သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး ႏိုင္ငံတကာပ်က္ကြက္မႈ လူ႔အခြင္႔အေရးကိုယ္စားလွယ္ ေဝဖန္


ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews

ျမန္မာႏိုင္ငံတြင္းမွာ ေန႔စဥ္နဲ႔အမွ် စစ္ရာဇဝတ္မႈ ၊ လူသားထုေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ဆက္ျဖစ္ေနၿပီး ၊ ႏိုင္ငံတကာရဲ႕ ေဝဝါးတဲ့ ေၾကညာခ်က္ေတြကို ျမန္မာျပည္သူေတြ အယုံအၾကည္ ကင္းမဲ့ေနၾကကာ၊ လက္ေတြ႔ အေရးယူ လုပ္ေဆာင္လာမယ့္ အေရးကို ၿငီးေငြ႔ တာရွည္စြာ ေစာင့္ဆိုင္ေနၾကရတယ္လို႔ ျမန္မာႏို္င္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews က တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ဂ်နီဗာၿမဳိ႕မွာ တနလၤာေန႔က်င္းပတဲ့ ကုလ- လူ႔အခြင့္အေရးေကာင္စီကို တင္သြင္းတဲ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး အေျခအေန အစီရင္ခံစာထဲမွာေတာ့ ျမန္မာစစ္တပ္ဟာ ေန႔စဥ္နဲ႔အမွ် ရာဇဝတ္မႈက်ဴးလြန္ေနၿပီး ၊ ျပစ္ဒဏ္ကေန ကင္းလြတ္ခြင့္ ရေနတယ္လို႔ Tom Andrews က ထည့္သြင္း ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္း အာဏာသိမ္းခဲ့တာ တႏွစ္ေက်ာ္လာတဲ့အခ်ိန္ထိ ကုလသမဂၢအေနနဲ႔ အစည္းေဝးေတြ က်င္းပတာ ၊ ေၾကညာခ်က္ေတြ ထုတ္ခဲ့တာသာရွိခဲ့ၿပီး စစ္ေကာင္စီအေပၚ တေျပးညီ ထိေရာက္တဲ့ အေရးယူဖို႔ ဆုံးျဖတ္ခ်က္ ခ်ႏိုင္တာမ်ဳိး မရွိခဲ့ေၾကာင္း Tom Andrews က ေထာက္ျပပါတယ္။

ႏိုင္ငံတကာမွာ ယူကရိန္းအေရး ျဖစ္လာတဲ့အခါ ယူကရိန္းအေပၚ က်ဴးေက်ာ္တိုက္ခိုက္တဲ့ ႏိုင္ငံအေပၚ ျပင္းထန္းတဲ့ ဒဏ္ခတ္အေရးယူမႈေတြ ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ၾကတာက ၊ ျမန္မာျပည္အေရး အတြက္လည္း ဒါမ်ဳိးျဖစ္သင့္တယ္လို႔ သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္း ျဖစ္ေပၚေနတဲ့ အၾကမ္းဖက္မႈေတြ၊ သတ္ျဖတ္မႈနဲ႔ အိုးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ အျဖစ္ေတြ ၊ ညွင္းပန္းႏွိပ္စက္မႈ ၊ လူမသိသူမသိ ေပ်ာက္ကြယ္သြားမႈ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြအတြက္ စစ္ေခါင္းေဆာင္ေတြမွာ လုံးဝ တာဝန္ရွိေၾကာင္းနဲ႔ ဒါေတြကို ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ေနတယ္လို႔လည္း Tom Andrews က ထပ္ေလာင္းေျပာဆုိပါတယ္။

------------------------------

မြန်မာ့အရေး နိုင်ငံတကာပျက်ကွက်မှု လူ့အခွင့်အရေးကိုယ်စားလှယ် ဝေဖန်

မြန်မာနိုင်ငံတွင်းမှာ နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှု ၊ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်ဖြစ်နေပြီး ၊ နိုင်ငံတကာရဲ့ ဝေဝါးတဲ့ ကြေညာချက်တွေကို မြန်မာပြည်သူတွေ အယုံအကြည် ကင်းမဲ့နေကြကာ၊ လက်တွေ့ အရေးယူ လုပ်ဆောင်လာမယ့် အရေးကို ငြီးငွေ့ တာရှည်စွာ စောင့်ဆိုင်နေကြရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျနီဗာမြို့မှာ တနင်္လာနေ့ကျင်းပတဲ့ ကုလ- လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာထဲမှာတော့ မြန်မာစစ်တပ်ဟာ နေ့စဉ်နဲ့အမျှ ရာဇဝတ်မှုကျူးလွန်နေပြီး ၊ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတယ်လို့ Tom Andrews က ထည့်သွင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းခဲ့တာ တနှစ်ကျော်လာတဲ့အချိန်ထိ ကုလသမဂ္ဂအနေနဲ့ အစည်းဝေးတွေ ကျင်းပတာ ၊ ကြေညာချက်တွေ ထုတ်ခဲ့တာသာရှိခဲ့ပြီး စစ်ကောင်စီအပေါ် တပြေးညီ ထိရောက်တဲ့ အရေးယူဖို့ ဆုံးဖြတ်ချက် ချနိုင်တာမျိုး မရှိခဲ့ကြောင်း Tom Andrews က ထောက်ပြပါတယ်။

နိုင်ငံတကာမှာ ယူကရိန်းအရေး ဖြစ်လာတဲ့အခါ ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်တဲ့ နိုင်ငံအပေါ် ပြင်းထန်းတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ခဲ့ကြတာက ၊ မြန်မာပြည်အရေး အတွက်လည်း ဒါမျိုးဖြစ်သင့်တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အဖြစ်တွေ ၊ ညှင်းပန်းနှိပ်စက်မှု ၊ လူမသိသူမသိ ပျောက်ကွယ်သွားမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် စစ်ခေါင်းဆောင်တွေမှာ လုံးဝ တာဝန်ရှိကြောင်းနဲ့ ဒါတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့လည်း Tom Andrews က ထပ်လောင်းပြောဆိုပါတယ်။

XS
SM
MD
LG