သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရႊႀတိဂံေဒသထုတ္ စိတ္ႂကြေဆး ၁၂ သန္း ထိုင္းမွာ ဖမ္းဆီးရမိ


ထုိင္းႏုိင္ငံမွာ ဖမ္းမိတဲ့ ေရႊႀတိဂံေဒသထုတ္ မူးယစ္ေဆးဝါးမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ ခ်င္းမိုင္၊ ခ်င္း႐ုိင္နဲ႔ အယုဒၶယျပည္နယ္ေတြမွာ ေရႊႀတိဂံေဒသထုုတ္ စိတ္ႂကြေဆး ၁၂ သန္းေက်ာ္နဲ႔ မူးယစ္ဂိုဏ္းဝင္ ၁၂ ဦးကို ဒီရက္ပုိင္းမွာပဲ ထိုုင္းအာဏာပုိင္ေတြက ဖမ္းဆီးခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္၊ ခ်င္းမိုုင္နဲ႔ အယုဒၶယျပည္နယ္ေတြမွာ ေအာက္တိုုဘာလ ၂၁ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိ မူးယစ္ေမွာင္ခိုုဂိုုဏ္းဝင္ ၁၂ ဦးနဲ႔ ကာလတန္ဖုိး ထိုုင္းဘတ္ေငြ သန္း ၂,၀၀၀ ေက်ာ္ရွိတဲ့ မူးယစ္ေဆးဝါးေတြကိုု ဆက္တိုုက္ဖမ္းမိခဲ့တာ ျဖစ္တယ္လိုု႔ အမွတ္ ၅ ေဒသ မူးယစ္ႏွိမ္နင္းေရးအဖြဲ႔ သတင္းစာရွင္းလင္းပြဲမွာ ထုုတ္ျပန္သြားပါတယ္။

မူးယစ္ေဆးဝါး အမ်ားအျပား ရက္ပုိင္းအတြင္းမွာပဲ ဖမ္းမိခဲ့တာေတြနဲ႔ မူူးယစ္ဂိုဏ္းဝင္ေတြကို ဖမ္းမိခဲ့တာေတြနဲ႔ ပတ္သက္လို႔ မူးယစ္ႏွိမ္နင္းေရးအဖဲြ႔က အႀကီးအကဲတဦးျဖစ္တဲ့ Wichai Chaimongkol ကေတာ့ အခုလိုေျပာသြားပါတယ္။

“အခုုလိုု မူးယစ္ေဆးဝါး အေျမာက္အျမားကိုု ထိုုင္းႏုိင္ငံထဲ သယ္ေဆာင္ေနတဲ့ မူးယစ္ဂိုဏ္းဝင္ေတြကုိ ဖမ္းမိၿပီးတဲ့ေနာက္ တဖက္ႏုိင္ငံကေန စီစဥ္ၿပီး ပိုု႔ေပးေနတဲ့သူေတြကိုု မၾကာခင္ ေဖာ္ထုုတ္ၿပီး ဖမ္းဝရမ္း ထုတ္ျပန္သြားပါမယ္။ ဒါ့အျပင္ ဒီလူေတြနဲ႔ပတ္သက္လုိ႔ သတင္းေပးႏုိင္ေအာင္ ဆုုေငြပါ ထုုတ္ျပန္သြားမွာ ျဖစ္ပါတယ္။ ဒီဂိုုဏ္းေတြဟာ ထိုုင္းကေနတဆင့္ ႏုိင္ငံတကာအထိ ဆက္လက္ပိုု႔ေဆာင္ ေပးပုိ႔ေနတာျဖစ္တယ္။” ဆုိၿပီး ေျပာဆိုသြားတာပါ။

ေအာက္တိုုဘာ ၂၃ ရက္ေန႔က ထိုုင္း-ျမန္မာနယ္စပ္ ခ်င္းမိုုင္ျပည္နယ္က နကြန္စဝမ္ၿမိဳ႕အထိ ေမာင္းဝင္လာတဲ့ ကားထဲမွာေတာ့ စိတ္ႂကြေဆး ၆ သန္းေက်ာ္နဲ႔ မူးယစ္ဂိုဏ္းဝင္ ၃ ဦးကို ဖမ္းမိခဲ့ၿပီး တေန႔တည္းမွာပဲ ခ်င္း႐ုိင္ျပည္နယ္အတြင္း အဓိက မူးယစ္ဂိုုဏ္းဝင္ ၉ ဦးကိုုလည္း စိတ္ႂကြေဆးေတြနဲ႔ ထိုုင္း-ျမန္မာနယ္စပ္ ခ်င္း႐ုိင္ျပည္နယ္ ခ်င္းစန္ေဒသမွာ ဖမ္းမိခဲ့ေၾကာင္းလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေအာက္တိုုဘာလ ၂၁ ရက္ေန႔ကေတာ့ အယုဒၶယျပည္နယ္ထဲမွာ စိတ္ႂကြေဆး ၄,၄၀၀,၀၀၀ ေက်ာ္နဲ႔ အိုက္စ္မူးယစ္ေဆး ကီလို ၂၀၀ ကို ဖမ္းမိခဲ့ပါတယ္။ မူးယစ္ႏွိမ္နင္းေရးရဲေတြဟာ ဖမ္းမိသူေတြရဲ႕ ကြင္းဆက္ျဖစ္တဲ့ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္လို႔ ေငြေၾကးခဝါခ်ေပးေနတယ္လို႔ စြပ္စြဲခံရတဲ့ ဘန္ေကာက္ၿမိဳ႕က ေနအိမ္တအိမ္ကုိလည္း ဒီရက္ပုိင္းမွာပဲ ဝင္ေရာက္စီးနင္းခ့ဲၿပီး ဘတ္ေငြ သန္း ၇၀ ေက်ာ္ကုိလည္း သိမ္းဆည္းခဲ့ပါတယ္။

ထိုင္းအစိုးရအေနနဲ႔ တႏွစ္အတြင္း ေရႊႀတိဂံေဒသထုုတ္ စိတ္ႂကြေဆးဝါး သန္းေပါင္း ၆၀ ဖမ္းဆီးႏုိင္ခဲ့ၿပီး မူးယစ္တရားခံ ၆၄၁ ဦးနဲ႔အတူ ပိုုင္ဆိုုင္မႈတန္ဖုိး ဘတ္သန္း ၆၀၀ ကိုု ႏုိင္ငံေတာ္ပိုုင္ သိမ္းယူခဲ့ေၾကာင္း ထိုုင္းႏုိင္ငံေျမာက္ပိုုင္းက မူးယစ္ႏွိမ္နင္းေရး တာဝန္ရွိသူမ်ားကလည္း မၾကာေသးခင္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်း ထိုင်းမှာ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်နဲ့ အယုဒ္ဓယပြည်နယ်တွေမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး ၁၂ သန်းကျော်နဲ့ မူးယစ်ဂိုဏ်းဝင် ၁၂ ဦးကို ဒီရက်ပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ ချင်းမိုင်နဲ့ အယုဒ္ဓယပြည်နယ်တွေမှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မူးယစ်မှောင်ခိုဂိုဏ်းဝင် ၁၂ ဦးနဲ့ ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၂,၀၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဆက်တိုက်ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ အမှတ် ၅ ဒေသ မူးယစ်နှိမ်နင်းရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်သွားပါတယ်။

မူးယစ်ဆေးဝါး အများအပြား ရက်ပိုင်းအတွင်းမှာပဲ ဖမ်းမိခဲ့တာတွေနဲ့ မူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းမိခဲ့တာတွေနဲ့ ပတ်သက်လို့ မူးယစ်နှိမ်နင်းရေးအဖွဲ့က အကြီးအကဲတဦးဖြစ်တဲ့ Wichai Chaimongkol ကတော့ အခုလိုပြောသွားပါတယ်။

“အခုလို မူးယစ်ဆေးဝါး အမြောက်အမြားကို ထိုင်းနိုင်ငံထဲ သယ်ဆောင်နေတဲ့ မူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းမိပြီးတဲ့နောက် တဖက်နိုင်ငံကနေ စီစဉ်ပြီး ပို့ပေးနေတဲ့သူတွေကို မကြာခင် ဖော်ထုတ်ပြီး ဖမ်းဝရမ်း ထုတ်ပြန်သွားပါမယ်။ ဒါ့အပြင် ဒီလူတွေနဲ့ပတ်သက်လို့ သတင်းပေးနိုင်အောင် ဆုငွေပါ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီဂိုဏ်းတွေဟာ ထိုင်းကနေတဆင့် နိုင်ငံတကာအထိ ဆက်လက်ပို့ဆောင် ပေးပို့နေတာဖြစ်တယ်။” ဆိုပြီး ပြောဆိုသွားတာပါ။

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ်က နကွန်စဝမ်မြို့အထိ မောင်းဝင်လာတဲ့ ကားထဲမှာတော့ စိတ်ကြွဆေး ၆ သန်းကျော်နဲ့ မူးယစ်ဂိုဏ်းဝင် ၃ ဦးကို ဖမ်းမိခဲ့ပြီး တနေ့တည်းမှာပဲ ချင်းရိုင်ပြည်နယ်အတွင်း အဓိက မူးယစ်ဂိုဏ်းဝင် ၉ ဦးကိုလည်း စိတ်ကြွဆေးတွေနဲ့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ချင်းစန်ဒေသမှာ ဖမ်းမိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကတော့ အယုဒ္ဓယပြည်နယ်ထဲမှာ စိတ်ကြွဆေး ၄,၄၀၀,၀၀၀ ကျော်နဲ့ အိုက်စ်မူးယစ်ဆေး ကီလို ၂၀၀ ကို ဖမ်းမိခဲ့ပါတယ်။ မူးယစ်နှိမ်နင်းရေးရဲတွေဟာ ဖမ်းမိသူတွေရဲ့ ကွင်းဆက်ဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ငွေကြေးခဝါချပေးနေတယ်လို့ စွပ်စွဲခံရတဲ့ ဘန်ကောက်မြို့က နေအိမ်တအိမ်ကိုလည်း ဒီရက်ပိုင်းမှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ သန်း ၇၀ ကျော်ကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ တနှစ်အတွင်း ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးဝါး သန်းပေါင်း ၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ ဦးနဲ့အတူ ပိုင်ဆိုင်မှုတန်ဖိုး ဘတ်သန်း ၆၀၀ ကို နိုင်ငံတော်ပိုင် သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းက မူးယစ်နှိမ်နင်းရေး တာဝန်ရှိသူများကလည်း မကြာသေးခင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG