သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတႏွစ္ျပည့္ လက္နက္ကိုင္ေတာ္လွန္ေရး အလားအလာ


KNDF ပူးေပါင္းတပ္ဖြဲ႔ေတြက ဖမ္းဆီးရမိတဲ့ လက္နက္ခဲယမ္းမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

စစ္တပ္ကေန ႏိုင္ငံေတာ္အာဏာကိုသိမ္းပိုက္ခဲ့တာ တႏွစ္ျပည့္ခဲ့ၿပီးေနာက္ တိုင္းနဲ႔ ျပည္နယ္အႏွံ႔ သပိတ္ေမွာက္ဆႏၵျပမႈေတြ လက္နက္ ကိုင္ ဆန႔္က်င္ေတာ္လွန္မႈေတြလည္း ရွိေနဆဲပါ။ တိုင္းရင္းသားေဒသေတြျဖစ္ၾကတဲ့ ကရင္နီ၊ ခ်င္းနဲ႔ ကရင္ျပည္နယ္တို႔မွာ လက္နက္ကိုင္ ေတာ္လွန္မႈ အရွိန္အျမင့္ဆုံးျဖစ္ေနပါတယ္။ လက္နက္ကိုင္အဖြဲ႔ေတြအေနနဲ႔ ေရွ႕ဆက္ ဘယ္လို လႈပ္ရွားၾကမလဲ၊ ဘယ္လိုအခက္ခဲေတြရွိေနပါသလဲ။ ဒီအေၾကာင္းရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

စစ္တပ္ကေန အာဏာသိမ္းၿပီးေနာက္ပိုင္း ကရင္နီ၊ ကရင္၊ ခ်င္းစတဲ့ျပည္နယ္ေတြမွာ စစ္အာဏာရွင္ဆန႔္က်င္ေရးအတြက္ လက္နက္ကိုင္တိုက္ပြဲအရွိန္ျမင့္လာခဲ့ပါတယ္။ ကရင္နီေဒသဘက္မွာ ၂၀၂၁ ခုႏွစ္ ေမလကစၿပီး ကရင္နီကာကြယ္ေရးတပ္ေပါင္းစုအဖြဲ႔နဲ႔ စစ္ေကာင္စီတပ္ေတြၾကားမွာ တိုက္ပြဲ စတင္ျဖစ္ပြါးလာခဲ့ၿပီး အခုအခ်ိန္မွာ ျပည္နယ္အႏွံ႔မွာ ေတာ္လွန္မႈအရွိန္ျမင့္တက္လာေနတာပါ။

ဒီလို စစ္အာဏာရွင္စံနစ္ေတာ္လွန္မႈမွာ စိတ္ပိုင္းဆိုင္ရာ သာလြန္မႈေတြရေနတယ္လို႔ ကရင္နီအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ KNDF ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“က်ေနာ္တို႔ ေတာ္လွန္ေရးလုပ္တယ္၊စစ္ေကာင္စီရဲ႕အဏာသိမ္းမႈကိုဆန႔္က်င္တယ္။ လုံးဝလက္မခံႏိုင္ဘူးဆိုတဲ့ အခ်ိန္ကေနစၿပီးေတာ့ ေနာက္ဆုတ္ဖို႔ဆိုတဲ့အရာ ဘယ္အခါမွမစဥ္းစားခဲ့ဘူးဘူး။ ေနာက္ က်ေနာ္တို႔ KNDF၊ KA စသည္ကလည္း - စစ္ေကာင္စီက ဒီလို တိုက္ပြဲေတြဆက္ေဖာ္ေနတယ္။ တိုက္ပြဲေတြ ဆက္ရွိေနတာ အခုထက္ထိပဲ။ က်ေနာ္တို႔မွာ သာလြန္တဲ့အင္အားရွိတယ္။ သာလြန္တဲ့ စိတ္ဓါတ္ေတြ၊ သာလြန္တဲ့နယ္ေျမကြၽမ္းက်င္မႈေတြရွိတဲ့အတြက္ ဒီ မလုံေလာက္မႈေတြကို လ်စ္လွ်ဴရႈၿပီးေတာ့ တိုက္ပြဲေတြ ဆက္ၿပီး ေဖာ္ဆာင္သြားဖို႔ပဲ ရွိပါတယ္ခင္ဗ်။”

စစ္ေကာင္စီတပ္ေတြကို ေတာ္လွန္ေနတဲ့ ကရင္နီကာကြယ္ေရးအဖြဲ႔ေတြမွာ လက္နက္အင္အား နည္းေနတယ္လို႔ KNDF ျပန္ၾကားေရးတာဝန္ခံက ေျပာပါတယ္။

“အခုခ်ိန္မွာ က်ေနာ္တို႔အခက္ခဲေတြကေတာ့ လက္နက္ခဲယမ္းေတြ... တေလွ်ာက္လုံး က်ေနာ္တို႔ခက္ခဲတာေပါ့ေလ။ ဒါ အႀကီးမားဆုံး အခက္အခဲပဲ ျဖစ္တယ္။ လက္ရွိအေျခအေနက တႏွစ္ပတ္လုံး တင္းမာေနတယ္လို႔ပဲ ေျပာရမွာေပါ့။ တိုက္ပြဲမရွိတဲ့ေန႔ေတြက ခပ္ရွားရွားေပါ့ေနာ္။ အဆိုးဆုံးအေျခအေနကေတာ့ ေလေၾကာင္းပစ္ကူလာတဲ့အခါက်ေတာ့ က်ေနာ္တို႔အတြက္ တိုက္ပြဲမွာ အခက္ခဲျဖစ္ေစတဲ့ကိစၥရပ္ဘဲေပါ့ေလ။”

ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ စစ္ေကာင္စီတပ္ကေန ေလေၾကာင္းတိုက္ခိုက္မႈေတြ အျပင္းအထန္လုပ္ေဆာင္ခဲ့လို႔ လြိဳင္ေကာ္ၿမိဳ႕ေပၚက လူအမ်ားအျပား စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။ ကရင္နီေဒသမွာ လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ဖ႐ူဆို၊ မိုးၿဗဲ အစရွိတဲ့ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီအမ်ိဳးသား ကာကြယ္ေရးအဖြဲ႔ KNDF၊ ကရင္နီတပ္မေတာ္ KA၊ ကရင္နီျပည္သူ႔ကာကြယ္ေရးအဖြဲ႔၊ မိုးၿဗဲကာကြယ္ေရးအဖြဲ႔ အစရွိတဲ့တပ္ေပါင္းစုေတြနဲ႔ တိုက္ပြဲျဖစ္ပြါးေနတာပါ။ တိုက္ပြဲျဖစ္စဥ္အတြင္း ေဒသခံျပည္သူ တသိန္းခြဲေလာက္ ေနရပ္စြန႔္ခြါ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အလားတူ ခ်င္းျပည္နယ္ဘက္မွာလည္း မင္းတပ္၊ မတူပီ၊ ထန္တလန္၊ ကန္ပက္လက္၊ ဟားခါး၊ တီးတိန္၊ တြန္းဇံ အစရွိတဲ့ၿမိဳ႕နယ္ေတြမွာ ေဒသခံခ်င္းကာကြယ္ေရးတပ္နဲ႔ စစ္ေကာင္စီတပ္တို႔အၾကားတိုက္ပြဲျဖစ္ေနပါတယ္။ လက္ရွိခ်င္းကာကြယ္ေရးအဖြဲ႔ေတြအေနနဲ႔ စစ္အာဏာရွင္စံနစ္က်ဆုံးေရးအတြက္ တိုက္ပြဲဝင္သြားမယ္လို႔ မတူပီ ခ်င္းကာကြယ္ေရး CNDF အဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ေနဦးလင္းကေျပာပါတယ္။

“စကစ အာဏာသိမ္းတာကတႏွစ္ျပည့္ၿပီေပါ့ေနာ။ ကြၽန္ေတာ္တို႔ျပည္သူေတြကေတာ့ သူတို႔ရဲ႕အာဏာသိမ္းမႈကို လက္ မခံဘူး။ ကြၽန္ေတာ္တို႔ ေတာင္ေပၚေရာ ေျမျပန႔္ပါမက်န္ေပါ့ေနာ။ လက္နက္ကိုင္ၿပီးေတာ့မွ ခုခံၿပီးေတာ့ အေကာင္းဆုံးျပင္ဆင္တဲ့ဟာေတြ ရွိတာေပါ့ေနာ။ စကစကို လုံးဝ(လုံးဝ) လက္မခံႏိုင္ပါဘူးေပါ့ေနာ။ တိုင္းရင္းသားေတြအတြက္ေပါ့ေနာ္။ ကိုယ္ကံၾကမၼာကိုယ္ ဖန္တီးေရးအတြက္ အဆုံးထိ တိုက္ပြဲဝင္မယ္ေပါ့ေနာ။’’

တိုက္ပြဲဝင္ေနတဲ့ ကာကြယ္ေရးအဖြဲ႔ေတြအေနနဲ႔ လက္နက္ခဲယမ္းေတြ အကူညီမရၾကဘူးလို႔ ေနဦးလင္းကေျပာပါတယ္။

“ခ်င္းျပည္နယ္အေနနဲ႔ေျပာမယ္ဆိုရင္ ေဒသကာကြယ္ေရးအဖြဲ႔အသီးသီးမွာရွိတဲ့ လက္နက္ကိုင္ေတြအားလုံးအတြက္ အခ်ိန္မီ ျဖည့္ဆည္းေပးဖို႔။ ေနာက္ လက္နက္ခဲယမ္းေတြ ထိုက္သင့္သေလာက္ တပ္ဆင္ေပးဖို႔ေတာ့ NUG အစိုးရအေနနဲ႔ေတာ့ ေလာေလာဆယ္ မရွိေသးဘူးေပါ့ေနာ္။ ဒါေပမဲ့ ဒီၾကားထဲ ျဖစ္ႏိုင္တဲ့ဘက္ကေန ဒုကၡသည္ေတြအတြက္ လႉဒါန္းေပးတဲ့ဟာရွိတယ္။ ႏိုင္တဲ့ဘက္ကေနၿပီးေတာ့ ဒီ NUG အစိုးရပိုင္းအေနနဲ႔ ဒါ လုပ္ေဆာင္တယ္ေပါ့။’’

ခ်င္းျပည္နယ္ဘက္မွာ စစ္ေကာင္စီတပ္ကေန အေနာ္ရထာစစ္ဆင္ေရးအေနနဲ႔ အင္အားနဲ႔ထိုးစစ္ဆင္ေနတာေၾကာင့္ ေန႔စဥ္ တိုက္ပြဲျဖစ္ပြါးေနပါတယ္။ တိုက္ပြဲေၾကာင့္ေဒသခံ့တသိန္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ကရင္ျပည္နယ္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ရဲ႕ဖာပြန္ခ႐ိုင္ သထုံခ႐ိုင္နဲ႔ ဒူပလာယာခ႐ိုင္ဘက္မွာလည္း KNU တပ္ဖြဲ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကားတိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

ျပည္ပေရာက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ စစ္ေကာင္စီကိုေတာ္လွန္ေနတဲက PDF အပါအဝင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ေတြကို လက္နက္အကူညီေပးေဆာင္မယ္လို႔ သတင္းေပၚထြက္ေနေပမယ့္ အကူအညီမရေသးဘူးလို႔ KNU တပ္မဟာ (၅) ေျပာခြင့္ရ ဗိုလ္မႉးေစာကလယ္ဒိုကေျပာပါတယ္။

“NUG နဲ႔ပက္သက္တာကေတာ့ ဒီေနရာေဒသနဲ႔က်ေတာ့ သူတို႔ အကူညီရရွိတာ မရွိေသးဘူး။ ဒါေပမဲ့ အဆက္အသြယ္ယူၿပီး ဆက္လက္ၿပီးေတာ့ အကူညီရရွိႏိုင္ဖို႔ သူတို႔ႀကိဳးစားေနတယ္လို႔ပဲအဲဒီလိုပဲ သတင္းေပးလာတာရွိပါတယ္။’’

KNU တပ္မဟာ (၅) ဖာပြန္ခ႐ိုင္ဘက္မွာေတာ့ ေန႔စဥ္လိုလိုတိုက္ပြဲျဖစ္ပြါးေနတယ္လို႔လည္း KNU ဖာပြန္ခ႐ိုင္ေျပာခြင့္ရ ပဒိုမန္းမန္းက ေျပာပါတယ္။

“ေန႔စဥ္နဲ႔အမွ်ျဖစ္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။ တိုက္ပြဲေတြျဖစ္ေနတာေပါ့ေနာ။ စစ္ေကာင္စီဘက္က လက္နက္ႀကီးနဲ႔ပစ္ခတ္တာ။ ဆိုေတာ့ တိုက္ပြဲသေဘာေတာင္မကဘဲနဲ႔ စစ္ေကာင္စီက အရပ္သားေတြကိုပါ ပစ္မွတ္ထားၿပီး ပစ္ခတ္ေနတာကို ေတြ႕ျမင္ရတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။’’

ကရင္ျပည္နယ္ ဖားပြန္ၿမိဳ႕နယ္ဘက္မွာ ၂၀၁၈ ခုႏွစ္ မတ္လကတည္းက စလို႔ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးတပ္မဟာ ၅ အဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔စစ္ေရးပဋိပကၡျဖစ္ပြါးလာခဲ့ ၿပီး ၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြါးလာခဲ့တာပါ။ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ ေဒသခံ႐ြာသား (၇) ေသာင္းခန႔္ဟာ ထိုင္း ျမန္မာနယ္စပ္ေဒသေတြအပါအဝင္ ေဘးလြတ္ရာ ေနရာေတြမွာ ခိုလႈံေနၾကရပါတယ္။

လက္ရွိစစ္ေရးတင္းမာေနတဲ့ ကရင္နီ၊ ကရင္၊ ခ်င္း စတဲ့တိုင္းရင္းသားေဒသေတြမွာ သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ ႐ြာသားေတြဟာ စားေသာက္ေနထိုင္ေရး က်န္းမာေရး ပညာေရးအခက္ခဲေတြနဲ႔ႀကဳံေတြ႔ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

စစ်အာဏာသိမ်းတနှစ်ပြည့် လက်နက်ကိုင်တော်လှန်ရေး အလားအလာ

စစ်တပ်ကနေ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ခဲ့တာ တနှစ်ပြည့်ခဲ့ပြီးနောက် တိုင်းနဲ့ ပြည်နယ်အနှံ့ သပိတ်မှောက်ဆန္ဒပြမှုတွေ လက်နက် ကိုင် ဆန့်ကျင်တော်လှန်မှုတွေလည်း ရှိနေဆဲပါ။ တိုင်းရင်းသားဒေသတွေဖြစ်ကြတဲ့ ကရင်နီ၊ ချင်းနဲ့ ကရင်ပြည်နယ်တို့မှာ လက်နက်ကိုင် တော်လှန်မှု အရှိန်အမြင့်ဆုံးဖြစ်နေပါတယ်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှေ့ဆက် ဘယ်လို လှုပ်ရှားကြမလဲ၊ ဘယ်လိုအခက်ခဲတွေရှိနေပါသလဲ။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်တပ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ၊ ကရင်၊ ချင်းစတဲ့ပြည်နယ်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲအရှိန်မြင့်လာခဲ့ပါတယ်။ ကရင်နီဒေသဘက်မှာ ၂၀၂၁ ခုနှစ် မေလကစပြီး ကရင်နီကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲ စတင်ဖြစ်ပွါးလာခဲ့ပြီး အခုအချိန်မှာ ပြည်နယ်အနှံ့မှာ တော်လှန်မှုအရှိန်မြင့်တက်လာနေတာပါ။

ဒီလို စစ်အာဏာရှင်စံနစ်တော်လှန်မှုမှာ စိတ်ပိုင်းဆိုင်ရာ သာလွန်မှုတွေရနေတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးလုပ်တယ်၊စစ်ကောင်စီရဲ့အဏာသိမ်းမှုကိုဆန့်ကျင်တယ်။ လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ အချိန်ကနေစပြီးတော့ နောက်ဆုတ်ဖို့ဆိုတဲ့အရာ ဘယ်အခါမှမစဉ်းစားခဲ့ဘူးဘူး။ နောက် ကျနော်တို့ KNDF၊ KA စသည်ကလည်း - စစ်ကောင်စီက ဒီလို တိုက်ပွဲတွေဆက်ဖော်နေတယ်။ တိုက်ပွဲတွေ ဆက်ရှိနေတာ အခုထက်ထိပဲ။ ကျနော်တို့မှာ သာလွန်တဲ့အင်အားရှိတယ်။ သာလွန်တဲ့ စိတ်ဓါတ်တွေ၊ သာလွန်တဲ့နယ်မြေကျွမ်းကျင်မှုတွေရှိတဲ့အတွက် ဒီ မလုံလောက်မှုတွေကို လျစ်လျှူရှုပြီးတော့ တိုက်ပွဲတွေ ဆက်ပြီး ဖော်ဆာင်သွားဖို့ပဲ ရှိပါတယ်ခင်ဗျ။”

စစ်ကောင်စီတပ်တွေကို တော်လှန်နေတဲ့ ကရင်နီကာကွယ်ရေးအဖွဲ့တွေမှာ လက်နက်အင်အား နည်းနေတယ်လို့ KNDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အခုချိန်မှာ ကျနော်တို့အခက်ခဲတွေကတော့ လက်နက်ခဲယမ်းတွေ... တလျှောက်လုံး ကျနော်တို့ခက်ခဲတာပေါ့လေ။ ဒါ အကြီးမားဆုံး အခက်အခဲပဲ ဖြစ်တယ်။ လက်ရှိအခြေအနေက တနှစ်ပတ်လုံး တင်းမာနေတယ်လို့ပဲ ပြောရမှာပေါ့။ တိုက်ပွဲမရှိတဲ့နေ့တွေက ခပ်ရှားရှားပေါ့နော်။ အဆိုးဆုံးအခြေအနေကတော့ လေကြောင်းပစ်ကူလာတဲ့အခါကျတော့ ကျနော်တို့အတွက် တိုက်ပွဲမှာ အခက်ခဲဖြစ်စေတဲ့ကိစ္စရပ်ဘဲပေါ့လေ။”

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်ခဲ့လို့ လွိုင်ကော်မြို့ပေါ်က လူအများအပြား စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ကရင်နီဒေသမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ အစရှိတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ KNDF၊ ကရင်နီတပ်မတော် KA၊ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိုးဗြဲကာကွယ်ရေးအဖွဲ့ အစရှိတဲ့တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွါးနေတာပါ။ တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံပြည်သူ တသိန်းခွဲလောက် နေရပ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အလားတူ ချင်းပြည်နယ်ဘက်မှာလည်း မင်းတပ်၊ မတူပီ၊ ထန်တလန်၊ ကန်ပက်လက်၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ အစရှိတဲ့မြို့နယ်တွေမှာ ဒေသခံချင်းကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲဖြစ်နေပါတယ်။ လက်ရှိချင်းကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စစ်အာဏာရှင်စံနစ်ကျဆုံးရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ မတူပီ ချင်းကာကွယ်ရေး CNDF အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နေဦးလင်းကပြောပါတယ်။

“စကစ အာဏာသိမ်းတာကတနှစ်ပြည့်ပြီပေါ့နော။ ကျွန်တော်တို့ပြည်သူတွေကတော့ သူတို့ရဲ့အာဏာသိမ်းမှုကို လက် မခံဘူး။ ကျွန်တော်တို့ တောင်ပေါ်ရော မြေပြန့်ပါမကျန်ပေါ့နော။ လက်နက်ကိုင်ပြီးတော့မှ ခုခံပြီးတော့ အကောင်းဆုံးပြင်ဆင်တဲ့ဟာတွေ ရှိတာပေါ့နော။ စကစကို လုံးဝ(လုံးဝ) လက်မခံနိုင်ပါဘူးပေါ့နော။ တိုင်းရင်းသားတွေအတွက်ပေါ့နော်။ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးရေးအတွက် အဆုံးထိ တိုက်ပွဲဝင်မယ်ပေါ့နော။’’

တိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းတွေ အကူညီမရကြဘူးလို့ နေဦးလင်းကပြောပါတယ်။

“ချင်းပြည်နယ်အနေနဲ့ပြောမယ်ဆိုရင် ဒေသကာကွယ်ရေးအဖွဲ့အသီးသီးမှာရှိတဲ့ လက်နက်ကိုင်တွေအားလုံးအတွက် အချိန်မီ ဖြည့်ဆည်းပေးဖို့။ နောက် လက်နက်ခဲယမ်းတွေ ထိုက်သင့်သလောက် တပ်ဆင်ပေးဖို့တော့ NUG အစိုးရအနေနဲ့တော့ လောလောဆယ် မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ ဒီကြားထဲ ဖြစ်နိုင်တဲ့ဘက်ကနေ ဒုက္ခသည်တွေအတွက် လှူဒါန်းပေးတဲ့ဟာရှိတယ်။ နိုင်တဲ့ဘက်ကနေပြီးတော့ ဒီ NUG အစိုးရပိုင်းအနေနဲ့ ဒါ လုပ်ဆောင်တယ်ပေါ့။’’

ချင်းပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်ကနေ အနော်ရထာစစ်ဆင်ရေးအနေနဲ့ အင်အားနဲ့ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ် တိုက်ပွဲဖြစ်ပွါးနေပါတယ်။ တိုက်ပွဲကြောင့်ဒေသခံ့တသိန်းကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ဖာပွန်ခရိုင် သထုံခရိုင်နဲ့ ဒူပလာယာခရိုင်ဘက်မှာလည်း KNU တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီကိုတော်လှန်နေတဲက PDF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်နက်အကူညီပေးဆောင်မယ်လို့ သတင်းပေါ်ထွက်နေပေမယ့် အကူအညီမရသေးဘူးလို့ KNU တပ်မဟာ (၅) ပြောခွင့်ရ ဗိုလ်မှူးစောကလယ်ဒိုကပြောပါတယ်။

“NUG နဲ့ပက်သက်တာကတော့ ဒီနေရာဒေသနဲ့ကျတော့ သူတို့ အကူညီရရှိတာ မရှိသေးဘူး။ ဒါပေမဲ့ အဆက်အသွယ်ယူပြီး ဆက်လက်ပြီးတော့ အကူညီရရှိနိုင်ဖို့ သူတို့ကြိုးစားနေတယ်လို့ပဲအဲဒီလိုပဲ သတင်းပေးလာတာရှိပါတယ်။’’

KNU တပ်မဟာ (၅) ဖာပွန်ခရိုင်ဘက်မှာတော့ နေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွါးနေတယ်လို့လည်း KNU ဖာပွန်ခရိုင်ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“နေ့စဉ်နဲ့အမျှဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ တိုက်ပွဲတွေဖြစ်နေတာပေါ့နော။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာ။ ဆိုတော့ တိုက်ပွဲသဘောတောင်မကဘဲနဲ့ စစ်ကောင်စီက အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ပစ်ခတ်နေတာကို တွေ့မြင်ရတယ်လို့ ပြောရမှာဖြစ်ပါတယ်။’’

ကရင်ပြည်နယ် ဖားပွန်မြို့နယ်ဘက်မှာ ၂၀၁၈ ခုနှစ် မတ်လကတည်းက စလို့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့ ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသား (၇) သောင်းခန့်ဟာ ထိုင်း မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။

လက်ရှိစစ်ရေးတင်းမာနေတဲ့ ကရင်နီ၊ ကရင်၊ ချင်း စတဲ့တိုင်းရင်းသားဒေသတွေမှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ရွာသားတွေဟာ စားသောက်နေထိုင်ရေး ကျန်းမာရေး ပညာရေးအခက်ခဲတွေနဲ့ကြုံတွေ့နေရပါတယ်။

#KNU #KA #KNDF #NUG #စစ်အာဏာသိမ်း #တနှစ်ပြည့် #လက်နက်ကိုင်တော်လှန်ရေး #လက်နက်ခဲယမ်း #လေကြောင်းတိုက်ခိုက် #ဗွီအိုအေ

========

XS
SM
MD
LG