သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡေတြ ေလ်ာ့ေအာင္လုပ္ဖုိ႔ စစ္ေကာင္စီအႀကီးအကဲကုိ ကုလအထူးကိုယ္စားလွယ္တုိက္တြန္း


Photo: Myanmar True News Information Team via AP

(Zawgyi / Unicode)

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံ အထူးကုိယ္စားလွယ္ Noeleen Heyzer ျမန္မာႏုိင္ငံ ခရီးစဥ္အတြင္း ဗုဒၶဟူးေန႔က စစ္ေကာင္စီ အႀကီးအကဲ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံရာမွာ ပဋိပကၡေတြ ေလ်ာ့ပါးေရး အေလးထား ေျပာၾကားခဲ့တယ္လုိ႔ ကုလသမဂၢက ေျပာပါတယ္။

“သူ႔ခရီးစဥ္ဟာ ကုလသမဂၢရဲ႕ စုိးရိမ္မႈေတြကုိ သတင္းစကားပါးဖုိ႔နဲ႔ ပဋိပကၡေတြ၊ ျပည္သူေတြ ခံစားေနရတဲ့ ဒုကၡေတြ ေလ်ာ့ပါးေရး ခုိင္မာတဲ့ ေျခလွမ္းေတြလွမ္းႏုိင္ေအာင္ အဆုိျပဳဖုိ႔ျဖစ္ပါတယ္။ ကုလသမဂၢရဲ႕ ထိေတြ႔ဆက္ဆံမႈဟာ တရား၀င္ အသိအမွတ္ျပဳဖုိ႔ မဟုတ္ပါဘူး။” လုိ႔ အထူးကုိယ္စားလွယ္ရဲ႕ ထုတ္ျပန္ခ်က္ကုိ ကုိးကားၿပီး အတြင္းေရးမွဴးခ်ဳပ္႐ုံး လက္ေထာက္ေျပာခြင့္ရ Farhan Haq က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာသြားတာပါ။

စစ္ေကာင္စီ အႀကီးအကဲနဲ႔ ေတြ႔ဆုံရာမွာ ကုလသမဂၢက ႐ႈတ္ခ်ခဲ့တဲ့ မၾကာေသးခင္တုန္းက ဒီမုိကေရစီေရး လႈပ္ရွားသူေတြကုိ ကြပ္မ်က္မႈမ်ဳိး ေနာက္ထပ္မလုပ္ဖုိ႔လည္း အထူးကုိယ္စားလွယ္က တုိက္တြန္းခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ကတည္းက ဖမ္းဆီးထားၿပီး မၾကာေသးခင္ကပဲ ေနာက္ထပ္ ေထာင္ဒဏ္ေတြ ခ်မွတ္ခံခဲ့ရတဲ့ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ က်န္းမာေရးနဲ႔ လက္ရွိအေျခအေနအေပၚ စုိးရိမ္ေၾကာင္းနဲ႔ ေတြ႔ဆုံခြင့္ရလုိေၾကာင္းလည္း ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell ကုိ ျပန္လႊတ္ေပးဖုိ႔ ၾသစေၾတးလ်အစုိးရရဲ႕ ပန္ၾကားခ်က္ကုိ သတင္းစကားပါးခဲ့ေၾကာင္းနဲ႔ ဖမ္းဆီးထားတဲ့ အရြယ္မေရာက္ေသးသူေတြ အားလုံးကုိ ျပန္လႊတ္ေပးဖုိ႔လည္း ေျပာဆုိခဲ့တာပါ။

အထူးကုိယ္စားလွယ္နဲ႔ ေတြ႔ဆုံခဲ့တဲ့ စစ္ေကာင္စီႏုိင္ငံျခားေရး၀န္ႀကီး ဦး၀ဏၰေမာင္လြင္ ကေတာ့ ကုလသမဂၢ အေနနဲ႔ ျမန္မာ့အေရး ေျဖရွင္းရာမွာ လက္ေတြ႔က်က်၊ အျပဳသေဘာေဆာင္ရြက္ဖုိ႔ တုိက္တြန္းခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ အထူးကုိယ္စားလွယ္ Heyzer ကေတာ့ ျမန္မာျပည္သူေတြရဲ႕ ဆႏၵေတြ၊ လုိအပ္ခ်က္ေတြနဲ႔အညီ အရပ္ဖက္ အုပ္ခ်ဳပ္မႈကုိ ျပန္ဦးတည္ႏုိင္မယ့္ ျမန္မာေတြကုိယ္တုိင္ ဦးေဆာင္တဲ့ ထိေရာက္ၿပီး၊ ၿငိမ္းခ်မ္းတဲ့ လမ္းေၾကာင္းတခု ေပၚေပါက္ေအာင္ ကုလသမဂၢရဲ႕ ႀကိဳးပမ္းမႈ တစိတ္တပုိင္းအျဖစ္ စစ္ေကာင္စီအႀကီးအကဲ အပါအ၀င္ ထိပ္တန္း တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံတာ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပဋိပက္ခတွေ လျော့အောင်လုပ်ဖို့ စစ်ကောင်စီအကြီးအကဲကို ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Noeleen Heyzer မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗုဒ္ဓဟူးနေ့က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံရာမှာ ပဋိပက္ခတွေ လျော့ပါးရေး အလေးထား ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“သူ့ခရီးစဉ်ဟာ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေကို သတင်းစကားပါးဖို့နဲ့ ပဋိပက္ခတွေ၊ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ လျော့ပါးရေး ခိုင်မာတဲ့ ခြေလှမ်းတွေလှမ်းနိုင်အောင် အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုဟာ တရားဝင် အသိအမှတ်ပြုဖို့ မဟုတ်ပါဘူး။” လို့ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ဆုံရာမှာ ကုလသမဂ္ဂက ရှုတ်ချခဲ့တဲ့ မကြာသေးခင်တုန်းက ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကွပ်မျက်မှုမျိုး နောက်ထပ်မလုပ်ဖို့လည်း အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းက ဖမ်းဆီးထားပြီး မကြာသေးခင်ကပဲ နောက်ထပ် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လက်ရှိအခြေအနေအပေါ် စိုးရိမ်ကြောင်းနဲ့ တွေ့ဆုံခွင့်ရလိုကြောင်းလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရရဲ့ ပန်ကြားချက်ကို သတင်းစကားပါးခဲ့ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ အရွယ်မရောက်သေးသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ပြောဆိုခဲ့တာပါ။

အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ လက်တွေ့ကျကျ၊ အပြုသဘောဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အထူးကိုယ်စားလှယ် Heyzer ကတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေနဲ့အညီ အရပ်ဖက် အုပ်ချုပ်မှုကို ပြန်ဦးတည်နိုင်မယ့် မြန်မာတွေကိုယ်တိုင် ဦးဆောင်တဲ့ ထိရောက်ပြီး၊ ငြိမ်းချမ်းတဲ့ လမ်းကြောင်းတခု ပေါ်ပေါက်အောင် ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် စစ်ကောင်စီအကြီးအကဲ အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG