သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေဒၚစုနဲ႔ ေတြ႕ခြင့္မရရင္ ျမန္မာျပည္ထပ္သြားမည္မဟုတ္ (ကုလအထူးကိုယ္စားလွယ္)


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer

ေဒၚစုနဲ႔ ေတြ႕ခြင့္မရရင္ ျမန္မာျပည္ထပ္သြားမည္မဟုတ္ (ကုလအထူးကိုယ္စားလွယ္)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖယ္ရွားခံခဲ့ရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္မရဘူးဆိုရင္ ျမန္မာႏိုင္ငံကို ေနာက္တေခါက္ မသြားေတာ့ဘူးလို႔ ကုလသမဂၢ အထူးကိုယ္စားလွယ္က ေျပာလိုက္ပါတယ္။

ၿပီးခဲ့တဲ့လထဲက ျမန္မာႏိုင္ငံကိုသြားေရာက္စဥ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြဆုံခြင့္ေတာင္းတဲ့အေပၚ ျဖစ္ႏိုင္ေျခရွိတဲ့ သေဘာမ်ိဳး စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ က တု႔ံျပန္ခဲ့ေၾကာင္းနဲ႔ လက္ရွိအေျခအေနမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႔ က်န္းမာေရးနဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ထပ္မံခ်မွတ္တဲ့အေပၚ အလြန္စိုးရိမ္မိတယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႔ အထူးကိုယ္စားလွယ္ Noeleen Heyzer က စကၤာပူႏိုင္ငံမွာ ISEAS အေရွ႕ေတာင္အာရွ ေလ့လာေရးဌာနက ျပဳလုပ္တဲ့ ေဆြးေႏြးပဲြမွာ တနလၤာေန႔က ေျပာဆိုလိ္ုက္တာပါ။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုေတာ့ စြပ္စဲြခ်က္ အမ်ားအျပားနဲ႔ စစ္အာဏာပိုင္ေတြ အေရးယူထားၿပီး အခုအခ်ိန္အထိ ျပစ္ဒဏ္စီရင္ၿပီးတဲ့ အမႈေတြအတြက္ ေထာင္ဒဏ္စုစုေပါင္း ႏွစ္ ၂၀ ရွိသြားၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လထဲ စစ္ေကာင္စီအႀကီးအကဲ အပါအ၀င္ ထိပ္တန္းတာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့တဲ့ ခရီးစဥ္ဟာ ကုလသမဂၢရဲ႔ စုိးရိမ္မႈေတြကုိ သတင္းစကားပါးဖုိ႔နဲ႔ ပဋိပကၡေတြ၊ ျပည္သူေတြ ခံစားေနရတဲ့ ဒုကၡေတြ ေလ်ာ့ပါးေရး ခုိင္မာတဲ့ ေျခလွမ္းေတြလွမ္းႏုိင္ေအာင္ အဆုိျပဳဖိုျဖစ္ၿပီး၊ ကုလသမဂၢရဲ႔ ထိေတြ႔ဆက္ဆံမႈဟာ တရား၀င္မႈကို အသိအမွတ္ျပဳဖုိ႔ မဟုတ္ေၾကာင္း အထူးကိုယ္စားလွယ္က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာစစ္ေကာင္စီကေတာ့ အထူးကိုယ္စားလွယ္ရဲ႔ ထုတ္ျပန္ခ်က္ဟာ တဖက္သတ္ဆန္ၿပီး ႏိုင္ငံတကာနဲ႔ ျပည္သူေတြၾကား အထင္အျမင္ လဲြမွားစရာျဖစ္ခဲ့ရတယ္ဆိုၿပီး ေတြ႕ဆုံမႈအတြင္း ေျပာဆိုခဲ့တဲ့ အေသးစိတ္အခ်က္အလက္ေတြကို စာမ်က္ႏွာ ၂၈ မ်က္ႏွာနဲ႔ ထုတ္ျပန္ေဖာ္ျပခဲ့ပါတယ္။ အထူးကိုယ္စားလွယ္ Heyzer ရဲ႕ တနလၤာေန႔က ေဆြးေႏြးမႈေတြအတြင္း ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ ေနရပ္စြန္႔ခြာသူေတြ မ်ားျပားလာေနတာကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက ဝိုင္း၀န္းကူညီဖို႔လည္း တိုက္တြန္းထားပါတယ္။

Noeleen UN Envoy ZMK.mp3
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္

.............................................................

ဒေါ်စုနဲ့ တွေ့ခွင့်မရရင် မြန်မာပြည်ထပ်သွားမည်မဟုတ် (ကုလအထူးကိုယ်စားလှယ်)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရဘူးဆိုရင် မြန်မာနိုင်ငံကို နောက်တခေါက် မသွားတော့ဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လထဲက မြန်မာနိုင်ငံကိုသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခွင့်တောင်းတဲ့အပေါ် ဖြစ်နိုင်ခြေရှိတဲ့ သဘောမျိုး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က တုံ့ပြန်ခဲ့ကြောင်းနဲ့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ထပ်မံချမှတ်တဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က စင်္ကာပူနိုင်ငံမှာ ISEAS အရှေ့တောင်အာရှ လေ့လာရေးဌာနက ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တနင်္လာနေ့က ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စွပ်စွဲချက် အများအပြားနဲ့ စစ်အာဏာပိုင်တွေ အရေးယူထားပြီး အခုအချိန်အထိ ပြစ်ဒဏ်စီရင်ပြီးတဲ့ အမှုတွေအတွက် ထောင်ဒဏ်စုစုပေါင်း နှစ် ၂၀ ရှိသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လထဲ စစ်ကောင်စီအကြီးအကဲ အပါအဝင် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကားပါးဖို့နဲ့ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး ခိုင်မာတဲ့ ခြေလှမ်းတွေလှမ်းနိုင်အောင် အဆိုပြုဖိုဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ကြောင်း အထူးကိုယ်စားလှယ်က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာစစ်ကောင်စီကတော့ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ဟာ တဖက်သတ်ဆန်ပြီး နိုင်ငံတကာနဲ့ ပြည်သူတွေကြား အထင်အမြင် လွဲမှားစရာဖြစ်ခဲ့ရတယ်ဆိုပြီး တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို စာမျက်နှာ ၂၈ မျက်နှာနဲ့ ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။ အထူးကိုယ်စားလှယ် Heyzer ရဲ့ တနင်္လာနေ့က ဆွေးနွေးမှုတွေအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ မတည်မငြိမ် အခြေအနေတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားလာနေတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG