သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလသမဂၢထုတ္ျပန္ခ်က္မ်ားက ျပေနတဲ့ ျမန္မာႏိုင္ငံ အေျခအေန


Stéphane Dujarric UN Spokesperson ကုလ ေျပာခြင့္ရပုဂၢိဳလ္ ( UN Web photo )

စစ္တပ္အာဏာသိမ္းခ်ိန္ကတည္းက ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းေထာင္ထဲ ေျပာင္းေ႐ႊ႕လိုက္တဲ့အေပၚ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္႐ုံး ေျပာခြင့္ရပုဂၢိဳလ္ Stéphane Dujarric က နယူးေယာက္႐ုံးခ်ဳပ္မွာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ “အခုေနာက္ဆုံး အေျခအေနနဲ႔ ပတ္သက္လို႔ အလြန္ပဲစိုးရိမ္မိပါတယ္၊ ေဒၚေအာင္ဆန္းစုၾကည္သာမက သမၼတနဲ႔ တျခားႏိုင္ငံေရး အက်ဥ္းသားေတြ လႊတ္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဆန႔္က်င္တဲ့ လုပ္ရပ္ပါ" လို႔ စစ္ေကာင္စီရဲ႕ လုပ္ရပ္ကို ေဝဖန္ေျပာဆိုခဲ့ပါတယ္။

မေလးရွားႏိုင္ငံကို ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews ကလည္း အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႕ အာဆီယံအေနနဲ႔ ျမန္မာစစ္တပ္အေပၚ ဖိအား တိုးျမႇင့္မေပးႏိုင္ဘူးဆိုရင္ ေနာက္ထပ္ လူ႔အသက္ေတြ ဆုံးရႈံးရၿပီး အတိဒုကၡေတြ ပိုၿပီးခံစားၾကရလိမ့္မယ္လို႔ သတိေပးလိုက္တဲ့အေၾကာင္းကို ဇြန္လ ၂၃ ရက္ေန႔က VOA က ထုတ္လႊင့္ခဲ့ပါတယ္။Tom Andrew က “အခ်ိန္ေတြ ပိုယူၿပီး ထိေရာက္တဲ့ ေဆာင္႐ြက္ခ်က္ ဘာမွမလုပ္ႏိုင္ဘူးဆိုရင္ လူေတြပိုၿပီး ေသေၾကၾကရပါလိမ့္မယ္။ လူေတြ ပိုၿပီး ဒုကၡေရာက္ၾကပါလိမ့္မယ္။ ျမန္မာျပည္သူေတြ အတြက္ ဒီအတိုင္းပဲ ေနာက္ထပ္ တစ္ႏွစ္ဆက္သြားဖို႔ မျဖစ္ႏိုင္ပါဘူး" လို႔ စိုးရိမ္တႀကီး သတိေပးခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံအေျခအေနဟာ ေဒသတြင္းကိုပါ႐ိုက္ခတ္မယ့္ အႏၲရာယ္ေတြ ရွိေနတာေၾကာင့္ ႏိုင္ငံတကာက အျမန္ဆုံး တုံ႔ျပန္ေျဖရွင္းၾကဖို႔ လိုအပ္ေၾကာင္း၊ ႀကီးထြားလာေနတဲ့ အၾကမ္းဖက္မႈေတြနဲ႔ မတည္ၿငိမ္တဲ့ အေျခအေနဟာ ႏိုင္ငံနယ္နိမိတ္ေတြကို ေက်ာ္လြန္သက္ေရာက္ ႐ိုက္ခတ္လာေနေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာအထူးကိုယ္စားလွယ္ Noeleen Heyzer က စင္ကာပူႏိုင္ငံမွာ က်င္းပခဲ့တဲ့ Shangri-La Dialogue အာရွလုံၿခဳံေရး ညီလာခံမွာ ေျပာၾကားခဲ့တာေတြ႕ရပါတယ္။ ဒါ့အျပင္ Noeleen Hayzer က အားလုံးပါဝင္တဲ့ ႏိုင္ငံေရးေဆြးေႏြးမႈမ်ိဳးနဲ႔ ႏိုင္ငံသားေတြရဲ႕ႏိုင္ငံေရးအခြင့္အေရးကိုသာ လြတ္လပ္စြာ အသုံးခ်ခြင့္ မရဘူးဆိုရင္ေတာ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြနဲ႔ မတည္ၿငိမ္မႈေတြ ပိုၿပီးက်ယ္ျပန႔္လာမယ္။ စစ္တပ္ဟာ အင္အား အလြန္အကြၽံ ဆက္လက္အသုံးျပဳေနဆဲျဖစ္ၿပီး အရပ္သားေတြ အေပၚမွာ အျပင္းအထန္ တိုက္ခိုက္ေနသလို ခုခံတိုက္ခိုက္ေနသူေတြကိုလည္း တိုးျမႇင့္ေခ်မႈန္းေနပါတယ္။ ေဝဟင္ကေန ဗုံးက်ဲတိုက္ခိုက္တာေတြကိုလည္း အသုံးျပဳေနတယ္။ အရပ္ဘက္ အေဆာက္အအုံေတြနဲ႔ ေက်း႐ြာေတြ မီးရႈိ႕ဖ်က္ဆီးခံေနရၿပီး ႏိုင္ငံတြင္း အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြလည္း တိုက္ခိုက္ခံေနရတယ္လို႔ ကုလသမဂၢအေထြေထြညီလာခံရဲ႕ အလြတ္သေဘာ တင္ျပေဆြးေႏြးပြဲမွာ ဇြန္လ ၁၃ ရက္ေန႔က သတိေပးေျပာၾကားခဲ့ပါတယ္။

Noeleen Heyzar က ျမန္မာႏိုင္ငံတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေရးေပၚလိုအပ္ေနတာကိုလည္း အေလးထားတင္ျပခဲ့တာေတြ႕ရပါတယ္။ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြအပါအဝင္ ျမန္မာ့လူဦးေရရဲ႕ ေလးပုံ-တစ္ပုံျဖစ္တဲ့ လူေပါင္း ၁၄ ဒသမ ၄ သန္းဟာ လူသားခ်င္းစာနာမႈ အကူအညီေတြ အေရးေပၚလိုအပ္ေနတယ္လို႔လည္း ေထာက္ျပေျပာဆိုခဲ့ပါတယ္။ UNHCR ကလည္း ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဒုကၡသည္အေရအတြက္ ဆက္တိုက္ ျမင့္တက္လာေနတယ္။ အခုဆိုရင္ အိုးအိမ္စြန႔္ခြာရသူ ဒုကၡသည္ အေရအတြက္ဟာ ၁ ဒႆမ ၂ သန္းေက်ာ္ရွိမယ္လို႔ ကုလသမဂၢက ခန႔္မွန္းထားပါတယ္။

စစ္ပြဲ၊ အၾကမ္းဖက္မႈ၊ ပဋိပကၡ ဒါမွမဟုတ္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈ၊ ႏိုင္ငံတကာအကာအကြယ္ လိုအပ္ခ်က္ေတြေၾကာင့္ ကမာၻတလႊား ထြက္ေျပးရတဲ့ ဒုကၡသည္ ၂၇သန္းေက်ာ္ ရွိတယ္။ ဆီးရီးယားကေတာ့ ဒုကၡသည္ အမ်ားဆုံးျဖစ္ၿပီး အာဖဂန္နစၥတန္၊ ကြန္ဂို၊ ေတာင္ဆူဒန္နဲ႔ ျမန္မာႏိုင္ငံတို႔ဟာ ဒုကၡသည္ အမ်ားဆုံးရွိတဲ့ ႏိုင္ငံေတြျဖစ္တယ္လို႔ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီရဲ႕ ေျပာခြင့္ရ Shabia Mantoo က ဂ်နီဗာမွာ ေျပာၾကားခဲ့ပါတယ္။

ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးယႏၲရားအဖြဲ႕(IIMM) အဖြဲ႕ႀကီးကလည္း ျမန္မာစစ္ေကာင္စီရဲ႕ ေသဒဏ္ခ်မွတ္တဲ့ လုပ္ရပ္ဟာ ႏိုင္ငံတကာရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔ ဇြန္လ ၂၀ ရက္ေန႔က ေျပာၾကားလိုက္ပါတယ္။ မွ်တစြာ တရားစီရင္ႏိုင္ဖို႔လိုအပ္တဲ့ အေျခခံအခ်က္ေတြနဲ႔ မကိုက္ညီဘဲ ေသဒဏ္ေပးတာ ဒါမွမဟုတ္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတာမ်ိဳးဟာ လူသားထုေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈ ဒါမွဟုတ္ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ရာေရာက္ေစတယ္လို႔လည္း IIMM ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ၈၈ မ်ိဳးဆက္ေခါင္းေဆာင္ ဦးဂ်င္မီနဲ႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္သူ ဦးၿဖိဳးေဇယ်ာေသာ္တို႔ အပါအဝင္ လူ(၄)ဦးကိုအမ်ားေရွ႕ေမွာက္မွာ စစ္ေဆးၾကာနာမႈ မလုပ္ဘဲ စစ္ခုံ႐ုံးကေနေသဒဏ္ႀကိဳးမိန႔္ ခ်မွတ္လိုက္တဲ့အေၾကာင္း ဇြန္လ (၃) ရက္ေန႔မွာ ျမန္မာစစ္ေကာင္စီက ေၾကညာခဲ့တယ္လို႔ IIMM ေၾကညာခ်က္က ဆိုပါတယ္။ စစ္ေကာင္စီရဲ႕ အခုလုပ္ရပ္ဟာ ႏိုင္ငံတကာမွာ ျပဌာန္းထားတဲ့ ဥပေဒေတြကို ခ်ိဳးေဖါက္ရာ ေရာက္ေနသလို၊ ျပစ္မႈက်ဴးလြန္ခဲ့တယ္ဆိုၿပီး စြပ္စြဲခံထားရတဲ့ လူပုဂၢိဳလ္ေတြရဲ႕အေျခခံရပိုင္ခြင့္ေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖါက္တာ ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။

ကုလသမဂၢမွာ NoeleenHeyzar တင္ျပခဲ့တာကို ေကာက္ႏႈတ္ၿပီးေဖာ္ျပရရင္ ျမန္မာႏိုင္ငံရဲ ပကတိအေျခအေနဟာ လူမႈေရးနဲ႔ စီးပြါးေရးအေျခခံ အေဆာက္အအုံေတြ ၿပိဳလဲမယ့္ အႏၲရာယ္ရွိေနပါၿပီ။ ႏိုင္ငံလူဦးေရရဲ႕ တစ္ဝက္ဟာ ဆင္းရဲမြဲေတမႈနဲ႔အတူ ေနထိုင္ေနၾကရၿပီ။ လက္နက္ကိုင္ပဋိပကၡက ျပည္သူေတြရဲ႕ေန႔စဥ္ဘဝ ျဖစ္ေနပါတယ္။ စစ္ေကာင္စီက ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္လို႔ ေျပာဆိုေနေပမယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အပါအဝင္ ဒီမိုကေရစီေတာ္လွန္ေရးအင္အားစုေတြကို ေဘးဖယ္ထားပါတယ္။ ၂၀၂၃ ခုႏွစ္မွာ စစ္ေကာင္စီက လုပ္မယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲဟာ ႏိုင္ငံေရးအင္အားစုအားလုံး ဒီမိုကေရစီနည္းလမ္းက်က်၊ မွ်မွ်တတ၊ တန္းတူရည္တူပါဝင္ခြင့္ ကင္းမဲ့ေနတာေၾကာင့္ လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ မျဖစ္ႏိုင္သလို ဒီေ႐ြးေကာက္ပြဲေၾကာင့္ တိုင္းျပည္ထဲမွာ အၾကမ္းဖက္မႈေတြနဲ႔ မတည္ၿငိမ္မႈေတြပဲ က်ယ္ျပန႔္နက္ရႈိင္းလာလိမ့္မယ္။ တိုင္းျပည္ကို ကိုယ္စားျပဳတဲ့ အင္အားစုအားလုံး ပါဝင္ေျဖရွင္းခြင့္ရေရးကို အေကာင္အထည္ေဖာ္ႏိုင္မွ ျမန္မာ့ႏိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းႏိုင္မယ္။ ကုလသမဂၢနဲ႔ အာဆီယံအဖြဲ႕ လက္တြဲညီညီ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတာကို ေထာက္ျပထားၿပီး လူသားခ်င္းစာနာေထာက္ထားမႈအရ ထိထိေရာက္ေရာက္ ကူညီႏိုင္ေရး (humanitarian intervention) ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အင္အားစုအားလုံး ပါဝင္တဲ့ လုပ္ငန္းစဥ္တစ္ရပ္ ေဖာ္ေဆာင္ဖို႔ လိုအပ္ေနတယ္လို႔ ဆိုေၾကာင္းပါ။

=== Unicode ===

စစ်တပ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ပြောင်းရွှေ့လိုက်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က နယူးယောက်ရုံးချုပ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “အခုနောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ အလွန်ပဲစိုးရိမ်မိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်သာမက သမ္မတနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို ဆန့်ကျင်တဲ့ လုပ်ရပ်ပါ" လို့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကလည်း အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ဖိအား တိုးမြှင့်မပေးနိုင်ဘူးဆိုရင် နောက်ထပ် လူ့အသက်တွေ ဆုံးရှုံးရပြီး အတိဒုက္ခတွေ ပိုပြီးခံစားကြရလိမ့်မယ်လို့ သတိပေးလိုက်တဲ့အကြောင်းကို ဇွန်လ ၂၃ ရက်နေ့က VOA က ထုတ်လွှင့်ခဲ့ပါတယ်။Tom Andrew က “အချိန်တွေ ပိုယူပြီး ထိရောက်တဲ့ ဆောင်ရွက်ချက် ဘာမှမလုပ်နိုင်ဘူးဆိုရင် လူတွေပိုပြီး သေကြေကြရပါလိမ့်မယ်။ လူတွေ ပိုပြီး ဒုက္ခရောက်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေ အတွက် ဒီအတိုင်းပဲ နောက်ထပ် တစ်နှစ်ဆက်သွားဖို့ မဖြစ်နိုင်ပါဘူး" လို့ စိုးရိမ်တကြီး သတိပေးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံအခြေအနေဟာ ဒေသတွင်းကိုပါရိုက်ခတ်မယ့် အန္တရာယ်တွေ ရှိနေတာကြောင့် နိုင်ငံတကာက အမြန်ဆုံး တုံ့ပြန်ဖြေရှင်းကြဖို့ လိုအပ်ကြောင်း၊ ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်သက်ရောက် ရိုက်ခတ်လာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer က စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Shangri-La Dialogue အာရှလုံခြုံရေး ညီလာခံမှာ ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် Noeleen Hayzer က အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုမျိုးနဲ့ နိုင်ငံသားတွေရဲ့နိုင်ငံရေးအခွင့်အရေးကိုသာ လွတ်လပ်စွာ အသုံးချခွင့် မရဘူးဆိုရင်တော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ပိုပြီးကျယ်ပြန့်လာမယ်။ စစ်တပ်ဟာ အင်အား အလွန်အကျွံ ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး အရပ်သားတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေသလို ခုခံတိုက်ခိုက်နေသူတွေကိုလည်း တိုးမြှင့်ချေမှုန်းနေပါတယ်။ ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်တာတွေကိုလည်း အသုံးပြုနေတယ်။ အရပ်ဘက် အဆောက်အအုံတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံနေရပြီး နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေလည်း တိုက်ခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘော တင်ပြဆွေးနွေးပွဲမှာ ဇွန်လ ၁၃ ရက်နေ့က သတိပေးပြောကြားခဲ့ပါတယ်။

Noeleen Heyzar က မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီ အရေးပေါ်လိုအပ်နေတာကိုလည်း အလေးထားတင်ပြခဲ့တာတွေ့ရပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် မြန်မာ့လူဦးရေရဲ့ လေးပုံ-တစ်ပုံဖြစ်တဲ့ လူပေါင်း ၁၄ ဒသမ ၄ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ထောက်ပြပြောဆိုခဲ့ပါတယ်။ UNHCR ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်အရေအတွက် ဆက်တိုက် မြင့်တက်လာနေတယ်။ အခုဆိုရင် အိုးအိမ်စွန့်ခွာရသူ ဒုက္ခသည် အရေအတွက်ဟာ ၁ ဒဿမ ၂ သန်းကျော်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

စစ်ပွဲ၊ အကြမ်းဖက်မှု၊ ပဋိပက္ခ ဒါမှမဟုတ် ဖိနှိပ်ချုပ်ချယ်မှု၊ နိုင်ငံတကာအကာအကွယ် လိုအပ်ချက်တွေကြောင့် ကမ္ဘာတလွှား ထွက်ပြေးရတဲ့ ဒုက္ခသည် ၂၇သန်းကျော် ရှိတယ်။ ဆီးရီးယားကတော့ ဒုက္ခသည် အများဆုံးဖြစ်ပြီး အာဖဂန်နစ္စတန်၊ ကွန်ဂို၊ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံတို့ဟာ ဒုက္ခသည် အများဆုံးရှိတဲ့ နိုင်ငံတွေဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ ပြောခွင့်ရ Shabia Mantoo က ဂျနီဗာမှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့(IIMM) အဖွဲ့ကြီးကလည်း မြန်မာစစ်ကောင်စီရဲ့ သေဒဏ်ချမှတ်တဲ့ လုပ်ရပ်ဟာ နိုင်ငံတကာရာဇဝတ်မှု မြောက်နိုင်တယ်လို့ ဇွန်လ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ မျှတစွာ တရားစီရင်နိုင်ဖို့လိုအပ်တဲ့ အခြေခံအချက်တွေနဲ့ မကိုက်ညီဘဲ သေဒဏ်ပေးတာ ဒါမှမဟုတ် ဖမ်းဆီးချုပ်နှောင်ထားတာမျိုးဟာ လူသားထုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဒါမှဟုတ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာရောက်စေတယ်လို့လည်း IIMM ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးဖြိုးဇေယျာသော်တို့ အပါအဝင် လူ(၄)ဦးကိုအများရှေ့မှောက်မှာ စစ်ဆေးကြာနာမှု မလုပ်ဘဲ စစ်ခုံရုံးကနေသေဒဏ်ကြိုးမိန့် ချမှတ်လိုက်တဲ့အကြောင်း ဇွန်လ (၃) ရက်နေ့မှာ မြန်မာစစ်ကောင်စီက ကြေညာခဲ့တယ်လို့ IIMM ကြေညာချက်က ဆိုပါတယ်။ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ရာ ရောက်နေသလို၊ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ်တွေရဲ့အခြေခံရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂမှာ NoeleenHeyzar တင်ပြခဲ့တာကို ကောက်နှုတ်ပြီးဖော်ပြရရင် မြန်မာနိုင်ငံရဲ ပကတိအခြေအနေဟာ လူမှုရေးနဲ့ စီးပွါးရေးအခြေခံ အဆောက်အအုံတွေ ပြိုလဲမယ့် အန္တရာယ်ရှိနေပါပြီ။ နိုင်ငံလူဦးရေရဲ့ တစ်ဝက်ဟာ ဆင်းရဲမွဲတေမှုနဲ့အတူ နေထိုင်နေကြရပြီ။ လက်နက်ကိုင်ပဋိပက္ခက ပြည်သူတွေရဲ့နေ့စဉ်ဘဝ ဖြစ်နေပါတယ်။ စစ်ကောင်စီက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ ပြောဆိုနေပေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေကို ဘေးဖယ်ထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအင်အားစုအားလုံး ဒီမိုကရေစီနည်းလမ်းကျကျ၊ မျှမျှတတ၊ တန်းတူရည်တူပါဝင်ခွင့် ကင်းမဲ့နေတာကြောင့် လက်တွေ့အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်သလို ဒီရွေးကောက်ပွဲကြောင့် တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေပဲ ကျယ်ပြန့်နက်ရှိုင်းလာလိမ့်မယ်။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ အင်အားစုအားလုံး ပါဝင်ဖြေရှင်းခွင့်ရရေးကို အကောင်အထည်ဖော်နိုင်မှ မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မယ်။ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ လက်တွဲညီညီ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတာကို ထောက်ပြထားပြီး လူသားချင်းစာနာထောက်ထားမှုအရ ထိထိရောက်ရောက် ကူညီနိုင်ရေး (humanitarian intervention) ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အင်အားစုအားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖော်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုကြောင်းပါ။

XS
SM
MD
LG