သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိုင္းမွာ စိတ္ႂကြေဆးျပား ၅ သန္းေက်ာ္ ဖမ္းမိ


ဒီဇင္ဘာ ၃၀ ရက္ေန႔က ခ်င္းမုိင္ျပည္နယ္ မဲ့အိုင္းေဒသမွာ ဖမ္းမိတဲ့ မူးယစ္ေဆးဝါးမ်ား။ (ဒီဇင္ဘာ ၃၀၊ ၂၀၂၁။ ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi)

ထိုင္းႏုိင္ငံ၊ ခ်င္းမိုင္ျပည္နယ္၊ မဲ့အိုင္းၿမိဳ႕နယ္အတြင္း ဒီဇင္ဘာလ ၂၉ ရက္နဲ႔ ၃၀ ရက္ေတြမွာ မူးယစ္ေမွာင္ခိုသမားေတြနဲ႔ ရဲတပ္ဖြဲ႔ၾကား အျပန္အလွန္ ပစ္ခတ္ခဲ့ၾကၿပီးတဲ့ေနာက္ စိတ္ႂကြေဆးျပား ၅ သန္းေက်ာ္ ဖမ္းမိခဲ့ၿပီး ရဲအရာရိွတဦး ေသဆံုးသြားခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္အတြင္း ဘတ္ေငြ ၆ ဘီလီယံေက်ာ္ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းမိခဲ့သလို ႏုိင္ငံတဝန္း မူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ၿပီး လူ သိန္းနဲ႔ခ်ီ ဖမ္းဆီးခဲ့ၿပီးတဲ့ေနာက္ တေသာင္းေက်ာ္ကုိ အေရးယူခဲ့တယ္လုိ႔ ထိုင္းအစိုးရက ထုတ္ျပန္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာ သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏုိင္ငံမွာ ၂၀၂၁ ခုႏွစ္အတြင္း ဘတ္ေငြ ၆ ဒသမ ၇၁ ဘီလီယံ တန္ဖိုးရွိတဲ့ မူးယစ္ေဆးဝါးေတြ ဖမ္းမိခဲ့သလို တႏိုင္ငံလံုးအႏွံ႔ မူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ၿပီး လူေပါင္း ၃ သိန္းေက်ာ္ကို ဖမ္းဆီးခဲ့ၿပီးတဲ့ေနာက္ အဲဒီထဲက တေသာင္းေက်ာ္ကုိ အေရးယူခဲ့တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ႀကီး Kongcheep Tantrawanich က ႏွစ္ခ်ဳပ္အစီရင္ခံစာ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

ခ်င္းမုိင္ျပည္နယ္၊ မဲ့အိုင္းၿမိဳ႕နယ္ထဲမွာေတာ့ ဒီဇင္ဘာလ ၂၉ ရက္နဲ႔ ၃၀ ရက္ေတြမွာ စိတ္ႂကြေဆးျပား ၄ သန္း ၁ သိန္းေက်ာ္ တင္ေဆာင္ၿပီး မူးယစ္ေမွာင္ခုိသမားေတြ ေမာင္းလာတဲ့ ကားငယ္တစင္းေနာက္ကို ေဒသခံရဲတပ္ဖြဲ႔ဝင္ေတြက ေနာက္ကေန လိုက္ခဲ့တာပါ။

ကားထဲက မူးယစ္ေမွာင္ခိုသမားေတြကို အမီလိုက္ဖမ္းရင္း ရဲတပ္ဖဲြ႔ဝင္ေတြနဲ႔ မူးယစ္ေမွာင္ခိုသမားေတြၾကား ပစ္ခတ္မႈ ျဖစ္ခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈအတြင္း ထိုင္းရဲတပ္ဖြဲ႔ အရာရွိတဦး က်ည္ဆန္ထိမွန္ ေသဆံုးခဲ့ၿပီး မူးယစ္ေမွာင္ခိုသမားေတြက စိတ္ႂကြေဆးျပား ၄ သန္းေက်ာ္နဲ႔အတူ ကားကိုထားၿပီး ထြက္ေျပးသြားခဲ့တယ္လို႔ ခ်င္းမုိင္ၿမိဳ႕နယ္ ရဲမွဴးက သတင္းေထာက္ေတြကို ထိုင္းဘာသာနဲ႔ အခုလိုေျပာပါတယ္။

"က်ေနာ္တို႔ ရဲတပ္ဖြဲ႔ဝင္ေတြက မူးယစ္ေမွာင္ခိုကားကို လိုက္ဖမ္းရင္းနဲ႔ ကားရပ္သြားေအာင္ ပိတ္ဆို႔ ဖမ္းဆီးခဲ့ၾကပါတယ္။ မူးယစ္ဂိုဏ္းဝင္ေတြဟာ က်ေနာ္တို႔ရဲ႕ကားကို ပစ္ခတ္တိုက္ခိုက္ၿပီး ထြက္ေျပးသြားခဲ့ၾကတာပါ" လို႔ ခ်င္းမိုင္ၿမိဳ႕နယ္ ရဲမွဴးက ေျပာပါတယ္။

ဒီဇင္ဘာလ ၂၈ ရက္ေန႔ကလည္း Kalasin ျပည္နယ္အတြင္း စိတ္ႂကြေဆးျပား ၁ သန္း ၄ သိန္း တင္ေဆာင္လာတဲ့ ကားငယ္တစင္းကို အျမန္လမ္းရဲတပ္ဖဲြ႔က ပစ္ခတ္ဖမ္းဆီးခဲ့ရာမွာ ကားေမာင္းသူ အမ်ိဳးသမီးကိုပါ ဖမ္းမိခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ထိုင္းအစိုးရရဲ႕ ၂၀၂၁ ခုႏွစ္ ႏွစ္ခ်ဳပ္ မူးယစ္ေဆးဝါးႏွိမ္နင္းေရးဆိုင္ရာ အစီရင္ခံစာ ထုတ္ျပန္ရာမွာေတာ့ မူးယစ္ဂိုဏ္းဝင္ေတြဆီကေန ဘတ္ေငြ ၆ ဒသမ ၇၁ ဘီလီယံ တန္ဖိုးရွိ မက္သ္အမ္ဖက္တမင္းေဆးျပားနဲ႔ Ice မူးယစ္ေဆးဝါး ၂၁ ဒသမ ၈၄ တန္ကို သိမ္းဆည္းခဲ့ေၾကာင္း သတင္းထုတ္ျပန္သြားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း စိတ္ႂကြေဆးျပား အလုံးေရ သန္းေပါင္း ၅၉၀ ေက်ာ္၊ ေဆးေျခာက္ ၈၁ တန္၊ ရာအီးလို႔ ထုိင္းလိုေခၚတဲ့ မူးယစ္ေဆးျပား Ecstasy Pills ၅ သိန္း ၈ ေသာင္းေက်ာ္၊ ဘိန္းျဖဴ ၃ တန္၊ Ketamine ၁ ဒသမ ၀၃ တန္၊ ဘိန္း ၅၂၁ ကီလိုဂရမ္နဲ႔ ကိုကင္း ၃၇ ကီလိုဂရမ္ကိုလည္း သိမ္းဆည္းရမိခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ထိုင္းအာဏာပိုင္ေတြက မူးယစ္ေဆးဝါး ထုတ္လုပ္သူလို႔ သံသယရွိသူ ၃၂၅,၀၀၀ ခန႔္ကို ဖမ္းဆီးခဲ့ၿပီး အဲဒီထဲက ၁၀,၆၁၉ ဦးကို မူးယစ္ေဆးဝါး ျဖန္႔ျဖဴး ေရာင္းခ်မႈေတြနဲ႔ အေရးယူခဲ့တယ္လို႔ ဆုိပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနက သတင္းစာရွင္းလင္းပဲြ လုပ္ခဲ့ရာမွာ ကုိဗစ္ကပ္ေဘး ကာလအတြင္း အိမ္နီးခ်င္းႏုိင္ငံေတြက မူးယစ္ေမွာင္ခုိသမားေတြဟာ ေတာလမ္းေတြကို အသံုးျပဳၿပီး မူးယစ္ေဆးဝါး သယ္ေဆာင္တာေတြ ပုိၿပီးမ်ားလာတယ္လို႔လည္း ေျပာဆုိခဲ့ပါတယ္။

ထိုင္းမွာ စိတ္ႂကြေဆးျပား ၅ သန္းေက်ာ္ ဖမ္းမိ
please wait

No media source currently available

0:00 0:02:58 0:00
တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ထိုင်းမှာ စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ မဲ့အိုင်းမြို့နယ်အတွင်း ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ရဲတပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးတဲ့နောက် စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းမိခဲ့ပြီး ရဲအရာရှိတဦး သေဆုံးသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း ဘတ်ငွေ ၆ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့သလို နိုင်ငံတဝန်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီး လူ သိန်းနဲ့ချီ ဖမ်းဆီးခဲ့ပြီးတဲ့နောက် တသောင်းကျော်ကို အရေးယူခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း ဘတ်ငွေ ၆ ဒသမ ၇၁ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့သလို တနိုင်ငံလုံးအနှံ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီး လူပေါင်း ၃ သိန်းကျော်ကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် အဲဒီထဲက တသောင်းကျော်ကို အရေးယူခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Kongcheep Tantrawanich က နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ချင်းမိုင်ပြည်နယ်၊ မဲ့အိုင်းမြို့နယ်ထဲမှာတော့ ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ စိတ်ကြွဆေးပြား ၄ သန်း ၁ သိန်းကျော် တင်ဆောင်ပြီး မူးယစ်မှောင်ခိုသမားတွေ မောင်းလာတဲ့ ကားငယ်တစင်းနောက်ကို ဒေသခံရဲတပ်ဖွဲ့ဝင်တွေက နောက်ကနေ လိုက်ခဲ့တာပါ။

ကားထဲက မူးယစ်မှောင်ခိုသမားတွေကို အမီလိုက်ဖမ်းရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်မှောင်ခိုသမားတွေကြား ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ထိုင်းရဲတပ်ဖွဲ့ အရာရှိတဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ပြီး မူးယစ်မှောင်ခိုသမားတွေက စိတ်ကြွဆေးပြား ၄ သန်းကျော်နဲ့အတူ ကားကိုထားပြီး ထွက်ပြေးသွားခဲ့တယ်လို့ ချင်းမိုင်မြို့နယ် ရဲမှူးက သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလိုပြောပါတယ်။

"ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်မှောင်ခိုကားကို လိုက်ဖမ်းရင်းနဲ့ ကားရပ်သွားအောင် ပိတ်ဆို့ ဖမ်းဆီးခဲ့ကြပါတယ်။ မူးယစ်ဂိုဏ်းဝင်တွေဟာ ကျနော်တို့ရဲ့ကားကို ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးသွားခဲ့ကြတာပါ" လို့ ချင်းမိုင်မြို့နယ် ရဲမှူးက ပြောပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း Kalasin ပြည်နယ်အတွင်း စိတ်ကြွဆေးပြား ၁ သန်း ၄ သိန်း တင်ဆောင်လာတဲ့ ကားငယ်တစင်းကို အမြန်လမ်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ကားမောင်းသူ အမျိုးသမီးကိုပါ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရရဲ့ ၂၀၂၁ ခုနှစ် နှစ်ချုပ် မူးယစ်ဆေးဝါးနှိမ်နင်းရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာတော့ မူးယစ်ဂိုဏ်းဝင်တွေဆီကနေ ဘတ်ငွေ ၆ ဒသမ ၇၁ ဘီလီယံ တန်ဖိုးရှိ မက်သ်အမ်ဖက်တမင်းဆေးပြားနဲ့ Ice မူးယစ်ဆေးဝါး ၂၁ ဒသမ ၈၄ တန်ကို သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း စိတ်ကြွဆေးပြား အလုံးရေ သန်းပေါင်း ၅၉၀ ကျော်၊ ဆေးခြောက် ၈၁ တန်၊ ရာအီးလို့ ထိုင်းလိုခေါ်တဲ့ မူးယစ်ဆေးပြား Ecstasy Pills ၅ သိန်း ၈ သောင်းကျော်၊ ဘိန်းဖြူ ၃ တန်၊ Ketamine ၁ ဒသမ ၀၃ တန်၊ ဘိန်း ၅၂၁ ကီလိုဂရမ်နဲ့ ကိုကင်း ၃၇ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက မူးယစ်ဆေးဝါး ထုတ်လုပ်သူလို့ သံသယရှိသူ ၃၂၅,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၀,၆၁၉ ဦးကို မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှုတွေနဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရာမှာ ကိုဗစ်ကပ်ဘေး ကာလအတွင်း အိမ်နီးချင်းနိုင်ငံတွေက မူးယစ်မှောင်ခိုသမားတွေဟာ တောလမ်းတွေကို အသုံးပြုပြီး မူးယစ်ဆေးဝါး သယ်ဆောင်တာတွေ ပိုပြီးများလာတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG