သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

WHO ျမန္မာ၀န္ထမ္း အသတ္ခံရမႈ ကုလ အတြင္းေရးမွဴးခ်ဳပ္ အျပင္းအထန္ရႈတ္ခ်


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

[[ ZAWGYI / UNICODE ]]

WHO ျမန္မာ၀န္ထမ္း အသတ္ခံရမႈ ကုလအတြင္းေရးမွဴးခ်ဳပ္ အျပင္းအထန္ရႈတ္ခ်

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕မွာ ဒီသီတင္းပတ္ထဲ ကမာၻ႔က်န္းမာေရးအဖဲြ႕ WHO ၀န္ထမ္းတဦး ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတဲ့အေပၚ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေသာၾကာေန႔မွာ အျပင္းအထန္ ရႈတ္ခ်လိုက္ပါတယ္။

“အတြင္းေရးမႈးခ်ဳပ္က က်န္ရစ္သူမိသားစုကုိ၀မ္းနည္းေၾကာင္းေျပာဆုိပါတယ္။ ဒါ့အျပင္ ပဋိပကၡျဖစ္ေနတဲ့ေနရာေတြမွာ အလုပ္လုပ္ကုိင္ေနၾကရတဲ့ ျမန္မာျပည္သူအားလုံး နဲ႔တကြကုလသမဂၢ၀န္ထမ္းေတြရဲ႔ လုံၿခုံေရးကုိလည္းစုိရိမ္ပူပန္မိတယ္လုိ႔။” အတြင္းေရးမႈး ခ်ဳပ္ကေျပာဆုိေၾကာင္း၊ ေျပာခြင့္ရပုဂၢိဳလ္ Stephane Dujarric က နယူးေယာက္ ကုလသမဂၢ႐ုံးခ်ဳပ္မွာ ေသာၾကာေန႔က သတင္းေထာက္ေတြကို ေျပာဆုိသြားတာပါ။

ဒါ့အျပင္ ဒီအသတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ထင္သာျမင္သာရွိၿပီး ျပည့္၀တဲ့စုံစမ္းစစ္ ေဆးမႈေတြလုပ္သြားဖုိ႔၊ ဒါ့အျပင္ ျပစ္မႈက်ဴးလြန္သူကုိ ဥပေဒအရ အျပစ္ေပးအေရး ယူဖုိ႔ကုိ လည္း ကုလသမဂၢအႀကီးအကဲကတုိက္တြန္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က WHO မွာ ယာဥ္ေမာင္းတဦးအျဖစ္ ၅ ႏွစ္ေလာက္ အလုပ္လုပ္ ေနတဲ့ ဦးမ်ိဳးမင္းထြဋ္ ကို ဗုဒၶဟူးေန႔ ညေနပိုင္းက ေမာ္ေတာ္ဆိုင္ကယ္နဲ႔ အိမ္အျပန္ လမ္းမွာပစ္ခတ္ခံခဲ့ရၿပီး ေသဆုံးခဲ့ရတာပါ။ ေဒသခံ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕ကေတာ့ ဦးမ်ိဳးမင္းထြဋ္ဟာ ျမန္မာစစ္ေကာင္စီနဲ႔ ပက္သက္ေနသူျဖစ္ တာေၾကာင့္ သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ ကုလသမဂၢ ဌာေနကိုယ္စားလွယ္အျဖစ္ ယာယီတာ၀န္ယူထားတဲ့ Ramanathan Balakrishnan ကေတာ့ ကုလသမဂၢနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးေနသူေတြရဲ႕ ၾကားေနရပ္တည္ခ်က္ကို သက္ဆိုင္သူေတြ အားလုံးက ေလးစားၾကဖို႔နဲ႔ ဒီျဖစ္ရပ္ကို ဘက္လိုက္မႈ ကင္းကင္းနဲ႔ စုံစမ္းေဖာ္ထုတ္ဖို႔လည္း ဒီသီတင္းပတ္ထဲမွာပဲ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=====================================

{{ UNICODE }}

WHO မြန်မာဝန်ထမ်း အသတ်ခံရမှု ကုလအတွင်းရေးမှူးချုပ် အပြင်းအထန်ရှုတ်ချ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဒီသီတင်းပတ်ထဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝန်ထမ်းတဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သောကြာနေ့မှာ အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

“အတွင်းရေးမှုးချုပ်က ကျန်ရစ်သူမိသားစုကိုဝမ်းနည်းကြောင်းပြောဆိုပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ မြန်မာပြည်သူအားလုံး နဲ့တကွကုလသမဂ္ဂဝန်ထမ်းတွေရဲ့ လုံခြုံရေးကိုလည်းစိုရိမ်ပူပန်မိတယ်လို့။” အတွင်းရေးမှုး ချုပ်ကပြောဆိုကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

ဒါ့အပြင် ဒီအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထင်သာမြင်သာရှိပြီး ပြည့်ဝတဲ့စုံစမ်းစစ် ဆေးမှုတွေလုပ်သွားဖို့၊ ဒါ့အပြင် ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အပြစ်ပေးအရေး ယူဖို့ကို လည်း ကုလသမဂ္ဂအကြီးအကဲကတိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က WHO မှာ ယာဉ်မောင်းတဦးအဖြစ် ၅ နှစ်လောက် အလုပ်လုပ် နေတဲ့ ဦးမျိုးမင်းထွဋ် ကို ဗုဒ္ဓဟူးနေ့ ညနေပိုင်းက မော်တော်ဆိုင်ကယ်နဲ့ အိမ်အပြန် လမ်းမှာပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။ ဒေသခံ မော်လမြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကတော့ ဦးမျိုးမင်းထွဋ်ဟာ မြန်မာစစ်ကောင်စီနဲ့ ပက်သက်နေသူဖြစ် တာကြောင့် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်အဖြစ် ယာယီတာဝန်ယူထားတဲ့ Ramanathan Balakrishnan ကတော့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေသူတွေရဲ့ ကြားနေရပ်တည်ချက်ကို သက်ဆိုင်သူတွေ အားလုံးက လေးစားကြဖို့နဲ့ ဒီဖြစ်ရပ်ကို ဘက်လိုက်မှု ကင်းကင်းနဲ့ စုံစမ်းဖော်ထုတ်ဖို့လည်း ဒီသီတင်းပတ်ထဲမှာပဲ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG