သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခရစ္စမတ်ပွဲတော် ချင်းပြည်နယ်မြို့အများပြား ကျင်းပနိုင်မည်မဟုတ်


အောက်တိုဘာ ၂၉ ၊ ၂၀၂၁ ထန်တလန်မှာလောင်တဲ့မီး (ယခင်ပုံဟောင်း)
အောက်တိုဘာ ၂၉ ၊ ၂၀၂၁ ထန်တလန်မှာလောင်တဲ့မီး (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို ချင်းပြည်နယ်ထဲက မြို့နယ်အများအပြားမှာ မကျင်းပတော့ဘူးလို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေသလို စစ်ဘေးဒုက္ခသည်တွေအများအပြား ဒုက္ခရောက်နေကြတာကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ပွဲတော်ကို မကျင်းပတော့ဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို တင်ပြပေးထားပါတယ်။

ယေရှုခရစ်တော်ဖွားမြင်တဲ့ အထိမ်းအမှတ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပကြတဲ့ ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုး ကျင်းပကြလေ့ရှိပါတယ်။ မိသားစုတွေ စုဝေးစားသောက်ကြ၊ လက်ဆောင်တွေ အပြန်အလှန် ပေးကြတဲ့ ပျော်စရာပွဲတော်ကို ချင်းပြည်နယ်ထဲက မြို့နယ်အများအပြားမှာဒီနှစ်ကျင်းပမှာ မဟုတ်ဘူးလို့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။ ချင်းပြည်နယ်ထဲမှာ လက်ရှိဖြစ်နေတဲ့ အြေ

“အိုးအိမ်တွေ မီးလောင်နေတယ်။ ညီအကိုမောင်နှမတွေ တောထဲ ရောက်သူတွေရှိတယ်။ ဝမ်းနည်းကြေကွဲနေတဲ့အခါမှာ ပျော်ပျော်ပါးပါးနဲ့ စားတာသောက်တာတွေ မသင့်တော်ဘူးဆိုပြီး. ကျနော်တို့ဟားခါးမြို့ပေါ်တော့ မလုပ်ဘူးနော်။” (ဟားခါးခရစ်ယာန် ဂိုဏ်းပေါင်းစုံအတွင်းရေးမှူး)


ခအနေတွေကြောင့် ပွဲတော် မကျင်းပတော့ဘူးဆိုတာကို ဟားခါးမြို့နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံအတွင်းရေးမှူး ဆရာတော်စတီဗင် လျန်ဟုပ်လိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့အိုးအိမ်တွေ မီးလောင်နေတယ်။ ကျနော်တို့ရဲ့ ညီအကိုမောင်နှမတွေ တောထဲမှာ ရောက်တဲ့သူတွေရှိတယ်။ တခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ ဝမ်းနည်းကြေကွဲနေတာရှိတဲ့အခါမှာဒီမှာ ကျနော်တို့တွေက ပျော်ပျော်ပါးပါးနဲ့ စားတာသောက်တာတွေ မသင့်တော်ဘူးဆိုပြီးတော့ ကျနော်တို့ဟားခါးမြို့ပေါ်တော့ မလုပ်ဘူးနော်။ ဒီဟားခါးမြို့နယ်အတွင်းမှာရှိတဲ့ ကျနော်တို့အသင်းတော်တွေ အားလုံး သဘောတူညီချက်အားဖြင့်လုပ်တာဖြစ်တယ်။”

ချင်းပြည်နယ်မှာ နေထိုင်သူလူဦးရေ ၉ဝ% လောက်က ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပါတယ်။ နှစ်စဉ် ခရစ္စမတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ မကျင်းပတော့ဖို့ ဘာသာရေးခေါင်းဆောင်တွေ ဆုံးဖြတ် ထားကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်ပွဲတော်အစား တိုက်ပွဲတွေ၊ မီးဘေးဒုက္ခရောက်သူတွေအတွက် ဆုတောင်းဝတ်ပြုမှုတွေကိုပဲ လုပ်သွားမယ်လို့ ပြောပါတယ်။

“ခရစ္စမတ်နေ့ မှာ ကျနော်တို့ကိုယ့်မိသားစုအလိုက် ဆုတောင်းခြင်းလုပ်သွားမယ်။ မိသားစု ဆုတောင်းတဲ့အခါမှာ သူတို့အတွက်လည်း ကျနော်တို့ဆုတောင်းပေးမယ်။ ”

ဒါကတော့ ဟားခါးမြို့နယ်ထဲကအခြေအနေဖြစ်ပါတယ်။ ကန်ပက်လက်မြို့နယ် မှာလည်း ခရစ္စမတ်ပွဲတော် မကျင်းပတော့ဘူးလို့ အသင်းတော်တာဝန်ရှိသူတဦးက ပြောပါတယ်။

“အစီစဉ်မရှိဘူး။ ကန်ပက်လက်က စစ်ရှောင်တွေလည်း များတယ်။ မြို့ပေါ်မှာလည်း လူနည်းတယ်။ အဲဒါကြောင့် ခရစ္စမတ် မလုပ်ဖြစ်ဘူး။ ကန်ပက်လက် မှာတော့။”

ကန်ပက်လက်မြို့နယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ CDF နဲ့စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်ပွါးနေတာကြောင့် မြို့ခံအများအပြား စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အလားတူ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မင်းတပ်မြို့မှာလည်း ခရစ္စမတ်ပွဲတော်ကျင်းပဖို့ အခြေအနေမရှိဘူးလို့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတဦးကပြောပါတယ်။

“မင်းတပ်မှာလူမှမရှိတာ ဘယ်လိုလုပ်ကျင်းပမလဲ။”

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလကုန်ပိုင်းကစလို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့လို့ ဒေသခံတသောင်းနီးပါး စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ချင်းပြည်နယ်ထဲက ကန့်ကွက်ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး နှိမ်နှင်းတဲ့အတွက် ဒေသခံတွေ ရရာလက်နက် စွဲကိုင် တုံ့ပြန်ခဲ့ကြပါတယ်။ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအပေါ် စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးရွာသားတွေအများအပြား နေရပ်ကနေ တိမ်းရှောင် ထွက် ပြေးနေကြရပါတယ်။

အိမ်ခြေ ၂,၀၀၀ ကျော်ခန့်ရှိတဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး နိုဝင်ဘာလအထိ စစ်ရေး ပဋိပက္ခဖြစ်စဉ်အတွင်း လူနေအိမ်မီးလောင်ကျွမ်းမှု ၉ ကြိမ်ရှိခဲ့ပြီးတော့ ဘုရားကျောင်း ၄ ကျောင်းထက်မနည်း အပါအဝင် အိမ်ခြေ ၃၅၀ ကျော်လောင်ကျွမ်းခဲ့ပါတယ်။ ချင်းပြည်နယ်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် ထိခိုက်ပျက်စီးတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါင်း ၂၀ ထက် မနည်းရှိတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

အခုလို စစ်ဘေးဒုက္ခ၊ မီးဘေးဒုက္ခတွေ ကြုံနေရပြီး ခက်ခက်ခဲခဲ နေထိုင်တဲ့အချိန်မှာ ခရစ်စမတ်ပျော်ပွဲရွှင်ပွဲ မကျင်းပဖို့ ချင်းပြည်နယ် မြို့နယ်ခရစ်ယာန်အသင်းတော်တွေကနေ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ မြန်မာနှစ်ခြင်း ခရစ်ယာန်မိတ်သဟာယကလည်း ခရစ္စမတ်ပွဲတော်တွေ ကျင်းပမယ့်အစား အမှန်တရားအတွက်၊ နည်းမျိုးစုံနဲ့တိုက်ပွဲဝင် နေကြတဲ့သူတွေအတွက် စားဝတ်နေရေးဆိုင်ရာအခက်အခဲတွေကို ကူညီပေးနိုင်ကြဖို့ အသင်းတော်တွေနဲ့ အသင်းတော်ဝင်တွေကို နိုဝင်ဘာ လ ၂၂ ရက်နေ့က မေတ္တာရပ်ခံချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


=============

{{Unicode}}

















#Christmas #ChinFighting #ChinIDPs #VOABurmese


=============

XS
SM
MD
LG