သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္၊ ဖ႐ူဆိုဘက္မွာ စစ္တပ္နဲ႔ ေဒသခံအဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္


ကယားျပည္နယ္ရွိ ေနရာ တခုမွာေတြ႔ရတဲ့ ေဒသခံတပ္ဖဲြ႔ဝင္မ်ား။ (ဇူလိုင္ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ေရးတင္းမာေနတဲ့ ကယားျပည္နယ္အတြင္း ဒီကေန႔မွာလည္း ဖ႐ူဆိုၿမိဳ႕နယ္မွာ ေဒသခံကရင္နီတပ္ဖြဲ႕ေတြနဲ႔ စစ္တပ္ၾကား တိုက္ပြဲျဖစ္ပြါးခဲ့ၿပီး အဲဒီတိုက္ပြဲအတြင္း လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ေဒသခံတခ်ဳိ႕ ထိခိုက္ခဲ့ပါတယ္။ ကယားျပည္နယ္မွာ စစ္တပ္ဘက္က လက္ရွိ အင္အားတိုးခ်ထားသလို တိုက္ပြဲေၾကာင့္ စစ္ေရွာင္ရြာသားေတြလည္း စားေသာက္ေနထိုင္ေရး အခက္အခဲရွိေနတာပါ။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္အတြင္းမွာ ေဒသခံကရင္နီတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီတပ္တို႕အၾကား ဒီကေန႔ နံနက္ ၁၀ နာရီေက်ာ္မွာ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ကရင္နီအမ်ိဳးသားကာကြယ္ေရးအဖြဲ႕ KNDF တာ၀န္ရွိသူတဦးကေျပာပါတယ္။

“ဖရူဆို ေဒါနီးခူရြာအေက်ာ္ ထိပလူေတာမေရာက္ခင္ ထိပလူေတာရြာအစပ္ေပါ့ဗ်ာ။ ေဘးနားမွာရွိတဲ့ ဒီလမ္းကင္းခ်ထားတဲ့ စကစနဲ႔ ဒီ KA ဘက္ကျဖစ္တာေပါ့။ ထိခိုက္မႈေတာ့ ငါး ေယာက္ေလာက္ေတာ့ က်မယ္လို႔ထင္တယ္။ သံုးေယာက္ဒဏ္ရာ ရတယ္လို႕ေျပာတယ္။”

ဒီကေန႔ ဒီေမာ့ဆိုၿမိဳ႕နယ္နဲ႔ ဖ႐ူဆိုၿမိဳ႕နယ္ၾကားျဖစ္ပြါးတဲ့တိုက္ပြဲဟာ အခ်ိန္တိုေပမဲ့ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ေဒသခံေတြ ထိခိုက္ခဲ့တယ္လို႔ KNDF ဘက္ကေျပာပါတယ္။

“ႏွစ္ေယာက္ထိတယ္ဗ်။ တိုက္ပြဲျဖစ္ေတာ့ သူတို႔ေတြေၾကာက္လန္႔လို႔ ရြာထဲျပန္လာတယ္ဗ်ာ။ အဲဒီအခ်ိန္ရြာထဲမွာ လက္နက္ႀကီးက်တာ ၄ လုံးရွိတယ္။ ႏွစ္လုံးပဲ ကြဲတယ္။ လက္နက္ႀကီးကသူ႕ေပါင္ကိုထိတာေပါ့ေလ။ အဲဒီတေယာက္က လူနာတင္ယာဥ္ကားတဲ့ အေရးေပၚကို ပို႕ေတာ့ စကစကသူတို႔ကိုတားတယ္။ ဒါေပမဲ့အခုလက္ရွိက ေဆးကုသမႈခံယူေနတယ္ေပါ့။ ေနာက္တေယာက္က သူကဒီးေမာ့ဆိုမွာေနတယ္။ ေညာင္ကုန္းမွာ။ လက္နက္ႀကီးပစ္လို႔က အမ်ိဳးသားတဦးက လက္ေမာင္းမွာ ဒဏ္ရာရသြားတယ္။”

ဒီကေန႕ပစ္ခတ္မႈအတြင္း ထိခိုက္ ေသဆံုးမႈေတြနဲ႔ပတ္သက္ၿပီး KNDF ဘက္ကေျပာဆိုတာကို သီးျခားအတည္ မျပဳနိုင္ေသးသလို စစ္ေကာင္စီေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရဲခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၈ ရက္နဲ႔ ၉ ရက္ေန႔ေတြမွာလည္း ဖ႐ူဆိုၿမိဳ႕နယ္ဘက္မွာ ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသားကာကြယ္ ေရးတပ္ (KNDF) ပူးေပါင္းတပ္နဲ႔ စစ္ေကာင္စီတပ္တို႔ ႏွစ္ရက္ဆက္ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

လက္ရွိ ကယားျပည္နယ္ ဒီးေမာ့ဆိုနဲ႕ဖရူဆိုၿမိဳ႕နယ္အတြင္း စစ္တပ္ဘက္က အင္အားတိုးခ်ထားလာတယ္လို႔ KNDF တာ၀န္ရွိသူတဦးကေျပာပါတယ္။

“ဒီးေမာ့ဆိုကေန ဖရူဆိုအထိက လမ္းကင္းခ်ထားတယ္။ အင္အားေတာ့ လမ္းကင္းက ၁၀၀ ေလာက္ရွိတယ္။ ဖရူဆိုဘက္ကို သြားတဲ့ဥစၥာလည္း အင္အား ၁၀၀ ေက်ာ္ရွိတယ္။”

ကယားျပည္နယ္ ဖရူဆို ဒီးေမာ့ဆို လြိဳင္ေကာ္ ရွမ္းျပည္နယ္ ဖယ္ခုံၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ပြါးလာတာနဲ႔အတူ ေဒသခံရြာသားေတြလည္း စစ္ေဘးတိမ္းေရွာင္ေနရတာပါ။

စစ္ေရွာင္ရြာသားေတြဟာ က်န္းမာေရးနဲ႔ စားေသာက္ေနထိုင္ေရး အခက္ခဲရွိေနတယ္လို႕ စစ္ေရွာင္ကူညီေရးအဖြဲ႕ ၀င္တဦးကေျပာပါတယ္။

“စားေသာက္ကုန္ေတြ ေဆး၀ါးစသည္ျဖင့္ေပါ့ဗ်ာ အဲဒါေတြက်တာ့ စခန္းတိုင္းလိုလို ကေနၿပီးေတာ့အလို ရွိေနတာေပါ့ေနာ္။ ကေလးေတြကအစ ေနာက္ဆုံး စားစရာမုန္႔ေတြေတာင္မရွိဘူး။ မုန္႔ကအစ ေဆး၀ါး မိုးကာစသည္ျဖင့္ဗ်ာ.. အဲဒီဟာေတြ သူတို႔ ေတာ္ေတာ္လိုေနတယ္လို႔။ အကုန္လုံးပါပဲဗ်ာ လူတေယာက္အသက္ရွင္ရပ္တည္မႈအတြက္ လိုအပ္တဲ့ဟာေတြက သူတို႕အကုန္ လိုအပ္တဲ့သေဘာပါပဲ။”

တပ္မေတာ္ကေန အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ေမလက စလို႔ မိုးျဗဲ၊လြိဳင္ေကာ္၊ ဒီေမာ့ဆို၊ ဖ႐ူဆို အစရွိတဲ့ၿမိဳ႕နယ္ေတြမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဖြဲ႔စည္းၿပီး စစ္တပ္ကို ခုခံတိုက္ခိုက္လာတာပါ။ ဒီလိုတိုက္ခိုက္မႈျဖစ္စဥ္အတြင္း ရြာသား ၇၀,၀၀၀ ေက်ာ္ ေနရပ္စြန႔္ခြါၿပီး စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ကယားပြည်၊ ဖရူဆိုဘက်မှာ စစ်တပ်နဲ့ ဒေသခံအဖွဲ့တွေကြား တိုက်ပွဲဖြစ်

စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်အတွင်း ဒီကနေ့မှာလည်း ဖရူဆိုမြို့နယ်မှာ ဒေသခံကရင်နီတပ်ဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတချို့ ထိခိုက်ခဲ့ပါတယ်။ ကယားပြည်နယ်မှာ စစ်တပ်ဘက်က လက်ရှိ အင်အားတိုးချထားသလို တိုက်ပွဲကြောင့် စစ်ရှောင်ရွာသားတွေလည်း စားသောက်နေထိုင်ရေး အခက်အခဲရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ ဒေသခံကရင်နီတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီကနေ့ နံနက် ၁၀ နာရီကျော်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ KNDF တာဝန်ရှိသူတဦးကပြောပါတယ်။

“ဖရူဆို ဒေါနီးခူရွာအကျော် ထိပလူတောမရောက်ခင် ထိပလူတောရွာအစပ်ပေါ့ဗျာ။ ဘေးနားမှာရှိတဲ့ ဒီလမ်းကင်းချထားတဲ့ စကစနဲ့ ဒီ KA ဘက်ကဖြစ်တာပေါ့။ ထိခိုက်မှုတော့ ငါး ယောက်လောက်တော့ ကျမယ်လို့ထင်တယ်။ သုံးယောက်ဒဏ်ရာ ရတယ်လို့ပြောတယ်။”

ဒီကနေ့ ဒီမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားဖြစ်ပွါးတဲ့တိုက်ပွဲဟာ အချိန်တိုပေမဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ခဲ့တယ်လို့ KNDF ဘက်ကပြောပါတယ်။

“နှစ်ယောက်ထိတယ်ဗျ။ တိုက်ပွဲဖြစ်တော့ သူတို့တွေကြောက်လန့်လို့ ရွာထဲပြန်လာတယ်ဗျာ။ အဲဒီအချိန်ရွာထဲမှာ လက်နက်ကြီးကျတာ ၄ လုံးရှိတယ်။ နှစ်လုံးပဲ ကွဲတယ်။ လက်နက်ကြီးကသူ့ပေါင်ကိုထိတာပေါ့လေ။ အဲဒီတယောက်က လူနာတင်ယာဉ်ကားတဲ့ အရေးပေါ်ကို ပို့တော့ စကစကသူတို့ကိုတားတယ်။ ဒါပေမဲ့အခုလက်ရှိက ဆေးကုသမှုခံယူနေတယ်ပေါ့။ နောက်တယောက်က သူကဒီးမော့ဆိုမှာနေတယ်။ ညောင်ကုန်းမှာ။ လက်နက်ကြီးပစ်လို့က အမျိုးသားတဦးက လက်မောင်းမှာ ဒဏ်ရာရသွားတယ်။”

ဒီကနေ့ပစ်ခတ်မှုအတွင်း ထိခိုက် သေဆုံးမှုတွေနဲ့ပတ်သက်ပြီး KNDF ဘက်ကပြောဆိုတာကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရဲခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာလည်း ဖရူဆိုမြို့နယ်ဘက်မှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

လက်ရှိ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ဖရူဆိုမြို့နယ်အတွင်း စစ်တပ်ဘက်က အင်အားတိုးချထားလာတယ်လို့ KNDF တာဝန်ရှိသူတဦးကပြောပါတယ်။

“ဒီးမော့ဆိုကနေ ဖရူဆိုအထိက လမ်းကင်းချထားတယ်။ အင်အားတော့ လမ်းကင်းက ၁၀၀ လောက်ရှိတယ်။ ဖရူဆိုဘက်ကို သွားတဲ့ဥစ္စာလည်း အင်အား ၁၀၀ ကျော်ရှိတယ်။”

ကယားပြည်နယ် ဖရူဆို ဒီးမော့ဆို လွိုင်ကော် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးလာတာနဲ့အတူ ဒေသခံရွာသားတွေလည်း စစ်ဘေးတိမ်းရှောင်နေရတာပါ။

စစ်ရှောင်ရွာသားတွေဟာ ကျန်းမာရေးနဲ့ စားသောက်နေထိုင်ရေး အခက်ခဲရှိနေတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့ ဝင်တဦးကပြောပါတယ်။

“စားသောက်ကုန်တွေ ဆေးဝါးစသည်ဖြင့်ပေါ့ဗျာ အဲဒါတွေကျတာ့ စခန်းတိုင်းလိုလို ကနေပြီးတော့အလို ရှိနေတာပေါ့နော်။ ကလေးတွေကအစ နောက်ဆုံး စားစရာမုန့်တွေတောင်မရှိဘူး။ မုန့်ကအစ ဆေးဝါး မိုးကာစသည်ဖြင့်ဗျာ.. အဲဒီဟာတွေ သူတို့ တော်တော်လိုနေတယ်လို့။ အကုန်လုံးပါပဲဗျာ လူတယောက်အသက်ရှင်ရပ်တည်မှုအတွက် လိုအပ်တဲ့ဟာတွေက သူတို့အကုန် လိုအပ်တဲ့သဘောပါပဲ။”

တပ်မတော်ကနေ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မေလက စလို့ မိုးဗြဲ၊လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို အစရှိတဲ့မြို့နယ်တွေမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဖွဲ့စည်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက်လာတာပါ။ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရွာသား ၇၀,၀၀၀ ကျော် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG