သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူးယစ္ေမွာင္ခိုသူေတြကို ထိုင္းအာဏာပိုင္ေတြ ပစ္ခတ္ဖမ္းဆီး


ထိုင္းမူးယစ္ဗ်ဴရုိ နဲ႔ ရဲတပ္ဖြဲ႔က မူးယစ္ေဆးဝါးမ်ားဖမ္းမိခဲ့စဥ္

မူးယစ္ေမွာင္ခိုသူေတြကို ထိုင္းအာဏာပိုင္ေတြ ပစ္ခတ္ဖမ္းဆီး

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ ထိုင္းႏိုင္ငံ နယ္စပ္ေဒသေတြမွာ ဒီရက္ပိုင္းအတြင္း မူးယစ္ေဆးဝါး ေမွာင္ခိုသမားေတြအျဖစ္ သံသယရွိသူေတြနဲ႔ ထိုင္းလုံျခံဳေရး တပ္ဖဲြ႕ေတြ ပစ္ခတ္ဖမ္းဆီးခဲ့ၿပီး စိတ္ႂကြေဆး အေျမာက္အမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။ တခ်ိန္တည္းမွာပဲ ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္မွာ ေငြမည္းေတြကို ခဝါခ်ေပးေနတယ္လို႔ မသကၤာတဲ့ ကုမၸဏီ တခုကိုလည္း စီးနင္းရွာေဖြခဲ့ၾကတာပါ။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ထိုင္းႏိုင္ငံ အေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက ေျပာျပေပးမွာ ျဖစ္ပါတယ္။

ထိုင္းေျမာက္ပိုင္း ခ်င္ရိုင္းျပည္နယ္ မိုဆယ္ေက်းရြာ မဲေခါက္သြန္ ့ နယ္ျခား သစ္ေတာအတြင္း အမွတ္၃၂ နယ္ျခားေစာင့္တပ္ရင္း တပ္ဖြဲ ့၀င္ေတြနဲ့ မူးယစ္ေမွာင္ခို၁၅ ဦး ရင္ဆိုင္ပစ္ခတ္မွုျဖစ္ပြားခဲ့တဲ့ျဖစ္ရပ္မွာ မူးယစ္ေမွာင္ခိုသမားနွစ္ဦးေသဆံုးခဲ့ျပီး တျခားလက္နက္ကိုင္ေတြကေတာ့ လာလမ္းအတိုင္းဆုတ္ခြာထြက္ေျပးျပီး စိတ္ႀကြေဆးေတြ သယ္ေဆာင္လာတဲ့ အိပ္၁၅ လံုးကို စြန္႔ပစ္ထြက္ေျပးခဲ့ပါတယ္။ အဲဒီထဲမွ ာစိတ္ၾကြေဆး ၁သန္းခဲြကုိ သိမ္းဆည္းရမိခဲ့ျပီး မူးယစ္ေမွာင္ခိုသမား ၂ဦးကိုအေသပစ္ခတ္ဖမ္းမိခဲ့တယ္လို့ဆုိပါတယ္။

တဆက္တည္းမွာပဲ စက္တင္ဘာလ ၂၃ရက္ေန့ တာ့ခ္ျပည္နယ္ မဲေဆက္ျမိဳနယ္တြင္းမွာပဲ မူးယစ္ေဆး၀ါးကရတဲ့ တရားမ၀င္ေငြမဲေတြကိုေငြျဖူအျဖစ္ ျပန္လည္အသက္သြင္းေပးေနတဲ့ ျမန္မာနိုင္ငံသားပိုင္ ရတနာကုမၸဏီကို၀င္ေရာက္စီးနင္းခဲ့ျပီး ဘတ္ေငြ ၄၃သန္း တန္ဖိုးရွိတဲ့ေနအိမ္ ရတနာပစၥည္းေတြနဲ့ ကားေတြကို သိမ္းလိုက္ပါတယ္။

မူခင္းသတင္းထုတ္ျပန္ေရးဆိုင္ရာ ရဲမူး Somkane Traiyasut ကေတာ့ မဲေဆာက္ျဖစ္စဥ္နဲ့ပတ္သက္လုိ့ ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္။

"က်ေနာ္တို့ အေရးေပၚ မူ၀ါဒခ်မွတ္လိုက္တာကေတာ့ မူယစ္ေဆး၀ါးေတြကိုေနာက္ကြယ္ကေန ႀကိဳကုိင္ခ်ယ္လွယ္ေနသူေတြ မူးယစ္ေဆး၀ါးကရလာတဲ့ေငြမဲေတြကို ေငြျဖဴအျဖစ္ခ၀ါခ်ေနသူေတြကို မူးယစ္ေဆး၀ါး ကြန္ယက္တခုလံုးကိုဖမ္းျပီး အျပစ္ေပးႏိုင္ေအာင္ႀကိဳးစားေနႀကပါတယ္ "

ထိုင္းအစိုးရ အေနနဲ့ တႏွစ္အတြင္း ထိုင္းျမန္မာနယ္စပ္ ေရႊၾတိဂံေဒသထုတ္ စိတ္ၾကြေဆး သန္းေပါင္း၆၀ ဖမ္းဆီးနိုင္ခဲ့ျပီး မူးယစ္တရားခံ ၆၄၁ဦး နဲ့အတူ ပိုင္ဆိုင္မွု တန္ဘိုး ဘတ္သန္း၆၀၀ ကိုနိုင္ငံေတာ္ပိုင္သိမ္းယူခဲ့ေၾကာင္း ထိုင္းႏိုင္ငံေျမာက္ပိုင္းက မူးယစ္ႏွိပ္နင္းေရး တာ၀န္ရွိသူမ်ားကထုတ္ျပန္ခဲ့ပါတယ္။

...............................

တိုက္႐ိုက္ လင့္ခ္

မူးယစ်မှောင်ခိုသူတွေကို ထိုင်းအာဏာပိုင်တွေ ပစ်ခတ်ဖမ်းဆီး

{{Unicode}}

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ ဒီရက်ပိုင်းအတွင်း မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး စိတ်ကြွဆေး အမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မှာ ငွေမည်းတွေကို ခဝါချပေးနေတယ်လို့ မသင်္ကာတဲ့ ကုမ္ပဏီ တခုကိုလည်း စီးနင်းရှာဖွေခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ပြောပြပေးမှာ ဖြစ်ပါတယ်။

ထိုင်းမြောက်ပိုင်း ချင်ရိုင်းပြည်နယ် မိုဆယ်ကျေးရွာ မဲခေါက်သွန့် နယ်ခြား သစ်တောအတွင်း အမှတ်၃၂ နယ်ခြားစောင့်တပ်ရင်း တပ်ဖွဲ့ဝင်တွေနဲ့ မူးယစ်မှောင်ခို၁၅ ဦး ရင်ဆိုင်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာ မူးယစ်မှောင်ခိုသမားနှစ်ဦးသေဆုံးခဲ့ပြီး တခြားလက်နက်ကိုင်တွေကတော့ လာလမ်းအတိုင်းဆုတ်ခွာထွက်ပြေးပြီး စိတ်ကြွဆေးတွေ သယ်ဆောင်လာတဲ့ အိပ်၁၅ လုံးကို စွန့်ပစ်ထွက်ပြေးခဲ့ပါတယ်။ အဲဒီထဲမှ ာစိတ်ကြွဆေး ၁သန်းခွဲကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်မှောင်ခိုသမား ၂ဦးကိုအသေပစ်ခတ်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

တဆက်တည်းမှာပဲ စက်တင်ဘာလ ၂၃ရက်နေ့ တာ့ခ်ပြည်နယ် မဲဆေက်မြိုနယ်တွင်းမှာပဲ မူးယစ်ဆေးဝါးကရတဲ့ တရားမဝင်ငွေမဲတွေကိုငွေဖြူအဖြစ် ပြန်လည်အသက်သွင်းပေးနေတဲ့ မြန်မာနိုင်ငံသားပိုင် ရတနာကုမ္ပဏီကိုဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ ၄၃သန်း တန်ဖိုးရှိတဲ့နေအိမ် ရတနာပစ္စည်းတွေနဲ့ ကားတွေကို သိမ်းလိုက်ပါတယ်။

မူခင်းသတင်းထုတ်ပြန်ရေးဆိုင်ရာ ရဲမူး Somkane Traiyasut ကတော့ မဲဆောက်ဖြစ်စဉ်နဲ့ပတ်သက်လို့ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

"ကျနော်တို့ အရေးပေါ် မူဝါဒချမှတ်လိုက်တာကတော့ မူယစ်ဆေးဝါးတွေကိုနောက်ကွယ်ကနေ ကြိုကိုင်ချယ်လှယ်နေသူတွေ မူးယစ်ဆေးဝါးကရလာတဲ့ငွေမဲတွေကို ငွေဖြူအဖြစ်ခဝါချနေသူတွေကို မူးယစ်ဆေးဝါး ကွန်ယက်တခုလုံးကိုဖမ်းပြီး အပြစ်ပေးနိုင်အောင်ကြိုးစားနေကြပါတယ် "

ထိုင်းအစိုးရ အနေနဲ့ တနှစ်အတွင်း ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေး သန်းပေါင်း၆၀ ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်တရားခံ ၆၄၁ဦး နဲ့အတူ ပိုင်ဆိုင်မှု တန်ဘိုး ဘတ်သန်း၆၀၀ ကိုနိုင်ငံတော်ပိုင်သိမ်းယူခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းက မူးယစ်နှိပ်နင်းရေး တာဝန်ရှိသူများကထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG