သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္အေပၚ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းအျမင္


(Zawgyi / Unicode)

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer တာ၀န္ယူၿပီး ပထမဆုံးအႀကိမ္အျဖစ္ သြားေရာက္ခဲ့တဲ့ ခရီးစဥ္ဟာ ေမွ်ာ္လင့္သေလာက္ အက်ဳိးမရွိဘူးလို႔ ကုလသမဂၢဆိ္ုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္အတြင္း ထုတ္ျပန္တဲ့ ေၾကညာခ်က္အေပၚ စစ္ေကာင္စီက အျပင္းအထန္ တုံ႔ျပန္ခဲ့တာ ဘယ္လိုအေၾကာင္းေတြ ရွိေနပါသလဲ။ ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္အေပၚ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ရဲ႕ အျမင္ကို ကိုဉာဏ္၀င္းေအာင္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုဉာဏ္၀င္းေအာင္။ ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ရဲ႕ ျမန္မာႏုိင္ငံ ခရီးစဥ္ ရလဒ္ အေပၚမွာေပါ့ေလ သံအမတ္ႀကီး ဘယ္လို သံုးသပ္မိပါလဲ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ Special Envoy ျမန္မာႏုိင္ငံကို သြားတယ္။ သြားၿပီး ျပန္လာၿပီးေတာ့ ဒီ special envoy က ေျပာတာေတြနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္တာ ရွိတယ္ေပါ့ေနာ္။ အဲဒါ ၿပီးေတာ့ တရက္ေလာက္ ၾကာေတာ့ စကစ ဘက္က ေနၿပီးေတာ့ စာမ်က္ႏွာ ၂၀ ေက်ာ္ေပါ့ေနာ္ အဲဒါ ျပန္ထုတ္ျပန္တာ ေတြ႔ပါတယ္။
အဲလို ထုတ္ျပန္တာ ၾကည့္လုိက္တယ္ဆိုရင္ စကစ နဲ႔ Special Envoy ၾကားမွာေတာ့ အျမင္မတူတာေတြ၊ ေဆြးေႏြးတဲ႔ အခ်ိန္မွာ တေယာက္နဲ႔ တေယာက္ ေထာက္ျပတဲ႔ဟာေတြ၊ သေဘာမတူတာေတြ အမ်ားႀကီး ရွိတယ္ ဆိုတာမ်ိဳးေတာ့ သတိထားမိတာမ်ိဳးေတာ့ ရွိပါတယ္။
အထူးသျဖင့္ေတာ့ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဘာေျပာေျပာ ဒီ NUG ဘက္ကလည္း သတင္းထုတ္ျပန္တာေတြ ရွိတယ္ေပါ့ေနာ္။ ဆိုေတာ့ အဓိက အားျဖင့္ေပါ့ေနာ္ က်ေနာ္႔ ပုဂၢလိက အျမင္ အရ ၾကည့္ရင္လည္း ေပါ့ေနာ္ ဒီ သြားတဲ႔ ခရီးစဥ္က Timing က ျပႆနာ ရွိေနတယ္ေပါ့ေနာ္။
တခုက က်ေတာ့ Special Envoy အေနနဲ႔ သူ႔ကို ခန္႔ထားတယ္၊ တာ၀န္ယူတဲ႔ ၈ လ အတြင္းမွာ သူ သြားေရာက္ခဲ႔တဲ႔ ဥစၥာမ်ိဳးေပါ့ေနာ္။ ဒါကေတာ့ သူ႔ mandate မွာ ရွိတဲ႔ အတိုင္း သူ အေကာင္အထည္ ေဖာ္တာ ျဖစ္တယ္။
ဒါေပမဲ႔ Timing ကေတာ့ က်ေနာ္တို႔ အတြက္ နည္းနည္းေလး စိုးရိမ္စရာ ျဖစ္တယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီ ကိုဂ်င္မီတို႔ ကိုၿဖိဳးေဇယ်ာေသာ္တို႔ကို ဒီ မတရား သတ္ျဖတ္ၿပီး မၾကာခင္ ၂ ပတ္ ေက်ာ္ေက်ာ္ေလာက္မွာဘဲ သူ သြားတဲ႔ ခရီးစဥ္ ျဖစ္တဲ႔ အတြက္ေၾကာင့္ ျပည္သူေတြ အေနနဲ႔ေတာ့ ေတာ္ေတာ္ေလးကို မႀကိဳက္တဲ႔ ပံုစံမ်ိဳးကိုေတာ့ ေတြ႔ရတယ္ေပါ့ေနာ္။
ဆိုေတာ့ ေအာင္ျမင္မႈ မရွိဘူးဆိုတာမ်ိဳး က်ေနာ္တို႔ ၿခံဳၿပီး ေျပာလို႔ ရပါတယ္။ ဒါေၾကာင့္ ျပည္သူ႔ အသံကို နားေထာင္ပါ။ ျပည္သူေတြရဲ႕ ဆႏၵကို နားလည္ၿပီးေတာ့ ေဆာင္ရြက္ပါ ဆိုတဲ႔ အၿမဲတမ္း ေျပာေနတာ ရွိတယ္ေပါ႔။ အခု ဆိုရင္ေတာ့ ျပည္သူေတြရဲ႕ ဆႏၵ အေပၚ Reflect မလုပ္တာကိုေတာ့ အရမ္း ေပၚလြင္သြားတဲ႔ ဥစၥာမ်ိဳးေတာ့ ရွိပါတယ္ ခင္ဗ်။
ဒါေၾကာင့္ က်ေနာ္တို႔ စိုးရိမ္မႈ ဆိုတာကေတာ့ မသြားခင္က စိုးရိမ္တဲ႔ ဥစၥာ အခု သြားၿပီးေတာ့ ျဖစ္ေပၚလာတဲ႔ အေပၚ စိုးရိမ္တဲ႔ ဥစၥာေရာ ဒါ ထင္ထင္ရွားရွား ရွိတယ္ ဆိုတာကိုေတာ့ ေျပာလို႔ ရပါတယ္။

ကိုဉာဏ္၀င္းေအာင္။ ။ အဲဒီေတာ့ ဒီ ကုလ အထူးကိုယ္စားလွယ္က သူ႔ခရီးစဥ္ အၿပီး ထုတ္ျပန္တဲ႔ ေၾကညာခ်က္ထဲမွာ သူ သြားေရာက္တဲ႔ ခရီးစဥ္ဟာ ကုလသမဂၢရဲ႕ စိုးရိမ္မႈေတြကို သတင္းစကား ပါးဖို႔ရယ္၊ ပဋိပကၡေတြ၊ ျပည္သူေတြ ခံစားေနရတဲ႔ ဒုကၡေတြ ေလ်ာ့ပါးေရး အတြက္ ခိုင္မာတဲ႔ ေျခလွမ္းေတြ လွမ္းႏုိင္ဖို႔ အဆိုျပဳဖို႔ ဆိုၿပီးေတာ့ သူ သြားေရာက္တဲ႔ဟာ ျဖစ္တယ္ေပါ့ေလ။ ၿပီးေတာ့ ဒါဟာ တရား၀င္မႈကို အသိအမွတ္ျပဳဖို႔ မဟုတ္ဘူးလို႔လည္း ေၾကညာခ်က္မွာ ေျပာပါတယ္။ ဆိုေတာ့ သူ အဲလို ေျပာတဲ႔ အခ်က္ေတြ တခ်က္ခ်င္းစီ အတြက္ေရာ ဘယ္လို အခ်က္ေတြက ေအာင္ျမင္မႈ ရခဲ႔ၿပီးေတာ့ ဘယ္လို အခ်က္ေတြက အလုပ္မျဖစ္ဘူး ဆိုတာမ်ိဳး သံအမတ္ႀကီး ေျပာျပႏုိင္သလဲ ခင္ဗ်။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ခုန ေျပာသလိုေပါ့ေနာ္။ ဒီ သြားတဲ႔ ခရီးစဥ္က စကစ ကို အသိအမွတ္ျပဳတာ မဟုတ္ဘူးဆိုတဲ႔ ဥစၥာကိုေတာ့ က်ေနာ္တို႔ ေက်နပ္ပါတယ္။ ဒါေပမယ့္ ခုန ေျပာတဲ႔ လက္စြဲ ႏုတ္ဆက္တာ၊ အခုဆိုရင္ ဓာတ္ပံုေတြ ၾကည့္လိုက္ရင္ ရယ္ ၿပံဳးၿပီးေတာ့ ထြက္လာတာ ဆိုတာက ျပည္သူေတြရဲ႕ ဆႏၵကို အရမ္း ဆန္႔က်င္ေနတာ ျဖစ္တဲ႔ အတြက္ေတာ့ ျပည္သူေတြရဲ႕ ရိုက္ခတ္မႈကေတာ့ လက္ရွိမွာေရာ အနာဂတ္မွာေရာ ျဖစ္လာေနမယ္လို႔ေတာ့ က်ေနာ္က သံုးသပ္ပါတယ္။
ေနာက္ၿပီးေတာ့ သူ႔ရဲ႕ Statement ထဲမွာ ထုတ္ျပန္တဲ႔ ဟာထဲမွာလည္း ဘာေတြ ေျပာခဲ႔တယ္ ဆိုတာ ပါတယ္ေပါ့ေနာ္။ ဒီ Violence ေတြ ရပ္ဖို႔၊ စစ္တပ္ကေန မတရား ေလယာဥ္ေတြ အသံုးျပဳၿပီး ျပည္သူေတြကို အသက္ အိုးအိမ္ စည္းစိမ္ကို သတ္ျဖတ္တာေတြ ၿခိမ္းေျခာက္တာေတြ ရပ္တန္႔ဖို႔ ေနာက္ၿပီး လက္နက္ႀကီးေတြနဲ႔ ပစ္တာ ရပ္တန္႔ဖို႔ ဆိုတာေတြကေတာ့ ဒါ က်ေနာ္တို႔လည္း အၿမဲတမ္း ေတာင္းဆိုေနတာ၊ အၿမဲတမ္း တိုက္တြန္းေနတာ ျဖစ္တဲ႔ အတြက္ေၾကာင့္ ဒီလိုမ်ိဳး ေတာင္းဆို တိုက္တြန္းတာေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ ထိေရာက္လား ဆိုတာကိုေတာ့ ေမးခြန္း ထုတ္စရာ ရွိတာေပါ့ေနာ္။
ဒါေၾကာင့္ ျပန္ၾကည့္လိုက္တယ္ဆိုရင္ အရင္ က်ေနာ္တို႔ ရန္ကုန္ အေမရိကန္ သံအမတ္ႀကီး Scot Marciel သူဆိုရင္ ပြင့္ပြင့္လင္းလင္း ေျပာထားၿပီးသား ျဖစ္တယ္ေပါ့ေနာ္။ ဒီ စစ္တပ္က လူေတြက ဘယ္လိုမွ ထိေတြ႔လို႔ မရတဲ႔ အေနအထား ျဖစ္ေနၿပီ။ ဒါေၾကာင့္ သူတို႔ဟာ ထိေတြ႔ဖို႔နဲ႔ မတန္ေတာ့ဘူး။ သူတို႔ကို ဖိအားေပးမွ ရမယ္။ အဲဒီ လမ္းေၾကာင္း တခုဘဲ ရွိေတာ့တယ္ဆိုတာကို သံအမတ္ႀကီး Scot Marciel က ေသေသခ်ာခ်ာကို ေျပာခဲ႔တဲ႔ ဟာမ်ိဳး ရွိပါတယ္။ အဲဒါလည္း က်ေနာ္ သေဘာတူပါတယ္။ ဘာလို႔လဲ ဆိုေတာ့ အခု လုပ္ေနတဲ႔ ကိုင္ေနတဲ႔ဟာကို ၾကည့္လိုက္ရင္ ဘယ္လိုမွ သူတို႔ အေနနဲ႔ ဘယ္သူ႔ စကားမွ နားမေထာင္ဘဲနဲ႔ ရက္စက္တဲ႔ ၾကမ္းတမ္းတဲ႔ ယုတ္မာတဲ႔ ဥစၥာေတြကို လုပ္ေနၿပီ ဆိုတာကိုေတာ့ အရမ္းေပၚလြင္ေနပါတယ္။

ကိုဉာဏ္၀င္းေအာင္။ ။ ဟုတ္ကဲ႔။ အဲဒီေတာ့ မစၥ Heyzer ရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ စစ္ေကာင္စီ ဘက္ကလည္း စာမ်က္ႏွာေပါင္း မ်ားစြာနဲ႔ ျပင္းထန္တဲ႔ ေၾကညာခ်က္ေတြ ျပန္ၿပီးေတာ့ ထုတ္ျပန္တာ ေတြ႔ရပါတယ္။ ဘာေၾကာင့္ ဘယ္လို အခ်က္ေတြ အေပၚ အေျခခံၿပီး အဲေလာက္ထိ တုံ႔ျပန္တယ္လို႔ သံအမတ္ႀကီး ယူဆပါသလဲ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ က်ေနာ္ ျမင္တာကေတာ့ သူတို႔က ႏွစ္ေယာက္ အျပန္အလွန္ ေဆြးေႏြးခ်က္ေတြကို ထုတ္ျပန္တာေပါ့။ က်ေနာ္တို႔ ၀န္ထမ္း စကားနဲ႔ ေျပာရင္ေတာ့ note of discussion ကို သူက ထုတ္ျပန္တဲ႔ သေဘာေပါ့။ ဒီလိုမ်ိဳး note of discussion ဆိုတဲ႔ ဥစၥာက က်ေနာ္တို႔ ၀န္ထမ္းဘ၀မွာ လ်ိဳ႕၀ွက္ ဆိုၿပီးေတာ့ က်ေနာ္တို႔ ၂ ဦးၾကားဘဲ သိရမယ့္ ဥစၥာေပါ့ေနာ္။ ဒါကို အျပည့္အစံုႀကီး ဒီလိုမ်ိဳး ထုတ္ျပန္လိုက္တဲ႔ ဥစၥာကေတာ့ တဖက္က ၾကည္႔ရင္ Ethic အရေတာ့ ေတာ္ေတာ္ေလးကို မွားယြင္းေနတယ္ ဆိုတာကိုေတာ့ ေထာက္ျပလို႔ ရပါတယ္။
က်ေနာ႔္ အျမင္ေတာ့ တုံ႔ျပန္တာထက္ စာရင္ သူတို႔က ႏွစ္ဘက္ ေဆြးေႏြးခ်က္ေတြကို ခ်ျပလိုက္တဲ႔ ဥစၥာမ်ိဳး ျဖစ္တယ္။ ဒါေၾကာင့္ ခုနက ေျပာတဲ႔ က်င့္၀တ္နဲ႔ေတာ့ မညီဘူးဆိုတာေတာ့ ေျပာလို႔ ရပါတယ္။

ကိုဉာဏ္၀င္းေအာင္။ ။ အဓိက က မစၥ Heyzer လာတဲ႔ ခရီးစဥ္က တရား၀င္ အသိအမွတ္မျပဳဘူးဆိုတဲ႔ ဟာမ်ိဳးကို သူတို႔ နာက်ည္းသြားတာလား။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ သူတို႔ကလည္း သူတို႔ တြက္ခ်က္မႈနဲ႔ သူတို႔ ရွိမွာေပါ့ေနာ္။ ဘာေျပာေျပာ က်ေနာ္တို႔လည္း သိတဲ႔ အတိုင္း စကစ ဆိုတာေတာ့ တြက္ခ်က္ၿပီးေတာ့ လုပ္ေလ႔ လုပ္ထ ရွိတယ္၊ လုပ္လည္း လုပ္ေနတာ ဆိုေတာ့ ဒီကိစၥမွာလည္း ဒီခရီးစဥ္ကို အသံုးခ်လိမ့္မယ္။ သူတို႔က ဒီ ခရီးစဥ္ လာတဲ႔ အေပၚ မူတည္ၿပီးေတာ့ ေျပာဆိုတာေတြ ထိေတြ႔တာေတြ ေနာက္ၿပီးေတာ့ ရပ္တည္ခ်က္ေတြကိုေပါ့ေနာ္ အျပန္အလွန္ ႏွစ္ဘက္ ေျပာၾကတဲ႔ အခါမွာ မစၥ Heyzer Special Envoy အေနနဲ႔လည္း ဘာေျပာေျပာ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ Special envoy ျဖစ္တဲ႔ အတြက္ေၾကာင့္ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ မူ၀ါဒ ရပ္တည္ခ်က္ေတြကိုေတာ့ ေသြဖည္လို႔ မရဘူးေပါ့ေနာ္။
အတြင္းေရးမွဴးခ်ဳပ္က ဟိုးကတည္းက သူက ျပတ္ျပတ္သားသား ရပ္တည္ထားတယ္။ လက္ရွိ အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ လံုး၀ လက္မခံဘူးဆိုၿပီးေတာ့ စစ္အာဏာသိမ္းမႈ က်ဆံုးရမယ္ဆိုတာရယ္၊ ဒီ စကစ ကို လံုး၀ အသိအမွတ္ မျပဳဘူးဆိုတာရယ္ ေပါ့ေနာ္။ ဒါေတြကေတာ့ သူ႔ရဲ႕ ရပ္တည္ခ်က္ ျဖစ္တဲ႔ အတြက္ေၾကာင့္ အဲဒီ ရပ္တည္ခ်က္ အတိုင္းဘဲ သူက လုပ္ကို လုပ္ရမွာဘဲ။ တဖက္ကလည္း ဒါကို ထြက္ေပါက္ ရမလားလို႔ လုပ္တယ္လို႔ ယူဆ ရတာေပါ့ေနာ္။ ဒါေတာ့ က်ေနာ္႔ အျမင္ ေျပာတာပါ။ လြဲခ်င္လည္း လြဲမယ္ေပါ့ေနာ္။
သူတို႔ ေမွ်ာ္လင့္တဲ႔ ဥစၥာကေတာ့ ဒီကေန တဆင့္ အသံုးခ်မယ္ ဆိုတာမ်ိဳးေတာ့ ရွိေကာင္း ရွိႏုိင္တယ္ေပါ့။ ဒါေၾကာင့္ ဒီ သတင္းထုတ္ျပန္တဲ႔ အေပၚမွာ ဆတ္ဆတ္ထိ မခံ ျဖစ္သြားၿပီးေတာ့ ဒီလိုမ်ိဳး က်င့္၀တ္ေတြကို ေဖာက္ဖ်က္ၿပီးေတာ့ ခ်ျပတဲ႔ အထိ ျဖစ္သြားတယ္လို႔ေတာ့ က်ေနာ္ သံုးသပ္ပါတယ္။

ကိုဉာဏ္၀င္းေအာင္။ ။ ဟုတ္ကဲ႔။ ကုလ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္က အခုလို အစပိုင္းမွာဘဲ စစ္ေကာင္စီနဲ႔ ၾကားမွာ အဖုအထစ္ေတြ ျဖစ္သြားတဲ႔ အေျခအေန ရွိသြားေတာ့ ေနာက္ပိုင္းေပါ့ ေရွ႕ဆက္ ကုလသမဂၢ အထူးကိုယ္စားလွယ္နဲ႔ စစ္ေကာင္စီ တာ၀န္ရွိသူေတြၾကား ဆက္ဆံရမယ့္ ကိစၥေတြက ဘယ္လိုမ်ိဳး ဆက္ျဖစ္လာႏုိင္မယ္လို႔ ခန္႔မွန္း မိပါသလဲ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ ။ ဘာေျပာေျပာေပါ့ေနာ္ အခုကလည္း ပထမဆံုး ခရီးစဥ္ ဆိုလည္း ဟုတ္တယ္ ႏွစ္ဘက္ ယံုၾကည္မႈ ရေရး အတြက္ သြားတယ္ဆိုတဲ႔ ပံုစံမ်ိဳး ျဖစ္ေနတယ္ေပါ့ေနာ္။ ဒါေပမယ့္ ဘယ္လိုဘဲ ျဖစ္ျဖစ္ က်ေနာ္တို႔ ျပည္သူေတြက ေျပာတာေတာ့ ရွင္းတယ္။ ဒီ မတရား လူေတြကို အၾကမ္းဖက္ သတ္ျဖတ္ေနတဲ႔ လူေတြနဲ႔ သြားေတြ႔ၿပီ ဆိုကတည္းကေတာ့ လံုး၀ ကိုေပါ့ေနာ္ မႀကိဳက္ မႏွစ္သက္တဲ႔ ပံုစံမ်ိဳး ရွိတယ္။ ဒါေၾကာင့္ ျပည္သူေတြရဲ႕ ဆႏၵကိုေတာ့ ျပည္သူေတြရဲ႕ ခံစားခ်က္ကိုေတာ့ ေက်ာ္လြန္ၿပီးေတာ့ ဘယ္လိုဘဲ ျဖစ္ျဖစ္ မေဆာင္ရြက္သင့္ဘူး လို႔ေတာ့ ေျပာလိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကုလအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အပေါ် သံအမတ်ကြီးဦးကျော်မိုးထွန်းအမြင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့တဲ့ ခရီးစဉ်ဟာ မျှော်လင့်သလောက် အကျိုးမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း ထုတ်ပြန်တဲ့ ကြေညာချက်အပေါ် စစ်ကောင်စီက အပြင်းအထန် တုံ့ပြန်ခဲ့တာ ဘယ်လိုအကြောင်းတွေ ရှိနေပါသလဲ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့ အမြင်ကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရလဒ် အပေါ်မှာပေါ့လေ သံအမတ်ကြီး ဘယ်လို သုံးသပ်မိပါလဲ။
သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ Special Envoy မြန်မာနိုင်ငံကို သွားတယ်။ သွားပြီး ပြန်လာပြီးတော့ ဒီ special envoy က ပြောတာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာ ရှိတယ်ပေါ့နော်။ အဲဒါ ပြီးတော့ တရက်လောက် ကြာတော့ စကစ ဘက်က နေပြီးတော့ စာမျက်နှာ ၂၀ ကျော်ပေါ့နော် အဲဒါ ပြန်ထုတ်ပြန်တာ တွေ့ပါတယ်။
အဲလို ထုတ်ပြန်တာ ကြည့်လိုက်တယ်ဆိုရင် စကစ နဲ့ Special Envoy ကြားမှာတော့ အမြင်မတူတာတွေ၊ ဆွေးနွေးတဲ့ အချိန်မှာ တယောက်နဲ့ တယောက် ထောက်ပြတဲ့ဟာတွေ၊ သဘောမတူတာတွေ အများကြီး ရှိတယ် ဆိုတာမျိုးတော့ သတိထားမိတာမျိုးတော့ ရှိပါတယ်။
အထူးသဖြင့်တော့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာပြောပြော ဒီ NUG ဘက်ကလည်း သတင်းထုတ်ပြန်တာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အဓိက အားဖြင့်ပေါ့နော် ကျနော့် ပုဂ္ဂလိက အမြင် အရ ကြည့်ရင်လည်း ပေါ့နော် ဒီ သွားတဲ့ ခရီးစဉ်က Timing က ပြဿနာ ရှိနေတယ်ပေါ့နော်။
တခုက ကျတော့ Special Envoy အနေနဲ့ သူ့ကို ခန့်ထားတယ်၊ တာဝန်ယူတဲ့ ၈ လ အတွင်းမှာ သူ သွားရောက်ခဲ့တဲ့ ဥစ္စာမျိုးပေါ့နော်။ ဒါကတော့ သူ့ mandate မှာ ရှိတဲ့ အတိုင်း သူ အကောင်အထည် ဖော်တာ ဖြစ်တယ်။
ဒါပေမဲ့ Timing ကတော့ ကျနော်တို့ အတွက် နည်းနည်းလေး စိုးရိမ်စရာ ဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ကို ဒီ မတရား သတ်ဖြတ်ပြီး မကြာခင် ၂ ပတ် ကျော်ကျော်လောက်မှာဘဲ သူ သွားတဲ့ ခရီးစဉ် ဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေ အနေနဲ့တော့ တော်တော်လေးကို မကြိုက်တဲ့ ပုံစံမျိုးကိုတော့ တွေ့ရတယ်ပေါ့နော်။
ဆိုတော့ အောင်မြင်မှု မရှိဘူးဆိုတာမျိုး ကျနော်တို့ ခြုံပြီး ပြောလို့ ရပါတယ်။ ဒါကြောင့် ပြည်သူ့ အသံကို နားထောင်ပါ။ ပြည်သူတွေရဲ့ ဆန္ဒကို နားလည်ပြီးတော့ ဆောင်ရွက်ပါ ဆိုတဲ့ အမြဲတမ်း ပြောနေတာ ရှိတယ်ပေါ့။ အခု ဆိုရင်တော့ ပြည်သူတွေရဲ့ ဆန္ဒ အပေါ် Reflect မလုပ်တာကိုတော့ အရမ်း ပေါ်လွင်သွားတဲ့ ဥစ္စာမျိုးတော့ ရှိပါတယ် ခင်ဗျ။
ဒါကြောင့် ကျနော်တို့ စိုးရိမ်မှု ဆိုတာကတော့ မသွားခင်က စိုးရိမ်တဲ့ ဥစ္စာ အခု သွားပြီးတော့ ဖြစ်ပေါ်လာတဲ့ အပေါ် စိုးရိမ်တဲ့ ဥစ္စာရော ဒါ ထင်ထင်ရှားရှား ရှိတယ် ဆိုတာကိုတော့ ပြောလို့ ရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ဒီ ကုလ အထူးကိုယ်စားလှယ်က သူ့ခရီးစဉ် အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူ သွားရောက်တဲ့ ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကား ပါးဖို့ရယ်၊ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး အတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ဖို့ အဆိုပြုဖို့ ဆိုပြီးတော့ သူ သွားရောက်တဲ့ဟာ ဖြစ်တယ်ပေါ့လေ။ ပြီးတော့ ဒါဟာ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ပြောပါတယ်။ ဆိုတော့ သူ အဲလို ပြောတဲ့ အချက်တွေ တချက်ချင်းစီ အတွက်ရော ဘယ်လို အချက်တွေက အောင်မြင်မှု ရခဲ့ပြီးတော့ ဘယ်လို အချက်တွေက အလုပ်မဖြစ်ဘူး ဆိုတာမျိုး သံအမတ်ကြီး ပြောပြနိုင်သလဲ ခင်ဗျ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ခုန ပြောသလိုပေါ့နော်။ ဒီ သွားတဲ့ ခရီးစဉ်က စကစ ကို အသိအမှတ်ပြုတာ မဟုတ်ဘူးဆိုတဲ့ ဥစ္စာကိုတော့ ကျနော်တို့ ကျေနပ်ပါတယ်။ ဒါပေမယ့် ခုန ပြောတဲ့ လက်စွဲ နုတ်ဆက်တာ၊ အခုဆိုရင် ဓာတ်ပုံတွေ ကြည့်လိုက်ရင် ရယ် ပြုံးပြီးတော့ ထွက်လာတာ ဆိုတာက ပြည်သူတွေရဲ့ ဆန္ဒကို အရမ်း ဆန့်ကျင်နေတာ ဖြစ်တဲ့ အတွက်တော့ ပြည်သူတွေရဲ့ ရိုက်ခတ်မှုကတော့ လက်ရှိမှာရော အနာဂတ်မှာရော ဖြစ်လာနေမယ်လို့တော့ ကျနော်က သုံးသပ်ပါတယ်။
နောက်ပြီးတော့ သူ့ရဲ့ Statement ထဲမှာ ထုတ်ပြန်တဲ့ ဟာထဲမှာလည်း ဘာတွေ ပြောခဲ့တယ် ဆိုတာ ပါတယ်ပေါ့နော်။ ဒီ Violence တွေ ရပ်ဖို့၊ စစ်တပ်ကနေ မတရား လေယာဉ်တွေ အသုံးပြုပြီး ပြည်သူတွေကို အသက် အိုးအိမ် စည်းစိမ်ကို သတ်ဖြတ်တာတွေ ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ နောက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ ရပ်တန့်ဖို့ ဆိုတာတွေကတော့ ဒါ ကျနော်တို့လည်း အမြဲတမ်း တောင်းဆိုနေတာ၊ အမြဲတမ်း တိုက်တွန်းနေတာ ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုမျိုး တောင်းဆို တိုက်တွန်းတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ထိရောက်လား ဆိုတာကိုတော့ မေးခွန်း ထုတ်စရာ ရှိတာပေါ့နော်။
ဒါကြောင့် ပြန်ကြည့်လိုက်တယ်ဆိုရင် အရင် ကျနော်တို့ ရန်ကုန် အမေရိကန် သံအမတ်ကြီး Scot Marciel သူဆိုရင် ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား ဖြစ်တယ်ပေါ့နော်။ ဒီ စစ်တပ်က လူတွေက ဘယ်လိုမှ ထိတွေ့လို့ မရတဲ့ အနေအထား ဖြစ်နေပြီ။ ဒါကြောင့် သူတို့ဟာ ထိတွေ့ဖို့နဲ့ မတန်တော့ဘူး။ သူတို့ကို ဖိအားပေးမှ ရမယ်။ အဲဒီ လမ်းကြောင်း တခုဘဲ ရှိတော့တယ်ဆိုတာကို သံအမတ်ကြီး Scot Marciel က သေသေချာချာကို ပြောခဲ့တဲ့ ဟာမျိုး ရှိပါတယ်။ အဲဒါလည်း ကျနော် သဘောတူပါတယ်။ ဘာလို့လဲ ဆိုတော့ အခု လုပ်နေတဲ့ ကိုင်နေတဲ့ဟာကို ကြည့်လိုက်ရင် ဘယ်လိုမှ သူတို့ အနေနဲ့ ဘယ်သူ့ စကားမှ နားမထောင်ဘဲနဲ့ ရက်စက်တဲ့ ကြမ်းတမ်းတဲ့ ယုတ်မာတဲ့ ဥစ္စာတွေကို လုပ်နေပြီ ဆိုတာကိုတော့ အရမ်းပေါ်လွင်နေပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ အဲဒီတော့ မစ္စ Heyzer ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီ ဘက်ကလည်း စာမျက်နှာပေါင်း များစွာနဲ့ ပြင်းထန်တဲ့ ကြေညာချက်တွေ ပြန်ပြီးတော့ ထုတ်ပြန်တာ တွေ့ရပါတယ်။ ဘာကြောင့် ဘယ်လို အချက်တွေ အပေါ် အခြေခံပြီး အဲလောက်ထိ တုံ့ပြန်တယ်လို့ သံအမတ်ကြီး ယူဆပါသလဲ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ကျနော် မြင်တာကတော့ သူတို့က နှစ်ယောက် အပြန်အလှန် ဆွေးနွေးချက်တွေကို ထုတ်ပြန်တာပေါ့။ ကျနော်တို့ ဝန်ထမ်း စကားနဲ့ ပြောရင်တော့ note of discussion ကို သူက ထုတ်ပြန်တဲ့ သဘောပေါ့။ ဒီလိုမျိုး note of discussion ဆိုတဲ့ ဥစ္စာက ကျနော်တို့ ဝန်ထမ်းဘဝမှာ လျို့ဝှက် ဆိုပြီးတော့ ကျနော်တို့ ၂ ဦးကြားဘဲ သိရမယ့် ဥစ္စာပေါ့နော်။ ဒါကို အပြည့်အစုံကြီး ဒီလိုမျိုး ထုတ်ပြန်လိုက်တဲ့ ဥစ္စာကတော့ တဖက်က ကြည့်ရင် Ethic အရတော့ တော်တော်လေးကို မှားယွင်းနေတယ် ဆိုတာကိုတော့ ထောက်ပြလို့ ရပါတယ်။
ကျနော့် အမြင်တော့ တုံ့ပြန်တာထက် စာရင် သူတို့က နှစ်ဘက် ဆွေးနွေးချက်တွေကို ချပြလိုက်တဲ့ ဥစ္စာမျိုး ဖြစ်တယ်။ ဒါကြောင့် ခုနက ပြောတဲ့ ကျင့်ဝတ်နဲ့တော့ မညီဘူးဆိုတာတော့ ပြောလို့ ရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဓိက က မစ္စ Heyzer လာတဲ့ ခရီးစဉ်က တရားဝင် အသိအမှတ်မပြုဘူးဆိုတဲ့ ဟာမျိုးကို သူတို့ နာကျည်းသွားတာလား။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ သူတို့ကလည်း သူတို့ တွက်ချက်မှုနဲ့ သူတို့ ရှိမှာပေါ့နော်။ ဘာပြောပြော ကျနော်တို့လည်း သိတဲ့ အတိုင်း စကစ ဆိုတာတော့ တွက်ချက်ပြီးတော့ လုပ်လေ့ လုပ်ထ ရှိတယ်၊ လုပ်လည်း လုပ်နေတာ ဆိုတော့ ဒီကိစ္စမှာလည်း ဒီခရီးစဉ်ကို အသုံးချလိမ့်မယ်။ သူတို့က ဒီ ခရီးစဉ် လာတဲ့ အပေါ် မူတည်ပြီးတော့ ပြောဆိုတာတွေ ထိတွေ့တာတွေ နောက်ပြီးတော့ ရပ်တည်ချက်တွေကိုပေါ့နော် အပြန်အလှန် နှစ်ဘက် ပြောကြတဲ့ အခါမှာ မစ္စ Heyzer Special Envoy အနေနဲ့လည်း ဘာပြောပြော အတွင်းရေးမှူးချုပ်ရဲ့ Special envoy ဖြစ်တဲ့ အတွက်ကြောင့် အတွင်းရေးမှူးချုပ်ရဲ့ မူဝါဒ ရပ်တည်ချက်တွေကိုတော့ သွေဖည်လို့ မရဘူးပေါ့နော်။
အတွင်းရေးမှူးချုပ်က ဟိုးကတည်းက သူက ပြတ်ပြတ်သားသား ရပ်တည်ထားတယ်။ လက်ရှိ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ လုံး၀ လက်မခံဘူးဆိုပြီးတော့ စစ်အာဏာသိမ်းမှု ကျဆုံးရမယ်ဆိုတာရယ်၊ ဒီ စကစ ကို လုံး၀ အသိအမှတ် မပြုဘူးဆိုတာရယ် ပေါ့နော်။ ဒါတွေကတော့ သူ့ရဲ့ ရပ်တည်ချက် ဖြစ်တဲ့ အတွက်ကြောင့် အဲဒီ ရပ်တည်ချက် အတိုင်းဘဲ သူက လုပ်ကို လုပ်ရမှာဘဲ။ တဖက်ကလည်း ဒါကို ထွက်ပေါက် ရမလားလို့ လုပ်တယ်လို့ ယူဆ ရတာပေါ့နော်။ ဒါတော့ ကျနော့် အမြင် ပြောတာပါ။ လွဲချင်လည်း လွဲမယ်ပေါ့နော်။
သူတို့ မျှော်လင့်တဲ့ ဥစ္စာကတော့ ဒီကနေ တဆင့် အသုံးချမယ် ဆိုတာမျိုးတော့ ရှိကောင်း ရှိနိုင်တယ်ပေါ့။ ဒါကြောင့် ဒီ သတင်းထုတ်ပြန်တဲ့ အပေါ်မှာ ဆတ်ဆတ်ထိ မခံ ဖြစ်သွားပြီးတော့ ဒီလိုမျိုး ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီးတော့ ချပြတဲ့ အထိ ဖြစ်သွားတယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ ကုလ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်က အခုလို အစပိုင်းမှာဘဲ စစ်ကောင်စီနဲ့ ကြားမှာ အဖုအထစ်တွေ ဖြစ်သွားတဲ့ အခြေအနေ ရှိသွားတော့ နောက်ပိုင်းပေါ့ ရှေ့ဆက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကြား ဆက်ဆံရမယ့် ကိစ္စတွေက ဘယ်လိုမျိုး ဆက်ဖြစ်လာနိုင်မယ်လို့ ခန့်မှန်း မိပါသလဲ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း။ ။ ဘာပြောပြောပေါ့နော် အခုကလည်း ပထမဆုံး ခရီးစဉ် ဆိုလည်း ဟုတ်တယ် နှစ်ဘက် ယုံကြည်မှု ရရေး အတွက် သွားတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်။ ဒါပေမယ့် ဘယ်လိုဘဲ ဖြစ်ဖြစ် ကျနော်တို့ ပြည်သူတွေက ပြောတာတော့ ရှင်းတယ်။ ဒီ မတရား လူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ လူတွေနဲ့ သွားတွေ့ပြီ ဆိုကတည်းကတော့ လုံး၀ ကိုပေါ့နော် မကြိုက် မနှစ်သက်တဲ့ ပုံစံမျိုး ရှိတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒကိုတော့ ပြည်သူတွေရဲ့ ခံစားချက်ကိုတော့ ကျော်လွန်ပြီးတော့ ဘယ်လိုဘဲ ဖြစ်ဖြစ် မဆောင်ရွက်သင့်ဘူး လို့တော့ ပြောလိုပါတယ်။

XS
SM
MD
LG