သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ပက္လက္မွာ CDF နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျပင္းထန္


ကန္ပက္လက္အနိးတြင္ေတြ႕ရသည့္ CDF တပ္ဖြဲ႕ဝင္တခ်ိဳ႕ (မွတ္တမ္းဓါတ္ပုံ)

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္မွာရွိတဲ့ ခ်င္းကာကြယ္ေရး CDF အဖြဲ႕ရဲ႕အေျချပဳစခန္းတခုကို စစ္ေကာင္စီတပ္ေတြ ဒီေန႔ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့တဲ့အတြက္ တိုက္ပြဲေတြျပင္းထန္ခဲ့တယ္လို႔ CDF အဖြဲ႕ဘက္က ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ ပတ္ဝန္းက်င္က ေဒသခံ႐ြာသား ၂၀၀၀ ေက်ာ္ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကရၿပီး အကူအညီေတြလိုအပ္ေနၾကတယ္လို႔ ဒုကၡအေရးကူညီေနသူေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္ထဲမွာလဲ ဗုဒၶဟူးေန႔အထိ ၂ ဘက္တိုက္ပြဲေတြျဖစ္ခဲ့ပါတယ္။ ခ်င္းျပည္နယ္ဘက္က တိုက္ပြဲအေျခအေနအေၾကာင္း ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕နယ္ေျမာက္ဘက္မွာရွိတဲ့ ခ်င္းကာကြယ္ေရး CDF ဌာနခ်ဳပ္ စခန္းတခုကို ဒီေန႔ စစ္ေကာင္စီတပ္ဘက္က အလုံးအရင္းနဲ႔ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ပါတယ္။ ျပင္းထန္တဲ့ တိုက္ပြဲေတြအတြင္း အင္အားမမွ်လို႔ ညေနပိုင္းမွာ တပ္ဆုတ္ေပးခဲ့ရတယ္လို႔ ကန္ပက္လက္ CDF ျပန္ၾကားေရးတာဝန္ရွိသူတဦးက ေျပာျပပါတယ္။

“ဒီေန႔အေျခအေနက ကြၽန္ေတာ္တို႔ CDF ဌာနခ်ဳပ္ကို သူတို႔ပစ္မွတ္ထားၿပီးေတာ့ အလုံးအရင္းနဲ႔တိုက္ပြဲျဖစ္တာ။ ကြၽန္ေတာ္တို႔ကန္ပက္လက္အင္အားမရွိဘူး။ က်ည္လဲမရွိေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္တို႔ခုခံၿပီးမွ တိုက္ပြဲျဖစ္တာ။ ကြၽန္ေတာ္တို႔ေတာင့္မခံႏိုင္ေတာ့ဘူး။ ဆိုေတာ့ စခန္းဆုတ္ေပးရတာေပါ့။ ကြၽန္ေတာ္တို႔ဘက္က ဒဏ္ရာရတာ (၃)ေယာက္ရွိတယ္။ ၿပီးရင္တေယာက္က်တယ္ေပါ့။ CDF။”

ခ်င္းကာကြယ္ေရးအဖြဲ႕ စခန္းခ်ထားတဲ့ ကန္ပက္လက္ၿမိဳ႕ေျမာက္ဖက္က ဌာနခ်ဳပ္စခန္းကို စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္း ဝင္ေရာက္ခဲ့လို႔ တိုက္ပြဲျဖစ္ပြါးခဲ့တာပါ။ ႏွစ္ဘက္အျပန္အလွန္တိုက္ခိုက္မႈေတြေၾကာင့္ အနီးဝန္းက်င္မွာရွိတဲ့ ႐ြာ ၁၀ ႐ြာေလာက္က ျပည္သူ ၂ ေထာင္ေလာက္ ေဘးလြတ္ရာ ထြက္ေျပးခဲ့ၾကရတယ္လို႔ စစ္ေျပးဒုကၡသည္ေတြကို အကူအညီေပးေနသူတေယာက္က ေျပာျပပါတယ္။

“ကန္ပက္လက္ဘက္ကတိုက္ပြဲဟာ တိုက္နယ္အမွတ္(၅)ဘက္ကတိုက္ပြဲျပင္းထန္ေနတယ္။ စြန႔္ခြါတယ္သူတို႔။ အိုးပစ္အိမ္ပစ္နဲ႔ အဲဒီလို ေတာကိုထြက္ေျပးတယ္။ အဲဒမတတို႔ မံစီးဒီတို႔ ၿပီးေတာ့ဟို ဘန႔္ေဘြး တို႔ အဲဒီအနီးနားက ႐ြာေတြက (၁၀)႐ြာေလာက္ရွိတယ္။ အဲဒီလိုဘဲသူတို႔ေရွာင္ေနရတယ္။ ခန႔္မွန္းေျခလူဦးေရ(၂၀၀၀) (၂၅၀၀)ေလာက္ ရွိမယ္။”

ေလာေလာဆယ္ ေတာေတာင္ထဲမွာ ပုန္းေရွာင္ ခိုလႈံေနၾကရတာျဖစ္လို႔ အကူအညီအလြန္အမင္းလိုအပ္ေနၾကတယ္လို႔လည္း ေျပာပါတယ္။

“ကြၽန္ေတာ္တို႔လဲဘာမွ ကူညီေရးပစၥည္းေတြမရွိလို႔ ကြၽန္ေတာ္တို႔ကန္ပက္လက္အေျခအေနလဲ ဘာမွ မကူညီေပးဘူး ေလာေလာဆယ္။ အဲဒီ႐ြာဖက္ကေတာ့ ေတာ္ေတာ္ေလး အခက္ခဲျဖစ္ေနမွာဗ်။ ကြၽန္ေတာ္တို႔မွာက်ေတာ့ အလႉရွင္ေတြကလဲ မရွိဘူး။ ဒီမွာကြၽန္ေတာ္တို႔ အခက္ခဲျဖစ္ေနတယ္။”

ကန္ပက္လက္ဘက္က CDF ဌာနခ်ဳပ္ စခန္းအေပၚ စစ္တပ္က ဒီေန႔ တိုက္ခိုက္ခဲ့တာနဲ႔ပါတ္သက္လို႔ မသိရွိဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗီအိုေအကို ေျပာပါတယ္။

ခ်င္းျပည္နယ္ထဲပ မတူပီၿမိဳ႕နယ္မွာလဲ မတ္လ (၁၂) ရက္ေန႔ကေန မေန႔က မတ္လ (၁၄) ရက္ ဗုဒၶဟူးေန႔အထိ ခ်င္းကာကြယ္ေရး ပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား (၃) ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ မတူပီ CDF ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

“မေန႔က ထယ္ေဘြ႕စခန္းနဲ႔(၅)မိုင္အကြာေလာက္မွာျဖစ္တာေပါ့ေနာ။ မနက္အေစာႀကီးတိုက္ပြဲေတြျဖစ္တယ္။ အျပန္ အလွန္ပစ္ခတ္မႈေတြရွိတယ္။ ကြၽန္ေတာ္တို႔ဘက္က ဒဏ္ရာရတဲ့ဟာက စိုးရိမ္ေနရ အေျခအေနေတာ့မဟုတ္ဘူး ေပါ့ ေနာ။ ကြၽန္ေတာ္တို႔က (၁၂) ရက္ေန႔ကေနစၿပီးေတာ့မွ (၁၂) (၁၃) (၁၄) တိုက္ပြဲျဖစ္ပါတယ္။ ျဖစ္တာက စစ္ေကာင္စီ ဘက္က အင္အား (၁၀၀) ေလာက္ရွိတဲ့ တပ္က မတူပီရဲ႕အေနာက္ဘက္ အိႏၵိယနယ္စပ္ဘက္ျဖစ္တဲ့ လိုင္လင္းပီၿမိဳ႕ ကေန ကား(၂)စီးနဲ႔လာၿပီးေတာ့မွ ကြၽန္ေတာ္တို႔ဒီ ကင္းေခ်ာင္းအတိုင္းေပါ့ေနာ။ ကင္းေခ်ာင္းအတိုင္းတက္လာတယ္။ အဲတာကြၽန္ေတာ္တို႔ မတူပီCDFဘက္ကေန ပစ္တာေပါ့ေနာ္။ (၁၂) ရက္ေန႔မွာက်ေတာ့ စစ္ေကာင္စီဘက္က (၅) ေယာက္ ေလာက္က်တာေပါ့ေနာ္။ (၁၃)ရက္ေန႔မွာကြၽန္ေတာ္တို႔ဘက္က တေယာက္က်တယ္ေပါ့ေနာ္။ အဲဒီမွာ စစ္ ေကာင္စီဘက္က (၃) ေယာက္ေလာက္ထပ္က်တယ္ေပါ့။ အေလာင္းကေတာ့ (၈) ေလာင္းေပါ့ေနာ္ ကြၽန္ေတာ္တို႔ ရထားတယ္။”

မတူပီၿမိဳ႕နယ္ လိုင္လင္းပီၿမိဳ႕ကေန ထယ္ေဘြ႕စစ္စခန္းကို အင္အားျဖည့္တင္းဖို႔လာတဲ့ စစ္တပ္စစ္ေၾကာင္းကို ထယ္ေဘြ႕ စစ္စခန္း မေရာက္ခင္အၾကားမွာ မတူပီခ်င္းကာကြယ္ေရး CDF အဖြဲ႕ ခ်င္းအမ်ိဳးသားတပ္ဦး CNF၊ CDF ပလက္ဝပူးေပါင္းအဖြဲ႕ေတြက စတင္ ပစ္ခတ္တိုက္ခိုက္ခဲ့တာလို႔သူက ဆိုပါတယ္။ ၃ ရက္ဆက္တိုက္ ပစ္ခတ္တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္ဘက္က ထခိုက္မႈမ်ားတယ္လို႔ CDF ဘက္ကေျပာေပမဲ့ သီးျခားအတည္မျပဳႏိုင္ပါဘူး။ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မတူပီၿမိဳ႕နယ္မွာ ဗုဒၶဟူးေန႔က တိုက္ပြဲ ၂ ႀကိမ္ျဖစ္ပြားခဲ့စဥ္ တပ္ဖြဲ႕ဝင္တခ်ိဳ႕ ဒဏ္ရာရတယ္လို႔ ေျပာပါတယ္။

“မတူပီဘက္မွာေတာ့ မေန႔ကေတာ့ မနက္ပိုင္းမွာတႀကိမ္ ညေန(၃)နာရီေလာက္မွာတႀကိမ္။ အဲဒီမွာေတာ့မတူပီဘက္ က ကြၽန္ေတာ္တို႔ မိုင္ႏိုင္႐ြာေတာင္ဘက္မွာ ေတာ့ ကြၽန္ေတာ္တို႔ လမ္းေဘးေထာင္မိုင္း တလုံးကြဲခဲ့တာရွိတယ္။ ကြၽန္ေတာ္တို႔ဆီက စစ္သည္တခ်ိဳ႕ဒဏ္ရာရခဲ့တာရွိတယ္။”

တိုက္ပြဲအတြင္း လက္နက္ႀကီးေတြနဲ႔ပစ္ခတ္မႈေၾကာင့္ တြီေဆာ့ကုန္း ေက်း႐ြာရဲ႕ခရစ္ယာန္ ဘုရားေက်ာင္း ၁ ေဆာင္ ၊ စာသင္ေက်ာင္းနဲ႔ လူေနအိမ္ ၁ လုံး ထိခိုက္ ပ်က္စီးခဲ့ပါတယ္။ တိုက္ပြဲျဖစ္ပြားရာ အနီးနား ေက်း႐ြာေတြျဖစ္ၾကတဲ့ စခီဟာနဲ႔တြီေဆာ့ကုန္း ေက်း႐ြာေတြက ႐ြာသားေတြဟာ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ခ်င္းျပည္နယ္မွာ ခ်င္းကာကြယ္ေရးပူးေပါင္းအဖြဲ႕နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနၾကရသူ သိန္းနဲ႔ခ်ီရွိပါတယ္။ အိႏၵိယႏိုင္ငံဘက္ သြားေရာက္ခိုလႈံေနသူကလည္း ၃၀,၀၀၀ ေလာက္ရွိပါတယ္။

[[Unicode]]

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာရှိတဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့ရဲ့အခြေပြုစခန်းတခုကို စစ်ကောင်စီတပ်တွေ ဒီနေ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ CDF အဖွဲ့ဘက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ပတ်ဝန်းကျင်က ဒေသခံရွာသား ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပြီး အကူအညီတွေလိုအပ်နေကြတယ်လို့ ဒုက္ခအရေးကူညီနေသူတွေက ပြောပါတယ်။ ချင်းပြည်နယ်ထဲမှာလဲ ဗုဒ္ဓဟူးနေ့အထိ ၂ ဘက်တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ချင်းပြည်နယ်ဘက်က တိုက်ပွဲအခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မြောက်ဘက်မှာရှိတဲ့ ချင်းကာကွယ်ရေး CDF ဌာနချုပ် စခန်းတခုကို ဒီနေ့ စစ်ကောင်စီတပ်ဘက်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်း အင်အားမမျှလို့ ညနေပိုင်းမှာ တပ်ဆုတ်ပေးခဲ့ရတယ်လို့ ကန်ပက်လက် CDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပြပါတယ်။

“ဒီနေ့အခြေအနေက ကျွန်တော်တို့ CDF ဌာနချုပ်ကို သူတို့ပစ်မှတ်ထားပြီးတော့ အလုံးအရင်းနဲ့တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့ကန်ပက်လက်အင်အားမရှိဘူး။ ကျည်လဲမရှိတော့ဘူးဆိုတော့ ကျွန်တော်တို့ခုခံပြီးမှ တိုက်ပွဲဖြစ်တာ။ ကျွန်တော်တို့တောင့်မခံနိုင်တော့ဘူး။ ဆိုတော့ စခန်းဆုတ်ပေးရတာပေါ့။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတာ (၃)ယောက်ရှိတယ်။ ပြီးရင်တယောက်ကျတယ်ပေါ့။ CDF။”

ချင်းကာကွယ်ရေးအဖွဲ့ စခန်းချထားတဲ့ ကန်ပက်လက်မြို့မြောက်ဖက်က ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်း ဝင်ရောက်ခဲ့လို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အနီးဝန်းကျင်မှာရှိတဲ့ ရွာ ၁၀ ရွာလောက်က ပြည်သူ ၂ ထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေသူတယောက်က ပြောပြပါတယ်။

“ကန်ပက်လက်ဘက်ကတိုက်ပွဲဟာ တိုက်နယ်အမှတ်(၅)ဘက်ကတိုက်ပွဲပြင်းထန်နေတယ်။ စွန့်ခွါတယ်သူတို့။ အိုးပစ်အိမ်ပစ်နဲ့ အဲဒီလို တောကိုထွက်ပြေးတယ်။ အဲဒမတတို့ မံစီးဒီတို့ ပြီးတော့ဟို ဘန့်ဘွေး တို့ အဲဒီအနီးနားက ရွာတွေက (၁၀)ရွာလောက်ရှိတယ်။ အဲဒီလိုဘဲသူတို့ရှောင်နေရတယ်။ ခန့်မှန်းခြေလူဦးရေ(၂၀၀၀) (၂၅၀၀)လောက် ရှိမယ်။”

လောလောဆယ် တောတောင်ထဲမှာ ပုန်းရှောင် ခိုလှုံနေကြရတာဖြစ်လို့ အကူအညီအလွန်အမင်းလိုအပ်နေကြတယ်လို့လည်း ပြောပါတယ်။

“ကျွန်တော်တို့လဲဘာမှ ကူညီရေးပစ္စည်းတွေမရှိလို့ ကျွန်တော်တို့ကန်ပက်လက်အခြေအနေလဲ ဘာမှ မကူညီပေးဘူး လောလောဆယ်။ အဲဒီရွာဖက်ကတော့ တော်တော်လေး အခက်ခဲဖြစ်နေမှာဗျ။ ကျွန်တော်တို့မှာကျတော့ အလှူရှင်တွေကလဲ မရှိဘူး။ ဒီမှာကျွန်တော်တို့ အခက်ခဲဖြစ်နေတယ်။”

ကန်ပက်လက်ဘက်က CDF ဌာနချုပ် စခန်းအပေါ် စစ်တပ်က ဒီနေ့ တိုက်ခိုက်ခဲ့တာနဲ့ပါတ်သက်လို့ မသိရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗီအိုအေကို ပြောပါတယ်။

ချင်းပြည်နယ်ထဲပ မတူပီမြို့နယ်မှာလဲ မတ်လ (၁၂) ရက်နေ့ကနေ မနေ့က မတ်လ (၁၄) ရက် ဗုဒ္ဓဟူးနေ့အထိ ချင်းကာကွယ်ရေး ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား (၃) ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မတူပီ CDF ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ထယ်ဘွေ့စခန်းနဲ့(၅)မိုင်အကွာလောက်မှာဖြစ်တာပေါ့နော။ မနက်အစောကြီးတိုက်ပွဲတွေဖြစ်တယ်။ အပြန် အလှန်ပစ်ခတ်မှုတွေရှိတယ်။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့ဟာက စိုးရိမ်နေရ အခြေအနေတော့မဟုတ်ဘူး ပေါ့ နော။ ကျွန်တော်တို့က (၁၂) ရက်နေ့ကနေစပြီးတော့မှ (၁၂) (၁၃) (၁၄) တိုက်ပွဲဖြစ်ပါတယ်။ ဖြစ်တာက စစ်ကောင်စီ ဘက်က အင်အား (၁၀၀) လောက်ရှိတဲ့ တပ်က မတူပီရဲ့အနောက်ဘက် အိန္ဒိယနယ်စပ်ဘက်ဖြစ်တဲ့ လိုင်လင်းပီမြို့ ကနေ ကား(၂)စီးနဲ့လာပြီးတော့မှ ကျွန်တော်တို့ဒီ ကင်းချောင်းအတိုင်းပေါ့နော။ ကင်းချောင်းအတိုင်းတက်လာတယ်။ အဲတာကျွန်တော်တို့ မတူပီCDFဘက်ကနေ ပစ်တာပေါ့နော်။ (၁၂) ရက်နေ့မှာကျတော့ စစ်ကောင်စီဘက်က (၅) ယောက် လောက်ကျတာပေါ့နော်။ (၁၃)ရက်နေ့မှာကျွန်တော်တို့ဘက်က တယောက်ကျတယ်ပေါ့နော်။ အဲဒီမှာ စစ် ကောင်စီဘက်က (၃) ယောက်လောက်ထပ်ကျတယ်ပေါ့။ အလောင်းကတော့ (၈) လောင်းပေါ့နော် ကျွန်တော်တို့ ရထားတယ်။”

မတူပီမြို့နယ် လိုင်လင်းပီမြို့ကနေ ထယ်ဘွေ့စစ်စခန်းကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို ထယ်ဘွေ့ စစ်စခန်း မရောက်ခင်အကြားမှာ မတူပီချင်းကာကွယ်ရေး CDF အဖွဲ့ ချင်းအမျိုးသားတပ်ဦး CNF၊ CDF ပလက်ဝပူးပေါင်းအဖွဲ့တွေက စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သူက ဆိုပါတယ်။ ၃ ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထခိုက်မှုများတယ်လို့ CDF ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မတူပီမြို့နယ်မှာ ဗုဒ္ဓဟူးနေ့က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့စဉ် တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတယ်လို့ ပြောပါတယ်။

“မတူပီဘက်မှာတော့ မနေ့ကတော့ မနက်ပိုင်းမှာတကြိမ် ညနေ(၃)နာရီလောက်မှာတကြိမ်။ အဲဒီမှာတော့မတူပီဘက် က ကျွန်တော်တို့ မိုင်နိုင်ရွာတောင်ဘက်မှာ တော့ ကျွန်တော်တို့ လမ်းဘေးထောင်မိုင်း တလုံးကွဲခဲ့တာရှိတယ်။ ကျွန်တော်တို့ဆီက စစ်သည်တချို့ဒဏ်ရာရခဲ့တာရှိတယ်။”

တိုက်ပွဲအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် တွီဆော့ကုန်း ကျေးရွာရဲ့ခရစ်ယာန် ဘုရားကျောင်း ၁ ဆောင် ၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားရာ အနီးနား ကျေးရွာတွေဖြစ်ကြတဲ့ စခီဟာနဲ့တွီဆော့ကုန်း ကျေးရွာတွေက ရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ချင်းပြည်နယ်မှာ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသူ သိန်းနဲ့ချီရှိပါတယ်။ အိန္ဒိယနိုင်ငံဘက် သွားရောက်ခိုလှုံနေသူကလည်း ၃၀,၀၀၀ လောက်ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG