သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဏာသိမ္းၿပီးေနာက္ အိုးအိမ္စြန္႔ထြက္ေျပးရသူ ျမန္မာ ၉ သိန္းေက်ာ္ၿပီ (ကုလေျပာခြင္႔ရ Dujarric)


ကန္ပက္လက္ၿမိဳ႕နယ္အတြင္းက အိမ္မီး႐ိႈ႕ခံရတဲ့မိသားစုမ်ား။ (ေဖေဖၚဝါရီ ၂၃၊ ၂၀၂၂။ ဓာတ္ပံု-Khonumthung Daily News) Kanpetlet IDPs

(Zawgyi/ Unicode)
ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခအေန ဆုတ္ယုတ္က်ဆင္းလာေနၿပီး အထူးသျဖင့္ေတာ့ ႏိုင္ငံ အေရွ႕ေတာင္ပိုင္းနဲ႔ အေနာက္ေျမာက္ပိုင္းမွာ လက္ရွိ တိုက္ပြဲေတြေၾကာင္႔ အရပ္သားေတြ ဒုကၡေရာက္ေနဆဲ ျဖစ္ေၾကာင္း ျမန္မာ ဆိုင္ရာ ကုလသမဂၢ အဖြဲ႔က ေျပာဆိုထားပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေပၚေပါက္လာတဲ႔ ပဋိပကၡေတြေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးေနရဆဲ ျဖစ္တဲ႔ လူေပါင္း ၅၆၀,၀၀၀ ေက်ာ္အပါအ၀င္ ႏိုင္ငံတ၀န္း အိုးအိမ္စြန္႔ ထြက္ေျပးရသူ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ ၉၀၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။

ျမန္မာႏိုင္ငံတြင္းကေန လူေပါင္း ၃၅,၇၀၀ တို႔ကေတာ့ အိမ္နီးခ်င္း ႏိုင္ငံေတြကို ထြက္ေျပးခဲ႔ၾကေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီ UNHCR က ခန္႔မွန္းထားေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က တနလာၤေန႔ နယူးေယာက္ ကုလသမဂၢ ရံုးခ်ဳပ္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

အကူအညီေပးဖို႔ လိုအပ္သူ စံခ်ိန္တင္ အေရအတြက္ ျဖစ္တဲ႔ လူေပါင္း ၆ ဒသမ ၂ သန္းကို ကူညီႏိုင္ေရး ၂၀၂၂ ခုႏွစ္ လူသားခ်င္းစာနာမႈ ဆိုင္ရာ တုံ႔ျပန္ေဆာင္ရြက္ေရး အစီအစဥ္ အတြက္ ရန္ပံုေငြ ေဒၚလာ ၈၂၆ သန္းလိုအပ္ေနေၾကာင္း၊ ဒီကေန႔ အခ်ိန္ထိ ၄ ရာခိုင္ႏႈန္းဘဲ ထည့္၀င္ထားေသးေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

ျမန္မာျပည္သူေတြနဲ႔ ညီၫြတ္စြာ ရပ္တည္ၿပီး သူတို႔ဘ၀ ေဘးကင္းလံုျခံဳေရး၊ ဂုဏ္သိကၡာနဲ႔ အညီ ေနထိုင္ႏိုင္ေရးနဲ႔ ခက္ခက္ခဲခဲ ရယူထားရတဲ႔ တိုးတက္မႈေတြကို ထိန္းသိမ္းထားႏိုင္ေရး အတြက္ အခြင့္အေရး ေပးခ်ိန္မွာ အလွဴရွင္ေတြဘက္က ရက္ရက္ေရာေရာ ထည့္၀င္လွဴဒါန္းၾကဖို႔လည္း ကုလသမဂၢက ပန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ထွက်ပြေးရသူ မြန်မာ ၉ သိန်းကျော်ပြီ (ကုလပြောခွင့်ရ Dujarric)

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ ဆုတ်ယုတ်ကျဆင်းလာနေပြီး အထူးသဖြင့်တော့ နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ လက်ရှိ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ဒုက္ခရောက်နေဆဲ ဖြစ်ကြောင်း မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးနေရဆဲ ဖြစ်တဲ့ လူပေါင်း ၅၆၀,၀၀၀ ကျော်အပါအဝင် နိုင်ငံတဝန်း အိုးအိမ်စွန့် ထွက်ပြေးရသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ၉၀၀,၀၀၀ ကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းကနေ လူပေါင်း ၃၅,၇၀၀ တို့ကတော့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ခန့်မှန်းထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အကူအညီပေးဖို့ လိုအပ်သူ စံချိန်တင် အရေအတွက် ဖြစ်တဲ့ လူပေါင်း ၆ ဒသမ ၂ သန်းကို ကူညီနိုင်ရေး ၂၀၂၂ ခုနှစ် လူသားချင်းစာနာမှု ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ် အတွက် ရန်ပုံငွေ ဒေါ်လာ ၈၂၆ သန်းလိုအပ်နေကြောင်း၊ ဒီကနေ့ အချိန်ထိ ၄ ရာခိုင်နှုန်းဘဲ ထည့်ဝင်ထားသေးကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။

မြန်မာပြည်သူတွေနဲ့ ညီညွတ်စွာ ရပ်တည်ပြီး သူတို့ဘ၀ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်ရေးနဲ့ ခက်ခက်ခဲခဲ ရယူထားရတဲ့ တိုးတက်မှုတွေကို ထိန်းသိမ်းထားနိုင်ရေး အတွက် အခွင့်အရေး ပေးချိန်မှာ အလှူရှင်တွေဘက်က ရက်ရက်ရောရော ထည့်ဝင်လှူဒါန်းကြဖို့လည်း ကုလသမဂ္ဂက ပန်ကြားထားပါတယ်။

XS
SM
MD
LG