သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေတြိဂံမှာ မူးယစ်ဆေးဝါး စံချိန်တင်ပမာဏ လာအိုရဲ ဖမ်းမိ


ရွှေတြိဂံဒေသ အပေါ်စီးမြင်ကွင်း။
ရွှေတြိဂံဒေသ အပေါ်စီးမြင်ကွင်း။

{{Zawgyi/Unicode}}

ရွှေတြိဂံဒေသမှာ လာအိုရဲတပ်ဖွဲ့က မူးယစ်ဆေးတွေ စံချိန်တင်ဖမ်းမိလိုက်တယ်လို့ ထိုင်းလုံခြုံရေးသတင်းရင်းမြစ်နှစ်ခုက ဒီကနေ့ အတည်ပြု ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။ အခုဖမ်းမိတဲ့ပမာဏဟာ အာရှတိုက်အတွင်း မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ ကုလသမဂ္ဂကလည်း ပြောပါတယ်။

မြန်မာ-ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ လာအိုနိုင်ငံမြောက်ပိုင်း Bokeo မြို့မှာ ဘီယာစည်တွေတင်လာတဲ့ ထရပ်ကားကို ဗုဒ္ဓဟူးနေ့မှာ လာအိုရဲက တားဆီးစစ်ဆေးစဉ် Methamphetamine ဆေးပြား ၅၅ သန်းနဲ့ Crystal Meth ၁.၅ တန်တို့ကို ဖမ်းဆီး ရမိလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

“ဒါဟာ အရှေ့နဲ့ အရှေ့တောင်အာရှတိုက်အတွင်း အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးဌာန UNODC ရဲ့ အရှေ့တောင်အာရှဆိုင်ရာကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

လာအိုနိုင်ငံအတွင်း အခုလောက် မူးယစ်ဆေးဝါးတွေ များများစားစားဖမ်းဆီးမိတာဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေဖြစ်လာတဲ့အတွက် မူးယစ်မှောင်ခိုသမားတွေက လမ်းကြောင်းပြောင်း သယ်နေကြတဲ့ အတွက်ဖြစ်တယ်လို့ Jeremy Douglas က ပြောပါတယ်။

ဒါဟာ ရွှေတြိဂံဒေသနဲ့ ရှမ်းပြည်နယ်အတွင်းက လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းအခြေအနေတွေ ပြောင်းလဲလာတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တယ်လို့လည်း Jeremy Douglas က ပြောပါတယ်။

ကမ္ဘာမှာ မူးယစ်ဆေးအများဆုံးထုတ်လုပ်တဲ့ဒေသတခုအဖြစ် သိထားကြတဲ့ ရွှေတြိဂံနယ်မြေဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ ထိုင်း၊ လာအိုနိုင်ငံတို့ ၃ ပွင့်ဆိုင် ဆုံတဲ့နေရာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


=================

{{Unicode}}









=================

XS
SM
MD
LG