညီေဆာင္ရြက္ေပးေနတဲ့ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

စစ္ေျပးဒုကၡသည္ေတြၾကား ၃ ရာခိုင္ႏႈန္းေလာက္ဟာ ဖ်ားနာ၊ ေခ်ာင္းဆိုးတာေတြ ရာသီတုပ္ေရာဂါ ျဖစ္ပြားေနတယ္လို႔ ေျပာပါတယ္။ ပအိုဝ့္က်န္းမာေရးအဖြဲ႔ေတြနဲ႔ နယ္လွည့္ေဆးကုသေပးေနတယ္လို႔ အခုလို ေျပာပါတယ္။

“အားလံုး ၈,၀၀၀ ဝန္းက်င္ေတာ့က်န္ေသးတယ္ဗ်။ ဖ်ားတာေတြ တုပ္ေကြးျဖစ္တာေတြ အခုေတာ့ အဲ့ဒါေတာ္ေတာ္ျဖစ္တယ္ဗ်။ ေနာက္ၿပီးေတာ့ ေခ်ာင္းဆိုးျဖစ္တာေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္တယ္ဗ်။ ျဖစ္တဲ့ အခါက်ေတာ့ အခုေတာင္မွက်ေနာ္တို႔ နယ္လွည့္ၿပီးေတာ့ ေဆးကုေနတာ ဆရာဝန္းအဖြဲ႔နဲ႔ေလး။”

စစ္ေရွာင္ေတြဟာ နီးစပ္ရာေဆြမ်ဳိးအိမ္ေတြ၊ ဘုန္းႀကီးေက်ာင္းေတြနဲ႔ အမိုးအကာေတြနဲ႔ ယာယီတဲထိုးၿပီး ျဖစ္သလိုေနထိုင္ရတာပါ။ စစ္ေရွာင္ေတြအတြက္ ေနရာထိုင္းခင္း၊ ေဆးဝါး၊ ေထာင္ျခင္ေတြနဲ႔ စားနပ္ရိကၡာေတြ အေတာ္ေလး လိုအပ္ေနၾကတာလို႔ ေျပာပါတယ္။

“သူတို႔ရဲ႕အထူးသျဖင့္ လိုအပ္တာေတာ့ လက္ရွိမိုးတြင္းကာလျဖစ္တဲ့က်ေတာ့ ေဆးဝါးဗ်။ ေဆးဝါးနဲ႔ ပတ္သက္ရင္ အလွဴရွင္လည္းနည္းတယ္ဗ်၊ သိပ္မရွိသေလာက္ျဖစ္တယ္။ က်န္းမာေရးဝန္ေဆာင္မႈကို ပိုၿပီးေတာ့ ဦးစားေပးဖို႔ လိုအပ္တာေပါ့။ အမ်ားစု မိုးကာနဲ႔ ေနတဲ့အခါ တာလပတ္နဲ႔ေနတဲ့အခါက်ေတာ့ အဲ့မိုးကာ၊ တာလပတ္က ႏွစ္လ သံုးလဆိုရင္ေတာ့ ေပါက္ၿပဲၿပီး၊ အခုမိုးတြင္းဆိုရင္ေတာ့ေလး မိုးနဲ႔ေလနဲ႔ဆိုရင္ေတာ့ အဲ့တာလပတ္မခံႏိုင္ဘူး။ ေပါက္ၿပဲတယ္၊ ကြဲၿပဲတာရွိတယ္။ ရွိတဲ့အခါက်ေတာ့ သူတို႔ရဲ႕ မိုးတြင္းကာလေနထိုင္တာ မိုးကာနဲ႔ဆိုရင္က်န္းမာေရးနဲ႔လည္း မညီဘူးဗ်။ မညီတဲ့အခါက်ေတာ့ သူတို႔ရဲ႕ အေဆာက္အဦးပိုင္ဆိုင္ရာကို ဦးစားၿပီးလုပ္ဖို႔ လိုတယ္။ စားနပ္ရိကၡာေတာ့ ေနာက္တစ္လေတာ့ ရွိၾကတယ္။ က်ေနာ္ေမးၾကည့္တာ တစ္လဝန္းက်င္ေလာက္စာေတာ့ ရွိတယ္။ ပိုခက္ခဲတာက ခ်က္စရာဟင္းေလးေတြေတာ့ သူတို႔လိုအပ္တယ္။ ၿပီးေတာ့ ျခင္ေထာင္ေတြေပါ့ဗ်ာ ေထာင္ျခင္မရွိဘူး။”

အျပည္ျပည္နယ္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ ICRC အဖဲြဲ႔နဲ႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီဆီ ဆိုင္ၿမိဳ႕နယ္အသင့္ခြဲက ပူးေပါင္းၿပီး တိုက္ပြဲေၾကာင့္ ဆီဆိုင္ၿမိဳ႕နယ္မွာ ခိုလႈံေနတဲ့ မိသားစု ၁၄၀၀ ေက်ာ္ကို အေရးေပၚစားနပ္ရိကၡာ ျဖန္႔ေဝခဲ့တယ္လို႔ ေမလ ၂၀ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

ဒါအျပင့္ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညိွႏႈိုင္းေဆာင္ရြက္ေရးအဖြ႔ဲ UNOCHA ကလည္း စစ္ေျပးဒုကၡသည္ေတြအတြက္ အမိုးအကာ၊ ဖ်ာ၊ ေစာင္နဲ႔ အိုးခြက္ပန္ကန္ေတြ လာေရာက္ ျဖန္႔ေဝေပးတယ္လို႔ ကူညီေဆာင္ရြက္ေပးေနတဲ့ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

ဆီဆိုင္မွာရွိတဲ့ စစ္ေျပးဒုကၡသည္ေတြအတြက္ ျပည္တြင္းျပည္ပက အလွဴရွင္ေတြ လာေရာက္လွဴဒါန္ေပးေနပမယ့္ စားေရးေသာက္ေရး၊ ေဆးဝါးနဲ႔ တျခားလိုအပ္တဲ့အေျခခံပစၥည္းေတြ ေလာက္လံုမႈမရွိဘဲ လိုအပ္ခ်က္ရွိေနဆဲပဲလို႔ စစ္ေရွာင္ကူညီေပးသူက ေျပာဆိုပါတယ္။

==============

{{ UNICODE }}

အကူအညီလိုအပ်နေတဲ့ ရှမ်း ကယား စစ်ဘေးရှောင်များ ဒုက္ခ

စစ်ရေးတင်းမားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေဘက် အခုလတ်တလော ပစ်ခတ်တိုက်ခိုက်မှုတွေ တည်ငြိမ်နေပေမယ့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဆီဆိုင်မြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၈,၀၀၀ ဝန်းကျင်လောက် ကျန်ရှိနေပြီး အတော်များများက ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။ အိုးအိမ်စွန့်ခွာ ဘေးထွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ နေရာထိုင်ခင်း အမိုးအကာတွေနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကူညီနေသူတွေက ပြောပါတယယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ကိုဇော်မိုးကျော် ပြောပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုကြောင့် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့လောက်က ဖယ်ခုံမြို့နယ် ဆောင်းနန်းခဲကျေးရွာ လွယ်ပေါကျေးရွာ ဆီးမီးလော့ကျေးရွာတွေဘက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ နေ့စဉ် ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာရပါတယ်။

အဲ့ဒီနောက် အခု သီးတင် ၂ပတ်ကျော်ကြား ပစ်ခတ်တိုက်ခိုက်မှုတွေ တည်ငြိမ်နေပြီးလို့ ဆီးမီးလော့ရွာခံ စစ်ရှောင် တဦးက ပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ကျေးရွာထဲမှာ တပ်စွဲပြီး ပြန်လည်း ဆုတ်ခွာချိန် မိုင်းထောင်ထားတာကြောင့် နေရပ်မပြန်ရဲကြဘူးလို့ ပြောပါတယ်။ မကြာသေးခင်က နေအိမ်မှာ ပစ္စည်းပြန်ယူတဲ့ ဒေသခံလူငယ်တဦး ဆီးမီးလော့ရွာမှာ ဆိုင်ကယ်နဲ့ မိုင်းနင်းမိပေါက်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနည်းသွားတယ်။ နည်းသွားကျတော့ ငြိမ်နေတာ။ မနေ့ညကျတော့ ဒီနန်းပေါ်လုံဖယ်မီးလောင်သွားသေးတယ်။ အဲ့မှာ ဒီနန်းပေါ်လုံ၊ လွယ်ပေါမှာ ဒီစစ်ကောင်စီအဖွဲ့ တပ်စွဲထားနေလို့လေး။ အဲ့မှာ ပြည်သူလည်းမပြန်ရဲ ရွာသူရွာသားလည်း မပြန်ရဲကြဘူးနော်။ အဲ့မှာတိုက်ပွဲ အချိန်မရွေးဖြစ်နိုင်ပါတယ်နော်။ အဲ့ဒါကို ဒေသခံလည်း မပြန်လာကြသေးဘူး။ (စစ်ရှောင်တွေ) စားနပ်ရိက္ခာပြတ်နေတဲ့ အခြေအနေတွေက တချို့ဆိုရင်တော့ ပြတ်လတ်မှုတော့ အရမ်းများတယ်၊ ဒါပေမယ့် ရှိတဲ့လူနဲ့ ဝေမျှစားသောက်ကြတယ်ပေါ့နော်။ အဲ့လိုမျိုးပုံစံပဲ ဝေမျှပြီးတော့ ဒီလိုပဲနေနေရတာပါနော်။ ဒီဟင်းကျတော့ တောမှာထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ စားလို့ရတဲ့ အပင်တွေ လိုက်ခူးပြီးတော့ စားသောက်ကြတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က နန်းပေါ်လုံကျေးရွာမှာ နေအိမ်တချို့ မီးရှို့ခံရတယ်လို့ ဆီးမီးလော့ရွာခံ စစ်ရှောင်တဦးက ပြောပါတယ်။ လက်ရှိချိန်မှာ စစ်ကောင်စီတပ်တွေက အဲ့ဒီ နန်းပေါ်လုံကျေးရွာမှာ တပ်စွဲနေထိုင်ဆဲဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ ဘေးလွတ်တဲ့ တောတောင်တွေထဲမှာ နေထိုင်နေကြပြီး စားနပ်ရိက္ခာပြတ်လတ်မယ့် အခြေအနေနဲ့ အချင်းချင်း ဝေမျှစားသောက်နေကြရပါတယ်။

အလားတူ ကယားပြည်နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲကြောင့် လနဲ့ချီကြားနဲ ဆီဆိုင်မြို့နယ်ဘက် ခိုလှုံလာ စစ်ပြေးဒုက္ခသည် သောင်းချီရှိပါတယ်။ လက်ရှိချိန်မှာ ဒေသအခြေအနေပြန်တည်ငြိမ်လို့ ပြန်သွားသူတွေရှိသလို လက်ရှိ ဆီဆိုင်မှာ ၈၀၀၀ ဝန်းကျင်လောက် ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေကြား ၃ ရာခိုင်နှုန်းလောက်ဟာ ဖျားနာ၊ ချောင်းဆိုးတာတွေ ရာသီတုပ်ရောဂါ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ ပအိုဝ့်ကျန်းမာရေးအဖွဲ့တွေနဲ့ နယ်လှည့်ဆေးကုသပေးနေတယ်လို့ အခုလို ပြောပါတယ်။

“အားလုံး ၈,၀၀၀ ဝန်းကျင်တော့ကျန်သေးတယ်ဗျ။ ဖျားတာတွေ တုပ်ကွေးဖြစ်တာတွေ အခုတော့ အဲ့ဒါတော်တော်ဖြစ်တယ်ဗျ။ နောက်ပြီးတော့ ချောင်းဆိုးဖြစ်တာတွေ တော်တော်များများဖြစ်တယ်ဗျ။ ဖြစ်တဲ့ အခါကျတော့ အခုတောင်မှကျနော်တို့ နယ်လှည့်ပြီးတော့ ဆေးကုနေတာ ဆရာဝန်းအဖွဲ့နဲ့လေး။”

စစ်ရှောင်တွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အမိုးအကာတွေနဲ့ ယာယီတဲထိုးပြီး ဖြစ်သလိုနေထိုင်ရတာပါ။ စစ်ရှောင်တွေအတွက် နေရာထိုင်းခင်း၊ ဆေးဝါး၊ ထောင်ခြင်တွေနဲ့ စားနပ်ရိက္ခာတွေ အတော်လေး လိုအပ်နေကြတာလို့ ပြောပါတယ်။

“သူတို့ရဲ့အထူးသဖြင့် လိုအပ်တာတော့ လက်ရှိမိုးတွင်းကာလဖြစ်တဲ့ကျတော့ ဆေးဝါးဗျ။ ဆေးဝါးနဲ့ ပတ်သက်ရင် အလှူရှင်လည်းနည်းတယ်ဗျ၊ သိပ်မရှိသလောက်ဖြစ်တယ်။ ကျန်းမာရေးဝန်ဆောင်မှုကို ပိုပြီးတော့ ဦးစားပေးဖို့ လိုအပ်တာပေါ့။ အများစု မိုးကာနဲ့ နေတဲ့အခါ တာလပတ်နဲ့နေတဲ့အခါကျတော့ အဲ့မိုးကာ၊ တာလပတ်က နှစ်လ သုံးလဆိုရင်တော့ ပေါက်ပြဲပြီး၊ အခုမိုးတွင်းဆိုရင်တော့လေး မိုးနဲ့လေနဲ့ဆိုရင်တော့ အဲ့တာလပတ်မခံနိုင်ဘူး။ ပေါက်ပြဲတယ်၊ ကွဲပြဲတာရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့ရဲ့ မိုးတွင်းကာလနေထိုင်တာ မိုးကာနဲ့ဆိုရင်ကျန်းမာရေးနဲ့လည်း မညီဘူးဗျ။ မညီတဲ့အခါကျတော့ သူတို့ရဲ့ အဆောက်အဦးပိုင်ဆိုင်ရာကို ဦးစားပြီးလုပ်ဖို့ လိုတယ်။ စားနပ်ရိက္ခာတော့ နောက်တစ်လတော့ ရှိကြတယ်။ ကျနော်မေးကြည့်တာ တစ်လဝန်းကျင်လောက်စာတော့ ရှိတယ်။ ပိုခက်ခဲတာက ချက်စရာဟင်းလေးတွေတော့ သူတို့လိုအပ်တယ်။ ပြီးတော့ ခြင်ထောင်တွေပေါ့ဗျာ ထောင်ခြင်မရှိဘူး။”

အပြည်ပြည်နယ်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီဆီ ဆိုင်မြို့နယ်အသင့်ခွဲက ပူးပေါင်းပြီး တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်မှာ ခိုလှုံနေတဲ့ မိသားစု ၁၄၀၀ ကျော်ကို အရေးပေါ်စားနပ်ရိက္ခာ ဖြန့်ဝေခဲ့တယ်လို့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒါအပြင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွ့ဲ UNOCHA ကလည်း စစ်ပြေးဒုက္ခသည်တွေအတွက် အမိုးအကာ၊ ဖျာ၊ စောင်နဲ့ အိုးခွက်ပန်ကန်တွေ လာရောက် ဖြန့်ဝေပေးတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။

ဆီဆိုင်မှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေ လာရောက်လှူဒါန်ပေးနေပမယ့် စားရေးသောက်ရေး၊ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့အခြေခံပစ္စည်းတွေ လောက်လုံမှုမရှိဘဲ လိုအပ်ချက်ရှိနေဆဲပဲလို့ စစ်ရှောင်ကူညီပေးသူက ပြောဆိုပါတယ်။

XS
SM
MD
LG