သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ လမ္းေတြပိတ္ ကန္ပက္လက္ ဆန္အခက္ႀကံဳ


ကန္ပက္လက္ CDF တပ္ဖြဲ႔ဝင္မ်ား ( Photo Credit: Kanpetlet CDF )

[[ ZAWGYI / UNICODE ]]

စစ္ေကာင္စီ လမ္းေတြပိတ္ ကန္ပက္လက္ ဆန္အခက္ႀကံဳ

မေကြးတိုင္းေလာင္းရွည္ၿမိဳ႕နဲ႕ ခ်င္းျပည္နယ္ကန္ပက္လက္ၿမိဳ႕နယ္က်င္ေဒြးၿမိဳ႕ကိုဆက္သြယ္ထားတဲ့ကားလမ္းကို အသုံး မျပဳဖို႕ ေဒသခံ ခ်င္းကာကြယ္ေရးအဖြဲ႕ ကန္ပက္လက္CDFအဖြဲ႕ကထုတ္ျပန္ထားပါတယ္။ ျပည္သူေတြလုံျခံဳေရးအတြက္ ပိတ္ပင္တာလို႕ CDFတာဝန္ရွိသူကေျပာပါတယ္။ လမ္းပိတ္ဆို႕ ေန မွဳေၾကာင့္ လက္ရွိ ထန္တလန္ၿမိဳ႕အတြင္း ဆန္ရိကၡာ အခက္ခဲရွိေနတယ္လို႕လဲ ေဒသခံေတြကေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကုိဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

လက္ရွိစစ္ေကာင္စီတပ္ေတြရဲ႕ထိုးစစ္ဆင္ေနမွဳေၾကာင့္ မေကြးတိုင္းေလာင္းရွည္ၿမိဳ႕နဲ႔ ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕ နယ္ က်င္ေဒြးလမ္းမကို အသုံးျပဳျခင္းမျပဳၾကဖို႕နဲ႕ ျပန္လည္သြားလာနိုင္တဲ့အခ်ိန္ေရာက္ရင္ ျပန္လည္အသိေပးသြား မယ္လို႕ ကန္ပက္လက္CDFအဖြဲ႕က ေမတၱာရပ္ခံေၾကာင္းထုတ္ျပန္ထားပါတယ္။

တိုက္ပြဲျဖစ္ပြါးေနဆဲေဒသမို႕ ျပည္သူေတြလုံျခံဳေရးအတြက္ ထုတ္ျပန္ရတယ္လို႕ တိုက္ပြဲျဖစ္ပြါးေနတယ္လို႕ ကန္ပက္ လက္CDFအဖြဲ႕ျပန္ၾကားေရးတာဝန္ရွိသူ တဦးကေျပာ ပါတယ္။

“ ထုတ္ျပန္ရတဲ့အဓိကအေၾကာင္းအရင္းက ကြ်န္ေတာ္တို႕ေဒသကာကြယ္ေရးအဖြဲ႕ဘက္ကလဲဘဲ ကြ်န္ေတာ္တို႕လဲ မိုင္းေတြဘာေတြေထာင္ၾကတယ္ေလ။ စစ္ေကာင္စီဘက္ကလဲ မိုင္းေတြေထာင္ၾကတယ္။ ၿပီးေတာ့ျပည္သူေတြ အသြား အလာလုပ္မယ္ဆိုရင္ သူတို႕စစ္ေကာင္စီက လာဖမ္းမယ္ဆိုေတာ့ေလ။ အဲဒီလိုမ်ိဳး ကိုယ့္ျပည္သူေတြလုံျခံဳဖို႕ အေရးနဲ႕ ဆိုေတာ့ အဲဒီလိုမ်ိဳးမွ မလိုအပ္ဘဲနဲ႕ ဒီလိုမ်ိဳးတိုက္ပြဲအေျခအေနမွာ သူတို႕သြားလာလို႕ရွိရင္ မေတာ္တဆ အဲဒီလိုမ်ိဳး ေတြ။ ျပည္သူေတြနစ္နာမွာစိုးလို႕ေလ။ ကြ်န္ေတာ္တို႕လုံးဝအသုံးမျပဳဖို႕ ျပီးရင္ အသြားအလာေတြမွာလဲ ကြ်န္ေတာ္တို႕ ျခံဳခိုၿပီးမွတိုက္ရတယ္ဆိုေတာ့ ေျပာက္က်ားနဲ႕တိုက္ရတယ္ဆိုေတာ့ သတင္းေပါက္ၾကားမွဳေတြလဲျဖစ္နိုင္တယ္။ အဲတာ ေၾကာင့္ကြ်န္ေတာ္တို႕ပိတ္ထားတယ္။”

ဒီကေန႕မွာလဲ မေကြးတိုင္း ေဆာၿမိဳ႕နယ္ဆြဲလဲေက်းရြာနဲ႕ ခ်င္းျပည္နယ္ကန္ပက္လက္ၿမိဳ႕နယ္ မဆာတြီေက်းရြာၾကား မွာ စစ္ေကာင္စီတပ္နဲ႕ ခ်င္းကာကြယ္ေရးအဖြဲ႕CDFတို႕အၾကား တေနကုန္ တိုက္ပြဲျဖစ္ပြါးေနတယ္ လို႕CDFအဖြဲ႕ ျပန္ၾကား ေရးတာဝန္ရွိသူကဘဲဆက္ ေျပာပါတယ္။

“ ဒီေန႕တိုက္ပြဲက မနက္(၈)နာရီခြဲကနဲ႕စၿပီးမွ အခု ဒီညေန(၄)နာရီအထိေပါ့ေနာ္။ တေနကုန္နီးပါးဘဲတိုက္ပြဲက အဆက္ မျပတ္ဘဲတိုက္ပြဲျဖစ္တယ္။ ေဆာၿမိဳ႕နယ္ ဆြဲလဲေက်းရြာနဲ႕ အဲဒီကန္ပက္လက္ၿမိဳ႕နယ္ မဆာတြီးရြာအၾကားမွာေတာ့ တေနကုန္နီးပါးျဖစ္တယ္။ အဲဒီမွာ စခေတြဘက္က အနဲဆုံး (၁၀)ေယာက္ေလာက္ေသတယ္။ ဒဏ္ရာရတဲ့သူက အမ်ားႀကီးရွိမယ္။ သူတို႕ေသသြားတဲ့အေလာင္းေတြကို လမ္းေဘးနားမွာ တဲအိမ္တအိမ္မွာ ျပန္စီစစ္ၿပီးမွ အဲဒီတဲအိမ္ပါ မီးရွိဳ႕လိုက္ၾကတယ္။ CDFဘက္ကအထိခိုက္မရွိဘူး။”

ဒီေန႕တိုက္ပြဲမွာ စစ္ေကာင္စီဘက္က ထိခိုက္မ်ားတယ္လို႕ ခ်င္းကာကြယ္ေရးဘက္ကေျပာေပမဲ့ သီးျခားအတည္မျပဳ နိုင္ေသးပါဘူး။ တိုက္ပြဲအေျခအေနကို သိရွိဖို႕ စစ္ေကာင္စီေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

မေန႕ကတနဂၤေႏြေန႕မွာလဲ ကန္ပက္လက္ၿမဳိ႕နယ္ ေမာေခ်ာင္းေက်းရြာဘက္မွာလဲ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ လက္ရွိကန္ပက္လက္ၿမိဳ႕မွာ တိုက္ပြဲေတြျဖစ္ပြါးေနသလို ႏွစ္ဖက္တပ္ဖြဲ႕ေတြ လမ္းေၾကာင္းပိတ္ပင္ေနမွဳေၾကာင့္ ေဒသခံေတြ ဆန္ရိကၡာအခက္ေတြ႕ေနတယ္လို႕ ေဒသခံတဦးကေျပာပါတယ္။

“ ကန္ပက္လက္မွာဆို သူတို႕လမ္းေတြအကုန္ပိတ္ လုပ္လာတဲ့အခါက်ေတာ့ ဆန္ေတြအကုန္လုံး သူတို႕က ယူသြား တယ္။ ေရာင္းတဲ့ဆန္ေတြကို သတိေပးသလိုလိုနဲ႕ ပထမဆုံးသယ္။ ဒုတိယျပန္လႊတ္ေပး။ တတိယဆို လူနဲ႕ဆန္ အကုန္ လုံးဖမ္း ဆန္ေတြအကုန္လုံးယူသြားတယ္ဆိုေတာ့ အဲဒီလိုဆန္ေရာင္းတဲ့အိမ္ေတြအကုန္လုံး ဆန္ေတြကို စခန္းမွာယူ တယ္။ စခန္းထဲမွာအကုန္လုံးသိုထားတယ္ဆိုေတာ့။ သူတို႕က ဆန္ကို တအိတ္ေလာက္ထားရင္လဲ မသကၤာေတာ့ ဘူးေလ။ လူဘယ္ႏွစ္ဦးရွိသလဲ အဲတာဆန္တပိုင္းေလာက္ဘဲ ဆန္အိတ္တပ္ိုင္းဘဲတင္ရမယ္။ လုံးဝလမ္းေတြပိတ္တဲ့ အခါ က်ေတာ့ ဟိုအရင္က လူသြားလမ္း ကေလးကိုျပန္လိုက္္ၿပီးေတာ့ ေဆာဘက္ကေန ကဲ့ ဘာဘဲျဖစ္ျဖစ္ ဆိုင္ကယ္ နဲ႕ သြားလို႕ မရတဲ့အတူ လူနဲ႕ဘဲထမ္းမယ္ ဆိုၿပီးမွ တတင္းစ ႏွစ္တင္းစ အဲဒီလို ေတာ္ေတာ္ေလးဒုကၡေရာက္တယ္ အဲတာ။”

လက္ရွိၿမိဳ႕အတြင္းက စားနပ္ရိကၡာဆန္ေတြကိုလဲ စစ္ေကာင္စီတပ္ဘက္ကေန သိမ္းဆည္းယူေဆာင္ေနတာလို႕ သူကဆိုပါတယ္။ ကန္ပက္လက္ၿမိဳ႕ဟာ မေကြးတိုင္း ေဆာၿမိဳ႕နယ္ကတဆင့္ ေလာင္းရွည္-က်င္ေဒြးလမ္းကေန စားနပ္ရိကၡာနဲ႕ လူသုံး ကုန္ပစၥည္းေတြကို အမွီျပဳေနရပါတယ္။

“ ပိတ္မယ္ဆိုရင္ေတာ့ ဘယ္ ဟိုဘက္တေၾကာလုံးက က်င္ေဒြးနယ္တေၾကာလုံးက စားနပ္ရိကၡာဘယ္လိုမွ ရေတာ့ မွာမဟုတ္ဘူး။ လမ္းေၾကာက အဲဒီလိုအကုန္လုံးပိတ္ကုန္မွာ။ က်င္ေဒြးၿမိဳ႕က စားနပ္ရိကၡာကေဆာဘဲ။ ကန္ပက္လက္ရဲ႕ စားနပ္ရိကၡာလဲေဆာဘဲ။ တကယ္ ေဆာကမိန္းလမ္းႀကီးျဖစ္ေနတယ္။ ”

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီ(၁၀)ရက္ေန႕ကလဲ ကန္ပက္လက္ၿမိဳ႕ႏွင့္ေဆာၿမိဳ႕အၾကား လမ္းမႀကီး၊ လမ္းခြဲမ်ားနဲ႕ ၾကားလမ္း ေတြကို အသုံးျပဳသြားလာျခင္းမျပဳဖို႕ မျဖစ္မေနသြားလာဖို႕ ရွိရင္ သက္ဆိုင္ရာခ်င္းကာကြယ္ေရးတပ္ကို ဆက္သြယ္ၿပီး သြားလာၾကဖို႕ CDF-ကန္ပက္လက္အဖြဲ႕ က ထုတ္ျပန္ထားပါတယ္။

ကန္ပက္လက္ၿမိဳ႕မွာ ခ်င္းကာကြယ္ေရးအဖြဲ႔ CDF နဲ႔ စစ္ေကာင္စီတပ္တို႔အၾကား ၂၀၂၁ခုႏွစ္ ေမလလယ္က စၿပီး ပစ္ခတ္တိုက္ခိုက္မႈ ေတြရွိလာေနခဲ့တာပါ။

ကန္ပက္လက္ၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႕ ခ်င္းကာကြယ္ေရးအဖြဲ႔တို႕တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္ဦးေရ(၄၀၀၀) ေလာက္ မေကြးတိုင္း ေဆာနယ္ ေလာင္းရွည္နဲ႕အနီးဝန္းက်င္ေဒသမွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

============================

{{ UNICODE }}

စစ်ကောင်စီ လမ်းတွေပိတ် ကန်ပက်လက် ဆန်အခက်ကြုံ

မကွေးတိုင်းလောင်းရှည်မြို့နဲ့ ချင်းပြည်နယ်ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းကို အသုံး မပြုဖို့ ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ ကန်ပက်လက်CDFအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ပြည်သူတွေလုံခြုံရေးအတွက် ပိတ်ပင်တာလို့ CDFတာဝန်ရှိသူကပြောပါတယ်။ လမ်းပိတ်ဆို့ နေ မှုကြောင့် လက်ရှိ ထန်တလန်မြို့အတွင်း ဆန်ရိက္ခာ အခက်ခဲရှိနေတယ်လို့လဲ ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

လက်ရှိစစ်ကောင်စီတပ်တွေရဲ့ထိုးစစ်ဆင်နေမှုကြောင့် မကွေးတိုင်းလောင်းရှည်မြို့နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့ နယ် ကျင်ဒွေးလမ်းမကို အသုံးပြုခြင်းမပြုကြဖို့နဲ့ ပြန်လည်သွားလာနိုင်တဲ့အချိန်ရောက်ရင် ပြန်လည်အသိပေးသွား မယ်လို့ ကန်ပက်လက်CDFအဖွဲ့က မေတ္တာရပ်ခံကြောင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွါးနေဆဲဒေသမို့ ပြည်သူတွေလုံခြုံရေးအတွက် ထုတ်ပြန်ရတယ်လို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ကန်ပက် လက်CDFအဖွဲ့ပြန်ကြားရေးတာဝန်ရှိသူ တဦးကပြော ပါတယ်။

“ ထုတ်ပြန်ရတဲ့အဓိကအကြောင်းအရင်းက ကျွန်တော်တို့ဒေသကာကွယ်ရေးအဖွဲ့ဘက်ကလဲဘဲ ကျွန်တော်တို့လဲ မိုင်းတွေဘာတွေထောင်ကြတယ်လေ။ စစ်ကောင်စီဘက်ကလဲ မိုင်းတွေထောင်ကြတယ်။ ပြီးတော့ပြည်သူတွေ အသွား အလာလုပ်မယ်ဆိုရင် သူတို့စစ်ကောင်စီက လာဖမ်းမယ်ဆိုတော့လေ။ အဲဒီလိုမျိုး ကိုယ့်ပြည်သူတွေလုံခြုံဖို့ အရေးနဲ့ ဆိုတော့ အဲဒီလိုမျိုးမှ မလိုအပ်ဘဲနဲ့ ဒီလိုမျိုးတိုက်ပွဲအခြေအနေမှာ သူတို့သွားလာလို့ရှိရင် မတော်တဆ အဲဒီလိုမျိုး တွေ။ ပြည်သူတွေနစ်နာမှာစိုးလို့လေ။ ကျွန်တော်တို့လုံးဝအသုံးမပြုဖို့ ပြီးရင် အသွားအလာတွေမှာလဲ ကျွန်တော်တို့ ခြုံခိုပြီးမှတိုက်ရတယ်ဆိုတော့ ပြောက်ကျားနဲ့တိုက်ရတယ်ဆိုတော့ သတင်းပေါက်ကြားမှုတွေလဲဖြစ်နိုင်တယ်။ အဲတာ ကြောင့်ကျွန်တော်တို့ပိတ်ထားတယ်။”

ဒီကနေ့မှာလဲ မကွေးတိုင်း ဆောမြို့နယ်ဆွဲလဲကျေးရွာနဲ့ ချင်းပြည်နယ်ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာကြား မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့CDFတို့အကြား တနေကုန် တိုက်ပွဲဖြစ်ပွါးနေတယ် လို့CDFအဖွဲ့ ပြန်ကြား ရေးတာဝန်ရှိသူကဘဲဆက် ပြောပါတယ်။

“ ဒီနေ့တိုက်ပွဲက မနက်(၈)နာရီခွဲကနဲ့စပြီးမှ အခု ဒီညနေ(၄)နာရီအထိပေါ့နော်။ တနေကုန်နီးပါးဘဲတိုက်ပွဲက အဆက် မပြတ်ဘဲတိုက်ပွဲဖြစ်တယ်။ ဆောမြို့နယ် ဆွဲလဲကျေးရွာနဲ့ အဲဒီကန်ပက်လက်မြို့နယ် မဆာတွီးရွာအကြားမှာတော့ တနေကုန်နီးပါးဖြစ်တယ်။ အဲဒီမှာ စခတွေဘက်က အနဲဆုံး (၁၀)ယောက်လောက်သေတယ်။ ဒဏ်ရာရတဲ့သူက အများကြီးရှိမယ်။ သူတို့သေသွားတဲ့အလောင်းတွေကို လမ်းဘေးနားမှာ တဲအိမ်တအိမ်မှာ ပြန်စီစစ်ပြီးမှ အဲဒီတဲအိမ်ပါ မီးရှို့လိုက်ကြတယ်။ CDFဘက်ကအထိခိုက်မရှိဘူး။”

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်များတယ်လို့ ချင်းကာကွယ်ရေးဘက်ကပြောပေမဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။ တိုက်ပွဲအခြေအနေကို သိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မနေ့ကတနင်္ဂနွေနေ့မှာလဲ ကန်ပက်လက်မြို့နယ် မောချောင်းကျေးရွာဘက်မှာလဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ လက်ရှိကန်ပက်လက်မြို့မှာ တိုက်ပွဲတွေဖြစ်ပွါးနေသလို နှစ်ဖက်တပ်ဖွဲ့တွေ လမ်းကြောင်းပိတ်ပင်နေမှုကြောင့် ဒေသခံတွေ ဆန်ရိက္ခာအခက်တွေ့နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ကန်ပက်လက်မှာဆို သူတို့လမ်းတွေအကုန်ပိတ် လုပ်လာတဲ့အခါကျတော့ ဆန်တွေအကုန်လုံး သူတို့က ယူသွား တယ်။ ရောင်းတဲ့ဆန်တွေကို သတိပေးသလိုလိုနဲ့ ပထမဆုံးသယ်။ ဒုတိယပြန်လွှတ်ပေး။ တတိယဆို လူနဲ့ဆန် အကုန် လုံးဖမ်း ဆန်တွေအကုန်လုံးယူသွားတယ်ဆိုတော့ အဲဒီလိုဆန်ရောင်းတဲ့အိမ်တွေအကုန်လုံး ဆန်တွေကို စခန်းမှာယူ တယ်။ စခန်းထဲမှာအကုန်လုံးသိုထားတယ်ဆိုတော့။ သူတို့က ဆန်ကို တအိတ်လောက်ထားရင်လဲ မသင်္ကာတော့ ဘူးလေ။ လူဘယ်နှစ်ဦးရှိသလဲ အဲတာဆန်တပိုင်းလောက်ဘဲ ဆန်အိတ်တပိုင်းဘဲတင်ရမယ်။ လုံးဝလမ်းတွေပိတ်တဲ့ အခါ ကျတော့ ဟိုအရင်က လူသွားလမ်း ကလေးကိုပြန်လိုက်ပြီးတော့ ဆောဘက်ကနေ ကဲ့ ဘာဘဲဖြစ်ဖြစ် ဆိုင်ကယ် နဲ့ သွားလို့ မရတဲ့အတူ လူနဲ့ဘဲထမ်းမယ် ဆိုပြီးမှ တတင်းစ နှစ်တင်းစ အဲဒီလို တော်တော်လေးဒုက္ခရောက်တယ် အဲတာ။”

လက်ရှိမြို့အတွင်းက စားနပ်ရိက္ခာဆန်တွေကိုလဲ စစ်ကောင်စီတပ်ဘက်ကနေ သိမ်းဆည်းယူဆောင်နေတာလို့ သူကဆိုပါတယ်။ ကန်ပက်လက်မြို့ဟာ မကွေးတိုင်း ဆောမြို့နယ်ကတဆင့် လောင်းရှည်-ကျင်ဒွေးလမ်းကနေ စားနပ်ရိက္ခာနဲ့ လူသုံး ကုန်ပစ္စည်းတွေကို အမှီပြုနေရပါတယ်။

“ ပိတ်မယ်ဆိုရင်တော့ ဘယ် ဟိုဘက်တကြောလုံးက ကျင်ဒွေးနယ်တကြောလုံးက စားနပ်ရိက္ခာဘယ်လိုမှ ရတော့ မှာမဟုတ်ဘူး။ လမ်းကြောက အဲဒီလိုအကုန်လုံးပိတ်ကုန်မှာ။ ကျင်ဒွေးမြို့က စားနပ်ရိက္ခာကဆောဘဲ။ ကန်ပက်လက်ရဲ့ စားနပ်ရိက္ခာလဲဆောဘဲ။ တကယ် ဆောကမိန်းလမ်းကြီးဖြစ်နေတယ်။ ”

ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၁၀)ရက်နေ့ကလဲ ကန်ပက်လက်မြို့နှင့်ဆောမြို့အကြား လမ်းမကြီး၊ လမ်းခွဲများနဲ့ ကြားလမ်း တွေကို အသုံးပြုသွားလာခြင်းမပြုဖို့ မဖြစ်မနေသွားလာဖို့ ရှိရင် သက်ဆိုင်ရာချင်းကာကွယ်ရေးတပ်ကို ဆက်သွယ်ပြီး သွားလာကြဖို့ CDF-ကန်ပက်လက်အဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့မှာ ချင်းကာကွယ်ရေးအဖွဲ့ CDF နဲ့ စစ်ကောင်စီတပ်တို့အကြား ၂၀၂၁ခုနှစ် မေလလယ်က စပြီး ပစ်ခတ်တိုက်ခိုက်မှု တွေရှိလာနေခဲ့တာပါ။

ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ(၄၀၀၀) လောက် မကွေးတိုင်း ဆောနယ် လောင်းရှည်နဲ့အနီးဝန်းကျင်ဒေသမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG