သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ႔အေရး လံုျခံဳေရးေကာင္စီ တံခါးပိတ္ေဆြးေႏြး


assembly

ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ေသာၾကာေန႔က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို တံခါးပိတ္ေဆြးေႏြးခဲ့ၿပီး ဒီေဆြးေႏြးပဲြမွာ လက္ရွိအေျခေနေတြကို အတြင္းေရးမႈးခ်ဳပ္ရဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က တင္ျပခဲ့ပါတယ္။  

ျမန္မာ႔အေရး လံုျခံဳေရးေကာင္စီ တံခါးပိတ္ေဆြးေႏြး

{{Zawgyi/Unicode}}

ကုလသမဂၢ လုံျခဳံေရးေကာင္စီမွာ ေသာၾကာေန႔က ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို တံခါးပိတ္ေဆြးေႏြးခဲ့ၿပီး ဒီေဆြးေႏြးပဲြမွာ လက္ရွိအေျခေနေတြကို အတြင္းေရးမႈးခ်ဳပ္ရဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer က တင္ျပခဲ့ပါတယ္။

“ ဒီေန႔မနက္ပိုင္းက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ကုလသမဂၢလုံျခဳံေရးေကာင္စီမွ ာတံခါးပိတ္ေဆြးေႏြးခဲ့ပါတယ္။ ဒီေဆြးေႏြးပဲြမွာ အတြင္းေရးမႈးခ်ဳပ္ရဲ႔ အထူးကိုယ္စားလွယ္ Noeleen Heyzer က ျမန္မာႏိုင္ငံရဲ႔ အေျခအေနနဲ႔ ပတ္သက္ၿပီးတင္ျပခဲ့ပါတယ္။” လို႔ အတြင္းေရးမႈးခ်ဳပ္ရဲ႔ ေျပာေရးဆိုခြင့္ရွိသူ Stephane Dujarric ကနယူးေယာက္ၿမိဳ႔ ကုလသမဂၢ႐ုံးမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

အထူးကိုယ္စားလွယ္ရဲ႔ တင္ျပေဆးေႏြးခ်က္ေတြကိုေတာ့ အေသးစိတ္ မသိရပါဘူး။ အခုလို လုံျခဳံေရးေကာင္စီမွာ ျမန္မာ့အေရး ေဆြးေႏြးဖို႔ကို အလွည့္က် ဥကၠဌ ေနာ္ေ၀ႏိုင္ငံက တင္ျပေတာင္းဆိုခဲ့တာပါ။ ျမန္မာႏိုင္ငံက အေျခအေနေတြဟာ တေန႔ထက္တေန႔ ဆိုးလာေနတဲ့အတြက္ လုံျခဳံေရးေကာင္စီအေနနဲ႔ တညီတၫြတ္တည္း ရပ္တည္ၿပီး လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ေနာ္ေ၀းသံအမတ္ႀကီး Mona Juul ကေျပာဆိုခဲ့ပါတယ္။

ေဒၚေဆာင္ဆန္းစုၾကည္ နဲ႔ ေတြ႕ခြင့္မရရင္ ျမန္မာႏိုင္ငံကို ေနာက္ထပ္ တေခါက္မသြားေတာ့ဘူးလို႔ ၿပီးခဲ့တဲ့ စက္တင္ဘာလဆန္းပိုင္းက အထူးကိုယ္စားလွယ္ Noleen Heyzer က စကၤာပူ ေဆြးေႏြးပဲြတခုမွာ ေျပာဆိုခဲ့ပါတယ္။

တခ်ိန္ထဲမွာပဲ ျမန္မာႏိုင္ငံ အပါအ၀င္ အေရးအေပၚ အကူအညီ လိုအပ္ေနတဲ့ ကမ႓ာေပၚက ၁၁ ေနရာအတြက္ ကုလသမဂၢ လူသားျခင္း စာနာမႈနဲ႔ အေရးေပၚ ကူညီေရးဌာနကေန အေမရိကန္ေဒၚလာ သန္း ၁၀၀ ခ်မွတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး

{{Zawgyi/Unicode}}

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးပွဲမှာ လက်ရှိအခြေနေတွေကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တင်ပြခဲ့ပါတယ်။

“ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ာတံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတင်ပြခဲ့ပါတယ်။” လို့ အတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကနယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ တင်ပြဆေးနွေးချက်တွေကိုတော့ အသေးစိတ် မသိရပါဘူး။ အခုလို လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆွေးနွေးဖို့ကို အလှည့်ကျ ဥက္ကဌ နော်ဝေနိုင်ငံက တင်ပြတောင်းဆိုခဲ့တာပါ။ မြန်မာနိုင်ငံက အခြေအနေတွေဟာ တနေ့ထက်တနေ့ ဆိုးလာနေတဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ရပ်တည်ပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နော်ဝေးသံအမတ်ကြီး Mona Juul ကပြောဆိုခဲ့ပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရရင် မြန်မာနိုင်ငံကို နောက်ထပ် တခေါက်မသွားတော့ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက အထူးကိုယ်စားလှယ် Noleen Heyzer က စင်္ကာပူ ဆွေးနွေးပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

တချိန်ထဲမှာပဲ မြန်မာနိုင်ငံ အပါအဝင် အရေးအပေါ် အကူအညီ လိုအပ်နေတဲ့ ကမ္ဘာပေါ်က ၁၁ နေရာအတွက် ကုလသမဂ္ဂ လူသားခြင်း စာနာမှုနဲ့ အရေးပေါ် ကူညီရေးဌာနကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချမှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG