သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏွမ္းခါးေက်းရြာ ဒုကၡသည္ေတြ ေဆးဖက္ဆိုင္ရာ အကူအညီလိုအပ္


ဂန္႔ေဂါၿမိဳ႕နယ္ (Photo/ဂန္႔ေဂါ-ဖဘ)

မေကြးတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ ႏွမ္းခါးေက်း႐ြာက ျပည္သူေတြ ေဆးဝါး အကူအညီ လိုအပ္ေနၾကပါတယ္။ ေဆာၿမိဳ႕နယ္မွာဆိုရင္လည္း ေဆးဝါးသယ္ေဆာင္ဖို႔ ေဒသခံေတြအေနနဲ႔ ရဲစခန္းက ေထာက္ခံစာေတာင္း ေနၾကရပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကတင္ျပပါမယ္။  

ႏွမ္းခါးေက်းရြာ ဒုကၡသည္ေတြ ေဆးဖက္ဆိုင္ရာ အကူအညီလိုအပ္

{{Zawgyi/Unicode}}

မေကြးတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေရးေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးေနၾကရတဲ့ ႏွမ္းခါးေက်း႐ြာက ျပည္သူေတြ ေဆးဝါး အကူအညီ လိုအပ္ေနၾကပါတယ္။ ေဆာၿမိဳ႕နယ္မွာဆိုရင္လည္း ေဆးဝါးသယ္ေဆာင္ဖို႔ ေဒသခံေတြအေနနဲ႔ ရဲစခန္းက ေထာက္ခံစာေတာင္း ေနၾကရပါတယ္။ အခုလိုျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြျဖစ္ေနတဲ့ မေကြးတိုင္းထဲက ဂန႔္ေဂါခ႐ိုင္မွာ ေဆးဝါးရွားပါး ခက္ခဲေနတဲ့ အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို ကိုရဲမြန္ ကတင္ျပပါမယ္။

မေကြးတိုင္းထဲ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲေတြ မၾကာမၾကာျဖစ္ေနတဲ့ ဂန႔္ေဂါခ႐ိုင္ထဲမွာ စစ္တပ္က နယ္ေျမရွင္းလင္းမႈေတြ ဆက္လုပ္ေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလထဲက စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းမႈအတြင္း ေနအိမ္ ၁ဝဝ ေက်ာ္ မီးရႈိ႕ခံရတဲ့ ႏွမ္းခါး႐ြာက ႐ြာသူ ႐ြာသား ၄ ေထာင္ေက်ာ္ဆိုရင္ ခုခ်ိန္ထိ နီးစပ္ရာေတာေတာင္ေတြထဲ ပုန္းခိုေနၾကရပါတယ္။ အခုလို လနဲ႔ခ်ီၾကာေအာင္ စစ္ေဘးဒုကၡသည္အျဖစ္ ခက္ခက္ခဲခဲေနထိုင္ေနၾကရတဲ့ ဒုကၡသည္ေတြအတြက္ ေဆးဝါးအခက္အခဲေတြ ရွိေနပါတယ္။ ဂန႔္ေဂါနယ္ထဲမွာ တေနရာကေန တေနရာ ေဆးဝါးသယ္ယူဖို႔ စစ္ေကာင္စီက ကန႔္သတ္ထားတာေၾကာင့္ ခုလိုအခက္အခဲျဖစ္ေနတာလို႔ ႏွမ္းခါးေက်း႐ြာသားတဦးက အခုလိုေျပာပါတယ္။

“ ေဆးဝါးပဲ က်န္တဲ့ဟာက ဘာမွမလိုအပ္ဘူး။ ေဆးဝါးက ဝယ္လို႔လည္း မလြယ္ဘူး။ ဘာလို႔လည္းဆိုေတာ့ ၿမိဳ႕ေပၚကေနလည္း အမ်ားႀကီးသယ္လို႔မလြယ္ဘူးေလ။ ဝယ္လို႔ကရတယ္။ ခက္ခဲတာက သယ္လို႔မလြယ္တာ။ ေဆးေတြကလည္း ၿမိဳ႕ေပၚမွာ အမ်ားႀကီးမစုံဘူး။ ဂန႔္ေဂါၿမိဳ႕ေပၚကေန ျဖတ္ရတဲ့အခါမွာ ေတြ႕ရင္ေတာ့ သိမ္းတာေပါ့။ သူတို႔က ေဆးဝါး သယ္ခြင့္မရွိတာ။ စစ္ေဘးေရွာင္ေတြမွာက အမ်ားစုက ကိုယ္ခံအား က်ေနတာ။”

ႏွမ္းခါး႐ြာဟာ ဂန႔္ေဂါ-ကေလး လမ္းပိုင္းမွာရွိတဲ့ ေက်း႐ြာတ႐ြာျဖစ္ပါတယ္။ ကေလးၿမိဳ႕ဘက္မွာလည္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းမႈေတြလုပ္ေနလို႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့အတြက္ လမ္းခရီး လုံၿခဳံမႈမရွိသလို ဂန႔္ေဂါဘက္မွာလည္ စစ္တပ္ကို လိုလားတဲ့ ပ်ဳေစာထီးေတြ အားေကာင္းတဲ့ ေက်း႐ြာေတြရွိပါတယ္။ အဲဒါေၾကာင့္ ဂန႔္ေဂါၿမိဳ႕ကေန ႏွမ္းခါးေက်း႐ြာဘက္ကို ေဆးသယ္ယူဖို႔ အခက္အခဲျဖစ္ေနၾကတာပါ။

တဆက္တည္းမွာပဲ ဂန႔္ေဂါခ႐ိုင္ထဲက ေဆာၿမိဳ႕နယ္မွာဆိုရင္လည္း ေဆးဆိုင္ေတြအေနနဲ႔ ၿမိဳ႕နယ္ထဲကို ေဆးဝါး ဝယ္ယူတင္သြင္းဖို႔ ရဲစခန္းမွာ ေထာက္ခံခ်က္ေတာင္းေနရတယ္လို႔ ေဆာၿမိဳ႕ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႕က ေျပာပါတယ္။ ျပည္သူေတြအေနနဲ႔လည္း လိုအပ္တဲ့ ေဆးဝါးေတြကို လုံလုံေလာက္ေလာက္ မဝယ္ႏိုင္ၾကပါဘူး။

“ ေဆးဝါးအကူအညီက မလုံေလာက္ဘူးလို႔ပဲ ေျပာရမွာေပါ့။ အေရးေပၚအေျခအေနေလာက္ပဲ ကုသဖို႔ ျပင္ဆင္ထားရတာ။ လုံလုံေလာက္ေလာက္ႀကီးေတာ့မရွိဘူး။ ကြၽန္ေတာ္တို႔ဆီက ေဆးေတြလည္း ဝယ္ရတာ နည္းနည္းေလး ၾကပ္တည္းတယ္ခက္ခဲတယ္။ ေဆးက ေရရွည္စြဲေသာက္တဲ့သူေတြက ေဆးဝယ္မရေတာ့ လမ္းေတြက ပိတ္ေတာ့ မေသာက္ဘဲ ေနေနရတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ကလည္း ကြၽန္ေတာ္တို႔ စီစဥ္ ေပးလို႔ရႏိုင္သေလာက္ထိေတာ့ စီစဥ္ေပးတယ္။ စစ္ေကာင္စီက ပိတ္ထားတာဟုတ္တယ္။ ေဆာၿမိဳ႕နယ္က ဝင္ေပါက္ေတြက ၂ ေနရာ ေက်ာက္ထုဘက္ဆိုရင္ မင္းတပ္ ဝင္ေပါက္လိုျဖစ္ေနတယ္။ ေဆာၿမိဳ႕နယ္ထဲ ပါတဲ့ ေက်ာက္ထုက သရက္ေတာဂိတ္ဆိုရင္ ေဆးဆိုရင္ အသယ္မခံဘူးေပါ့။ ပုံမွန္ကေတာ့ သယ္ဖို႔ မလြယ္ဘူးေပါ့။ ရဲစခန္းရဲ႕ လက္မွတ္ေထာက္ခံခ်က္နဲ႔ အဲ့လိုသယ္ရတာ။ အရင္ထက္စာရင္ အဆင္မေျပဘူး။ တခ်ိဳ႕ဆို ရဲစခန္း ေထာက္ခံခ်က္ ယူတာရွိတယ္။ ရဲစခန္းနဲ႔ ပတ္သက္ၿပီးေတာ့ ေထာက္ခံခ်က္ေတြ ယူၿပီးေတာ့မွ ေဆးဝယ္ရျပန္ေတာ့ ျပည္သူလူထုက ၿငိဳျငင္မွာစိုးလို႔ ပိတ္ထားတာရွိတယ္။ တခ်ိဳ႕က ရဲစခန္း ေထာက္ခံခ်က္ ယူၿပီးမွ သယ္ေဆာင္တာေတြလည္းရွိတယ္။”

ေဆာ၊ ေက်ာက္ထု၊ ေလာင္းရွည္ၿမိဳ႕ ၃ ၿမိဳ႕ကို စုေပါင္းၿပီး ေဆာၿမိဳ႕နယ္လို႔ သတ္မွတ္ထားၾကပါတယ္။ ေဆာၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕ကိုေတာ့ ေဒသခံျပည္သူ႔ ကာကြယ္ေရးအဖြဲ႕ေတြ စုေပါင္းၿပီး ဖြဲ႕ထားၾကတာလည္း ျဖစ္ပါတယ္။ ေဆာၿမိဳ႕နယ္ထဲမွာေတာ့ လက္ရွိ စစ္ေဘး ဒုကၡသည္ ၂ ေထာင္ဝန္းက်င္ခန႔္ရွိၿပီး ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕က တိုက္ပြဲေတြေၾကာင့္ စစ္ေဘးရန္က တိမ္းေရွာင္လာရသူေတြလည္း အမ်ားအျပားရွိေနပါတယ္။ ေဆာၿမိဳ႕က စစ္ေကာင္စီေတြ တပ္စြဲ အေျခစိုက္တဲ့ ဌာနဆိုင္ရာ ႐ုံးေတြကို ေဖေဖာ္ဝါရီ ၄ ရက္က ေဆာျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ေတြက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္ေတြဘက္က နယ္ေျမရွင္းလင္းတာေတြ ပိုလုပ္ေနလို႔ ေဒသခံေတြက ေက်း႐ြာေတြကို စြန႔္ခါြ တိမ္းေရွာင္ေနရပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္


နှမ်းခါးကျေးရွာ ဒုက္ခသည်တွေ ဆေးဖက်ဆိုင်ရာ အကူအညီလိုအပ်


{{Zawgyi/Unicode}}

မကွေးတိုင်းထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ နှမ်းခါးကျေးရွာက ပြည်သူတွေ ဆေးဝါး အကူအညီ လိုအပ်နေကြပါတယ်။ ဆောမြို့နယ်မှာဆိုရင်လည်း ဆေးဝါးသယ်ဆောင်ဖို့ ဒေသခံတွေအနေနဲ့ ရဲစခန်းက ထောက်ခံစာတောင်း နေကြရပါတယ်။ အခုလိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မကွေးတိုင်းထဲက ဂန့်ဂေါခရိုင်မှာ ဆေးဝါးရှားပါး ခက်ခဲနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကတင်ပြပါမယ်။

မကွေးတိုင်းထဲ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ မကြာမကြာဖြစ်နေတဲ့ ဂန့်ဂေါခရိုင်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲက စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုအတွင်း နေအိမ် ၁ဝဝ ကျော် မီးရှို့ခံရတဲ့ နှမ်းခါးရွာက ရွာသူ ရွာသား ၄ ထောင်ကျော်ဆိုရင် ခုချိန်ထိ နီးစပ်ရာတောတောင်တွေထဲ ပုန်းခိုနေကြရပါတယ်။ အခုလို လနဲ့ချီကြာအောင် စစ်ဘေးဒုက္ခသည်အဖြစ် ခက်ခက်ခဲခဲနေထိုင်နေကြရတဲ့ ဒုက္ခသည်တွေအတွက် ဆေးဝါးအခက်အခဲတွေ ရှိနေပါတယ်။ ဂန့်ဂေါနယ်ထဲမှာ တနေရာကနေ တနေရာ ဆေးဝါးသယ်ယူဖို့ စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ခုလိုအခက်အခဲဖြစ်နေတာလို့ နှမ်းခါးကျေးရွာသားတဦးက အခုလိုပြောပါတယ်။

“ ဆေးဝါးပဲ ကျန်တဲ့ဟာက ဘာမှမလိုအပ်ဘူး။ ဆေးဝါးက ဝယ်လို့လည်း မလွယ်ဘူး။ ဘာလို့လည်းဆိုတော့ မြို့ပေါ်ကနေလည်း အများကြီးသယ်လို့မလွယ်ဘူးလေ။ ဝယ်လို့ကရတယ်။ ခက်ခဲတာက သယ်လို့မလွယ်တာ။ ဆေးတွေကလည်း မြို့ပေါ်မှာ အများကြီးမစုံဘူး။ ဂန့်ဂေါမြို့ပေါ်ကနေ ဖြတ်ရတဲ့အခါမှာ တွေ့ရင်တော့ သိမ်းတာပေါ့။ သူတို့က ဆေးဝါး သယ်ခွင့်မရှိတာ။ စစ်ဘေးရှောင်တွေမှာက အများစုက ကိုယ်ခံအား ကျနေတာ။”

နှမ်းခါးရွာဟာ ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ ကလေးမြို့ဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေလုပ်နေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လမ်းခရီး လုံခြုံမှုမရှိသလို ဂန့်ဂေါဘက်မှာလည် စစ်တပ်ကို လိုလားတဲ့ ပျုစောထီးတွေ အားကောင်းတဲ့ ကျေးရွာတွေရှိပါတယ်။ အဲဒါကြောင့် ဂန့်ဂေါမြို့ကနေ နှမ်းခါးကျေးရွာဘက်ကို ဆေးသယ်ယူဖို့ အခက်အခဲဖြစ်နေကြတာပါ။

တဆက်တည်းမှာပဲ ဂန့်ဂေါခရိုင်ထဲက ဆောမြို့နယ်မှာဆိုရင်လည်း ဆေးဆိုင်တွေအနေနဲ့ မြို့နယ်ထဲကို ဆေးဝါး ဝယ်ယူတင်သွင်းဖို့ ရဲစခန်းမှာ ထောက်ခံချက်တောင်းနေရတယ်လို့ ဆောမြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့ ဆေးဝါးတွေကို လုံလုံလောက်လောက် မဝယ်နိုင်ကြပါဘူး။

“ ဆေးဝါးအကူအညီက မလုံလောက်ဘူးလို့ပဲ ပြောရမှာပေါ့။ အရေးပေါ်အခြေအနေလောက်ပဲ ကုသဖို့ ပြင်ဆင်ထားရတာ။ လုံလုံလောက်လောက်ကြီးတော့မရှိဘူး။ ကျွန်တော်တို့ဆီက ဆေးတွေလည်း ဝယ်ရတာ နည်းနည်းလေး ကြပ်တည်းတယ်ခက်ခဲတယ်။ ဆေးက ရေရှည်စွဲသောက်တဲ့သူတွေက ဆေးဝယ်မရတော့ လမ်းတွေက ပိတ်တော့ မသောက်ဘဲ နေနေရတာတွေရှိတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ စီစဉ် ပေးလို့ရနိုင်သလောက်ထိတော့ စီစဉ်ပေးတယ်။ စစ်ကောင်စီက ပိတ်ထားတာဟုတ်တယ်။ ဆောမြို့နယ်က ဝင်ပေါက်တွေက ၂ နေရာ ကျောက်ထုဘက်ဆိုရင် မင်းတပ် ဝင်ပေါက်လိုဖြစ်နေတယ်။ ဆောမြို့နယ်ထဲ ပါတဲ့ ကျောက်ထုက သရက်တောဂိတ်ဆိုရင် ဆေးဆိုရင် အသယ်မခံဘူးပေါ့။ ပုံမှန်ကတော့ သယ်ဖို့ မလွယ်ဘူးပေါ့။ ရဲစခန်းရဲ့ လက်မှတ်ထောက်ခံချက်နဲ့ အဲ့လိုသယ်ရတာ။ အရင်ထက်စာရင် အဆင်မပြေဘူး။ တချို့ဆို ရဲစခန်း ထောက်ခံချက် ယူတာရှိတယ်။ ရဲစခန်းနဲ့ ပတ်သက်ပြီးတော့ ထောက်ခံချက်တွေ ယူပြီးတော့မှ ဆေးဝယ်ရပြန်တော့ ပြည်သူလူထုက ငြိုငြင်မှာစိုးလို့ ပိတ်ထားတာရှိတယ်။ တချို့က ရဲစခန်း ထောက်ခံချက် ယူပြီးမှ သယ်ဆောင်တာတွေလည်းရှိတယ်။”

ဆော၊ ကျောက်ထု၊ လောင်းရှည်မြို့ ၃ မြို့ကို စုပေါင်းပြီး ဆောမြို့နယ်လို့ သတ်မှတ်ထားကြပါတယ်။ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုတော့ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖွဲ့ထားကြတာလည်း ဖြစ်ပါတယ်။ ဆောမြို့နယ်ထဲမှာတော့ လက်ရှိ စစ်ဘေး ဒုက္ခသည် ၂ ထောင်ဝန်းကျင်ခန့်ရှိပြီး ချင်းပြည်နယ် မင်းတပ်မြို့က တိုက်ပွဲတွေကြောင့် စစ်ဘေးရန်က တိမ်းရှောင်လာရသူတွေလည်း အများအပြားရှိနေပါတယ်။ ဆောမြို့က စစ်ကောင်စီတွေ တပ်စွဲ အခြေစိုက်တဲ့ ဌာနဆိုင်ရာ ရုံးတွေကို ဖေဖော်ဝါရီ ၄ ရက်က ဆောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဘက်က နယ်မြေရှင်းလင်းတာတွေ ပိုလုပ်နေလို့ ဒေသခံတွေက ကျေးရွာတွေကို စွန့်ခါွ တိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG