သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံထုတ္ စိတ္ႂကြေဆးျပား ဘတ္ေငြ သန္း ၂,၀၀၀ ေက်ာ္ဖိုး ထိုင္းဘက္မွာမိ


ထုိင္းရဲတပ္ဖြဲ႔ တာဝန္ရွိသူေတြ သတင္းစာရွင္းလင္းပြဲမွာ ျပသထားတဲ့ ဖမ္းမိမူးယစ္ေဆးမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ျပည္နယ္အတြင္းမွာ ဒီရက္ပုိင္းအတြင္း ကာလတန္ဖိုး ဘတ္ေငြ သန္းေပါင္း ၂,၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ စိတ္ႂကြေဆးျပား ၁၀ သန္းေက်ာ္ ဖမ္းမိခဲ့ၿပီး မူးယစ္ေဆးဝါးနဲ႔ ပတ္သက္သူေတြကို ျပစ္ဒဏ္တိုးျမႇင့္ခ်မယ္လို႔ ထုိင္းရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။ အျပည့္အစုံကုိ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ျပည္နယ္အတြင္းမွာပဲ ဒီရက္ပုိင္းအတြင္း ဖမ္းမိတဲ့ ေရႊႀတိဂံေဒသထုတ္ စိတ္ႂကြေဆး ၁၀ သန္းေလာက္ ဖမ္းမိခဲ့ေၾကာင္း အမွတ္ ၅ ေဒသ ရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

နယ္စပ္ေတြက ဝင္လာတဲ့ မူးယစ္ေမွာင္ခိုုဂိုဏ္းေတြနဲ႔ မူးယစ္ေဆးဝါးေတြ ဆက္တိုုက္ ဖမ္းဆီးႏုိင္ခဲ့ေပမယ့္ စိတ္ႂကြေဆး တင္သြင္းေနမႈေတြ ရပ္တန္႔သြားတာမရွိဘဲ မူးယစ္ေမွာင္ခိုသမားေတြဟာ ျပည္တြင္းထဲကို ပါဆယ္ပုိ႔ေဆာင္တဲ့ ကုမၸဏီေတြကတဆင့္ ဆက္တိုက္ပုိ႔လာေနတာေတြကုိ ေတြ႔လာရတယ္လို႔ ထိုင္းဒုရဲခ်ဳပ္ Pol Maj. Gen. Nithithorn Jintakanon က ဒီရက္ပုိင္းမွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုုသြားပါတယ္။

“အခုလို စိတ္ႂကြေဆးေတြ အမ်ားအျပား ဖမ္းမိေနေပမယ့္ မူးယစ္ေမွာင္ခိုုသမားေတြဟာ ဖမ္းမိသြားတဲ့သူေတြ ေနရာမွာ ေနာက္လူေတြကို အစားထိုးၿပီး မူးယစ္ကုန္ကူးမႈေတြကို ဆက္လုပ္ေနတာ ေတြ့ရပါတယ္။ ဒီအတြက္ ေနာက္ပုိင္းမွာ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္သူေတြကို ဖမ္းမိရင္ ျပစ္ဒဏ္တိုးျမႇင့္ခ်သြားမွာ ျဖစ္ပါတယ္။”

အခုဆိုရင္ ထုိင္းႏုိင္ငံအတြင္းမွာ မူးယစ္ေမွာင္ခိုသမားေတြကို ဖမ္းမိႏိုင္ဖုိ႔အတြက္ သတင္းေပးသူေတြ စံုစမ္းစစ္ေဆးသူေတြကို ႏိုင္ငံပိုင္အျဖစ္ သိမ္းယူမယ့္ ပစၥည္းတန္ဖိုးရဲ႕ ၃၀ ရာခိုင္ႏႈန္းအထိ ဆုေၾကးေပးမယ္လုိ႔လည္း ထုိင္းရဲတပ္ဖဲြ႔က ဆုိပါတယ္။

မူးယစ္ေမွာင္ခိုုသမားေတြနဲ႔ ပတ္သက္လို႔ ဘဏ္စာရင္းဖြင့္ နာမည္ခံေပးထားသူေတြ မိမိနာမည္နဲ႔ အိမ္ၿခံေျမ ကား နာမည္ခံဝယ္ခြင့္ ေပးထားတာကို စစ္ေဆးေတြ႔ရွိရင္ေတာ့ ျပစ္ဒဏ္ကို ၃ ႏွစ္နဲ႔အထက္ က်ခံရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၁၀ ႏွစ္အတြင္း ေငြဝင္ေငြထြက္ စာရင္းေတြကိုလည္း စစ္ေဆးသြားမွာျဖစ္ၿပီး မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တာကို စစ္ေဆးေတြ႔ရွိမယ္ဆုိရင္ ႏုိင္ငံပုိင္အျဖစ္ သိမ္းယူသြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ေရႊႀတိဂံေဒသက မူးယစ္ေမွာင္ဂိုဏ္းေတြဟာ မူးယစ္ေဆးေတြကို အရင္ကထက္ ပိုထုတ္လုပ္ေနၿပီး ကိုဗစ္ကပ္ေဘးကာလမွာ ထိုင္းဘက္ကို အလံုးအရင္း သယ္ေဆာင္တင္သြင္းေနတယ္လို႔လည္း ထိုင္းႏုိင္ငံရဲ႕ ေဒသဆိုင္ရာ သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ုံး (UNODC) ရဲ႕ ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏုိင္ငံ ဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံစာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကို အေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ရွှေတြိဂံထုတ် စိတ်ကြွဆေးပြား ဘတ်ငွေ သန်း ၂,၀၀၀ ကျော်ဖိုး ထိုင်းဘက်မှာမိ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း ကာလတန်ဖိုး ဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၀ သန်းကျော် ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ပြစ်ဒဏ်တိုးမြှင့်ချမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်အတွင်းမှာပဲ ဒီရက်ပိုင်းအတွင်း ဖမ်းမိတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၀ သန်းလောက် ဖမ်းမိခဲ့ကြောင်း အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နယ်စပ်တွေက ဝင်လာတဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးနိုင်ခဲ့ပေမယ့် စိတ်ကြွဆေး တင်သွင်းနေမှုတွေ ရပ်တန့်သွားတာမရှိဘဲ မူးယစ်မှောင်ခိုသမားတွေဟာ ပြည်တွင်းထဲကို ပါဆယ်ပို့ဆောင်တဲ့ ကုမ္ပဏီတွေကတဆင့် ဆက်တိုက်ပို့လာနေတာတွေကို တွေ့လာရတယ်လို့ ထိုင်းဒုရဲချုပ် Pol Maj. Gen. Nithithorn Jintakanon က ဒီရက်ပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“အခုလို စိတ်ကြွဆေးတွေ အများအပြား ဖမ်းမိနေပေမယ့် မူးယစ်မှောင်ခိုသမားတွေဟာ ဖမ်းမိသွားတဲ့သူတွေ နေရာမှာ နောက်လူတွေကို အစားထိုးပြီး မူးယစ်ကုန်ကူးမှုတွေကို ဆက်လုပ်နေတာ တွေ့ရပါတယ်။ ဒီအတွက် နောက်ပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို ဖမ်းမိရင် ပြစ်ဒဏ်တိုးမြှင့်ချသွားမှာ ဖြစ်ပါတယ်။”

အခုဆိုရင် ထိုင်းနိုင်ငံအတွင်းမှာ မူးယစ်မှောင်ခိုသမားတွေကို ဖမ်းမိနိုင်ဖို့အတွက် သတင်းပေးသူတွေ စုံစမ်းစစ်ဆေးသူတွေကို နိုင်ငံပိုင်အဖြစ် သိမ်းယူမယ့် ပစ္စည်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းအထိ ဆုကြေးပေးမယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။

မူးယစ်မှောင်ခိုသမားတွေနဲ့ ပတ်သက်လို့ ဘဏ်စာရင်းဖွင့် နာမည်ခံပေးထားသူတွေ မိမိနာမည်နဲ့ အိမ်ခြံမြေ ကား နာမည်ခံဝယ်ခွင့် ပေးထားတာကို စစ်ဆေးတွေ့ရှိရင်တော့ ပြစ်ဒဏ်ကို ၃ နှစ်နဲ့အထက် ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၁၀ နှစ်အတွင်း ငွေဝင်ငွေထွက် စာရင်းတွေကိုလည်း စစ်ဆေးသွားမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရွှေတြိဂံဒေသက မူးယစ်မှောင်ဂိုဏ်းတွေဟာ မူးယစ်ဆေးတွေကို အရင်ကထက် ပိုထုတ်လုပ်နေပြီး ကိုဗစ်ကပ်ဘေးကာလမှာ ထိုင်းဘက်ကို အလုံးအရင်း သယ်ဆောင်တင်သွင်းနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံစာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG