သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂန္႔ေဂါနယ္မွာ စစ္ယာဥ္တန္းကို ေဒသခံ PDF ေတြ တိုက္ခိုက္


PDF တပ္ဖြဲ႔ဝင္မ်ား လက္လုပ္ေသနတ္မ်ား လုပ္ေဆာင္ေနၾကစဥ္

{{Zawgyi/Unicode}}

မေကြးတိုင္း၊ ဂန္႔ေဂါနယ္ထဲမွာ ဂန္႔ေဂါ PDF အဖဲြ႔က စစ္ေကာင္စီယာဥ္တန္းကို မေန႔ ၾသဂုတ္လ ၂၄ ရက္ေန႔မွာ မိုင္းခဲြတိုက္ခိုက္ခဲ့ပါတယ္။ ၂၃ ရက္ေန႔ကလည္း ေယာကာကြယ္ေရးအဖဲြ႔က အလားတူ စစ္ယာဥ္တန္းအေပၚ တိုက္ခိုက္ခဲ့ပါတယ္။ အခုလို တိုက္ခိုက္မႈေတြေၾကာင့္ အနီးအနား႐ြာေတြက ႐ြာသားေတြ စိုးရိမ္ၿပီး ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။ ဒီအေၾကာင္းအျပည့္အစံု ရန္ကုန္က လာတဲ့သတင္းကို ကိုရဲမြန္ ကေျပာျပပါမယ္။

မေန႔ ၾသဂုတ္လ ၂၄ ရက္ မနက္ပိုင္းက မေကြးတိုင္း ဂန္႔ေဂါနယ္မွာ ဂန္႔ေဂါ PDF တပ္ဖြဲ႕က စစ္ေကာင္စီယာဥ္တန္းကို ဂန္႔ေဂါၿမိဳ႕နဲ႔ ၃၂ မိုင္အကြာမွာ မိုင္းခြဲတိုက္ခိုက္ခဲ့တာပါ။ မိုင္းခြဲတိုက္ခိုက္တာေၾကာင့္ ေသဆံုးဒဏ္ရာရတာေတြ ရွိတယ္လို႔ ေဒသခံေတြက ဗြီအိုေအကို အခုလို အတည္ျပဳေျပာပါတယ္။

“၈ နာရီခြဲ ၉ နာရီ၀န္းက်င္ေလာက္မွာ ဂန္႔ေဂါ ၃၂ မိုင္အကြာအေရာက္ ေက်ာက္ျဖဴေတာင္အနီး ေက်ာက္ျဖဴေတာင္ ေျမာက္ဖက္ တံတားေလးရွိတယ္။ မိုင္း ၃ လံုး ေဖာက္ခြဲမႈလုပ္ခံရတာ။ လက္နက္ႀကီးနဲ႔ တခ်က္ထုတဲ့အခ်ိန္မွာ ကားကလည္ၿပီး လမ္းမွာ ကန္႔လန္႔ခံသြားၿပီး ကားမွန္ေတြကြဲၿပီး ကားေတြ ပ်က္စီးမႈ ရွိတယ္။ ေသဆံုး ဒဏ္ရာရကေတာ့ ၁၅ ေယာက္ထက္မနည္း အတည္ျပဳလို႔ရတယ္။ အထိခိုက္မ်ားမယ္။ ကြ်န္ေတာ္တို႔ရြာရဲ႕ေတာင္ဘက္မွာ အေလာင္းကားေတြ ဖင္ခ်င္းေတ့ၿပီး အေလာင္းခ်ိန္းေနတာကို ျမင္ခဲ့တဲ့သူေတြက အတိအက်ေျပာတယ္။ အေလာင္းကမ်ားတယ္လို႔ေျပာတယ္။ ရြာထဲမွာ အသက္ႀကီးတဲ့ သူေတြအကုန္ေရွာင္ၾကတယ္။ လူငယ္ပိုင္းေလာက္ပဲ ရြာရဲ႕မီးေရးထင္းေရးေလာက္ပဲရွိတယ္။ က်န္တဲ့သူေတြက အကုန္ေရွာင္ၾကၿပီ။”

ၾသဂုတ္ ၂၃ ရက္ တနလၤာေန႔ ညေနပိုင္းမွာလည္း မေကြးတိုင္း ဂန္႔ေဂါ - ကေလးကားလမ္း ေမာက္ေက်းရြာ လမ္းခြဲမွာ ေယာကာကြယ္ေရးအဖြဲ႕က စစ္ေကာင္စီယာဥ္တန္းကို မိုင္းဆြဲတိုက္ခိုက္ခဲ့ပါတယ္။ တိုက္ပြဲနဲ႔ ပတ္သက္လို႔ ေယာကာကြယ္ေရးအဖြဲ႕က တာ၀န္ရွိသူတဦးက
“စစ္ေကာင္စီယာဥ္တန္းက ဂန္႔ေဂါကေနထြက္လာတယ္။ အဲ့မွာ ေမာက္ေက်းရြာလမ္းခြဲ ေတာင္ဘက္ နားမွာ တိုက္ပြဲျဖစ္တယ္။ စစ္ေကာင္စီဘက္က ၃၀ ခန္႔ေသဆံုးတယ္။ ၁၅ ဦး ခန္႔ ထိခိုက္ဒဏ္ရာရရွိတယ္။ ထိခိုက္ဒဏ္ရာ ရရွိေတာ့ ကြ်န္ေတာ္တို႔ ရဲေဘာ္ေတြ ျပန္အဆုတ္လမ္းမွာ စစ္ေကာင္စီဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ကြ်န္ေတာ္တို႔ကို ျပန္ပစ္တယ္။ ကြ်န္ေတာ္တို႔ ရဲေဘာ္ ၂ ဦး ထိခိုက္ဒဏ္ရာရရွိတယ္။ စိုးရိမ္ဖြယ္မရွိဘူးခင္ဗ်။”

ခုလို ဂန္႔ေဂါနဲ႔ ေယာနယ္ဘက္မွာ ျဖစ္ခဲဲ့တဲ့ ျဖစ္ရပ္ေတြအတြင္း စစ္တပ္ဘက္က ေသဆံုး ထိခိုက္မႈနဲ႔ပါတ္သက္လို႔ ဗီအိုေအက သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။ စစ္ေကာင္စီတပ္ေတြဘက္က ဂန္႔ေဂါနယ္တ၀ိုက္ စစ္အင္အား ျဖည့္တင္းလာတဲ့အတြက္ အခုလို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ တိုက္ပြဲေတြျဖစ္ေနတာျဖစ္ပါတယ္။

စစ္ေကာင္စီဘက္က အင္အားျဖည့္ၿပီး နယ္ေျမရွင္းလင္းေရး လုပ္လာရင္ ေနာက္ထပ္တိုက္ပြဲေတြ ျပင္းထန္လာမွာကို ေဒသခံေတြကလည္း စိုးရိမ္ေနၾကပါတယ္။

စစ္ေကာင္စီတပ္ေတြဟာ ဂန္႔ေဂါခရိုင္ထဲမွာရွိတဲ့ ေက်းရြာေတြကို မၾကာခဏဆိုသလို ၀င္ေရာက္ရွာေဖြေနတာေၾကာင့္ ရြာလံုးကြ်တ္ တိမ္းေရွာင္ခဲ့ရတာေတြ ရွိပါတယ္။ ၿပီးခဲ့တဲ့ ေမ ၂၉ ရက္ကလည္း ဂန္႔ေဂါနယ္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေက်းရြာ ကာကြယ္ေရး တိုက္ပြဲျဖစ္ပြားခဲ့တာမွာ စစ္ေကာင္စီဘက္က ပစ္ခတ္လုိ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ ၃ ဦးေသဆံုးခဲ့ပါတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ စစ္ေကာင္စီယာဥ္တန္းေတြကို ေဒသခံကာကြယ္ေရးအဖြဲ႕ေတြက မၾကာခဏဆုိသလို မိုင္းခြဲတိုက္ခိုက္တာေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

စစ္ကိုင္းတုိင္း တမူးၿမိဳ႕က နဂါးမင္းသမီးေရကန္မွာ တပ္စြဲထားတဲ့ ရဲကင္းစခန္းကို တမူးေဒသခံကာကြယ္ေရး PDF အဖဲြ႔ေတြက ဝင္ေရာက္တုိက္ခိုက္ခဲ့ၾကပါတယ္။ စစ္ေကာင္စီဘက္က ေသဆံုးသူေတြ႐ွိတယ္လို႔ ကာကြယ္ေရးအဖဲြ႔ေတြဘက္က သတင္းထုတ္ျပန္ထားပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မကွေးတိုင်း၊ ဂန့်ဂေါနယ်ထဲမှာ ဂန့်ဂေါ PDF အဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ၂၃ ရက်နေ့ကလည်း ယောကာကွယ်ရေးအဖွဲ့က အလားတူ စစ်ယာဉ်တန်းအပေါ် တိုက်ခိုက်ခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုတွေကြောင့် အနီးအနားရွာတွေက ရွာသားတွေ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

မနေ့ သြဂုတ်လ ၂၄ ရက် မနက်ပိုင်းက မကွေးတိုင်း ဂန့်ဂေါနယ်မှာ ဂန့်ဂေါ PDF တပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းကို ဂန့်ဂေါမြို့နဲ့ ၃၂ မိုင်အကွာမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲတိုက်ခိုက်တာကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိတယ်လို့ ဒေသခံတွေက ဗွီအိုအေကို အခုလို အတည်ပြုပြောပါတယ်။

“၈ နာရီခွဲ ၉ နာရီဝန်းကျင်လောက်မှာ ဂန့်ဂေါ ၃၂ မိုင်အကွာအရောက် ကျောက်ဖြူတောင်အနီး ကျောက်ဖြူတောင် မြောက်ဖက် တံတားလေးရှိတယ်။ မိုင်း ၃ လုံး ဖောက်ခွဲမှုလုပ်ခံရတာ။ လက်နက်ကြီးနဲ့ တချက်ထုတဲ့အချိန်မှာ ကားကလည်ပြီး လမ်းမှာ ကန့်လန့်ခံသွားပြီး ကားမှန်တွေကွဲပြီး ကားတွေ ပျက်စီးမှု ရှိတယ်။ သေဆုံး ဒဏ်ရာရကတော့ ၁၅ ယောက်ထက်မနည်း အတည်ပြုလို့ရတယ်။ အထိခိုက်များမယ်။ ကျွန်တော်တို့ရွာရဲ့တောင်ဘက်မှာ အလောင်းကားတွေ ဖင်ချင်းတေ့ပြီး အလောင်းချိန်းနေတာကို မြင်ခဲ့တဲ့သူတွေက အတိအကျပြောတယ်။ အလောင်းကများတယ်လို့ပြောတယ်။ ရွာထဲမှာ အသက်ကြီးတဲ့ သူတွေအကုန်ရှောင်ကြတယ်။ လူငယ်ပိုင်းလောက်ပဲ ရွာရဲ့မီးရေးထင်းရေးလောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက အကုန်ရှောင်ကြပြီ။”

သြဂုတ် ၂၃ ရက် တနင်္လာနေ့ ညနေပိုင်းမှာလည်း မကွေးတိုင်း ဂန့်ဂေါ - ကလေးကားလမ်း မောက်ကျေးရွာ လမ်းခွဲမှာ ယောကာကွယ်ရေးအဖွဲ့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်လို့ ယောကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက
“စစ်ကောင်စီယာဉ်တန်းက ဂန့်ဂေါကနေထွက်လာတယ်။ အဲ့မှာ မောက်ကျေးရွာလမ်းခွဲ တောင်ဘက် နားမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က ၃၀ ခန့်သေဆုံးတယ်။ ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိတယ်။ ထိခိုက်ဒဏ်ရာ ရရှိတော့ ကျွန်တော်တို့ ရဲဘော်တွေ ပြန်အဆုတ်လမ်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ကျွန်တော်တို့ကို ပြန်ပစ်တယ်။ ကျွန်တော်တို့ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်။ စိုးရိမ်ဖွယ်မရှိဘူးခင်ဗျ။”

ခုလို ဂန့်ဂေါနဲ့ ယောနယ်ဘက်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွင်း စစ်တပ်ဘက်က သေဆုံး ထိခိုက်မှုနဲ့ပါတ်သက်လို့ ဗီအိုအေက သီးခြား အတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီတပ်တွေဘက်က ဂန့်ဂေါနယ်တဝိုက် စစ်အင်အား ဖြည့်တင်းလာတဲ့အတွက် အခုလို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အင်အားဖြည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်လာရင် နောက်ထပ်တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေကလည်း စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါခရိုင်ထဲမှာရှိတဲ့ ကျေးရွာတွေကို မကြာခဏဆိုသလို ဝင်ရောက်ရှာဖွေနေတာကြောင့် ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း ဂန့်ဂေါနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာ ကာကွယ်ရေး တိုက်ပွဲဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ ၃ ဦးသေဆုံးခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ စစ်ကောင်စီယာဉ်တန်းတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက မကြာခဏဆိုသလို မိုင်းခွဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့က နဂါးမင်းသမီးရေကန်မှာ တပ်စွဲထားတဲ့ ရဲကင်းစခန်းကို တမူးဒေသခံကာကွယ်ရေး PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်က သေဆုံးသူတွေရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG