သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလလုံျခံဳေရးေကာင္စီ ေၾကညာခ်က္ တ႐ုတ္နဲ႔ ႐ုရွားကန္႔ကြက္ 


UNSC

ျမန္မာ့အေရး  ကုလသမဂၢလံုျခံဳေရးေကာင္စီက ေၾကညာခ်က္ထုတ္ျပန္ဖို႔ စီစဥ္ခဲ့ေပမဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕ ကန္႔ကြက္မႈေတြေၾကာင့္ အထမေျမာက္ခဲ့ေၾကာင္း သံတမန္အသိုင္းအဝိုင္းကို ကိုးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

ျမန္မာ့အေရး ကုလလုံျခံဳေရးေကာင္စီ ေၾကညာခ်က္ တ႐ုတ္နဲ႔ ႐ုရွားကန္႔ကြက္

{{Zawgyi/Unicode}}
ျမန္မာ့အေရး ကုလသမဂၢလံုျခံဳေရးေကာင္စီက ေၾကညာခ်က္ထုတ္ျပန္ဖို႔ စီစဥ္ခဲ့ေပမဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕ ကန္႔ကြက္မႈေတြေၾကာင့္ အထမေျမာက္ခဲ့ေၾကာင္း သံတမန္အသိုင္းအဝိုင္းကို ကိုးကားၿပီး သတင္းေတြက ေဖာ္ျပၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလထဲ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ၾကံဳေနရတဲ့ ႏိုင္ငံေရးျပႆနာေတြ၊ လက္နက္ကိုင္ ပဋိပကၡေတြနဲ႔ လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔ ရည္ရြယ္ၿပီး ၿဗိတိန္ႏိုင္ငံက ဦးေဆာင္ျပဳစုခဲ့တဲ့ ဆုံးျဖတ္ခ်က္ မူၾကမ္းထဲက အသုံးအႏႈန္းေတြကို တ႐ုတ္နဲ႔ ႐ုရွားက ကန္႔ကြက္ခဲ့ရာက ေၾကညာခ်က္ထုတ္မယ့္အစီအစဥ္ ပ်က္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

ေၾကညာခ်က္မူၾကမ္းမွာ ျမန္မာ့အေရး ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာ အာဆီယံ အသင္းရဲ႕ အခန္းက႑ကို အေလးထားေၾကာင္းနဲ႔ ျမန္မာျပည္သူေတြ အက်ဳိးစီးပြားအတြက္ သက္ဆိုင္သူေတြအားလုံးနဲ႔ ေဆြးေႏြးႏိုင္ေအာင္ ႀကိဳးပမ္းဖို႔လည္း ထပ္မံတိုက္တြန္းထားတာပါ။

တခ်ိန္တည္းမွာပဲ ျမန္မာ့အေရး အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားတာ ၁ ႏွစ္ေက်ာ္လာတဲ့အထိ တိုးတက္မႈ မယ္မယ္ရရ မေတြ႕ရတာေၾကာင့္ ထိထိေရာက္ေရာက္နဲ႔ အျပည့္အ၀ အေကာင္အထည္ ေဖာ္ႏိုင္မယ့္ ခိုင္မာတဲ့ အစီအစဥ္ေတြ ခ်မွတ္ဖို႔လည္း တိုက္တြန္းထားတဲ့အေပၚ တ႐ုတ္နဲ႔ ႐ုရွားတို႔က ကန္႔ကြက္ခဲ့ၾကတယ္လို႔လည္း ေၾကညာခ်က္မူၾကမ္းနဲ႔ သံတမန္အသိုင္းအဝိုင္းကို ကိုးကားၿပီး AP နဲ႔ AFP သတင္းေတြက ေဖာ္ျပပါတယ္။

အာဆီယံ ဘုံသေဘာတူညီခ်က္ေတြ အေကာင္အထည္ မေဖာ္ႏိုင္ပဲ ျဖစ္ေနရတာ အပါအ၀င္ တိုးတက္မႈေတြ အကန္႔အသတ္နဲ႔သာ ရွိေနတယ္ဆိုၿပီး မူၾကမ္းမွာ ေဖာ္ျပထားတာကို တ႐ုတ္ႏိ္ုင္ငံက တိုးတက္မႈေတြ ေႏွးေကြးေနတယ္လို႔ ျပင္ဆင္ဖို႔ ေျပာဆိုရာက မူၾကမ္းျပဳစုတဲ့ ၿဗိတိန္နဲ႔ သေဘာထားကဲြခဲ့ၾကတာလို႔လည္း ေၾကညာခ်က္မူၾကမ္းနဲ႔ သံတမန္အသိုင္းအဝိုင္းကို ကိုးကားၿပီး AP နဲ႔ AFP သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။

လုံျခံဳေရးေကာင္စီအဖဲြ႕၀င္ေတြ ေၾကညာခ်က္ထုတ္ဖို႔ မေဆြးေႏြးခင္ ေသာၾကာေန႔ အေစာပိုင္းမွာပဲ ကုလသမဂၢ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔ အာဆီယံရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn တို႔ဟာလည္း လုံျခံဳေရးေကာင္စီ သီးသန္႔ေဆြးေႏြးပဲြမွာ ျမန္မာႏိုင္ငံအေျခအေနနဲ႔ ပတ္သက္လို႔ တင္ျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ကြေညာချက် တရုတ်နဲ့ ရုရှားကန့်ကွက်

{{Zawgyi/Unicode}}
မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကန့်ကွက်မှုတွေကြောင့် အထမမြောက်ခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံက ဦးဆောင်ပြုစုခဲ့တဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲက အသုံးအနှုန်းတွေကို တရုတ်နဲ့ ရုရှားက ကန့်ကွက်ခဲ့ရာက ကြေညာချက်ထုတ်မယ့်အစီအစဉ် ပျက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကြေညာချက်မူကြမ်းမှာ မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အာဆီယံ အသင်းရဲ့ အခန်းကဏ္ဍကို အလေးထားကြောင်းနဲ့ မြန်မာပြည်သူတွေ အကျိုးစီးပွားအတွက် သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးနိုင်အောင် ကြိုးပမ်းဖို့လည်း ထပ်မံတိုက်တွန်းထားတာပါ။

တချိန်တည်းမှာပဲ မြန်မာ့အရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာ ၁ နှစ်ကျော်လာတဲ့အထိ တိုးတက်မှု မယ်မယ်ရရ မတွေ့ရတာကြောင့် ထိထိရောက်ရောက်နဲ့ အပြည့်အ၀ အကောင်အထည် ဖော်နိုင်မယ့် ခိုင်မာတဲ့ အစီအစဉ်တွေ ချမှတ်ဖို့လည်း တိုက်တွန်းထားတဲ့အပေါ် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့ကြတယ်လို့လည်း ကြေညာချက်မူကြမ်းနဲ့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး AP နဲ့ AFP သတင်းတွေက ဖော်ပြပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေရတာ အပါအဝင် တိုးတက်မှုတွေ အကန့်အသတ်နဲ့သာ ရှိနေတယ်ဆိုပြီး မူကြမ်းမှာ ဖော်ပြထားတာကို တရုတ်နိုင်ငံက တိုးတက်မှုတွေ နှေးကွေးနေတယ်လို့ ပြင်ဆင်ဖို့ ပြောဆိုရာက မူကြမ်းပြုစုတဲ့ ဗြိတိန်နဲ့ သဘောထားကွဲခဲ့ကြတာလို့လည်း ကြေညာချက်မူကြမ်းနဲ့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး AP နဲ့ AFP သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ကြေညာချက်ထုတ်ဖို့ မဆွေးနွေးခင် သောကြာနေ့ အစောပိုင်းမှာပဲ ကုလသမဂ္ဂ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ဟာလည်း လုံခြုံရေးကောင်စီ သီးသန့်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ တင်ပြခဲ့ကြပါတယ်။

XS
SM
MD
LG