သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထန္တလန္ဘက္ေက်းရြာေတြ ျပည္သူ႔အုပ္ခ်ဳပ္ေရးထူေထာင္ထားေၾကာင္း CDF-Thantlang ေၾကညာ


ထန္တလန္

[[Zawgyi/Unicode]]

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္အတြင္း ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ (ထန္တလန္) CDF -Thantlang ထိန္းခ်ဳပ္ထားတဲ့ ေဒသေတြမွာ ပညာေရး၊ က်န္းမာေရး၊ လုံၿခံဳေရး၊ တရားစီရင္ေရး စတဲ့ ျပည္သူ႔အုပ္ခ်ဳပ္ေရး စတင္လုပ္ေဆာင္ေနၿပီလို႔ CDF –Thantlang တာဝန္ရွိသူတဦးကေျပာပါတယ္။ ထန္တလန္ၿမိဳ႕မွာေတာ့ တိုက္ပြဲျဖစ္ေနသလို ေနအိမ္ေတြလည္း ထပ္ၿပီး မီးေလာင္ ေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႕လာတဲ့သတင္းကို ဦးသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ထန္တလန္ၿမိဳ႕နယ္အတြင္း ခ်င္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြထိန္းခ်ဳပ္ထားတဲ့ ေက်းရြာေပါင္း ၅၁ ရြာမွာ ျပည္သူ႔အုပ္ခ်ဳပ္ေရးစနစ္ကို စတင္ေဆာင္ရြက္ေနၿပီလို႔ ထန္တလန္ CDF ျပန္ၾကားေရးတာဝန္ခံ ေရာ္မ်ိဳးရမ္ကေျပာပါတယ္။

“ျပည္သူ႔အုပ္ခ်ဳပ္ေရးက႑မွာ ထန္တလန္စိုးမိုးနယ္ေျမမွာ ရြာေပါင္း (၅၁) ရြာရွိတယ္။ အဲဒီမွာ ရပ္ရြာဥကၠ႒ ေပါ့ေနာ္ ။ အဲဒါကို ေရြးေကာက္ျပဳလုပ္ၿပီးမွ (၅၁) ရြာလုံးလုံးေပါ့ေနာ္။ ဥကၠ႒ တေယာက္ခ်င္းစီေရြးနိုင္တယ္။ အဲဒါကေန အစျပဳတာေပါ့ေနာ။ ပညာေရး၊ က်န္းမာေရး၊ ျပည္သူ႔ရဲ ေပါ့ေနာ္။ အဓိကကေတာ့ အဲဒီက႑ေတြကို စၿပီးမွ ေအာက္ေျခကေနျပန္စတာေပါ့ေနာ္။”

ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔က်န္းမာေရး၊ ပညာေရး၊ တရားေရး၊ တရားဥပေဒစိုးမိုးေရး စတာေတြကို အဓိကထား လုပ္ေဆာင္ေနတယ္လို႔လည္း သူကေျပာပါတယ္။

“မူလတန္းနဲ႔ အလယ္တန္းအဆင့္ထိေပါ့ေနာ္။ အဲဒီေလာက္အထိဖြင့္နိုင္တာေပါ့။ ေက်ာင္းသားအေရအတြက္က (၆,၀၀၀)ခန္႔နဲ႔ (၇,၀၀၀) ဝန္းက်င္ခန္႔ရွိတယ္။ ဆရာ ဆရာမေတြလည္း (၆၀၀) ကနဲ႔ (၇၀၀) ဝန္းက်င္ခန္႔ ရွိတာေပါ့ေနာ။ အဲဒါ ပညာေရးကိစၥ။ ၿပီးရင္ က်န္းမာေရးကိစၥမွာ ေဆးခန္းက (၅) ခု ဖြင့္လွစ္နိုင္ၿပီေပါ့ေနာ။ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မွဳလည္း အတင့္အသင့္ေတာ့ေပးနိုင္တာေပါ့ေနာ။ ျပည္သူ႔ရဲေတြဆိုလို႔ရွိရင္လည္း သင္တန္းေတြ ေကာင္းေကာင္း ပို႔ခ်ၿပီးမွ မွဳခင္းကိစၥေတြအတြက္ စတင္လွဳပ္ရွားတယ္ေပါ့ေနာ္။ ၿပီးရင္ေနာက္တခုက တရားစီရင္ေရးက ေပါ့ေနာ္။ CDF ထန္တလန္ စိုးမိုးနယ္ေျမအတြင္းမွာ မွဳခင္းကိစၥပဲျဖစ္ျဖစ္၊ တျခားေသာကိစၥပဲ ျဖစ္ျဖစ္ ရဲနဲ႔အတူ ပူးေပါင္းၿပီးမွ အလုပ္လုပ္တာေပါ့ေနာ္။ တရားစီရင္ေရးကေတာ့ ခ်င္းရိုးရာ ထုံးတမ္းအစဥ္အလာကိုအေျခခံၿပီးမွ တရားစီရင္ေရး စတင္ေဆာင္ရြက္ေနၿပီေပါ့ေနာ္။”

ထန္တလန္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ၂၀၂၁ ခုႏွစ္ နိုဝင္ဘာလ ၂၈ ရက္ေန႔မွာ စတင္ဖြဲ႔စည္းခဲ့ျပီးေတာ့ ၂၀၂၂ ေဖေဖာ္ဝါရီလဆန္းမွာ လုပ္ငန္းေတြ စၿပီး အေကာင္အထည္ေဖာ္ေနတာပါ။

ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔အေနနဲ႔ က်န္းမာေရး၊ ပညာေရး၊ တရားေရး၊ လမ္းပမ္းဆက္သြယ္ေရး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ စီမံကိန္း၊ ျပည္တြင္းျပည္ပဆက္ဆံေရး၊ ျပည္သူ႔ရဲတပ္ဖြဲ႔နဲ႔ ဘ႑ာေရးနဲ႔ ရင္းႏွီးျမႇုပ္ႏွံမႈဌာနေတြကို ဖြဲ႔စည္း ေဆာင္ရြက္နိုင္ခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၁ ရက္ေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ထန္တလန္ၿမိဳ႕နယ္ဘက္ ေက်းရြာေတြကို CDF အဖြဲ႔က ထိန္းခ်ဳပ္ထားတယ္ဆိုေပမဲ့ ၿမိဳ႕ထဲမွာေတာ့ တိုက္ပြဲေတြရွိေနဆဲပါ။ ဇန္နဝါရီလကုန္နဲ႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ထန္တလန္ၿမိဳ႕အတြင္း တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ထန္တလန္ CDF ျပန္ၾကားေရး တာဝန္ခံ ေရာ္မ်ိဳးရမ္ကေျပာပါတယ္။

“ေဖေဖာ္ဝါရီ (၁) ရက္ေန႔မွာဆိုရင္ စစ္ဆင္ေရးပုံစံနဲ႔ က်ေနာ္တို႔ကို ထိုးစစ္ဆင္ တိုက္ခိုက္တာေပါ့ေနာ္။ အဲဒီမွာ က်ေနာ္တို႔အဖြဲ႔မွာ အက်အဆုံးေတာ့မရွိဘူး။ ဒါေပမဲ့ ဟိုဘက္မွာေတာ့ (၅) ေယာက္ေသဆုံးတယ္။ ၿပီးရင္ တေယာက္က ဒဏ္ရာရတယ္။”

ဒီပစ္ခတ္တိုက္ခိုက္မွဳမွာ စစ္ေကာင္စီတပ္ဘက္က ထိခိုက္မွဳမ်ားတယ္လို႔ဆိုေပမယ့္ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။ ထန္တလန္ၿမိဳ႕အတြင္း ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနနဲ႔ပတ္သက္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“၁ ရက္ေန႔မွာေတာ့ ေန႔လယ္ (၁၂) နာရီေလာက္ကေတာ့ ျဖစ္တာရွိတယ္။ PDF ေတြက အမွတ္ (၂) ရပ္ကြက္ ေနရာကို မီးရွိဳ႕တယ္။ မီးရွိဳ႕ေတာ့က် အဲဒီမွာရွိတဲ့ၿမိဳ႕မရဲစခန္းက ရဲအဖြဲ႔ေတြက အဲဒီ မီးေလာင္တဲ့ေနရာေတြကို သြားစစ္တယ္။ စစ္ၿပီး ျပန္အထြက္မွာ လက္နက္ငယ္ ပစ္တာရွိတယ္။ ၿပီးရင္ လက္နက္ငယ္ေတြ လုပ္ေသနတ္ေတြ လက္နက္ငယ္ေတြနဲ႔ပစ္တယ္။ အဲဒီမွာေတာ့ က်ေနာ္တို႔ဆီက ရဲတေယာက္ဒဏ္ရာရရွိတာရွိတယ္။ ထပ္ၿပီးေတာ့က် ၿမိဳ႕မရဲစခန္းကို အေဝးကေန (၈၀) မမနဲ႔ပစ္တာရွိတယ္။”

စစ္ေကာင္စီတပ္ေတြနဲ႔ ခ်င္းျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြၾကား ပစ္ခတ္တိုက္ခိုက္မွဳအတြင္း ထန္တလန္ၿမိဳ႕ကေနအိမ္ေတြ မီးေလာင္ခဲ့တယ္လို႔ ၿမိဳ႕ခံတဦးကေျပာပါတယ္။

“ဇႏၷာဝါရီ(၃၀)(၃၁) (၁)ရက္ေပါ့ေနာ္။ (၃)ရက္တာသူတို႕ တိုက္ပြဲျဖစ္တာနဲ႕တူပါတယ္။ ဒီစစ္တပ္ကနဲ႕ သူတို႕စခန္းကနဲ႕ ၿမိဳ႕ထဲကို သူတို႕လက္နက္ႀကီးေြနဲ႕ပစ္တဲ့အခါက်ေတာ့ ဒီအိမ္ (၄၀) ေလာက္ မီးေလာင္သြားတယ္လို႕ ကြ်န္ေတာ္သိတယ္။ အဲဒီထက္မ်ားရင္လဲ မ်ားနိုင္တာေပါ့ေနာ္။ ”
ဘုရားေက်ာင္းတေက်ာင္းအပါအ၀င္ အိမ္ေျခ ၉၄ လံုး မီးေလာင္ခဲ့တယ္လို႔ ထန္တလန္ၿမိဳ႕နယ္ စစ္ေဘးေရွာင္အေရးကို ကူညီေဆာင္ရြက္ေပးေနတဲ့ Thantlang Placement Affairs Committee က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

အိမ္ေျခ ၂,၀၀၀ ေလာက္ရွိၿပီး လူဦးေရ ၁၀,၀၀၀ ၀န္းက်င္ေနထုိင္တဲ့ ထန္တလန္ၿမိဳ႕မွာ ၂၀၂၁ စက္တင္ဘာလ ၉ ရက္ေန႔ ကစၿပီး အနည္းဆံုး ၂၃ ႀကိမ္ မီးေလာင္ခဲ့ပါတယ္။ မီးေလာင္မႈေတြအတြင္း ဘုရားေက်ာင္း ၈ ေက်ာင္းအပါအ၀င္ အိမ္ေျခ ၁,၀၀၀ နီးပါး ပ်က္စီးခဲ့သလို ဒါဟာ ထန္တလန္ၿမိဳ႕တၿမိဳ႕လံုးရဲ႕ ထက္ဝက္ေလာက္ ပ်က္စီးသြားတာလည္းျဖစ္ပါတယ္။ မီးေလာင္မႈနဲ႔ပတ္သက္လို႔ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးအဖဲ႔ြေတြၾကား အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။ ထန္တလန္ၿမိဳ႕ခံေတြကေတာ့ ၂၀၂၁ ခုႏွစ္ စက္တင္ဘာ လကုန္ပိုင္းကတည္းက ၿမိဳ႕ကိုစြန္႔ခြါၿပီး နယ္စပ္ဘက္နဲ႔ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Thantlang #voaburmese #စစ္အာဏာသိမ္းမႈ #ထန္တလန္ #ဗီြအိုေအျမန္မာပိုင္း

==============

[[Zawgyi/Unicode]]

ထန်တလန်ဘက်ကျေးရွာတွေ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ထားကြောင်း CDF-Thantlang ကြေညာ


ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF -Thantlang ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားစီရင်ရေး စတဲ့ ပြည်သူ့အုပ်ချုပ်ရေး စတင်လုပ်ဆောင်နေပြီလို့ CDF –Thantlang တာဝန်ရှိသူတဦးကပြောပါတယ်။ ထန်တလန်မြို့မှာတော့ တိုက်ပွဲဖြစ်နေသလို နေအိမ်တွေလည်း ထပ်ပြီး မီးလောင် နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ထန်တလန်မြို့နယ်အတွင်း ချင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ကျေးရွာပေါင်း ၅၁ ရွာမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို စတင်ဆောင်ရွက်နေပြီလို့ ထန်တလန် CDF ပြန်ကြားရေးတာဝန်ခံ ရော်မျိုးရမ်ကပြောပါတယ်။

“ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍမှာ ထန်တလန်စိုးမိုးနယ်မြေမှာ ရွာပေါင်း (၅၁) ရွာရှိတယ်။ အဲဒီမှာ ရပ်ရွာဥက္ကဋ္ဌ ပေါ့နော် ။ အဲဒါကို ရွေးကောက်ပြုလုပ်ပြီးမှ (၅၁) ရွာလုံးလုံးပေါ့နော်။ ဥက္ကဋ္ဌ တယောက်ချင်းစီရွေးနိုင်တယ်။ အဲဒါကနေ အစပြုတာပေါ့နော။ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရဲ ပေါ့နော်။ အဓိကကတော့ အဲဒီကဏ္ဍတွေကို စပြီးမှ အောက်ခြေကနေပြန်စတာပေါ့နော်။”

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ကျန်းမာရေး၊ ပညာရေး၊ တရားရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေကို အဓိကထား လုပ်ဆောင်နေတယ်လို့လည်း သူကပြောပါတယ်။

“မူလတန်းနဲ့ အလယ်တန်းအဆင့်ထိပေါ့နော်။ အဲဒီလောက်အထိဖွင့်နိုင်တာပေါ့။ ကျောင်းသားအရေအတွက်က (၆,၀၀၀)ခန့်နဲ့ (၇,၀၀၀) ဝန်းကျင်ခန့်ရှိတယ်။ ဆရာ ဆရာမတွေလည်း (၆၀၀) ကနဲ့ (၇၀၀) ဝန်းကျင်ခန့် ရှိတာပေါ့နော။ အဲဒါ ပညာရေးကိစ္စ။ ပြီးရင် ကျန်းမာရေးကိစ္စမှာ ဆေးခန်းက (၅) ခု ဖွင့်လှစ်နိုင်ပြီပေါ့နော။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလည်း အတင့်အသင့်တော့ပေးနိုင်တာပေါ့နော။ ပြည်သူ့ရဲတွေဆိုလို့ရှိရင်လည်း သင်တန်းတွေ ကောင်းကောင်း ပို့ချပြီးမှ မှုခင်းကိစ္စတွေအတွက် စတင်လှုပ်ရှားတယ်ပေါ့နော်။ ပြီးရင်နောက်တခုက တရားစီရင်ရေးက ပေါ့နော်။ CDF ထန်တလန် စိုးမိုးနယ်မြေအတွင်းမှာ မှုခင်းကိစ္စပဲဖြစ်ဖြစ်၊ တခြားသောကိစ္စပဲ ဖြစ်ဖြစ် ရဲနဲ့အတူ ပူးပေါင်းပြီးမှ အလုပ်လုပ်တာပေါ့နော်။ တရားစီရင်ရေးကတော့ ချင်းရိုးရာ ထုံးတမ်းအစဉ်အလာကိုအခြေခံပြီးမှ တရားစီရင်ရေး စတင်ဆောင်ရွက်နေပြီပေါ့နော်။”

ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၂၀၂၂ ဖေဖော်ဝါရီလဆန်းမှာ လုပ်ငန်းတွေ စပြီး အကောင်အထည်ဖော်နေတာပါ။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျန်းမာရေး၊ ပညာရေး၊ တရားရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီမံကိန်း၊ ပြည်တွင်းပြည်ပဆက်ဆံရေး၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဌာနတွေကို ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့နယ်ဘက် ကျေးရွာတွေကို CDF အဖွဲ့က ထိန်းချုပ်ထားတယ်ဆိုပေမဲ့ မြို့ထဲမှာတော့ တိုက်ပွဲတွေရှိနေဆဲပါ။ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထန်တလန်မြို့အတွင်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထန်တလန် CDF ပြန်ကြားရေး တာဝန်ခံ ရော်မျိုးရမ်ကပြောပါတယ်။

“ဖေဖော်ဝါရီ (၁) ရက်နေ့မှာဆိုရင် စစ်ဆင်ရေးပုံစံနဲ့ ကျနော်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်တာပေါ့နော်။ အဲဒီမှာ ကျနော်တို့အဖွဲ့မှာ အကျအဆုံးတော့မရှိဘူး။ ဒါပေမဲ့ ဟိုဘက်မှာတော့ (၅) ယောက်သေဆုံးတယ်။ ပြီးရင် တယောက်က ဒဏ်ရာရတယ်။”

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတယ်လို့ဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။ ထန်တလန်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“၁ ရက်နေ့မှာတော့ နေ့လယ် (၁၂) နာရီလောက်ကတော့ ဖြစ်တာရှိတယ်။ PDF တွေက အမှတ် (၂) ရပ်ကွက် နေရာကို မီးရှို့တယ်။ မီးရှို့တော့ကျ အဲဒီမှာရှိတဲ့မြို့မရဲစခန်းက ရဲအဖွဲ့တွေက အဲဒီ မီးလောင်တဲ့နေရာတွေကို သွားစစ်တယ်။ စစ်ပြီး ပြန်အထွက်မှာ လက်နက်ငယ် ပစ်တာရှိတယ်။ ပြီးရင် လက်နက်ငယ်တွေ လုပ်သေနတ်တွေ လက်နက်ငယ်တွေနဲ့ပစ်တယ်။ အဲဒီမှာတော့ ကျနော်တို့ဆီက ရဲတယောက်ဒဏ်ရာရရှိတာရှိတယ်။ ထပ်ပြီးတော့ကျ မြို့မရဲစခန်းကို အဝေးကနေ (၈၀) မမနဲ့ပစ်တာရှိတယ်။”

စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုအတွင်း ထန်တလန်မြို့ကနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ဇန္နာဝါရီ(၃၀)(၃၁) (၁)ရက်ပေါ့နော်။ (၃)ရက်တာသူတို့ တိုက်ပွဲဖြစ်တာနဲ့တူပါတယ်။ ဒီစစ်တပ်ကနဲ့ သူတို့စခန်းကနဲ့ မြို့ထဲကို သူတို့လက်နက်ကြီးေွနဲ့ပစ်တဲ့အခါကျတော့ ဒီအိမ် (၄၀) လောက် မီးလောင်သွားတယ်လို့ ကျွန်တော်သိတယ်။ အဲဒီထက်များရင်လဲ များနိုင်တာပေါ့နော်။ ”
ဘုရားကျောင်းတကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး မီးလောင်ခဲ့တယ်လို့ ထန်တလန်မြို့နယ် စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Thantlang Placement Affairs Committee က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိမ်ခြေ ၂,၀၀၀ လောက်ရှိပြီး လူဦးရေ ၁၀,၀၀၀ ဝန်းကျင်နေထိုင်တဲ့ ထန်တလန်မြို့မှာ ၂၀၂၁ စက်တင်ဘာလ ၉ ရက်နေ့ ကစပြီး အနည်းဆုံး ၂၃ ကြိမ် မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုတွေအတွင်း ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေ ၁,၀၀၀ နီးပါး ပျက်စီးခဲ့သလို ဒါဟာ ထန်တလန်မြို့တမြို့လုံးရဲ့ ထက်ဝက်လောက် ပျက်စီးသွားတာလည်းဖြစ်ပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖဲ့ွတွေကြား အပြန်အလှန် စွပ်စွဲနေကြပါတယ်။ ထန်တလန်မြို့ခံတွေကတော့ ၂၀၂၁ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းကတည်းက မြို့ကိုစွန့်ခွါပြီး နယ်စပ်ဘက်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #Thantlang #voaburmese #စစ်အာဏာသိမ်းမှု #ထန်တလန် #ဗွီအိုအေမြန်မာပိုင်း

==============

XS
SM
MD
LG