သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္အေပၚ NUG သေဘာထား


ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ ႏိုလင္းေဟဇာ ျမန္မာႏိုင္ငံေရာက္ရွိလာစဥ္။

[[ ZAWGYI / UNICODE ]]

ကုလအထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္အေပၚ NUG သေဘာထား

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer အဂၤါေန႔က စတင္လိုက္တဲ့ ျမန္မာျပည္ခရီးစဥ္ကေန ထူးျခားတဲ့ ရလဒ္ထြက္ေပၚလာဖို႔ ေမွ်ာ္လင့္ မထားဘူးလို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG တာဝန္ရွိသူတဦးက ေျပာၾကားလိုက္ပါတယ္။ စစ္ေကာင္စီ အဆင့္ျမင့္ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံဖို႔ ရွိေနေပမဲ့ ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ရဖို႔ အလားအလာ မရွိတာေၾကာင့္ ခရီးစဥ္ဟာ အက်ိဳးမရွိႏိုင္ဘူးလို႔လည္း NUG ဒု-ႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးက ေထာက္ျပပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။


ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူၿပီး ပထမဆုံးအႀကိမ္အျဖစ္ သြားတဲ့ခရီးစဥ္မွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆိုး႐ြားလာတဲ့ အေျခအေနေတြကို အာ႐ုံစိုက္မွာျဖစ္ေၾကာင္းလည္း ကုလသမဂၢက သတင္းထုတ္ျပန္ထားပါတယ္။ ဒါေပမဲ့လည္း ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီး ကတည္းက ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ႏိုင္မယ့္ အေျခအေန မရွိဘဲ သြားေရာက္တာဟာ ျမန္မာ့အေရး ေျဖရွင္းရာမွာ တိုးတက္မႈ မရႏိုင္ဘူးလို႔ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ NUG ဒု-ႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးက ေျပာပါတယ္။

“ ဒီလို အခ်ိန္ကာလမ်ဳိးမွာ သြားတာနဲ႔ ပတ္သက္လို႔ က်ေနာ္တို႔ နည္းနည္းေတာ့ အံ့အားသင့္မိတယ္။ ေနာက္တခုက သူ႔အရင္ အာဆီယံရဲ႕ အထူးကိုယ္စားလွယ္ ဆိုရင္လည္း ၂ ေခါက္ေတာင္ သြားခဲ့တာပဲ။ သြားတဲ့အခါ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ မရခဲ့ဘူး။ ေနာက္ သူေတြ႕ခ်င္တဲ့ အျခားေသာ လူပုဂၢိဳလ္ အဖြဲ႔အစည္းေတြနဲ႔လည္း လြတ္လြတ္လပ္လပ္ ေတြ႕ခြင့္ မရခဲ့ဘူး။ မရခဲ့တဲ့အျပင္ သူကိုယ္တိုင္လည္း ဝန္ခံခဲ့တာရွိတယ္ .. သူ႔ခရီးစဥ္ ရည္ရြယ္ခ်က္ေတြက ဘာတခုမွ မေအာင္ျမင္ခဲ့ဘူး။ ဆိုေတာ့ ေဒါက္တာ ႏိုလိင္းေဟဇာ အေနနဲ႔ကလည္း ဒါကို ျပန္ေလ့လာသင့္တယ္၊ သင္ခန္းစာယူသင့္တယ္။ ဒီလို အခ်ိန္မွာ သြားတယ္ဆိုေတာ့ ဘယ္ေလာက္မ်ား အက်ဳိးေက်းဇူး ရွိႏိုင္မလဲေပါ့ေလ။ က်ေနာ္တို႔ အေနနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီးေတာ့ အက်ဳိးတစုံတရာ ရွိမယ္ဆိုတာကို သိပ္အမ်ားႀကီးေတာ့ မေမွ်ာ္လင့္ပါဘူး။ ”

ကုလ အထူးသံကိုယ္စားလွယ္ Noeleen Heyzer ရဲ႕ ဒီခရီးစဥ္မတိုင္ခင္ ၊ အာဆီယံ အထူးကိုယ္စားလွယ္ Prak Sokhonn က စစ္ေကာင္စီ အႀကီးအကဲနဲ႔ (၂)ႀကိမ္တိုင္တိုင္ သြားေရာက္ေတြ႕ဆုံခဲ့ခ်ိန္မွာလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္ မရခဲ့သလို ၊ ျပႆနာေျပလည္ေရး ရလဒ္ေကာင္းေတြ ထြက္ေပၚမလာခဲ့တာေၾကာင့္ အဲဒီျဖစ္စဥ္ေတြကို အထူးကိုယ္စားလွယ္ အေနနဲ႔ သတိျပဳသင့္တယ္လို႔ ဦးမိုးေဇာ္ဦးက ေထာက္ျပပါတယ္။
ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ ခရီးစဥ္အတြင္း စစ္ေကာင္စီအႀကီးအကဲနဲ႔ ေတြ႕ဆုံဖို႔ရွိေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတာ့ ေတြ႕ခြင့္ရမယ့္ အလားအလာ မရွိပါဘူး။ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အမႈရင္ဆိုင္ေနရသူေတြနဲ႔ ေတြ႕ခြင့္ရဖို႔ မျဖစ္ႏိုင္ဘူးလို႔ VOA ကို ေျပာပါတယ္။

“ က်ေနာ္တို႔ဘက္ကေတာ့ ေတြ႔ဆံုသင့္ ေတြ႔ဆံုထုိက္တဲ့သူေတြထဲမွာ တရားဥပေဒအရ ရင္ဆိုင္ေနရတဲ့သူမ်ားနဲ႔ ေတြ႔ဆံုႏိုင္ဖို႔ကေတာ့ အကန္႔အသတ္ရွိတယ္လို႔ ေျပာၿပီးျဖစ္ပါတယ္။ က်န္တဲ့ ေတြ႔ဆံုသင့္ ေတြ႔ဆံုထိုက္တဲ့သူေတြကေတာ့ စီစဥ္ေပးမွာျဖစ္ပါတယ္။ ေတြ႔ဆံုျခင္း မေတြ႔ဆံုျခင္းကေတာ့ သူတို႔ သေဘာပါပဲဗ်။ ”

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ လုပ္ရပ္ေတြကို ရပ္တန႔္ဖို႔နဲ႔ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေတြ အတားအဆီးမရွိ ေပးအပ္ႏိုင္ေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ေတာင္းဆိုၿပီး မၾကာခင္မွာပဲ အထူးကိုယ္စားလွယ္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္ ေပၚေပါက္လာတာပါ။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာပိုင္ေတြရဲ႕ အၾကမ္းဖက္မႈေတြနဲ႔ ဖိႏွိပ္မႈေတြ ေလ်ာ့မသြားတဲ့ အခ်ိန္မ်ိဳးမွာ အထူးကိုယ္စားလွယ္ သြားေရာက္တဲ့အေပၚမွာလည္း NUG ဒု-ႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦးက ေမးခြန္းထုတ္ခဲ့တာပါ။

“ အခ်ိန္ကာလအားျဖင့္ ၾကည့္မယ္ဆိုရင္လည္း လုံျခဳံေရးေကာင္စီရဲ႕ ေတာင္းဆိုခ်က္တြ ရွိတယ္။ ဥပမာ - အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းဖို႔ ေျပာထားတာ ဆိုရင္လည္း အၾကမ္းဖက္မႈေတြက မရပ္ဆိုင္းပဲနဲ႔ ပိုပိုၿပီးေတာ့မွ ဆိုးဝါးလာတာေတြ ရွိတယ္ေပါ့။ ေနာက္တခါ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ကိစၥဆိုရင္လည္း မလႊတ္ေပးတဲ့အျပင္ကို သတ္ျဖတ္မႈေတြပါ လုပ္တယ္။ ထပ္ၿပီးေတာ့ေပါ့ ေထာင္ဒဏ္ေတြလည္း ခ်မွတ္တယ္၊ ေဒၚေအာင္ဆန္းစုၾကည္ဆိုရင္လည္း ေထာင္ဒဏ္(၆)ႏွစ္ ထပ္ခ်တယ္။ ေနာက္တခါ က်ေနာ္တို႔ရဲ႕ ႏိုင္ငံေရးအက်ဥ္းသားေပါ့ .. ကိုဂ်င္မီတို႔ ကိုျဖဳိးေဇယ်ာေသာ္တို႔ အပါအဝင္ ၄ ဦးကို အၾကမ္းဖက္လုပ္ၾကံ သတ္ျဖတ္လိုက္တဲ့ ကိစၥကလည္း ဒါ ပူပူေႏြးေႏြးပဲ ရွိေသးတယ္။ ေနာက္တခါ လူသားခ်င္းစာနာတဲ့ အကူအညီေတြနဲ႔ ပတ္သက္လို႔ ဆိုရင္လည္း ဒါေတြကို လြတ္လြတ္လပ္လပ္ေပါ့ ျဖန္႔ျဖဴးခြင့္ေတြ ဘာေတြကို ခြင့္မျပဳပဲနဲ႔ ၊ အဲဒါေတြကို လက္နက္သဖြယ္ အသုံးခ်ေနတဲ့ကိစၥေတြက ထင္ထင္ရွားရွား ေတြ႕ေနရတယ္ေပါ့ေနာ္။ အဲဒီေတာ့ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ ဘာမွ တိုးတက္မႈ မရွိပဲနဲ႔ ဒီလိုအခ်ိန္မွာ အေရးတႀကီး ဘာေၾကာင့္မ်ား သြားစရာရွိသလဲ။ ဒါနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔က အမ်ားႀကီး စဥ္းစားစရာရွိတယ္လို႔ ထင္ပါတယ္။ ”

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ဆက္ရွိေနခ်ိန္၊ ေဒၚေအာင္ဆန္းစုၾကည္ကို လဘ္စားမႈ စြပ္စြဲခ်က္နဲ႔ ေနာက္ထပ္ ေထာင္ဒဏ္(၆)ႏွစ္ ခ်မွတ္လိုက္ခ်ိန္မွာ Noeleen Heyzer ျမန္မာျပည္ ေရာက္ရွိလာတာပါ။ သူ႔ကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ ခန႔္အပ္ခဲ့ၿပီးေနာက္ (၁၀)လနီးပါးအၾကာမွာမွာ လာေရာက္ခြင့္ ရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

======================

{{ UNICODE }}

ကုလအထူးကိုယ်စားလှယ် မြန်မာခရီးစဉ်အပေါ် NUG သဘောထား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer အင်္ဂါနေ့က စတင်လိုက်တဲ့ မြန်မာပြည်ခရီးစဉ်ကနေ ထူးခြားတဲ့ ရလဒ်ထွက်ပေါ်လာဖို့ မျှော်လင့် မထားဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အလားအလာ မရှိတာကြောင့် ခရီးစဉ်ဟာ အကျိုးမရှိနိုင်ဘူးလို့လည်း NUG ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ထောက်ပြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ်အဖြစ် သွားတဲ့ခရီးစဉ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာတဲ့ အခြေအနေတွေကို အာရုံစိုက်မှာဖြစ်ကြောင်းလည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်မယ့် အခြေအနေ မရှိဘဲ သွားရောက်တာဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ တိုးတက်မှု မရနိုင်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

“ ဒီလို အချိန်ကာလမျိုးမှာ သွားတာနဲ့ ပတ်သက်လို့ ကျနော်တို့ နည်းနည်းတော့ အံ့အားသင့်မိတယ်။ နောက်တခုက သူ့အရင် အာဆီယံရဲ့ အထူးကိုယ်စားလှယ် ဆိုရင်လည်း ၂ ခေါက်တောင် သွားခဲ့တာပဲ။ သွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့ဘူး။ နောက် သူတွေ့ချင်တဲ့ အခြားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့လည်း လွတ်လွတ်လပ်လပ် တွေ့ခွင့် မရခဲ့ဘူး။ မရခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း ဝန်ခံခဲ့တာရှိတယ် .. သူ့ခရီးစဉ် ရည်ရွယ်ချက်တွေက ဘာတခုမှ မအောင်မြင်ခဲ့ဘူး။ ဆိုတော့ ဒေါက်တာ နိုလိင်းဟေဇာ အနေနဲ့ကလည်း ဒါကို ပြန်လေ့လာသင့်တယ်၊ သင်ခန်းစာယူသင့်တယ်။ ဒီလို အချိန်မှာ သွားတယ်ဆိုတော့ ဘယ်လောက်များ အကျိုးကျေးဇူး ရှိနိုင်မလဲပေါ့လေ။ ကျနော်တို့ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ အကျိုးတစုံတရာ ရှိမယ်ဆိုတာကို သိပ်အများကြီးတော့ မမျှော်လင့်ပါဘူး။ ”

ကုလ အထူးသံကိုယ်စားလှယ် Noeleen Heyzer ရဲ့ ဒီခရီးစဉ်မတိုင်ခင် ၊ အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn က စစ်ကောင်စီ အကြီးအကဲနဲ့ (၂)ကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံခဲ့ချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရခဲ့သလို ၊ ပြဿနာပြေလည်ရေး ရလဒ်ကောင်းတွေ ထွက်ပေါ်မလာခဲ့တာကြောင့် အဲဒီဖြစ်စဉ်တွေကို အထူးကိုယ်စားလှယ် အနေနဲ့ သတိပြုသင့်တယ်လို့ ဦးမိုးဇော်ဦးက ထောက်ပြပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း စစ်ကောင်စီအကြီးအကဲနဲ့ တွေ့ဆုံဖို့ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ခွင့်ရမယ့် အလားအလာ မရှိပါဘူး။ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမှုရင်ဆိုင်နေရသူတွေနဲ့ တွေ့ခွင့်ရဖို့ မဖြစ်နိုင်ဘူးလို့ VOA ကို ပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့သူတွေထဲမှာ တရားဥပဒေအရ ရင်ဆိုင်နေရတဲ့သူများနဲ့ တွေ့ဆုံနိုင်ဖို့ကတော့ အကန့်အသတ်ရှိတယ်လို့ ပြောပြီးဖြစ်ပါတယ်။ ကျန်တဲ့ တွေ့ဆုံသင့် တွေ့ဆုံထိုက်တဲ့သူတွေကတော့ စီစဉ်ပေးမှာဖြစ်ပါတယ်။ တွေ့ဆုံခြင်း မတွေ့ဆုံခြင်းကတော့ သူတို့ သဘောပါပဲဗျ။ ”

မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ပေးအပ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီး မကြာခင်မှာပဲ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ လျော့မသွားတဲ့ အချိန်မျိုးမှာ အထူးကိုယ်စားလှယ် သွားရောက်တဲ့အပေါ်မှာလည်း NUG ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက မေးခွန်းထုတ်ခဲ့တာပါ။

“ အချိန်ကာလအားဖြင့် ကြည့်မယ်ဆိုရင်လည်း လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွ ရှိတယ်။ ဥပမာ - အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ပြောထားတာ ဆိုရင်လည်း အကြမ်းဖက်မှုတွေက မရပ်ဆိုင်းပဲနဲ့ ပိုပိုပြီးတော့မှ ဆိုးဝါးလာတာတွေ ရှိတယ်ပေါ့။ နောက်တခါ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စဆိုရင်လည်း မလွှတ်ပေးတဲ့အပြင်ကို သတ်ဖြတ်မှုတွေပါ လုပ်တယ်။ ထပ်ပြီးတော့ပေါ့ ထောင်ဒဏ်တွေလည်း ချမှတ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း ထောင်ဒဏ်(၆)နှစ် ထပ်ချတယ်။ နောက်တခါ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားပေါ့ .. ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ဦးကို အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်လိုက်တဲ့ ကိစ္စကလည်း ဒါ ပူပူနွေးနွေးပဲ ရှိသေးတယ်။ နောက်တခါ လူသားချင်းစာနာတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ ဆိုရင်လည်း ဒါတွေကို လွတ်လွတ်လပ်လပ်ပေါ့ ဖြန့်ဖြူးခွင့်တွေ ဘာတွေကို ခွင့်မပြုပဲနဲ့ ၊ အဲဒါတွေကို လက်နက်သဖွယ် အသုံးချနေတဲ့ကိစ္စတွေက ထင်ထင်ရှားရှား တွေ့နေရတယ်ပေါ့နော်။ အဲဒီတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှ တိုးတက်မှု မရှိပဲနဲ့ ဒီလိုအချိန်မှာ အရေးတကြီး ဘာကြောင့်များ သွားစရာရှိသလဲ။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က အများကြီး စဉ်းစားစရာရှိတယ်လို့ ထင်ပါတယ်။ ”

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ရှိနေချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို လဘ်စားမှု စွပ်စွဲချက်နဲ့ နောက်ထပ် ထောင်ဒဏ်(၆)နှစ် ချမှတ်လိုက်ချိန်မှာ Noeleen Heyzer မြန်မာပြည် ရောက်ရှိလာတာပါ။ သူ့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် (၁၀)လနီးပါးအကြာမှာမှာ လာရောက်ခွင့် ရတာဖြစ်ပါတယ်။

XS
SM
MD
LG