သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရး ကန္ပတ္လက္ စစ္ေဘးေရွာင္ တိုး


စစ္ေကာင္စီ တပ္ေတြ ဝင္ေရာက္မီးရႈိ႕ခဲ့တဲ့ ကန္ပက္လက္ ၿမဳိ႕တေနရာ (ယခင္ မွတ္တမ္း ဓါတ္ပုံ)

[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီ နယ္ေျမရွင္းလင္းေရး ကန္ပတ္လက္ စစ္ေဘးေရွာင္တိုး

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းေနတာေၾကာင့္ ေက်းရြာ ၁၀ ရြာက ေဒသခံရြာသား ၁ ေထာင္နီးပါး ေတာေတာင္ထဲမွာ ပုန္း႐ွာင္ေနၾကရပါတယ္။ ႐ြာေတြဘက္ လက္နက္ႀကီးေတြနဲ႔ အရင္ ပစ္ခတ္႐ွင္းလင္းတာေၾကာင့္ ေဒသခံေတြ အသက္လုထြက္ေျပး ၾကရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။ ကေလးငယ္ေတြ၊ သက္ႀကီး႐ြယ္အိုေတြပါတဲ့ ထြက္ေျပးေနရသူေတြ အစားအေသာက္အကူအညီ လိုအပ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ တင္ျပထားပါတယ္။

ခ်င္းျပည္နယ္ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ ကန္ပက္လက္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြျဖစ္ခဲ့ၿပီးေနာက္ ၿမိဳ႕နယ္ထဲက ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြ နယ္ေျမ႐ွင္းလင္းေရး လုပ္ေနပါတယ္။ မတ္လ ၁၆ ရက္ေန႔မွာ စစ္ေကာင္စီတပ္ေတြ ေက်း႐ြာေတြထဲ ဝင္မလာခင္ထဲက လက္နက္ႀကီးေတြနဲ႔ ႀကိဳတင္ ပစ္ခတ္တာေၾကာင့္ ႐ြာသူ႐ြာသားေတြ အသက္လု ထြက္ေျပးခဲ့ၾကရတယ္လို႔ အိုးအိမ္ပစ္ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြကို ကူညီေပးေနသူေတြက ေျပာပါတယ္။ ေလာေလာဆယ္ ေက်းရြာ (၁၀)ရြာက ရြာသား တေထာင္နီးပါး ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရတယ္လို႔ စစ္ေဘးဒုကၡေတြကို အကူအညီေပးေနတဲ့အဖဲြ႔ရဲ႕ အဖြဲ႕ဝင္တဦးက ဗီအိုေအကို ေျပာျပပါတယ္။

“ မတ္လ (၁၀) ရက္ေန႕ကစၿပီးမွသူတို႕ ကန္ပက္လက္က တပ္မ(၅၅)စစ္ေၾကာင္း ထိုးသြားတာ။ (၁၀)ရက္ေန႔ကစ သူတို႕တိုက္ပြဲ စျဖစ္တယ္။ တိုက္ပြဲက အႀကိမ္ႀကိမ္ျဖစ္တယ္။ အခုထိပဲ။ ဒီလက္နက္ႀကီးကလည္း မင္းတပ္ (၇၄၄) တပ္ဖြဲ႔က လွမ္းထုတယ္။ သူတို႔ ထမင္းခ်က္ေနရင္း တန္းလန္းေနေတာင္မွ ထမင္းအိုး ဟင္းအိုးႀကီးေတြ ခ်ၿပီးမွ ထမ္းၿပီးမွ ေျပးရတယ္။ လုံျခံဳတဲ့ေနရာ အခုထိမေတြ႔နိုင္ဘူးလုိ႔ သူတို႕ေျပာတယ္။ ဆိုေတာ့ ဦးေရက အဲဒီနယ္ေၾကာတေလွ်ာက္ သူတို႕ စံအိမ္နူးဆိုေတာ့ ပန္းေလာင္းလည္း ပါမယ္။ ပန္းေလာင္း လုံေလာင္း ရေလာင္းပန္း စမၼသားတို႔ ရွိေတာ္တို႔ သူတို႔ (၉၀၀)ေက်ာ္ (၁,၀၀၀)နီးနီး ရွိတယ္။ ေတာ္ေတာ္မ်ားတယ္။ ကေလးငယ္ သက္ႀကီးရြယ္အို ဒီဆြံ႔အ နားမၾကားတို႔ ။ လက္ရွိဟာ သူတို႔ ေတာထဲ ေတာင္ထဲ ေခ်ာင္းထဲမွာဘဲ အဲဒီလိုဘဲ ပုန္းေနရ။ ”

ေလာေလာဆယ္အေျခအေနအရ သူတုိ႔အဖဲြ႔အေန႔ ဒီဒုကၡသည္ေတြ႐ွိရာကို သြားေရာက္ကူညီေပးဖုိ႔ အခက္အခဲ ႐ွိေနၾကပါတယ္။ အခုလို ဗုဒၶဟူးေန႔ထဲက ပုန္းေ႐ွာင္ေနၾကရတဲ့ စစ္ေဘးေ႐ွာင္ေနၾကရ သူေတြအေနနဲ႔ စားေသာက္ေရးမွာ အခက္ခဲရွိေနၾကပါတယ္။

“သူတို႔ စြန္႔ေျပး ျပန္တက္လာတယ္ဆိုေတာ့ ရိကၡာပိုင္း တအား အားနည္းေနတယ္။ ၿပီးရင္ ေဆးဝါးအပိုင္း တအား အားနည္းေနတယ္လို႕ေျပာတယ္။ ဒီရက္ၾကာလာတာနဲ႕အမ်ွ သူတို႔ စားနပ္ရိကၡာေတြလည္း လုံးဝ ျပတ္ေတာက္တာ ဒီေန႔ ကြ်န္ေတာ္တို႔ကို ဆက္သြယ္ လာၾကတယ္သူတို႕။ ကြ်န္ေတာ္တို႔ကလည္း သြားဖို႔ သိပ္အဆင္မေျပေလာက္ဘူး။ ေတာ္ေတာ္ေလး ဒုကၡေရာက္ေနၾကတယ္သူတို႔။ ”

ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ လႈပ္႐ွားတဲ့ ကန္ပက္လက္ၿမိဳ႕နယ္ထဲကို စစ္ေကာင္စီတပ္ေတြ မတ္လ ၁၀ ရက္ေန႔ကစၿပီး ထိုးစစ္ ဆင္လာတဲ့အတြက္ ေဒသခံ ခ်င္းကာကြယ္ေရးအဖြဲ႕ CDF ေတြနဲ႔ တိုက္ပြဲ ေန႔စဥ္လိုလို ျဖစ္ပြါးေနတာပါ။

မတ္လ(၁၅)ရက္ေန႕တုန္းကေတာ့ ခ်င္းကာကြယ္ေရးအဖြဲ႕ေတြရဲ႕ တိုက္နယ္အမွတ္ (၅) ဌာနခ်ဳပ္စခန္းကို စစ္ေကာင္စီတပ္ေတြ တိုက္ခိုက္ သိမ္းပိုက္ခဲ့ပါတယ္။ ကန္ပက္လက္ၿမိဳ႕နယ္ CDF ကာကြယ္ေရး တာဝန္ရွိသူကေတာ့ လက္နက္ႀကီးနဲ႔ ပစ္ခတ္မွဳအပါဝင္ စစ္တပ္ဘက္က အင္အားပိုမ်ားလို႔ တပ္ဆုတ္ေပးခဲ့ရတယ္လို႕ေျပာပါတယ္။

“ အခုက သူတို႔ဖက္က လက္နက္ႀကီးနဲ႔ပဲ ေတာက္ေလွ်ာက္ မင္းတပ္ဘက္က၊ ေဆာၿမိဳ႕ကတပ္က၊ ကန္ပက္လက္က အဲဒီလိုပစ္ၾကေသးတယ္။ မေန႔ကေရာ ဒီေန႔ေရာ။ ဒီျပည္သူ႔အိမ္ေတြ ထိတယ္။ လူေနအိမ္ေတြ မီးေတြေလာင္သြားတယ္ ဆိုေတာ့ ကြ်န္ေတာ္တို႔က ဆုတ္ေပးရတာေပါ့ေနာ။ ယာယီ ခနပါ။ ”

မတ္လ(၁၅) ရက္ေန႔က တိုက္ပြဲအတြင္း ႏွစ္ဖက္ အျပန္အလွန္ တိုက္ခိုက္မႈေတြေၾကာင့္ စမၼသား၊ မံစီးဒ၊ီ ဘန္႔ေဘြး စတဲ့ ရြာေတြက ႐ြာသားေထာင္ခ်ီ စစ္ေဘးဒုကၡသည္ေတြျဖစ္ေနၾကပါတယ္။

ေဖေဖာ္ဝါရီ (၂၆) ရက္ေန႔တုန္းကလည္း မေကြးတိုင္း ေလာင္းရွည္ဖက္ကေန ခ်င္းျပည္နယ္ေတာင္ပုိင္း၊ ကန္ပက္လက္ျမိဳ႕နယ္ က်င္ေဒြးျမိဳ႕ဖက္ကို ဦးတည္လာတဲ့ စစ္ေကာင္စီတပ္နဲ႕ ေဒသခံ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ CDF-Kanpetlet တို႕အၾကား တိုက္ပြဲျဖစ္ပြါးခဲ့လို႔ တိုက္ပြဲျဖစ္ပြါးရာ လမ္းေၾကာတေလွ်ာက္ေက်းရြာက ရြာသား တေထာင္ေလာက္ စစ္ေဘးတိမ္းေရွာင္ ေနရပါတယ္။

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕မွာ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ၂၀၂၁ ခုႏွစ္ ေမလလယ္ထဲကစၿပီး တိုက္ပြဲေတြျဖစ္ေနတာပါ။ ကန္ပက္လက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႕ ခ်င္းကာကြယ္ေရးအဖြဲ႔တို႔ တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ ထြက္ေျပးေနရသူ ၄,၀၀၀ ေလာက္ ၊ မေကြးတိုင္း ေဆာနယ္ ေလာင္းရွည္ၿမိဳ႕ဘက္မွာ ခိုလႈံေနၾကရသလို ၂,၀၀၀ ေလာက္ကေတာ့ ေတာေတာင္ထဲမွာ ပုန္းခိုေနၾကရစဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

စစ်ကောင်စီ နယ်မြေရှင်းလင်းရေး ကန်ပတ်လက် စစ်ဘေးရှောင်တိုး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံရွာသား ၁ ထောင်နီးပါး တောတောင်ထဲမှာ ပုန်းရှာင်နေကြရပါတယ်။ ရွာတွေဘက် လက်နက်ကြီးတွေနဲ့ အရင် ပစ်ခတ်ရှင်းလင်းတာကြောင့် ဒေသခံတွေ အသက်လုထွက်ပြေး ကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေပါတဲ့ ထွက်ပြေးနေရသူတွေ အစားအသောက်အကူအညီ လိုအပ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် တင်ပြထားပါတယ်။

ချင်းပြည်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကန်ပက်လက်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ မတ်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ကျေးရွာတွေထဲ ဝင်မလာခင်ထဲက လက်နက်ကြီးတွေနဲ့ ကြိုတင် ပစ်ခတ်တာကြောင့် ရွာသူရွာသားတွေ အသက်လု ထွက်ပြေးခဲ့ကြရတယ်လို့ အိုးအိမ်ပစ် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ လောလောဆယ် ကျေးရွာ (၁၀)ရွာက ရွာသား တထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခတွေကို အကူအညီပေးနေတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးက ဗီအိုအေကို ပြောပြပါတယ်။

“ မတ်လ (၁၀) ရက်နေ့ကစပြီးမှသူတို့ ကန်ပက်လက်က တပ်မ(၅၅)စစ်ကြောင်း ထိုးသွားတာ။ (၁၀)ရက်နေ့ကစ သူတို့တိုက်ပွဲ စဖြစ်တယ်။ တိုက်ပွဲက အကြိမ်ကြိမ်ဖြစ်တယ်။ အခုထိပဲ။ ဒီလက်နက်ကြီးကလည်း မင်းတပ် (၇၄၄) တပ်ဖွဲ့က လှမ်းထုတယ်။ သူတို့ ထမင်းချက်နေရင်း တန်းလန်းနေတောင်မှ ထမင်းအိုး ဟင်းအိုးကြီးတွေ ချပြီးမှ ထမ်းပြီးမှ ပြေးရတယ်။ လုံခြုံတဲ့နေရာ အခုထိမတွေ့နိုင်ဘူးလို့ သူတို့ပြောတယ်။ ဆိုတော့ ဦးရေက အဲဒီနယ်ကြောတလျှောက် သူတို့ စံအိမ်နူးဆိုတော့ ပန်းလောင်းလည်း ပါမယ်။ ပန်းလောင်း လုံလောင်း ရလောင်းပန်း စမ္မသားတို့ ရှိတော်တို့ သူတို့ (၉၀၀)ကျော် (၁,၀၀၀)နီးနီး ရှိတယ်။ တော်တော်များတယ်။ ကလေးငယ် သက်ကြီးရွယ်အို ဒီဆွံ့အ နားမကြားတို့ ။ လက်ရှိဟာ သူတို့ တောထဲ တောင်ထဲ ချောင်းထဲမှာဘဲ အဲဒီလိုဘဲ ပုန်းနေရ။ ”

လောလောဆယ်အခြေအနေအရ သူတို့အဖွဲ့အနေ့ ဒီဒုက္ခသည်တွေရှိရာကို သွားရောက်ကူညီပေးဖို့ အခက်အခဲ ရှိနေကြပါတယ်။ အခုလို ဗုဒ္ဓဟူးနေ့ထဲက ပုန်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်နေကြရ သူတွေအနေနဲ့ စားသောက်ရေးမှာ အခက်ခဲရှိနေကြပါတယ်။

“သူတို့ စွန့်ပြေး ပြန်တက်လာတယ်ဆိုတော့ ရိက္ခာပိုင်း တအား အားနည်းနေတယ်။ ပြီးရင် ဆေးဝါးအပိုင်း တအား အားနည်းနေတယ်လို့ပြောတယ်။ ဒီရက်ကြာလာတာနဲ့အမျှ သူတို့ စားနပ်ရိက္ခာတွေလည်း လုံးဝ ပြတ်တောက်တာ ဒီနေ့ ကျွန်တော်တို့ကို ဆက်သွယ် လာကြတယ်သူတို့။ ကျွန်တော်တို့ကလည်း သွားဖို့ သိပ်အဆင်မပြေလောက်ဘူး။ တော်တော်လေး ဒုက္ခရောက်နေကြတယ်သူတို့။ ”

ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လှုပ်ရှားတဲ့ ကန်ပက်လက်မြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ မတ်လ ၁၀ ရက်နေ့ကစပြီး ထိုးစစ် ဆင်လာတဲ့အတွက် ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ CDF တွေနဲ့ တိုက်ပွဲ နေ့စဉ်လိုလို ဖြစ်ပွါးနေတာပါ။

မတ်လ(၁၅)ရက်နေ့တုန်းကတော့ ချင်းကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်နယ်အမှတ် (၅) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ကန်ပက်လက်မြို့နယ် CDF ကာကွယ်ရေး တာဝန်ရှိသူကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုအပါဝင် စစ်တပ်ဘက်က အင်အားပိုများလို့ တပ်ဆုတ်ပေးခဲ့ရတယ်လို့ပြောပါတယ်။

“ အခုက သူတို့ဖက်က လက်နက်ကြီးနဲ့ပဲ တောက်လျှောက် မင်းတပ်ဘက်က၊ ဆောမြို့ကတပ်က၊ ကန်ပက်လက်က အဲဒီလိုပစ်ကြသေးတယ်။ မနေ့ကရော ဒီနေ့ရော။ ဒီပြည်သူ့အိမ်တွေ ထိတယ်။ လူနေအိမ်တွေ မီးတွေလောင်သွားတယ် ဆိုတော့ ကျွန်တော်တို့က ဆုတ်ပေးရတာပေါ့နော။ ယာယီ ခနပါ။ ”

မတ်လ(၁၅) ရက်နေ့က တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စမ္မသား၊ မံစီးဒ၊ီ ဘန့်ဘွေး စတဲ့ ရွာတွေက ရွာသားထောင်ချီ စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြပါတယ်။

ဖေဖော်ဝါရီ (၂၆) ရက်နေ့တုန်းကလည်း မကွေးတိုင်း လောင်းရှည်ဖက်ကနေ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဖက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့လို့ တိုက်ပွဲဖြစ်ပွါးရာ လမ်းကြောတလျှောက်ကျေးရွာက ရွာသား တထောင်လောက် စစ်ဘေးတိမ်းရှောင် နေရပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား ၂၀၂၁ ခုနှစ် မေလလယ်ထဲကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။ ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့် ထွက်ပြေးနေရသူ ၄,၀၀၀ လောက် ၊ မကွေးတိုင်း ဆောနယ် လောင်းရှည်မြို့ဘက်မှာ ခိုလှုံနေကြရသလို ၂,၀၀၀ လောက်ကတော့ တောတောင်ထဲမှာ ပုန်းခိုနေကြရစဲ ဖြစ်ပါတယ်။

XS
SM
MD
LG