သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီတိုအာဏာပိုင် နိုင်ငံတွေ တာဝန်ခံမှုရှိစေရေး ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု 


Russia Ukraine War UN Security Council
Russia Ukraine War UN Security Council

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ အနေနဲ့ သူတို့ရဲ့ ဗီတိုအာဏာသုံး ကန့်ကွက်မှုတွေမှာ ပိုပြီး တာဝန်ယူ တာဝန်ခံကြဖို့ အရေး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက အင်္ဂါနေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ဗီတိုအာဏာပိုင် နိုင်ငံတွေ တာဝန်ခံမှုရှိစေရေး ဆုံးဖြတ်ချက် ကုလအထွေထွေညီလာခံ အတည်ပြု

{{Zawgyi/Unicode}}
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ အနေနဲ့ သူတို့ရဲ့ ဗီတိုအာဏာသုံး ကန့်ကွက်မှုတွေမှာ ပိုပြီး တာဝန်ယူ တာဝန်ခံကြဖို့ အရေး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက အင်္ဂါနေ့မှာ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် မူကြမ်းကို မဲမခွဲဘဲ အများဆန္ဒသဘောထား ခံယူပြီး ဆုံးဖြတ်ခဲ့တာပါ။

Liechtenstein နိုင်ငံနဲ့ တခြားသော နိုင်ငံ ၁၀၀ ကျော် ရဲ့ ပူးတွဲ ကမကထလုပ် ဆောင်ရွက်မှုနဲ့ ဒီကိစ္စ ဖြစ်လာတာပါ။ ဒီဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံထဲက တနိုင်ငံ ဒါမှမဟုတ်လည်း တနိုင်ငံထက် ပိုတဲ့ နိုင်ငံတွေ အနေနဲ့ ဗီတိုသုံးတဲ့ အခါတိုင်းမှာ ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံကို အထွေထွေ ညီလာခံ သဘာပတိက အစည်းအဝေး ဆင့်ခေါ်ရမှာ ဖြစ်ပါတယ်။

ဗီတိုအာဏာ သုံးခဲ့တဲ့ အခြေအနေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက ဆွေးနွေးကြမှာ ဖြစ်ပြီး ဗီတို သုံးခဲ့သူတွေကိုလည်း သူတို့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ အစည်းအဝေးကို ဖိတ်ကြားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံကတော့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဖြစ်ပါတယ်။ ဒီကိစ္စ ဖြစ်မြောက်ရေး အတွက် ပူးတွဲ ပံံ့ပိုးသူတွေထဲမှာ အမေရိကန်နဲ့ ဗြိတိန်တို့ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက်မှာတော့ ရုရှား အမြဲတမ်း ကိုယ်စားလှယ်က သူ့ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ကတော့ သဘောထား ကောက်ယူမှုမှာ ပါဝင်ဖို့ ဆန္ဒ မရှိကြောင်း ပြောပါတယ်။

၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂ စတင် တည်ထောင်ပြီးနောက်ပိုင်း ဗီတိုသုံး ပယ်ချမှု ၂၉၅ ကြိမ် ရှိခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု- ရုရှားက အများဆုံး သုံးခဲ့တာပါ။

ဗီတို အသုံးပြုမှု အနည်းဆုံးကတော့ ဗြိတိန်နဲ့ ပြင်သစ်တို့ ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ နောက်ဆုံး သုံးခဲ့တာပါ။ ဗီတို အာဏာသုံး ပယ်ချမှုတွေကြောင့် လတ်တလော ယူကရိန်း အရေး ဆောင်ရွက်မှုမှာ အဟန့်အတား ဖြစ်နေတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကြာ ဆီးရီးယား ပဋိပက္ခ၊ ကမ ္ဘာတလွှားက ပဋိပက္ခတွေကို အရေးယူ ဆောင်ရွက်တာမှာလည်း အဟန့်အတား ဖြစ်စေပါတယ်။

တိုက်ရိုက် လင့်ခ်

........................................................


{{Zawgyi/Unicode}}






ဒါ့အပွငျ ပွီးခဲ့တဲ့ ဆယျစုနှဈ တခုကွာ ဆီးရီးယား ပဋိပက်ခ၊ ကမ ်ဘာတလှှားက ပဋိပက်ခတှကေို အရေးယူ ဆောငျရှကျတာမှာလညျး အဟန့ျအတား ဖွဈစပေါတယျ။

XS
SM
MD
LG