သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘာ္လခဲမွာ ကရင္နီကာကြယ္ေရးအဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ တိုက္ပြဲျဖစ္


Myanmar

Zawgyi/Unicode

ကယားျပည္နယ္ ေဘာ္လခဲၿမိဳ႕နယ္မွာ ကရင္နီကာကြယ္ေရးတပ္ဖြဲ႔ KNDF နဲ႔ စစ္ေကာင္စီတပ္ေတြအၾကား တိုက္ပြဲ ျဖစ္ပြါးခဲ့တယ္လ္ို႔ ကာကြယ္ေရးအဖြဲ႔ဘက္က ေျပာပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက လက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ ဆက္စပ္တယ္ဆိုၿပီး ဖမ္းဆီးခံထား ရတဲ့ ေဘာ္လခဲၿမိဳ႕နယ္က လူငယ္တခ်ိဳ႕ကေတာ့ လြိဳင္ေကာ္ရဲစခန္းမွာ စစ္ေဆးခံေနရတယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႔ တာ၀န္ရွိသူ ေတြက ေျပာပါတယ္။ ဗီြအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္က တင္ျပေပးထားပါတယ္။

ကယားျပည္နယ္၊ ေဘာ္လခဲၿမိဳ႕နယ္ မက္စေလာင္းေတာင္အၾကားမွာ ကရင္နီတပ္မေတာ္ (KA) ကရင္နီအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ KNDF ပူးေပါင္းအဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ၾကား ၾသဂုတ္လ ၂၂ ရက္ေန႔ကတိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ KNDF ျပန္ၾကားေရး တာ၀န္ရွိသူတဦးက ေျပာပါတယ္။

“မေန႔က ေဘာ္လခဲဘက္ျဖစ္တယ္ဗ်။ဒီစစ္ေကာင္စီဘက္ကစစ္ေၾကာင္းထိုးလာတယ္။ အဲဒီစစ္ေၾကာင္းထိုးလာတဲ့ အေပၚမွာ (KA) ကရင္နီ တပ္မေတာ္နဲ႔ KNDF ကရင္နီအမ်ိဳးသား ကာကြယ္ေရးတပ္တို႔ ပူးေပါင္းၿပီးေတာ့မွ ထိုးစစ္ဆင္လာတဲ့ စစ္ေကာင္စီတပ္ကို ၿခံဳခိုၿပီးေတာ့မွ တိုက္ခိုက္တာေပါ့ေလ။ စကစဘက္ကေတာ့ (၃) ဦးက်တယ္။ ႏွစ္ဦးေတာ့ ဒဏ္ရာရတာေပါ့ေလ။”

တိုက္ပြဲျဖစ္ပြားရာ ေဘာ္လခဲၿမိဳ႕နယ္ နန္းဖဲေက်းရြာအနီးတဝိုက္ကို စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္တယ္လို႔ ဆိုပါတယ္။

“ည (၉) နာရီ (၁၀) နာရီ၀န္းက်င္မွာ မက္စေလာင္းေတာင္ေပၚကေန နန္းဖဲရြာက စကစဘက္ကလက္နက္ႀကီးနဲ႔ ပစ္ခတ္တာမ်ိဳးေတာ့ ရွိတာေပါ့ေလ။ လက္နက္ႀကီးနဲ႕ထုတာ။”

ေဘာ္လခဲဲၿမိဳ႕နယ္ဘက္ကတိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္မွဳမ်ားတယ္လို႔ KNDF ဘက္ကထုတ္ျပန္ထားေပမဲ့ သီးျခားအတည္မျပဳႏိုင္ ေသးသလို တုိက္ပြဲျဖစ္စဥ္နဲ႕ပတ္သက္ၿပီး အေျခအေနကိုသိရွိဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။ ၾသဂုတ္လ (၁၈) ရက္ေန႔တုန္းက ေဘာ္လခဲၿမိဳ႕နယ္ နန္းဖဲေက်းရြာအုပ္စုက ေဒသခံ (၁၀) ဦးကို ျမန္မာစစ္တပ္ဘက္က ဖမ္းဆီးခဲ့ပါတယ္။ အဖမ္းခံရသူေတြ ထဲက ၆ ေယာက္ဟာ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ဆက္စပ္မွဳရွိေၾကာင္း ေပါက္ၾကားခဲ့တဲ့ ေဘာ္လခဲခရိုင္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဘက္က ေၾကးနန္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အဲဒီအဖမ္းခံထားရသူေတြ ေလာေလာဆယ္ လိြဳင္ေကာ္ၿမိဳ႕ ရဲစခန္းမွာ စစ္ေဆးခံေနရတယ္လို႔

ကရင္နီ လူ႔အခြင့္အေရးအဖြဲ႔ တာ၀န္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ဖမ္းသြားတဲ့လူေတြထဲက လုံး၀ျပန္မလြတ္ေသးတာ (၆) ေယာက္ရွိတယ္။ မေန႔ကေတာ့ စစ္ေဆးေနတုန္းပဲ။ ဒီရက္ကေတာ့ မလြတ္ဘူးဆိုရင္ ပုဒ္မတပ္ တရားစြဲမယ္ေပါ့ေနာ္။ လိြဳင္ေကာ္ သူတို႕ေခၚတာက ၿမိဳ႕နယ္ရဲစခန္းမွာသိရတယ္။ ေဘာ္လခဲၿမိဳ႕နယ္မွာ အဖမ္းဆီးခံရတာကေတာ့ (၁၀) ေယာက္ေပါ့ေနာ္။ (၁၀) ေယာက္ထဲမွာ စကစ ကေနထုတ္တဲ့ထုတ္ျပန္ခ်က္ရွိတယ္။ အဲဒါလည္း (၆) ေယာက္ကိုလက္နက္ေတြနဲ႔ ဖမ္းမိတယ္ ဆိုတဲ့ စာတေစာင္ေတာ့ ထြက္ လာတယ္။ (၆) ေယာက္က သူတို႔ အေခၚအေဝၚကေတာ့ လက္နက္ေတြနဲ႔ ဖမ္းမိတယ္ေပါ့ေနာ္။”

ၾသဂုတ္လ (၁၈) ရက္မွာ ေဘာ္လခဲ ပူးေပါင္းစစ္ေဆးေရးဂိတ္ကေန ကားတစီးကိုရွာေဖြစစ္ေဆးရာမွာ ယူနီေဖာင္းဝတ္ဆင္ထားတဲ့ လူငယ္ (၆) ဦးကို လက္နက္ခဲယမ္းေတြနဲ႔အတူ ဖမ္းဆီးရမိတယ္လို႔ ေဘာ္လခဲခရိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ေၾကးနန္းအစီရင္ခံစာမွာ ေဖာ္ျပထားေပမဲ့ ဒီလူငယ္ေတြဟာ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ဆက္စပ္မွဳရွိမရွိကိုေတာ့ အတည္မျပဳနိုင္ေသးဘူးလို႔ KNDF ဘက္က ေျပာပါတယ္။

“က်ေနာ္တို႔ စုံစမ္းေနဆဲပဲေပါ့ေလ။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ တစုံတရာ ေလာေလာဆယ္ေတာ့ က်ေနာ္တို႔ ေျဖၾကားေပးနိုင္မယ္ မဟုတ္ဘူးေပါ့။”

ေဒသခံကာကြယ္ေရးအဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးေနတဲ့ ရွမ္းျပည္နယ္ဖယ္ခုံၿမိဳ႕နယ္နဲ႔ ကယား ျပည္နယ္ ေဘာ္လခဲ ၿမိဳ႕နယ္ေတြမွာ စစ္တပ္က အရပ္သားေတြကို ဖမ္းဆီးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္ လြယ္လုံေက်းရြာ သား (၅)ဦးနဲ႔ စက္ေတာ္ေက်းရြာသား (၅) ဦးကို ၾသဂုတ္ ၁၈ ရက္ေန႔က စစ္တပ္ကေန ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ ဖယ္ခုံ ေဒသခံေတြ က ေျပာပါတယ္။ ၾသဂုတ္(၁၄) ရက္ကေန (၁၉) ရက္အတြင္း အသက္ ၁၅ ႏွစ္အရြယ္ ကေလးငယ္အပါအဝင္ အရပ္သား ၂၉ ဦးကို စစ္တပ္ က ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး စစ္ေရးပဋိပကၡျဖစ္ေနတဲ့ ေရွ႕တန္းနယ္ေျမေတြကို ေခၚေဆာင္သြားျခင္း၊ လမ္းျပအျဖစ္ခိုင္းေစျခင္းေတြ လုပ္ေဆာင္ခိုင္းခဲ့တယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႔က မွတ္တမ္းျပဳစုထားပါတယ္။

=========

တိုက္႐ိုက္ လင့္ခ္


Unicode

ဘော်လခဲမှာ ကရင်နီကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကယားပြည်နယ် ဘော်လခဲမြိုနယ်မှာ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွါးခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထား ရတဲ့ ဘော်လခဲမြို့နယ်က လူငယ်တချို့ကတော့ လွိုင်ကော်ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ ဘော်လခဲမြို့နယ် မက်စလောင်းတောင်အကြားမှာ ကရင်နီတပ်မတော် (KA) ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပူးပေါင်းအဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား သြဂုတ်လ ၂၂ ရက်နေ့ကတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ KNDF ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က ဘော်လခဲဘက်ဖြစ်တယ်ဗျ။ဒီစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတယ်။ အဲဒီစစ်ကြောင်းထိုးလာတဲ့ အပေါ်မှာ (KA) ကရင်နီ တပ်မတော်နဲ့ KNDF ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီးတော့မှ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခြုံခိုပြီးတော့မှ တိုက်ခိုက်တာပေါ့လေ။ စကစဘက်ကတော့ (၃) ဦးကျတယ်။ နှစ်ဦးတော့ ဒဏ်ရာရတာပေါ့လေ။”

တိုက်ပွဲဖြစ်ပွားရာ ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။

“ည (၉) နာရီ (၁၀) နာရီဝန်းကျင်မှာ မက်စလောင်းတောင်ပေါ်ကနေ နန်းဖဲရွာက စကစဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးတော့ ရှိတာပေါ့လေ။ လက်နက်ကြီးနဲ့ထုတာ။”

ဘော်လခဲမြို့နယ်ဘက်ကတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ KNDF ဘက်ကထုတ်ပြန်ထားပေမဲ့ သီးခြားအတည်မပြုနိုင် သေးသလို တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ သြဂုတ်လ (၁၈) ရက်နေ့တုန်းက ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအုပ်စုက ဒေသခံ (၁၀) ဦးကို မြန်မာစစ်တပ်ဘက်က ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူတွေ ထဲက ၆ ယောက်ဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိကြောင်း ပေါက်ကြားခဲ့တဲ့ ဘော်လခဲခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဘက်က ကြေးနန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအဖမ်းခံထားရသူတွေ လောလောဆယ် လွိုင်ကော်မြို့ ရဲစခန်းမှာ စစ်ဆေးခံနေရတယ်လို့

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဖမ်းသွားတဲ့လူတွေထဲက လုံးဝပြန်မလွတ်သေးတာ (၆) ယောက်ရှိတယ်။ မနေ့ကတော့ စစ်ဆေးနေတုန်းပဲ။ ဒီရက်ကတော့ မလွတ်ဘူးဆိုရင် ပုဒ်မတပ် တရားစွဲမယ်ပေါ့နော်။ လွိုင်ကော် သူတို့ခေါ်တာက မြို့နယ်ရဲစခန်းမှာသိရတယ်။ ဘော်လခဲမြို့နယ်မှာ အဖမ်းဆီးခံရတာကတော့ (၁၀) ယောက်ပေါ့နော်။ (၁၀) ယောက်ထဲမှာ စကစ ကနေထုတ်တဲ့ထုတ်ပြန်ချက်ရှိတယ်။ အဲဒါလည်း (၆) ယောက်ကိုလက်နက်တွေနဲ့ ဖမ်းမိတယ် ဆိုတဲ့ စာတစောင်တော့ ထွက် လာတယ်။ (၆) ယောက်က သူတို့ အခေါ်အဝေါ်ကတော့ လက်နက်တွေနဲ့ ဖမ်းမိတယ်ပေါ့နော်။”

သြဂုတ်လ (၁၈) ရက်မှာ ဘော်လခဲ ပူးပေါင်းစစ်ဆေးရေးဂိတ်ကနေ ကားတစီးကိုရှာဖွေစစ်ဆေးရာမှာ ယူနီဖောင်းဝတ်ဆင်ထားတဲ့ လူငယ် (၆) ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဘော်လခဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ကြေးနန်းအစီရင်ခံစာမှာ ဖော်ပြထားပေမဲ့ ဒီလူငယ်တွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ KNDF ဘက်က ပြောပါတယ်။

“ကျနော်တို့ စုံစမ်းနေဆဲပဲပေါ့လေ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစုံတရာ လောလောဆယ်တော့ ကျနော်တို့ ဖြေကြားပေးနိုင်မယ် မဟုတ်ဘူးပေါ့။”

ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်ဖယ်ခုံမြို့နယ်နဲ့ ကယား ပြည်နယ် ဘော်လခဲ မြို့နယ်တွေမှာ စစ်တပ်က အရပ်သားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် လွယ်လုံကျေးရွာ သား (၅)ဦးနဲ့ စက်တော်ကျေးရွာသား (၅) ဦးကို သြဂုတ် ၁၈ ရက်နေ့က စစ်တပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖယ်ခုံ ဒေသခံတွေ က ပြောပါတယ်။ သြဂုတ်(၁၄) ရက်ကနေ (၁၉) ရက်အတွင်း အသက် ၁၅ နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၂၉ ဦးကို စစ်တပ် က ဖမ်းဆီးချုပ်နှောင်ပြီး စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရှေ့တန်းနယ်မြေတွေကို ခေါ်ဆောင်သွားခြင်း၊ လမ်းပြအဖြစ်ခိုင်းစေခြင်းတွေ လုပ်ဆောင်ခိုင်းခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

#KA#KNDF#မက်စလောင်း၊နန်းဖဲ#ကရင်နီ၊#VOABurmese

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG