သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္စပ္မူးယစ္ဂိုဏ္း ဝင္ ၆ ဦးကို  ထိုင္းနယ္ျခားေစာင့္ေတြ  အေသမိ


နယ္စပ္မူးယစ္ဂိုဏ္းဝင္ ၆ ဦးကို ထိုင္းနယ္ျခားေစာင့္ေတြ အေသမိ (ဓါတ္ပုံ ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႔)

နယ္စပ္မူးယစ္ဂိုဏ္း ဝင္ ၆ ဦးကို ထိုင္းနယ္ျခားေစာင့္ေတြ အေသမိ

{{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ ထိုင္းေျမာက္ပိုင္း ခ်င္ရိုင္နယ္စပ္မွာ မူးယစ္ဂိုဏ္းနဲ ့ထိုင္းစစ္တပ္ၾကား ႏို၀င္ဘာလ၂၃ရက္ေန့မနက္က တိုက္ပြဲျဖစ္ပြားခဲ့ျပီး မူးယစ္ေမွာင္ခိုဂိုဏ္း၀င္ ၆ ဦး အေသဖမ္းမိျပီး ကလတန္ဖိုး ဘတ္ေငြသန္း၄၀၀နီးပါးခန့္ တန္ဖိုးရွိတဲ့ စိတ္ႀကြေဆးျပား တသန္းရွစ္သိန္း ဖမ္းမိခဲ့ေၾကာင္း အမွတ္သံုးနယ္ျခားေစာင့္တပ္ကထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ခ်င္ရိုင္ျပည္နယ္ Mae Fah Luang မဲဖာလြင္ေဒသ Pha Khao Bon ဖေခါင္ဘြန္နယ္စပ္ သစ္ေတာလမ္းမွာ နို၀င္ဘာလ ၂၃ရက္ေန ့ မနက္ေလးနာရီအခ်ိန္ေလာက္က မူးယစ္ေမွာင္ခိုသမားေတြနဲ့ ထုိင္း နယ္ျခားေစာင့္တပ္တို့ တိုက္ပဲြေတြျဖစ္ခဲ့ပါတယ္။

စိတ္ႀကြေဆးျပားေတြ သယ္ေဆာင္လာတဲ့ မူးယစ္ဂိုဏ္း၀င္ ၁၅ဦးနဲ့ အမွတ္၃ နယ္ျခားေစာင့္တပ္ဖြဲ ့၀င္ေတြနဲ ့ ထိပ္တိုက္ေတြခဲ့ၾကျပီးေနာက္ ႏွစ္ဖက္အၾကား မိနစ္ ၃၀အၾကာ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို့ ထုိင္းစစ္တပ္ကဆုိပါတယ္ ။

တိုက္ပဲြျဖစ္ျပီး မူးယစ္ေမွာင္ခိုဂိုဏ္း၀င္ေတြဟာ ျမန္မာနိုင္ငံဖက္ကို ျပန္လည္ဆုတ္ခြာသြားခဲ့လို့ ထုိင္းဘက္ကဆုိပါတယ္။ ႏို၀င္ဘာလာ၂၃ရက္ေန့ မနက္ပိုင္းမွာ ေတာ့ ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ ့နဲ ့အတူ ရဲတပ္ရင္းေတြက တိုက္ပဲြျဖစ္ပြားခဲ့တဲ့ေနရာကို သြားေရာက္ ရွင္းလင္းခဲ့ရာမွာ ေသနတ္ဒဏ္ရာနဲ့ ေသဆုံးေနတဲ့အေလာင္း ၆ေလာင္းနဲ႔အတူစိတ္ၾကြေဆးျပားအထုတ္ေတြကုိ သိမ္းဆည္းႏိုင္ခဲ့ပါတယ္ ။ ဒီအထုတ္ေတြထဲမွ ာစိတ္ႀကြေဆးျပား တသန္းရွစ္သိန္း ပါ၀င္ျပီး မူးယစ္ေမွာင္ခုိသမားေတြက မသယ္ႏိုင္လို့ စြန္ပစ္ခဲ့ၾကတာကို သိမ္းဆီးနိုင္ခဲ့ေၾကာင္းသိရပါတယ္။

အခင္းျဖစ္ပြားခဲ့တဲ့ေနရာဟာ ျမန္မာနိုင္ငံ တာခ်ီလိတ္ျမိဳ ့နဲ ့ အနီးဆံုးနယ္စပ္ေနရာျဖစ္ျပီး နယ္စပ္မ်ဥ္းနဲ ့ မီတာ ၁၀၀ ေလာက္သာကြာေ၀းပါတယ္။ အခင္းျဖစ္ပြားတဲ့ေနရာကို ခ်င္းရိုင္ျပည္နယ္ အမွတ္သံုးေဒသ စစ္ေဒသမွဴး Major General Narit Thawornwong ဗိုုလ္ခ်ဳပ္နရစ္ ထာ၀ုန္၀န္ ကိုယ္တိုင္ လာေရာက္စစ္ေဆးခဲ့ျပီး ထုိင္းဘာသာနဲ့အခုလိုေျပာသြားပါတယ္ ။

ဗိုုလ္ခ်ဳပ္ Narit Thawornwong ေျပာသြားတာကေတာအခုလို အခိ်န္မွီ တာဆီးပိတ္ဆို ့ဖမ္းနိုင္ခဲ့တာဟာ တပ္ဖဲြ ့၀င္ေတြပူးေပါင္းအဖြဲ ့အားလံုးရဲ ့ ႀကိဳးစားလုပ္ေဆာင္ခ်က္ေၾကာင့္ျဖစ္ပါတယ္ ။
နယ္စပ္တေလ်ွက္မွာ ေစာင့္ၾကည့္ေနတဲ့အဖြဲ ့ေပါင္း ၈၀ ေလာက္အထိ တိုးျမွင့္ ေစာင့္ၾကည့္ေပမယ့္ တကယ္တမ္းမွာ မလံုေလာက္ေသးတဲ့အတြက္ ျပည္သူေတြအေနနဲ ့ ပူးေပါင္းပါ၀င္ၾကဖို့ကုိလည္းတိုုက္တြန္းသြားပါတယ္။

အခုဖမ္းမိ မူးယစ္ေဆးေတြဟာ ျမန္မာနိုင္ငံ ၀လူမ်ိဳးစု လက္နက္ကိုင္ေတြနယ္ေျမကေန အမ်ားဆံုး၀င္ေရာက္လာေနျပီး နယ္စပ္ေက်းရြာေတြ ေက်းရြာအုပ္ခ်ဳပ္ေရး အာဏာပုိင္ေတြအထိ ပါ၀င္ပါတ္သက္ေနတယ္လို့ ထုိင္းသတင္းေတြမွာေဖာ္ျပႀကပါတယ္ ။

၀လူမ်ိဳးစုလက္နက္ကိုင္ေတြဘက္ကေန အမ်ားဆံုး၀င္ေရာက္လာေနတယ္လုိ့ ထုိင္းဘက္က ေျပာဆုိတဲ့အခါတိုင္း ျမန္မာႏိုင္ငံဘက္က ၀လူမ်ိဳးစုလက္နက္ကိုင္ေတြကေတာ့ ထုိင္းဘက္က အေျခအျမစ္မရိွတဲ့ စြတ္စဲြခ်က္ေတြသာျဖစ္တယ္ဆုိျပိီး ျငင္းဆုိေလ့ရွိပါတယ္ ။

.......................................................

တိုက္႐ိုက္ လင့္ခ္

နယ်စပ်မူးယစ်ဂိုဏ်း ဝင် ၆ ဦးကို ထိုင်းနယ်ခြားစောင့်တွေ အသေမိ

{{Unicode}}

ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း ချင်ရိုင်နယ်စပ်မှာ မူးယစ်ဂိုဏ်းနဲ့ထိုင်းစစ်တပ်ကြား နိုဝင်ဘာလ၂၃ရက်နေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်မှောင်ခိုဂိုဏ်းဝင် ၆ ဦး အသေဖမ်းမိပြီး ကလတန်ဖိုး ဘတ်ငွေသန်း၄၀၀နီးပါးခန့် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား တသန်းရှစ်သိန်း ဖမ်းမိခဲ့ကြောင်း အမှတ်သုံးနယ်ခြားစောင့်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ချင်ရိုင်ပြည်နယ် Mae Fah Luang မဲဖာလွင်ဒေသ Pha Khao Bon ဖခေါင်ဘွန်နယ်စပ် သစ်တောလမ်းမှာ နိုဝင်ဘာလ ၂၃ရက်နေ့ မနက်လေးနာရီအချိန်လောက်က မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်း နယ်ခြားစောင့်တပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

စိတ်ကြွဆေးပြားတွေ သယ်ဆောင်လာတဲ့ မူးယစ်ဂိုဏ်းဝင် ၁၅ဦးနဲ့ အမှတ်၃ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေခဲ့ကြပြီးနောက် နှစ်ဖက်အကြား မိနစ် ၃၀အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းစစ်တပ်ကဆိုပါတယ် ။

တိုက်ပွဲဖြစ်ပြီး မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံဖက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့လို့ ထိုင်းဘက်ကဆိုပါတယ်။ နိုဝင်ဘာလာ၂၃ရက်နေ့ မနက်ပိုင်းမှာ တော့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့အတူ ရဲတပ်ရင်းတွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက် ရှင်းလင်းခဲ့ရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့အလောင်း ၆လောင်းနဲ့အတူ စိတ်ကြွဆေးပြားအထုတ်တွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ် ။ ဒီအထုတ်တွေထဲမှ ာစိတ်ကြွဆေးပြား တသန်းရှစ်သိန်း ပါဝင်ပြီး မူးယစ်မှောင်ခိုသမားတွေက မသယ်နိုင်လို့ စွန်ပစ်ခဲ့ကြတာကို သိမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ အနီးဆုံးနယ်စပ်နေရာဖြစ်ပြီး နယ်စပ်မျဉ်းနဲ့ မီတာ ၁၀၀ လောက်သာကွာဝေးပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ချင်းရိုင်ပြည်နယ် အမှတ်သုံးဒေသ စစ်ဒေသမှူး Major General Narit Thawornwong ဗိုလ်ချုပ်နရစ် ထာဝုန်ဝန် ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ် ။

ဗိုလ်ချုပ် Narit Thawornwong ပြောသွားတာကတောအခုလို အချိန်မှီ တာဆီးပိတ်ဆို့ဖမ်းနိုင်ခဲ့တာဟာ တပ်ဖွဲ့ဝင်တွေပူးပေါင်းအဖွဲ့အားလုံးရဲ့ ကြိုးစားလုပ်ဆောင်ချက်ကြောင့်ဖြစ်ပါတယ် ။
နယ်စပ်တလျေှက်မှာ စောင့်ကြည့်နေတဲ့အဖွဲ့ပေါင်း ၈၀ လောက်အထိ တိုးမြှင့် စောင့်ကြည့်ပေမယ့် တကယ်တမ်းမှာ မလုံလောက်သေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ကိုလည်းတိုက်တွန်းသွားပါတယ်။

အခုဖမ်းမိ မူးယစ်ဆေးတွေဟာ မြန်မာနိုင်ငံ ဝလူမျိုးစု လက်နက်ကိုင်တွေနယ်မြေကနေ အများဆုံးဝင်ရောက်လာနေပြီး နယ်စပ်ကျေးရွာတွေ ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင်တွေအထိ ပါဝင်ပါတ်သက်နေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ် ။

ဝလူမျိုးစုလက်နက်ကိုင်တွေဘက်ကနေ အများဆုံးဝင်ရောက်လာနေတယ်လို့ ထိုင်းဘက်က ပြောဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံဘက်က ဝလူမျိုးစုလက်နက်ကိုင်တွေကတော့ ထိုင်းဘက်က အခြေအမြစ်မရှိတဲ့ စွတ်စွဲချက်တွေသာဖြစ်တယ်ဆိုပြီး ငြင်းဆိုလေ့ရှိပါတယ် ။

XS
SM
MD
LG