သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Noleen Heyzer  ရိုဟင်ဂျာ ဒုက္ခသည် စခန်း ရောက်ရှိ


BANGLADESH-UN-RIGHTS-REFUGEE
BANGLADESH-UN-RIGHTS-REFUGEE

Noleen Heyzer ရိုဟင်ဂျာဒုက္ခသည်စခန်း ရောက်ရှိ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းကို အင်္ဂါနေ့က သွားရောက်ပြီး စခန်းတာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေနဲ့ စကားပြောဆိုခဲ့သလို စားနပ်ရိက္ခာ ကုန်လှောင်ရုံတွေနဲ့ ကျန်းမာရေးဌာနတွေကိုပါ ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရှ်ကို ၄ ရက်တာခရီးစဉ်နဲ့ရောက်လာတဲ့ ကုလအထူးကိုယ်စားလှယ်က ဒီက ရိုဟင်ဂျာဒုက္ခသည်တွေကို တမင် လာတွေ့ပါတယ်။ ဒီမှာနေထိုင်ရတဲ့ အခြေအနေနဲ့ သူတို့ရဲ့ အနာဂတ်မေ ျှာ်လင့်ချက်တွေကို နားလည်သဘောေပေါက်အောင် ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံပါလိမ့်မယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ဆက်သွယ်ရေးအရာရှိ Regina De La Portilla ကပြောဆိုသွားတာပါ။

သူတို့နဲ့တွေ့ခဲ့တဲ့ ဒုက္ခသည် အားလုံး မြန်မာနိုင်ငံကို ပြန်ဖို့ ဆန္ဒရှိနေကြတယ်လို့လည်း Portilla ကပြောပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတာ ၅ နှစ်ထဲရောက်လာချိန်မှာ သူတို့ အကျပ်အတည်း ကို မေ့လေ ျှာ့မသွားဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက နိုင်ငံတကာအလျှူရှင်တွေကို ပန်ကြားထားကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ အတော့်ကို လိုအပ်နေတယ်လို့ UNHCR ကလည်း အင်္ဂါနေ့မှာ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့အကြောင်းနဲ့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းတွေ ပေးအပ်ခြင်းမရှိဘူးဆိုပြီး မကြာသေးခင်ရက်ပိုင်း စစ်ကောင်စီ အကြီးအကဲနဲ့ Noeleen Heyzer တွေ့ဆုံတဲအ့ချိန်မှာ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

သိန်းနဲ့ ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်တာ ၅ နှစ်ရှိပေမဲ့ နှစ်နိုင်ငံ သဘောတူညီချက်တွေအတိုင်း ဒုက္ခသည်နေရပ်ပြန်ပို့ရေး အစီအစဉ်တွေကတော့ ရှေ့မတိုးနိုင်ဘဲ ရပ်ဆိုင်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

...............................................................


{{Unicode}}






XS
SM
MD
LG