သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဝေဖန် 


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Photo: SAC Information )
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Photo: SAC Information )

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်က နိုင်ငံတကာရဲ့ အထင်အမြင်လွဲမှားစရာ ဖြစ်ရတယ်လို့ဖေါ်ပြပါတယ်။

ကုလအထူးကိုယ်စားလှယ် ထုတ်ပြန်ချက်အပေါ် စစ်ကောင်စီဝေဖန်

{{Zawgyi/Unicode}}
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာနဲ့ ပြည်သူတွေကြား အထင်အမြင် လွဲမှားစရာ ဖြစ်ခဲ့ရတယ်လို့လည်း တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သောကြာနေ့က စာမျက်နှာ ၂၈ မျက်နှာနဲ့ အသေးစိတ် သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားတာပါ။

အထူးကိုယ်စားလှယ်ရုံး သတင်းထုတ်ပြန်ချက်ဟာ ပြည်တွင်း၊ ပြည်ပက တရားမဝင် အကြမ်းဖက်အဖွဲ့တွေက သတင်းမှားတွေကို အခြေခံ ဆွေးနွေး တောင်းဆိုမှုတွေ ဖြစ်ကြောင်းလည်း စွပ်စွဲထားပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီအကြီးအကဲနဲ့ တွေဆုံအပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Heyzer ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ သူ့ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကားပါးဖို့ နဲ့ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး ခိုင်မာတဲ့ ခြေလှမ်းတွေလှမ်းနိုင်အောင် အဆိုပြုဖို့ဖြစ်ပြီး၊ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီ အကြီးအကဲကတော့ မြန်မာနိုင်ငံကို တရားဥပဒေလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ပြန်လည်ဆောင်ရွက်နေတာတွေနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အသိအမှတ်မပြုတဲ့အပေါ် မေးခွန်းထုတ်လိုကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံ အခြေအနေ တည်ငြိမ်မှု ရှိနေတဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်ပူပန်ကြောင်း ပြောဆိုနေတဲ့အပေါ် နားမလည်နိုင်ကြောင်းလည်း ပြောဆိုထားပါတယ်။

တွေ့ဆုံမှုအတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံ ဒေသတချို့မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ မလုပ်ဖို့၊ အများပြည်သူ ရပ်ရွာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

စစ်ကောင်စီ အကြီးအကဲကတော့ အကြမ်းဖက် ဆန့်ကျင်တိုက်ခိုက်မှုတွေကို ကာကွယ်နေတာဖြစ်ပြီး၊ မီးရှို့မှု စွပ်စွဲချက်တွေဟာ မမှန်ကြောင်းလည်း ငြင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ အကြမ်းဖက်မှုတွေကို ၂ ဖက်စလုံးက ကျုးလွန်နေတဲ့ အချက်ကို ပထမဆုံး အသိအမှတ်ပြုခဲ့သူ အဖြစ်နဲ့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................................................


{{Zawgyi/Unicode}}






XS
SM
MD
LG