သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂန႔္ေဂါ ႏွမ္းခါး႐ြာ ဒုတိယအႀကိမ္မီးရႈိ႕ခံရ


ဒုတိယအၾကိမ္ မီးအရွုိ ့ခံရတဲ့ နွမ္းခါးရြာ (ဓာတ္ပံု- CJ)

(Zawgyi/Unicode)

စက္တင္ဘာလ ၁၀ ရက္က မီးရႈိ႕ခံရတဲ့ မေကြးတိုင္း ဂန႔္ေဂါခ႐ိုင္ ႏွမ္းခါး႐ြာကို စစ္ေကာင္စီတပ္ေတြက ဒီေန႔ စက္တင္ဘာ ၁၃ ရက္မွာ ဒုတိယအႀကိမ္ လာေရာက္မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မီးေလာင္မႈအတြင္း ေနအိမ္ေတြအျပင္ စစ္ေဘးဒုကၡသည္ေတြအတြက္ စုေဆာင္းထားတဲ့ ရိကၡာေတြ မီးေလာင္ကြၽမ္းသြားတယ္လို႔ ေျပာၾကပါတယ္။ တဆက္တည္းမွာပဲ ဂန႔္ေဂါနယ္ထဲ ေက်း႐ြာေတြက ထြက္ေျပးေနရသူေတြ အခက္အခဲေတြ ရွိေနပါတယ္။ ဒီအေၾကာင္းအျပည့္အစုံ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေအာင္ျမတ္သူ ေျပာျပပါမယ္။

မေကြးတိုင္း ဂန႔္ေဂါခ႐ိုင္ ႏွမ္းခါး႐ြာကို ဒီေန႔ စက္တင္ဘာ ၁၃ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ မီးရႈိ႕သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲျဖစ္ပြားမႈ မရွိဘဲစစ္သားေတြ ဝင္လာ မီးရႈိ႕သြားတာျဖစ္တယ္လို႔ ေဒသခံ တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။

“ဒီေန႔ ၈ နာရီခြဲေလာက္မွာ သူတို႔ေတြ ႐ြာထဲကို ေသနတ္ေတြေဖာက္ၿပီး တပ္ျဖန႔္ၿပီး ဝင္လာၿပီး ထိေတြ႕မႈမရွိဘဲ အိမ္ေတြကိုမီးရႈိ႕သြားတယ္။ သူတို႔ရႈိ႕သြားတယ္ဆိုတာ ကြၽန္ေတာ္တို႔ လူေတြ ကင္းေထာက္အဖြဲ႕ေတြရွိတဲ့ အတြက္ ကင္းေထာက္ေတြက ျမင္ပါတယ္ခင္ဗ်။ မီးေလာင္ဗုံးနဲ႔ထုထားခဲ့တဲ့အခြံ႕ေတြ သူတို႔က်န္ခဲ့တာေတြ ေတြ႕ရွိရတယ္။ တိုက္ပြဲျဖစ္လို႔မီးရႈိ႕တာမဟုတ္ဘူး။ ဒီေန႔ထိေတြ႕မႈ မျဖစ္ပါဘူး။ ထိေတြ႕မႈမျဖစ္ဘဲနဲ႔ကို ႐ြာထဲကို သက္သက္မဲ့ မီးဝင္ရႈိ႕သြားတယ္။ အိမ္ကေတာ့ ၁၄ အိမ္ စက္႐ုံတ႐ုံ ဆန္စက္ စက္႐ုံ ၁ ႐ုံရယ္ စစ္ေဘးေရွာင္ေတြအတြက္ ရိကၡာေတြ ပို႔ထားတဲ့ တဲ ၂ တဲ မီးေလာင္သြားပါတယ္။ အခုေနလိုအပ္တာက အဝတ္အစားေတြနဲ႔ စားနပ္ရိကၡာေတြပဲဗ်။ ေျပးရတာျဖစ္တဲ့အတြက္ အဝတ္တထည္ ကိုယ္တခုနဲ႔ပဲ ေျပးရတာ မ်ားပါတယ္။”

ႏွမ္းခါး႐ြာသားေထာင္နဲ႔ခ်ီ အိုးအိမ္ပစ္ ထြက္ေျပးေနၾကရပါတယ္။ ၿပီးခဲ့တဲ့ေသာၾကာေန႔ စက္တင္ဘာ ၁၀ ရက္ကလည္း စစ္တပ္က ႏွမ္းခါး႐ြာကို မီးရႈိ႕သြားတဲ့အတြက္ ေနအိမ္ ၃၆ လုံး မီးေလာင္ကြၽမ္းခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စက္တင္ဘာ ၉ ရက္က စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြ ႏွမ္းခါး႐ြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္မွာ ခုလို စစ္တပ္က ႐ြာထဲဝင္ မီးရႈိ႕တာျဖစ္တယ္လို႔ ေဒသခံေတြက ေျပာျပပါတယ္။ ႏွမ္းခါ႐ြာထဲကအိမ္ေတြ မီးေလာင္ကြၽမ္းမႈနဲ႔ပါတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာ ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

ဇြန္လတုန္းကလည္း မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္တပ္နဲ႔ေဒသခံကာကြယ္ေရးတပ္ေတြတိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ ကင္းမ႐ြာမီးရႈိ႕ခံရၿပီး ေနအိမ္ ၁၀၀ ေက်ာ္ မီးေလာင္ကြၽမ္းခဲ့သလို သက္ႀကီးဖိုးဖြား ၂ ဦးလည္း ေသဆုံးခဲ့ပါတယ္။ မီးေလာင္တာနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြ အျပန္အလွန္ စြပ္စြဲေနၾကပါတယ္။ အဲ့ဒီေနာက္ ကင္းမ႐ြာ မီးေဘးဒုကၡသည္ေတြ အတြက္ လႉဒါန္းထားတဲ့ စားနပ္ရိကၡာေတြကို စစ္ေကာင္စီတပ္ေတြ မီးရႈိ႕တဲ့အတြက္ အသုံးအေဆာင္ စားနပ္ရိကၡာေတြ မီးေလာင္ဆုံးရႈံးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕နယ္နဲ႔ ကပ္ေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ထဲက ေက်ာက္ျပဳတ္႐ြာမွာ စစ္တပ္ေတြ တပ္စြဲထားတဲ့အတြက္ အနီးနားက ေက်း႐ြာသားေတြဟာ တိမ္းေရွာင္ေနၾကရပါတယ္။

“ကြၽန္ေတာ္တို႔ဘက္မွာ စစ္သားေတြက ေက်ာက္ျပဳတ္ဘုန္းႀကီးေက်ာင္းမွာ တပ္စြဲေနတယ္ခင္ဗ်။ အခုေလာေလာဆယ္ေတာ့ ၿငိမ္ေနေသးတယ္။ ဘာမွ လႈပ္ရွားမႈမရွိေသးဘူး။ ကြၽန္ေတာ္တို႔႐ြာက ေတာထဲေတာင္ထဲမွာ တိမ္းေရွာင္ေနရတယ္။ အခက္အခဲကေတာ့ အခုရာသီဥတုမေကာင္းေတာ့ မိုးက ၂၄ နာရီ ႐ြာေနေတာ့ ခိုလႈံဖို႔ အေတာ္ခက္ခဲေနတယ္ခင္ဗ်။”

စက္တင္ဘာ ၈ ရက္ကစၿပီး ဂန႔္ေဂါနယ္ထဲကို စစ္ေကာင္စီတပ္ေတြ အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္လာၿပီး စက္တင္ဘာ ၉ ရက္မွာ ျမင္သားေက်း႐ြာနဲ႔ ကုန္း႐ြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ အဲဒီတိုက္ပြဲေတြအတြင္း ဆယ္ေက်ာ္သက္ လူငယ္အမ်ားစုအပါအဝင္ ေဒသခံ ၁၇ ဦးေသဆုံးခဲ့ပါတယ္။

တိုက္ပြဲေတြျဖစ္ၿပီး စက္တင္ဘာ ၉ ရက္ ေန႔လည္ ၁ နာရီေလာက္ကစလို႔ စစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနခ်ိန္ ျမင္သားေက်း႐ြာအဝင္မွာ PDF ၅၀ ခန႔္က လက္နက္ငယ္ တူမီးေသနတ္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ျပန္လည္ပစ္ခတ္ခဲ့ခ်ိန္ PDFေေတြက အေရွ႕ဘက္ကို ဆုတ္ခြာ ထြက္ေျပးသြားခဲ့ၿပီး လက္နက္ေတြ သိမ္းဆည္းရမိတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။ ဂန႔္ေဂါခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္လာတဲ့အတြက္ ေဒသခံ ေသာင္းနဲ႔ခ်ီဟာ ေက်း႐ြာေတြကို စြန႔္ခြါၿပီး ေဘးကင္းရာေတာေတာင္ေတြထဲမွာ ခိုလႈံေနရပါတယ္။

................................................................................................

ဂန႔္ေဂါ ႏွမ္းခါး႐ြာ ဒုတိယအႀကိမ္မီးရႈိ႕ခံရ
please wait

No media source currently available

0:00 0:03:49 0:00
တိုက္႐ိုက္ လင့္ခ္


ဂန့်ဂေါ နှမ်းခါးရွာ ဒုတိယအကြိမ်မီးရှို့ခံရ

(Unicode)

စက်တင်ဘာလ ၁၀ ရက်က မီးရှို့ခံရတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့ စက်တင်ဘာ ၁၃ ရက်မှာ ဒုတိယအကြိမ် လာရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မီးလောင်မှုအတွင်း နေအိမ်တွေအပြင် စစ်ဘေးဒုက္ခသည်တွေအတွက် စုဆောင်းထားတဲ့ ရိက္ခာတွေ မီးလောင်ကျွမ်းသွားတယ်လို့ ပြောကြပါတယ်။ တဆက်တည်းမှာပဲ ဂန့်ဂေါနယ်ထဲ ကျေးရွာတွေက ထွက်ပြေးနေရသူတွေ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူ ပြောပြပါမယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို ဒီနေ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲစစ်သားတွေ ဝင်လာ မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီနေ့ ၈ နာရီခွဲလောက်မှာ သူတို့တွေ ရွာထဲကို သေနတ်တွေဖောက်ပြီး တပ်ဖြန့်ပြီး ဝင်လာပြီး ထိတွေ့မှုမရှိဘဲ အိမ်တွေကိုမီးရှို့သွားတယ်။ သူတို့ရှို့သွားတယ်ဆိုတာ ကျွန်တော်တို့ လူတွေ ကင်းထောက်အဖွဲ့တွေရှိတဲ့ အတွက် ကင်းထောက်တွေက မြင်ပါတယ်ခင်ဗျ။ မီးလောင်ဗုံးနဲ့ထုထားခဲ့တဲ့အခွံ့တွေ သူတို့ကျန်ခဲ့တာတွေ တွေ့ရှိရတယ်။ တိုက်ပွဲဖြစ်လို့မီးရှို့တာမဟုတ်ဘူး။ ဒီနေ့ထိတွေ့မှု မဖြစ်ပါဘူး။ ထိတွေ့မှုမဖြစ်ဘဲနဲ့ကို ရွာထဲကို သက်သက်မဲ့ မီးဝင်ရှို့သွားတယ်။ အိမ်ကတော့ ၁၄ အိမ် စက်ရုံတရုံ ဆန်စက် စက်ရုံ ၁ ရုံရယ် စစ်ဘေးရှောင်တွေအတွက် ရိက္ခာတွေ ပို့ထားတဲ့ တဲ ၂ တဲ မီးလောင်သွားပါတယ်။ အခုနေလိုအပ်တာက အဝတ်အစားတွေနဲ့ စားနပ်ရိက္ခာတွေပဲဗျ။ ပြေးရတာဖြစ်တဲ့အတွက် အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာ များပါတယ်။”

နှမ်းခါးရွာသားထောင်နဲ့ချီ အိုးအိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ စက်တင်ဘာ ၁၀ ရက်ကလည်း စစ်တပ်က နှမ်းခါးရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၃၆ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်က စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ နှမ်းခါးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ ခုလို စစ်တပ်က ရွာထဲဝင် မီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ နှမ်းခါရွာထဲကအိမ်တွေ မီးလောင်ကျွမ်းမှုနဲ့ပါတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဇွန်လတုန်းကလည်း မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်တပ်နဲ့ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကင်းမရွာမီးရှို့ခံရပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ကျွမ်းခဲ့သလို သက်ကြီးဖိုးဖွား ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။ မီးလောင်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ အဲ့ဒီနောက် ကင်းမရွာ မီးဘေးဒုက္ခသည်တွေ အတွက် လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေ မီးရှို့တဲ့အတွက် အသုံးအဆောင် စားနပ်ရိက္ခာတွေ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ ကပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ကျောက်ပြုတ်ရွာမှာ စစ်တပ်တွေ တပ်စွဲထားတဲ့အတွက် အနီးနားက ကျေးရွာသားတွေဟာ တိမ်းရှောင်နေကြရပါတယ်။

“ကျွန်တော်တို့ဘက်မှာ စစ်သားတွေက ကျောက်ပြုတ်ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်ခင်ဗျ။ အခုလောလောဆယ်တော့ ငြိမ်နေသေးတယ်။ ဘာမှ လှုပ်ရှားမှုမရှိသေးဘူး။ ကျွန်တော်တို့ရွာက တောထဲတောင်ထဲမှာ တိမ်းရှောင်နေရတယ်။ အခက်အခဲကတော့ အခုရာသီဥတုမကောင်းတော့ မိုးက ၂၄ နာရီ ရွာနေတော့ ခိုလှုံဖို့ အတော်ခက်ခဲနေတယ်ခင်ဗျ။”

စက်တင်ဘာ ၈ ရက်ကစပြီး ဂန့်ဂေါနယ်ထဲကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စက်တင်ဘာ ၉ ရက်မှာ မြင်သားကျေးရွာနဲ့ ကုန်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း ဆယ်ကျော်သက် လူငယ်အများစုအပါအဝင် ဒေသခံ ၁၇ ဦးသေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး စက်တင်ဘာ ၉ ရက် နေ့လည် ၁ နာရီလောက်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မြင်သားကျေးရွာအဝင်မှာ PDF ၅၀ ခန့်က လက်နက်ငယ် တူမီးသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်ပစ်ခတ်ခဲ့ချိန် PDFေတွေက အရှေ့ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဂန့်ဂေါခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံ သောင်းနဲ့ချီဟာ ကျေးရွာတွေကို စွန့်ခွါပြီး ဘေးကင်းရာတောတောင်တွေထဲမှာ ခိုလှုံနေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG