သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ရိုဟင်ဂျာဒုက္ခသည် စခန်းရောက် 


BANGLADESH-UN-RIGHTS-REFUGEE
BANGLADESH-UN-RIGHTS-REFUGEE

[[Zawgyi/Unicode]]

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၄ ရက်ကြာ ခရီးရောက်နေပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တဲ့ Cox’s Bazaar ဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက်တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဒုက္ခသည်တွေ လတ်တလော နေထိုင်နေရတဲ့ အခြေအနေ၊ နေရပ်ပြန်ရေး အနာဂတ် မျှော်လင့်ချက်တွေကို အပြည့်အဝ နည်းလည်နိုင်ဖို့အတွက် ဒုက္ခသည်တွေနဲ့ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer ကိုယ်တိုင် တွေ့ဆုံသွားမယ့်အကြောင်း” ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ UNHCR ပြန်ကြားရေးတာဝန်ခံ Egina de la Portilla ပြောသွားတာပါ။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းချီ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တဲ့ ၅ နှစ်ပြည့်ချိန်မှာပဲ အထူးကိုယ်စားလှယ် Noeleen Heyzer ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်တာပါ။ မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို လက်မခံတဲ့အကြောင်းနဲ့ ဒုက္ခသည် နေရပ်ပြန်ပို့ရေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံအကြား သဘောတူထားတဲ့ ပုံစံအတိုင်း ဒုက္ခသည်စာရင်းကို ပေးအပ်ခြင်းမရှိဘူးဆိုပြီး မကြာသေးခင်ရက်ပိုင်း စစ်ကောင်စီအကြီးအကဲနဲ့ Noeleen Heyzer တွေ့ဆုံခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ ရန်ပုံငွေ ပြတ်လပ်နေပြီမို့ နိုင်ငံတကာက အလှူရှင်တွေဝိုင်းဝန်းကူညီလှူဒါန်းကြဖို့ UNHCR က ဒီကနေ့ ထပ်မံ ပန်ကြားလိုက်ပါတယ်။ သင့်တော်တဲ့ အာဟာရ၊ နေထိုင်ဖို့ အမိုးအကာ နေရာထိုင်ခင်း စတာတွေ အဓိကလိုအပ်နေကြောင်း UNHCR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အထူးကိုယ်စားလှယ် Heyzer ရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အတွင်းဝန် Masud Bin Momen (မာဆု ဘင် မိုမင်) နဲ့ တွေ့ဆုံဖို့ စီစဉ်ထားသလို နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen (ဒေါက်တာ အေကေ အက်ဘ်ဒူးလ် မိုမင်) နဲ့ ဝန်ကြီးချုပ် Sheikh Hasina တို့ကိုလည်း နှုတ်ဆက်တွေ့ဆုံမယ့်အကြောင်း Daily Bangladesh သတင်းစာက ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]







XS
SM
MD
LG