သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ ရက္စက္ၾကမ္းၾကဳတ္မႈမ်ား စစ္ရာဇဝတ္မႈေျမာက္ Fortify Rights ထုတ္ျပန္


ဂန္႔ေဂါၿမိဳ႕၊ နမ္းခါးရြာတြင္ မီးေလာင္ေနသည္ကို ၿငိမ္းသတ္ေနသည့္ ရြာသားမ်ား။ ၁၀ စက္တင္ဘာ ၂၀၂၁။

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြဟာ စစ္ရာဇဝတ္မႈေျမာက္တယ္လို႔ Fortify Rights က ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာမွာ ေျပာလိုက္ပါတယ္။

ျမန္မာစစ္တပ္ဟာ အရပ္သားေတြကို ျပန္ေပးဆြဲ၊ လူသားဒိုင္းေတြအျဖစ္အသုံးျပဳေနၿပီး အိမ္ေတြ၊ ဘုရား‌‌ေက်ာင္းေတြကို တိုက္ခိုက္၊ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ အထူးသျဖင့္ ျမန္မာႏိုင္ငံအေရွ႕ပိုင္း ကယားျပည္နယ္မွာ ျဖစ္ပြါးခဲ့တဲ့ကိစၥေတြကိုရည္ၫႊန္းၿပီး အစီရင္ခံစာက ေျပာထားတာပါ။

စစ္တပ္က ခုလို အၾကမ္းဖက္ေနတာေတြ ေလ်ာ့သြားမယ့္ လကၡဏာမေတြ႔ရေသးဘူးလို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႔က ေျပာတာကိုလည္း အစီရင္ခံစာမွာ ကိုးကားထားပါတယ္။ လာမယ့္လေတြမွာ စားနပ္ရိကၡာနဲ႔ မရွိမျဖစ္ ပစၥည္းေတြ ျပတ္လပ္မွာစိုးရိမ္တယ္လို႔ အဆိုပါအဖြဲ႔ရဲ႕ဒါ႐ိုက္တာ Banyar Khun Naung က Fortify Rights ကို ေျပာပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီဟာ ျမန္မာစစ္တပ္အေပၚ လက္နက္ေရာင္းခ်တာကို တကမာၻလုံးက ပိတ္ပင္တဲ့ ဆုံးျဖတ္ခ်က္ အျမန္ဆုံးခ်သင့္တယ္လို႔ Fortify Rights ရဲ႕ ေဒသဆိုင္ရာညႊန္ၾကားေရးမႉး Ismail Wolff က AFP သတင္းဌာနကို ေျပာပါတယ္။ အာဆီယံကလည္း ဒီ ဆုံးျဖတ္ခ်က္က်ေအာင္ ေထာက္ခံသင့္တယ္လို႔ သူ က ဆိုပါတယ္။
ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး႐ုံး (OCHA ) ရဲ႕ ေဖေဖာ္ဝါရီလ ၁၅ ရက္ သတင္းထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတလႊားမွာ ပဋိပကၡေၾကာင့္ ေနအိမ္စြန႔္ခြါ ေျပာင္းေ႐ႊ႕ ေနထိုင္ရသူေပါင္း ၄၄၁,၀၀၀ ရွိတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာစစ်တပ် ရက်စက်ကြမ်းကြုတ်မှုများ စစ်ရာဇဝတ်မှုမြောက် Fortify Rights ထုတ်ပြန်

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ Fortify Rights က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပြန်ပေးဆွဲ၊ လူသားဒိုင်းတွေအဖြစ်အသုံးပြုနေပြီး အိမ်တွေ၊ ဘုရား‌‌ကျောင်းတွေကို တိုက်ခိုက်၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ကယားပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ကိစ္စတွေကိုရည်ညွှန်းပြီး အစီရင်ခံစာက ပြောထားတာပါ။

စစ်တပ်က ခုလို အကြမ်းဖက်နေတာတွေ လျော့သွားမယ့် လက္ခဏာမတွေ့ရသေးဘူးလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြောတာကိုလည်း အစီရင်ခံစာမှာ ကိုးကားထားပါတယ်။ လာမယ့်လတွေမှာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ် ပစ္စည်းတွေ ပြတ်လပ်မှာစိုးရိမ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ဒါရိုက်တာ Banyar Khun Naung က Fortify Rights ကို ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချတာကို တကမ္ဘာလုံးက ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် အမြန်ဆုံးချသင့်တယ်လို့ Fortify Rights ရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Ismail Wolff က AFP သတင်းဌာနကို ပြောပါတယ်။ အာဆီယံကလည်း ဒီ ဆုံးဖြတ်ချက်ကျအောင် ထောက်ခံသင့်တယ်လို့ သူ က ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA ) ရဲ့ ဖေဖော်ဝါရီလ ၁၅ ရက် သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတလွှားမှာ ပဋိပက္ခကြောင့် နေအိမ်စွန့်ခွါ ပြောင်းရွှေ့ နေထိုင်ရသူပေါင်း ၄၄၁,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

==========

XS
SM
MD
LG