သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂန္႔ေဂါ စန္းၿမိဳ႕ေက်းရြာ အိမ္အလံုး ၁ဝဝ ေက်ာ္ မီးရိႈ႕ဖ်က္ဆီးခံရ


ဒီဇင္ဘာ ၂၁ ရက္ေန႔က မီးရိႈ႕ခံထားရတဲ့ စန္းၿမိဳ႕ ျမင္ကြင္း (ပံုေဟာင္း)

ဂန္႔ေဂါ စန္းၿမိဳ႕ေက်းရြာ အိမ္အလံုး ၁၀၀ ေက်ာ္ မီးရိႈ႕ဖ်က္ဆီးခံရ

{{Zawgyi/Unicode}}

မေကြးတိုင္း ဂန္႔ေဂါခရိုင္ စန္းၿမိဳ႕ရြာကို စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးအဖြဲ႔ေတြက မီးရိႈ႕ဖ်က္ဆီးသြားတဲ့အတြက္ ေနအိမ္ ၁ဝဝ ေက်ာ္မီးေလာင္ဆံုးရံႈးသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေနအိမ္ေတြမီးေလာင္ဆံုးရံႈးၿပီး ေဘးလြတ္ရာခိုလံႈေနရတဲ့ ဒုကၡသည္ေတြအေနနဲ႔ အကူအညီေတြလိုအပ္ေနပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္း က ေျပာျပပါလိမ့္မယ္။

မေကြးတိုင္း ဂန္႔ေဂါခရိုင္ထဲက စန္းၿမိဳ႕ေက်းရြာကို မေန႔ ဇန္န၀ါရီ ၁၈ ရက္ ေန႔လည္ပိုင္းနဲ႔ ညေနပိုင္းတို႔မွာ စစ္ေကာင္စီတပ္ဖြဲ႕၀င္ေတြနဲ႔ ပ်ဴေစာထီးေတြက မီးရိႈ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံေက်းရြာသားေတြက ေျပာတာပါ။

မေန႔ ေန႔လည္ပိုင္းမွာ ေက်ာက္ျပဳတ္ေက်းရြာဘက္ကေန ခ်ီတက္လာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔ ပ်ဴေစာထီးေတြက ေက်းရြာထဲကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး ၀င္ေရာက္လာၿပီးတဲ့ေနာက္မွာေတာ့ ေနအိမ္ေတြကို မီးရိႈ႕တာလို႔ စန္းၿမိဳ႕ရြာသားတဦးက အခုလိုေျပာပါတယ္။

“မေန႔က ေန႔လည္မွာ သူတို႔ဆိုင္ကယ္ေတြနဲ႔လာၿပီးမွ ဆိုင္ကယ္အစီး ၂၀ နဲ႔ ပ်ဴေစာထီးနဲ႔ စစ္သားနဲ႔ ၄၁ ေယာက္ သူတို႔ လယ္ႀကီး (ေက်းရြာ)မွာ ရပ္ထားခဲ့ၿပီး ကြ်န္ေတာ္တို႔ဘက္ကို ေျခက်င္တက္လာခဲ့တာခင္ဗ်။ တက္လာၿပိးေတာ့ သူတို႔ေတြ ကြ်န္ေတာ္တုိ႔ရြာဘက္ကို လက္နက္ႀကီးေတြနဲ႔ တအားပစ္ထုၿပီးမွ ၀င္လာခဲ့တယ္။ အဲ့ဒါမွာ ကြ်န္ေတာ္တို႔ရြာသားေတြ လက္နက္ႀကီးသံေတြၾကားလို႔ ထြက္ေျပးၾကခ်ိန္မွာ ကြ်န္ေတာ္တို႔ရြာနဲ႔ မလွမ္း မကမ္းကို ေရာက္တဲ့အခ်ိန္မွာ ရြာထဲမွာ မီးစေတာက္ၿပီခင္ဗ်။ မီးစေလာင္ၿပီခင္ဗ်။ အဲ့ဒါၿပီးေတာ့ ညေန ၃ နာရီေလာက္မွာ ေျမာက္ခရမ္းဘက္ကေန ကား ၂ စီးနဲ႔ အင္အား ၅၀ ေလာက္နဲ႔လာတယ္။ သူတို႔ေရာက္လာၿပီးေတာ့ ေျပာင္ေကာ ကြ်န္ေတာ္တို႔ တရြာလံုး မီးရိႈ႕တယ္ခင္ဗ်။ ကြ်န္ေတာ္တို႔ အိမ္အလံုး ၁၀၀ ေက်ာက္ေလာက္ မီးေလာင္သြားၿပီခင္ဗ် မေန႔ကရိႈ႕တာ။ သူတို႔မေန႔ညေနဘက္ မီးေတြရိႈ႕ၿပီး ျပန္ထြက္သြားၾကတယ္ခင္ဗ်။ ကြ်န္ေတာ္ယူဆတာက စစ္ေကာင္စီကို ကြ်န္ေတာ္တို႔ရြာက မေထာက္ခံလို႔ပဲယူဆ ထားတယ္။ အခုကြ်န္ေတာ္တုိ႔ လယ္ႀကီးဘက္ေတြမွာဆိုရင္ စစ္ေကာင္စီက သူတို႔ေျပာစကားကို နားေထာင္ဖို႔ စစ္ေကာင္စီကို ေထာက္ခံဖို႔ ဒါမ်ိဳးေတြ စည္းရံုးေရးေတြ ဆင္းတယ္ခင္ဗ်။ ကြ်န္ေတာ္တုိ႔ဆီက စည္းရံုးတာကို လက္မခံလို႔ အဲ့လိုလုပ္တာျဖစ္မယ္ခင္ဗ်။”

ဒီရြာသားရဲ႕ေနအိမ္ဟာလည္း ၿပီးခဲ့တဲ့ ႏွစ္ ဒီဇင္ဘာ ၂၁ ရက္က စန္းၿမိဳ႕ရြာကို စစ္ေကာင္စီနဲ႔ ပ်ဴေစာထီးေတြက မီးရိႈ႕သြားခ်ိန္မွာ သူရဲ႕ေနအိမ္ကလည္း မီးေလာင္တဲ့ထဲ ပါသြားခဲ့တာပါ။ စန္းၿမိဳ႕ရြာမီးရိႈ႕ဖ်က္ဆီးခံရတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က ပထမအႀကိမ္ မီးရိႈ႕ခံရခ်ိန္မွာလည္း သတင္းထုတ္ျပန္ျခင္းမရွိသလုိ မေန႔က မီးရိႈ႕ဖ်က္ဆီးခံရတဲ့သတင္းကိုလည္း ထုတ္ျပန္ျခင္းမရွိေသးပါဘူး။

စစ္ေကာင္စီနဲ႔ပ်ဴေစာထီးေတြ အမွတ္မထင္၀င္ေရာက္လာၿပီး မီးရိႈ႕တာျဖစ္တဲ့အတြက္ အသက္ေဘးကေန လြတ္ေအာင္ေျပးခဲ့ရတဲ့ ေက်းရြာသားေတြဟာ ေဘးလြတ္ရာေတာေတာင္ေတြထဲမွာ ခိုလံႈေနရၿပီး အကူအညီေတြလိုအပ္ေနတယ္လို႔ စစ္ေဘးေရွာင္ေတြကို ကူညီေပးသူတဦးက ေျပာပါတယ္။

“ေတာေတာင္ထဲေတြမွာရယ္ ေနာက္ၿပီး ျမင္သားတို႔ ကုန္းရြာတို႔ဘက္မွာ စစ္ေဘးေရွာင္ေနရတယ္။ သူတို႔လုိအပ္ေနတာ ေဆး၀ါး အ၀တ္အထည္ရယ္ အကုန္လိုအပ္ေနတယ္။ စားဖို႔ေသာက္ဖို႔ အခက္အခဲက သူတို႔က ရုတ္တရက္ႀကီး၀င္လာၿပီး တိုက္ခိုက္ခံရေတာ့ ပစၥည္းေတြ ဘာမွသယ္ႏိုင္ခ်ိန္မရွိဘူး။ ေနာက္ၿပီး ေဘးကိုကူထားတာလည္းမရွိဘူး။ စားဖို႔ေသာက္ဖို႔က ေတာ္ေတာ္ေလး ခက္ခဲတယ္။ ေျပာရမယ္ဆိုရင္ တျခား ရြာေတြမွာပဲ ဘုန္းႀကီးေက်ာင္းေတြဘာေတြမွာပဲ ခိုလံႈေနရတယ္။

ေနအိမ္ ၂၁၅ လံုးသာရွိတဲ့ စန္းၿမိဳ႕ေက်းရြာဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၂၁ ရက္မွာ မီးရိႈ႕ခံရလို႔ ေနအိမ္ အလံုး ၃၀ ေက်ာ္ မီးေလာင္ခဲ့ေသးၿပီး မေန႔က မီးရိႈ႕ဖ်က္ဆီးခံရခ်ိန္မွာေတာ့ ေနအိမ္ ၁၀၀ ေက်ာ္မီးေလာင္ ဆံုးရံႈးသြားတာလည္းျဖစ္ပါတယ္။

.........................................

တိုက္႐ိုက္ လင့္ခ္

ဂန့်ဂေါ စန်းမြို့ကျေးရွာ အိမ်အလုံး ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရ{{Unicode}}

မကွေးတိုင်း ဂန့်ဂေါခရိုင် စန်းမြို့ရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတဲ့အတွက် နေအိမ် ၁ဝဝ ကျော်မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေမီးလောင်ဆုံးရှုံးပြီး ဘေးလွတ်ရာခိုလှုံနေရတဲ့ ဒုက္ခသည်တွေအနေနဲ့ အကူအညီတွေလိုအပ်နေပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက စန်းမြို့ကျေးရွာကို မနေ့ ဇန်နဝါရီ ၁၈ ရက် နေ့လည်ပိုင်းနဲ့ ညနေပိုင်းတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောတာပါ။

မနေ့ နေ့လည်ပိုင်းမှာ ကျောက်ပြုတ်ကျေးရွာဘက်ကနေ ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာပြီးတဲ့နောက်မှာတော့ နေအိမ်တွေကို မီးရှို့တာလို့ စန်းမြို့ရွာသားတဦးက အခုလိုပြောပါတယ်။

“မနေ့က နေ့လည်မှာ သူတို့ဆိုင်ကယ်တွေနဲ့လာပြီးမှ ဆိုင်ကယ်အစီး ၂၀ နဲ့ ပျူစောထီးနဲ့ စစ်သားနဲ့ ၄၁ ယောက် သူတို့ လယ်ကြီး (ကျေးရွာ)မှာ ရပ်ထားခဲ့ပြီး ကျွန်တော်တို့ဘက်ကို ခြေကျင်တက်လာခဲ့တာခင်ဗျ။ တက်လာပြိးတော့ သူတို့တွေ ကျွန်တော်တို့ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တအားပစ်ထုပြီးမှ ဝင်လာခဲ့တယ်။ အဲ့ဒါမှာ ကျွန်တော်တို့ရွာသားတွေ လက်နက်ကြီးသံတွေကြားလို့ ထွက်ပြေးကြချိန်မှာ ကျွန်တော်တို့ရွာနဲ့ မလှမ်း မကမ်းကို ရောက်တဲ့အချိန်မှာ ရွာထဲမှာ မီးစတောက်ပြီခင်ဗျ။ မီးစလောင်ပြီခင်ဗျ။ အဲ့ဒါပြီးတော့ ညနေ ၃ နာရီလောက်မှာ မြောက်ခရမ်းဘက်ကနေ ကား ၂ စီးနဲ့ အင်အား ၅၀ လောက်နဲ့လာတယ်။ သူတို့ရောက်လာပြီးတော့ ပြောင်ကော ကျွန်တော်တို့ တရွာလုံး မီးရှို့တယ်ခင်ဗျ။ ကျွန်တော်တို့ အိမ်အလုံး ၁၀၀ ကျောက်လောက် မီးလောင်သွားပြီခင်ဗျ မနေ့ကရှို့တာ။ သူတို့မနေ့ညနေဘက် မီးတွေရှို့ပြီး ပြန်ထွက်သွားကြတယ်ခင်ဗျ။ ကျွန်တော်ယူဆတာက စစ်ကောင်စီကို ကျွန်တော်တို့ရွာက မထောက်ခံလို့ပဲယူဆ ထားတယ်။ အခုကျွန်တော်တို့ လယ်ကြီးဘက်တွေမှာဆိုရင် စစ်ကောင်စီက သူတို့ပြောစကားကို နားထောင်ဖို့ စစ်ကောင်စီကို ထောက်ခံဖို့ ဒါမျိုးတွေ စည်းရုံးရေးတွေ ဆင်းတယ်ခင်ဗျ။ ကျွန်တော်တို့ဆီက စည်းရုံးတာကို လက်မခံလို့ အဲ့လိုလုပ်တာဖြစ်မယ်ခင်ဗျ။”

ဒီရွာသားရဲ့နေအိမ်ဟာလည်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ၂၁ ရက်က စန်းမြို့ရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက မီးရှို့သွားချိန်မှာ သူရဲ့နေအိမ်ကလည်း မီးလောင်တဲ့ထဲ ပါသွားခဲ့တာပါ။ စန်းမြို့ရွာမီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပထမအကြိမ် မီးရှို့ခံရချိန်မှာလည်း သတင်းထုတ်ပြန်ခြင်းမရှိသလို မနေ့က မီးရှို့ဖျက်ဆီးခံရတဲ့သတင်းကိုလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီနဲ့ပျူစောထီးတွေ အမှတ်မထင်ဝင်ရောက်လာပြီး မီးရှို့တာဖြစ်တဲ့အတွက် အသက်ဘေးကနေ လွတ်အောင်ပြေးခဲ့ရတဲ့ ကျေးရွာသားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲမှာ ခိုလှုံနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးသူတဦးက ပြောပါတယ်။

“တောတောင်ထဲတွေမှာရယ် နောက်ပြီး မြင်သားတို့ ကုန်းရွာတို့ဘက်မှာ စစ်ဘေးရှောင်နေရတယ်။ သူတို့လိုအပ်နေတာ ဆေးဝါး အဝတ်အထည်ရယ် အကုန်လိုအပ်နေတယ်။ စားဖို့သောက်ဖို့ အခက်အခဲက သူတို့က ရုတ်တရက်ကြီးဝင်လာပြီး တိုက်ခိုက်ခံရတော့ ပစ္စည်းတွေ ဘာမှသယ်နိုင်ချိန်မရှိဘူး။ နောက်ပြီး ဘေးကိုကူထားတာလည်းမရှိဘူး။ စားဖို့သောက်ဖို့က တော်တော်လေး ခက်ခဲတယ်။ ပြောရမယ်ဆိုရင် တခြား ရွာတွေမှာပဲ ဘုန်းကြီးကျောင်းတွေဘာတွေမှာပဲ ခိုလှုံနေရတယ်။

နေအိမ် ၂၁၅ လုံးသာရှိတဲ့ စန်းမြို့ကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်မှာ မီးရှို့ခံရလို့ နေအိမ် အလုံး ၃၀ ကျော် မီးလောင်ခဲ့သေးပြီး မနေ့က မီးရှို့ဖျက်ဆီးခံရချိန်မှာတော့ နေအိမ် ၁၀၀ ကျော်မီးလောင် ဆုံးရှုံးသွားတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG