သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပက်လက်မြို့နယ်တွင်း ဒေသခံကာကွယ်ရေးနဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်


တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ချင်းကျေးရွာသားများ။ ( မေ ၃၁-၂၀၂၁)
တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ချင်းကျေးရွာသားများ။ ( မေ ၃၁-၂၀၂၁)

ZAWGYI/UNICODE ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ မင်းတပ် - ကန်ပက်လက် CDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ နှစ်ဖက်တပ်ဖွဲ့ပြောခွင့်ရတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးရာအနီးတဝိုက်က ကျေးရွာသားတွေ စစ်ဘေးတိမ်း ရှောင်နေရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကန်ပက်လက်မြို့နယ်၊ ခါနန်းကျေးရွာနဲ့ ရန်သဲကျေးရွာအကြားမှာ မင်းတပ်-ကန်ပက်လက် ကာကွယ်ရေး CDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မနေ့က ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ကန်ပက်လက် CDF ပြန်ကြားရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ မင်းတပ် ကန်ပက်လက်CDF ပေါင်းပြီးမှ ကျွန်တော်တို့စစ်ကောင်စီစစ်တပ်နဲ့ တိုက်ပွဲဖြစ်သွားပါတယ်။ တိုက်ပွဲက မနက် (၁၁)နာရီကနေ ညနေ (၄)နာရီအထိ ဖြစ်သွားပါတယ်။ စစ်ကောင်စီတပ်ဘက်က အင်အား (၁၀၀)နီးပါးရှိပါတယ်။ CDF ဘက်က (၁၅၀)နီးနီးရှိပါတယ်။ အထိနာတဲ့သတင်းတွေ လောလောဆယ် မရရှိသေးပါဘူး။ ”

ဒီမနက်မှာတော့ ပစ်ခတ်သံမကြားရပေမဲ့ စစ်ကောင်စီတပ်ဘက်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ဘက်ကတဆင့် စစ်ကူတပ်တွေ ထပ်တိုးလာတယ်လို့ပြောပါတယ်။

“ အခုစစ်ကောင်စီတပ်နေပြီးမှ အင်အားဖြည့်တင်းနေပါတယ်။ ကျင်ဒွေးဘက်ကနေပြီးမှ ဖြည့်တင်းလာပါတယ်။ ”

မင်းတပ်နဲ့ ကန်ပက်လက်မြို့ဘက် တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းရာမှာ အခုလိုဖြေကြားပါတယ်။

“မနေ့ကတော့ ကျွန်တော်တို့မင်းတပ်ဘက်မှာတော့ နေ့လယ်ပိုင်းလောက်ကတော့ တိုက်ပွဲဖြစ်တာဖြစ်တယ်။ မနေ့ကတော့ အဲဒီ မကွီအိမ်နူးစခမ်းဘက်ကို သွားတဲ့အဖွဲ့တွေနဲ့ ဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကတော့ တချို့စစ်သည်တွေ ကျဆုံးသွား တဲ့စစ်သည်တွေဒဏ်ရာရတဲ့စစ်သည်တွေ ရှိခဲ့ပါတယ်။ ဟိုဘက်ကတော့ မသိပါဘူးဗျ။ ”

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၄)ရက်နေ့က စစ်ကောင်စီအဖွဲ့ရဲ့ မကွီအိမ်နူးမြို့ လုံခြုံရေးစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ဖို့ လုပ်ဆောင်ရာမှာ စခန်းနေ စစ်တပ်နဲ့ရဲအရာရှိ (၂)ဦးအပါဝင်အဖွဲ့ဝင် (၇)ဦး လက်နက်နဲ့တကွ CDF အဖွဲ့ တွေနဲ့ပူးပေါင်းလာခဲ့ပါတယ်။

မကွီအိမ်နူးမြို့က လုံခြုံရေးတပ်ဖွဲ့တွေ ဒေသခံကာကွယ်ရေး CDF အဖွဲ့ တွေနဲ့ပူးပေါင်းသွားလို့ ၎င်းနေရာအင်အား ထပ်ဖြည့်ဖို့အလာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့ကဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် မင်းတပ်မြို့နယ်၊ ခါနန်းကျေးရွာနဲ့ ရန်စဲကျေးရွာအပြင် အနီးနားရွာကရွာသားထောင်ချီ ဘေးလွတ်ရာရှောင်နေရတယ်လို့ ကန်ပက်လက် CDF ပြန်ကြားရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

“ အဲဒီအနားမှာရှိတဲ့ ရန်သဲကျေးရွာ ခါနန်းကျေးးရွာ မြောင်ကျေးရွာ ချင်းနင်းကျေးရွာ အဲဒီအနီးအနားမှာရှိတဲ့ ကျေးရွာသူကျေးရွာ သား တွေ အကုန်လုံး အခုစစ်ဘေးရှောင်နေကြပါတယ်။ အကုန်လုံးက တောထဲကိုရောက်နေကြပါတယ်။ ခန့်မှန်းခြေလူဦးရေကတော့ တထောင်နီးနီးရှိမှာပါ။ ”

မနေ့ကတော့မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးတာ မရှိပေမဲ့ မင်းတပ်မြို့နယ် ရွှေအောင်သာနဲ့ ရွှေတွင်းတူးကျေးရွာတွေ ဘက်မှာ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ချင်းပြည်နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ ဖလမ်းစတဲ့မြို့နယ်က ဒေသခံကာကွယ်တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ၊ ဆန့်ကျင်တော်လှန်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွါးနေတာလဲဖြစ်ပါတယ်။

UNICODE















please wait

No media source currently available

0:00 0:02:53 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG