သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေကြးနဲ႔စစ္ကိုင္းနယ္ထဲ တိုက္ပြဲမ်ားရွိေန


ျမန္မာစစ္တပ္လံုျခံဳေရးအဖြဲ႔ဝင္မ်ား။

ZAWGYI/UNICODE မေကြးတိုင္၊း ဂန႔္ေဂါနဲ႔ ထီးလင္းလမ္းမွာ စစ္ေကာင္စီယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀ ဦးခန႔္ က်ဆုံးခဲ့တယ္လို႔ ေယာေဒသ ကာကြယ္ေရး အဖြဲ႕ကေျပာေပမယ့္၊ ဒီျဖစ္စဥ္မရွိခဲ့ဘူးလို႔ စစ္ေကာင္စီဘက္ကေတာ့ ျငင္းဆိုထားပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတိုင္း၊ ကနီနယ္နဲ႔ ယင္းမာပင္ၾကားက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြက ဝင္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္း ကိုသားၫြန႔္ဦး ေျပာျပပါမယ္။

ဒီကေန႔ ဇူလိုင္ ၂၈ ရက္ မနက္အေစာပိုင္း ဂန႔္ေဂါ-ထီးလင္းလမ္းမွာ စစ္ေကာင္စီယာဥ္တန္းကို ေယာေဒသ ကာကြယ္ေရးအဖြဲ႕က မိုင္းဆြဲတိုက္ခိုက္ခဲ့တာပါ။ အခုလို တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဘက္မွာ အက်အဆုံးရွိခဲ့တယ္လို႔ ေယာေဒသ ကာကြယ္ေရးအဖြဲ႕က အခုလို ေျပာပါတယ္။

"မနက္ ၇ နာရီခြဲေလာက္ကခင္ဗ် သူတို႔စစ္ကား ၄ စီး ဂန႔္ေဂါကေန ထီးလင္းဘက္ကိုသြားတာ သိရလို႔ ကြၽန္ေတာ္တို႔ လမ္းကေနၿပီး မိုင္းခြဲ တိုက္ခိုက္တာပါ။ အတည္ျပဳလို႔ရတာက ကြၽန္ေတာ္တို႔က ၿခဳံခိုတိုက္ေတာ့ ကိုယ္တိုင္ျမင္ရတယ္၊ သိရတယ္။ သိရတဲ့ အတြက္ေၾကာင့္မို႔လို႔ ေသဆုံးက အေယာက္ ၂၀ အတည္ျပဳထားပါတယ္။"

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို VOA ကေမးျမန္းရာမွာေတာ့ အခုလို ျဖစ္စဥ္မရွိဘူးလို႔ ျငင္းဆိုပါတယ္။

"ေယာဘက္မွာေတာ့ မရွိပါဘူးခင္ဗ်။ မရွိပါဘူးခင္ဗ်။"

မိုင္းဆြဲတိုက္ခိုက္ခံရတာေၾကာင့္ ေသဆုံးတာအျပင္ ထိခိုက္ဒဏ္ရာရတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြလည္း ရွိခဲ့တယ္လို႔ ေယာေဒသကာကြယ္ေရးအဖြဲ႕က ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ စစ္ကိုင္းတိုင္း၊ ကနီနယ္နဲ႔ ယင္းမာပင္နယ္ၾကားက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္ေတြက ေက်း႐ြာေတြမွာ ဝင္ေရာက္ရွာေဖြတာေတြ ျပဳလုပ္ၿပီး ႐ြာသားေတြကို ဖမ္းဆီးတာေတြ ရွိေနပါတယ္။ ႐ြာသား ၂ ဦးကိုလည္း ေသနတ္နဲ႔ ပစ္သတ္ခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

"႐ြာသားေတြ ထြက္ေျပးတဲ့ အတိုင္းအတာက သူတို႔ဝင္တယ္ဆိုေတာ့ ေၾကာက္လန႔္ၿပီးထြက္ေျပးတာေပါ့ေနာ္။ သူတို႔စစ္ေၾကာင္းထိုးတဲ့ ႐ြာမွန္သမွ်ေတာ့ ႐ြာတိုင္းထိုးတာဆိုေတာ့ ႐ြာတိုင္းထြက္ေျပးတာေပါ့။ အခု ခ်င္းပုန္း႐ြာမွာ သူတို႔က တပ္ခ်ၿပီးေတာ့ ဟိုဘက္ေတြကို စစ္ေၾကာင္းထပ္ထိုးတယ္။ သမင္စပ္ ေရွ႕ေျပး အဲ့ဒီကေန သစ္ယာပင္ေရာက္သြားတယ္ေပါ့။ သစ္ယာပင္ကေန ၃၁ မိုင္႐ြာကို ေရာက္သြားတယ္။ သူတို႔မသကၤာတဲ့သူေတြကို သစ္ယာပင္ကတေယာက္ မိုင္ ၃၀ က ၅ ေယာက္ဖမ္းသြားတယ္။ အဲ့က်ေတာ့ ကနီနဲ႔ ယင္းမာပင္ အစပ္ေရာက္သြားတာ။ CRPH ေခါင္းေဆာင္ေတြရွိတယ္ ႐ြာေခါင္းေဆာင္ေတြရွိတယ္။ နာမည္ႀကီးတယ္ဆိုၿပီး ဝင္ၿပီးေမးၾကတာေပါ့။ သူတို႔က ဖမ္းဖို႔ စီးဖို႔လာတာေနမွာ။ ပစ္တာဆိုရင္ သူတို႔ဘက္က အကုန္ပစ္ခတ္ၿပီးေတာ့ ဝင္တာ ကနီနဲ႔ ယင္းမာပင္အစပ္မွာ ၃၁ မိုင္႐ြာကို ဝင္ပစ္တာ ဝင္ပစ္ၿပီး ၅ ေယာက္ဖမ္းတယ္။ ဖမ္းတာကို သိပ္စိတ္မႏွံ႔တဲ့သူတေယာက္ပါတယ္။ ဖမ္းၿပီး ၂ ေယာက္ကို ပစ္သတ္သြားတယ္။ အဲ့ဒါ ၃၁ မိုင္႐ြာမွာ။"

ဇူလိုင္ ၂၆ ရက္ကလည္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးအဖြဲ႕ေတြ ကနီနယ္ထဲက ဇီးပင္ကြင္း႐ြာနဲ႔ေညာင္ပင္သာ႐ြာနားမွာ တိုက္ပြဲျဖစ္ပြားၿပီး ေဒသခံ ကာကြယ္ေရးအဖြဲ႕ဝင္ေတြ အမ်ားအျပား ဖမ္းဆီးခံခဲ့ရပါတယ္။ ဖမ္းဆီးခံရသူေတြကို စစ္ေကာင္စီတပ္ေတြက ပစ္သတ္သြားၿပီး အေလာင္းေတြကို ေျမျမႇဳတ္ထားခဲ့တယ္လို႔လည္း ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက ေျပာပါတယ္။

UNICODE

မကွေးတိုင်၊း ဂန့်ဂေါနဲ့ ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေး အဖွဲ့ကပြောပေမယ့်၊ ဒီဖြစ်စဉ်မရှိခဲ့ဘူးလို့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကနီနယ်နဲ့ ယင်းမာပင်ကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်း ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီကနေ့ ဇူလိုင် ၂၈ ရက် မနက်အစောပိုင်း ဂန့်ဂေါ-ထီးလင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို ယောဒေသ ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အခုလို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်မှာ အကျအဆုံးရှိခဲ့တယ်လို့ ယောဒေသ ကာကွယ်ရေးအဖွဲ့က အခုလို ပြောပါတယ်။

"မနက် ၇ နာရီခွဲလောက်ကခင်ဗျ သူတို့စစ်ကား ၄ စီး ဂန့်ဂေါကနေ ထီးလင်းဘက်ကိုသွားတာ သိရလို့ ကျွန်တော်တို့ လမ်းကနေပြီး မိုင်းခွဲ တိုက်ခိုက်တာပါ။ အတည်ပြုလို့ရတာက ကျွန်တော်တို့က ခြုံခိုတိုက်တော့ ကိုယ်တိုင်မြင်ရတယ်၊ သိရတယ်။ သိရတဲ့ အတွက်ကြောင့်မို့လို့ သေဆုံးက အယောက် ၂၀ အတည်ပြုထားပါတယ်။"

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို VOA ကမေးမြန်းရာမှာတော့ အခုလို ဖြစ်စဉ်မရှိဘူးလို့ ငြင်းဆိုပါတယ်။

"ယောဘက်မှာတော့ မရှိပါဘူးခင်ဗျ။ မရှိပါဘူးခင်ဗျ။"

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးတာအပြင် ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့တယ်လို့ ယောဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ကနီနယ်နဲ့ ယင်းမာပင်နယ်ကြားက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေမှာ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ပြီး ရွာသားတွေကို ဖမ်းဆီးတာတွေ ရှိနေပါတယ်။ ရွာသား ၂ ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

"ရွာသားတွေ ထွက်ပြေးတဲ့ အတိုင်းအတာက သူတို့ဝင်တယ်ဆိုတော့ ကြောက်လန့်ပြီးထွက်ပြေးတာပေါ့နော်။ သူတို့စစ်ကြောင်းထိုးတဲ့ ရွာမှန်သမျှတော့ ရွာတိုင်းထိုးတာဆိုတော့ ရွာတိုင်းထွက်ပြေးတာပေါ့။ အခု ချင်းပုန်းရွာမှာ သူတို့က တပ်ချပြီးတော့ ဟိုဘက်တွေကို စစ်ကြောင်းထပ်ထိုးတယ်။ သမင်စပ် ရှေ့ပြေး အဲ့ဒီကနေ သစ်ယာပင်ရောက်သွားတယ်ပေါ့။ သစ်ယာပင်ကနေ ၃၁ မိုင်ရွာကို ရောက်သွားတယ်။ သူတို့မသင်္ကာတဲ့သူတွေကို သစ်ယာပင်ကတယောက် မိုင် ၃၀ က ၅ ယောက်ဖမ်းသွားတယ်။ အဲ့ကျတော့ ကနီနဲ့ ယင်းမာပင် အစပ်ရောက်သွားတာ။ CRPH ခေါင်းဆောင်တွေရှိတယ် ရွာခေါင်းဆောင်တွေရှိတယ်။ နာမည်ကြီးတယ်ဆိုပြီး ဝင်ပြီးမေးကြတာပေါ့။ သူတို့က ဖမ်းဖို့ စီးဖို့လာတာနေမှာ။ ပစ်တာဆိုရင် သူတို့ဘက်က အကုန်ပစ်ခတ်ပြီးတော့ ဝင်တာ ကနီနဲ့ ယင်းမာပင်အစပ်မှာ ၃၁ မိုင်ရွာကို ဝင်ပစ်တာ ဝင်ပစ်ပြီး ၅ ယောက်ဖမ်းတယ်။ ဖမ်းတာကို သိပ်စိတ်မနှံ့တဲ့သူတယောက်ပါတယ်။ ဖမ်းပြီး ၂ ယောက်ကို ပစ်သတ်သွားတယ်။ အဲ့ဒါ ၃၁ မိုင်ရွာမှာ။"

ဇူလိုင် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ ကနီနယ်ထဲက ဇီးပင်ကွင်းရွာနဲ့ညောင်ပင်သာရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်တွေက ပစ်သတ်သွားပြီး အလောင်းတွေကို မြေမြှုတ်ထားခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

please wait

No media source currently available

0:00 0:02:49 0:00
တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG