သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ကုလအထူးကိုယ္စားလွယ္ ထုတ္ျပန္ခ်က္ စစ္ေကာင္စီဘာေၾကာင့္ လက္မခံသလဲ 


Myanmar UN (Myanmar True News Information Team via AP)

ကုလသမဂၢ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေဆြးေႏြးမႈေတြကို တဖက္သတ္ ေဖာ္ျပခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္ပါတယ္။ စစ္ေကာင္စီ တုံ႔ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ဗြီအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုေအာင္လြင္ဦး ဆက္သြယ္ေမးျမန္း ထားပါတယ္။ 

ကုလအထူးကိုယ္စားလွယ္ ထုတ္ျပန္ခ်က္ စစ္ေကာင္စီဘာေၾကာင့္ လက္မခံသလဲ

{{Zawgyi/Unicode}}

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ဟာ ျမန္မာစစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈေတြကို တဖက္သတ္ ေဖာ္ျပခဲ့တယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ျပန္လိုက္ပါတယ္။

အထူးကိုယ္စားလွယ္႐ုံး ထုတ္ျပန္ခ်က္ေၾကာင့္ ႏိုင္ငံတကာနဲ႔ ျပည္သူေတြၾကား အထင္အျမင္လဲြမွားစရာ ျဖစ္ခဲ့ရတယ္လို႔လည္း ေတြ႕ဆုံမႈနဲ႔ ပတ္သက္လို႔ ေသာၾကာေန႔က အေသးစိတ္ ထုတ္ျပန္ရာမွာ စြပ္စဲြထားတာပါ။

အထူးကိုယ္စားလွယ္ ခရီးစဥ္အေပၚ စစ္ေကာင္စီ တုံ႔ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ဗြီအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုေအာင္လြင္ဦး ဆက္သြယ္ေမးျမန္း ထားပါတယ္။

ကိုေအာင္လြင္ဦး ။. ။ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ရဲ႕ ထုတ္ျပန္ခ်က္ဟာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အျပဳသေဘာမေဆာင္ဘူး၊ ျမန္မာႏိုင္ငံနဲ႔ ကုလသမဂၢၾကား ေရရွည္လက္တဲြႏိုင္ေအာင္ သတင္းေတြကို ထိန္းထိန္းသိမ္းသိမ္း ထုတ္ျပန္ဖို႔ သေဘာတူထားတာလည္း ရွိခဲ့တယ္ဆိုၿပီး စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အထူးကိုယ္စားလွယ္႐ုံးက ထုတ္ျပန္ခ်က္ကို ဦးေက်ာ္ဇံသာလည္း ဖတ္ရမွာပါ။ ဒီအထဲမွာ စစ္ေကာင္စီဖက္က မေက်နပ္စရာ ဘာေတြမ်ား ပါသြားလို႔လဲ။

ဦးေက်ာ္ဇံသာ ။. ။ ပထမဆုံးကေတာ့ အင္မတန္ ရွည္လွ်ားတဲ့ ထုတ္ျပန္ခ်က္ဟာ ထူးထူးျခားျခားျဖစ္ပါတယ္။ မေၾကနပ္မႈဟာ ျပင္းထန္ေနတယ္ဆိုတာ သိသာပါတယ္။ ႏိုင္ငံေရး ကိစၥကို ကုလကိုယ္စားလွယ္နဲ႔ ေဆြးေႏြးတယ္ဆိုတာကို အေသးစိတ္ ထုတ္ျပန္ေလ့မရွိပါဘူး။ ဒီေနရာမွာ သူတို႔ ဘာေၾကာင့္ခံျပင္းရသလဲဆိုေတာ့ အစတုံးက သူတို႔ေမွ်ာ္လင့္ထားတာက ကုလအထူးကိုယ္စားလွယ္လာျခင္းအားျဖင့္ စစ္ေကာင္စီ အေပၚမွာ ႏိုင္ငံတကာက လက္ခံတဲ့သေဘာလို႔ ဆြဲယူခ်င္ပုံရပါတယ္။ ဘာလိုဆိုေတာ့ သူကို ႏိုင္ငံတကာက ဝိုင္းပယ္ထားတယ္။ အာဆီယံကလည္း အစည္းအေဝးမဖိတ္ဘူး။ မင္းတို႔ဘာေတြေျပာေျပာ ကုလအတြင္းေရးမွဴးခ်ဳပ္ ကိုယ္စားလွယ္ က ငါနဲ႔ ေတြ႔တယ္ဆိုတာကို ျပခ်င္ပါလိမ့္မယ္။ အဲဒီလိုျပခ်င္ပုံရမယ္ဆိုတာကိုလည္း Noeleen Heyzer တို႔ဖက္က သိထားပုံရပါတယ္။ ဒါေၾကာင့္ ငါတို႔သြားတာဟာ စစ္ေကာင္စီကို အသိအမွတ္ျပဳဖို႔ သြားတာမဟုတ္ဘူးလို႔ေျပာလိုက္တာပါ။ စစ္ေကာင္စီအတြက္ အေတာ္ခံျပင္းစရာေကာင္းပါတယ္။

ကိုေအာင္လြင္ဦး ။. ။ ကုလသမဂၢ အထူးကိုယ္စားလွယ္နဲ႔ ေဆြးေႏြးမႈကို စစ္ေကာင္စီက စာမ်က္ႏွာ ၂၈ မ်က္ႏွာနဲ႔ အေသးစိတ္ ထုတ္ျပန္လိုက္တဲ့အတြက္ သူတို႔သေဘာထား၊ သူတို႔ရပ္တည္ခ်က္ကို လက္ခံတာ၊ လက္မခံတာ အပထား အမ်ားျပည္သူကေတာ့ သိခြင့္ရလိုက္ပါတယ္။ ဒီေနရာမွာ ႏိုင္ငံတကာကို ကိုယ္စားျပဳတဲ့ ကုလသမဂၢနဲ႔ စစ္ေကာင္စီၾကား အဓိက ကြာဟခ်က္ေတြ ဘာေတြမ်ား ေတြ႕မိလဲ။

ဦးေက်ာ္ဇံသာ ။. ။ စစ္ေကာင္စီ ကေတာ့ သူတို႔လုပ္ရပ္မွန္တယ္။ သူတိုဟာ တရားဝင္ အစိုးရျဖစ္တယ္ဆိုၿပီးေတာ့ ေၾကညာခ်က္မွာလည္း ေဖာ္ျပထားပါတယ္။ Noeleen Heyzer တို႔ ဖက္ကတင္ျပတဲ့အထဲမွာ သူတို႔ေတာင္းဆိုတယ္ေလ။ ေလေၾကာင္းက တုိက္ခိုက္မႈေတြ၊ မီးရိႈ႕တိုက္ခိုက္မႈေတြ ရပ္ပါလို႔ ေျပာေတာ့။ စစ္ေကာင္စီ က ငါတို႔က ဆူပူေသာင္းက်န္းမႈကို နိုမ္နင္းေနတာပါလို႔ေျပာတယ္။ ကုလသမဂၢ ကလည္း ၂ ဖက္စလုံးက အၾကမ္းဖက္မႈေတြရွိတယ္ဆိုတာ ေျပာထားပါတယ္။ စစ္ေကာင္စီကိုလည္း အၾကမ္းဖက္မႈမွာ ထဲထားတဲ့အတြက္ ဒါကိုလည္း မေၾကနပ္မႈရွိပုံရပါတယ္။ ေနာက္တခုက ကုလသမဂၢေရာ၊ အာဆီယံေရာ သူတု႔ိကို နားမလည္ဘူး။ တဖက္သတ္ သေဘာပဲ ေျပာျပေနၾကတယ္။ စစ္္ေကာင္စီက သူတို႔ေတြအမွန္ေျပာခ်င္တာကို အာဆီယံေရာ၊ ကုလသမဂၢေရာက လက္မခံဘူးဆိုၿပီး ေတာ္ေတာ္ကို နာနာက်ည္းက်ည္းေဖာ္ျပထားပါတယ္။ သူကအမွတ္ေပးထားတာက အိႏိၵယတို႔ ၊ တရုတ္တို႔ ၊ ထိုင္း တို႔ကေတာ့ နားလည္မႈရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ကုလသမဂၢ ကို မေၾကနပ္တာကေတာ့ အဓိက အဲဒါပါပဲ။ သူတို႔ကို တန္းတူထားၿပီး မဆက္ဆံဘူးေပါ့ေလ။ အဓိက ကြဲလြဲခ်က္ထင္ပါတယ္။

ကိုေအာင္လြင္ဦး ။. ။ ႏိုင္ငံေရး အက်ပ္အတည္းနဲ႔ ပတ္သက္လို႔ ေဆြးေႏြးတဲ့ ေနရာမွာ ေဒၚေအာင္ဆန္းစုၾကည္ ကို တရား၀င္ ျပစ္ဒဏ္ေတြ မခ်ခင္ အိမ္ျပန္ပို႔ဖို႔ အထူးကိုယ္စားလွယ္က ေတာင္းဆိုခဲ့သလို၊ ေဒၚေအာင္ဆန္းစုၾကည္ဟာ ျမန္မာ့အေရး ေျဖရွင္းတဲ့ ေနရာမွာ အေရးႀကီးတဲ့ ပုဂၢိဳလ္တဦးအျဖစ္ ျမင္ေၾကာင္းလည္း ေျပာပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီ အႀကီးအကဲကေတာ့ အျပစ္ရွိလို႔သာ အေရးယူထားတယ္ဆိုတာမ်ဳိး တုံ႔ျပန္ထားပါတယ္။ ဒီလို ကြာဟခ်က္ေတြကိုေရာ ဘယ္လိုေျဖရွင္းႏိုင္ၾကမယ္ထင္လဲ။

ဦးေက်ာ္ဇံသာ ။. ။ ေဒၚေအာင္ဆန္းစုၾကည္ တို႔ဟာ ေရြးေကာက္ပြဲ မသမာမႈလုပ္ခဲ့တာကို ေစ့စပ္မယ္ ဆိုၿပီး တင္ျပခဲ့ပါတယ္တဲ့။ ဒါကို ေဒၚေအာင္ဆန္းစုၾကည္ဖက္က လုံးဝပယ္ခ်ခဲ့တဲ့အတြက္ ဒီျပသာနာေတြေပၚလာတာတဲ့ ။ ေဒၚေအာင္ဆန္းစုၾကည္ ကတာ ေျပလည္ေအာင္ေျဖရွင္းေပးမယ္ဆိုရင္ ဒါေတြ တခုမွ ေပၚလာစရာ အေၾကာင္းမရွိပါဘူး သူေျပာပါတယ္။ အဂတိလိုက္စားမႈေတြဘာေတြ စြပ္စြဲရတာဟာ ေဒၚေအာင္ဆန္းစုၾကည္ က ေရြးေကာက္ပြဲ မသမာမႈကို လက္မခံလို႔ ဒါေတြျဖစ္သြားတယ္ေပါ့။

ကိုေအာင္လြင္ဦး ။. ။ ေနာက္ဆုံးအေနနဲ႔ ဦးေက်ာ္ဇံသာကို သုံးသပ္ေစခ်င္တာကေတာ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္အျဖစ္ တာ၀န္ယူၿပီး ပထမဆုံးအႀကိမ္ ခရီးစဥ္မွာ အခုလို အဖုအထစ္ ျဖစ္စရာၾကံဳခဲ့ရတာဆိုေတာ့ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ေရွ႕အလားအလာ ေကာင္းႏိုင္ပါ့မလား။

ဦးေက်ာ္ဇံသာ ။. ။ က်ေနာ္အားရတာတခုကေတာ့ Noeleen Heyzer ေျပာထားတာက ပြင့္လင္းတဲ့ ေဆြးေႏြးပြဲေတြ ဆက္လုပ္မယ္ဆိုၿပီး ေျပာတာဟာ သိပ္ေကာင္းတဲ့ လမ္းပြင့္ေနျခင္းျဖစ္ပါတယ္။ စစ္ေကာင္စီ ဖက္ကေတာ့ ရုရွား၊ တရုတ္ တို႔ကို အားကိုးေနရတဲ့ အေနအထားရွိပါတယ္။ စစ္ေကာင္စီက အိႏိၵယ တို႔ တရုတ္တို႔က နားလည္တယ္လို႔ေျပာထားပါတယ္။ အဲဒီအထဲက အိႏိၵယ က ဗဟိုအစိုးရထက္ နယ္စပ္ျပည္နယ္ ေတြက မီ္ဇိုရမ္း ျပည္နယ္ တို႔ မဏီပူျပည္နယ္တို႔က ဝန္ႀကီးခ်ဳပ္ေတြက ညွိႏိႈင္းေပးခ်င္ၾကတဲ့ သေဘာထားရွိၾကပါတယ္။ ဒါကို ဗဟိုအစိုးရက လူတခ်ဳိ႕ကလည္း စိတ္ဝင္စားတယ္လို႔ မၾကာေသးခင္က အိႏိၵယ သတင္းေထာက္တဦး က ေျပာဘူးပါတယ္။ အဲဒီလို အိႏိၵယဖက္က ေစ့စပ္ေပးရင္ ျဖစ္ႏိုင္မလားဆိုတာကေတာ့ အခ်ိန္ၾကာေပမယ့္ အေကာင္းဖက္က ျဖစ္လာႏိုင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

ကုလအထူးကိုယ်စားလှယ် ထုတ်ပြန်ချက် စစ်ကောင်စီဘာကြောင့် လက်မခံသလဲ

{{Zawgyi/Unicode}}

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ဟာ မြန်မာစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်ကြောင့် နိုင်ငံတကာနဲ့ ပြည်သူတွေကြား အထင်အမြင်လွဲမှားစရာ ဖြစ်ခဲ့ရတယ်လို့လည်း တွေ့ဆုံမှုနဲ့ ပတ်သက်လို့ သောကြာနေ့က အသေးစိတ် ထုတ်ပြန်ရာမှာ စွပ်စွဲထားတာပါ။

အထူးကိုယ်စားလှယ် ခရီးစဉ်အပေါ် စစ်ကောင်စီ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို ကိုအောင်လွင်ဦး ဆက်သွယ်မေးမြန်း ထားပါတယ်။

ကိုအောင်လွင်ဦး ။. ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘောမဆောင်ဘူး၊ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂကြား ရေရှည်လက်တွဲနိုင်အောင် သတင်းတွေကို ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန်ဖို့ သဘောတူထားတာလည်း ရှိခဲ့တယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အထူးကိုယ်စားလှယ်ရုံးက ထုတ်ပြန်ချက်ကို ဦးကျော်ဇံသာလည်း ဖတ်ရမှာပါ။ ဒီအထဲမှာ စစ်ကောင်စီဖက်က မကျေနပ်စရာ ဘာတွေများ ပါသွားလို့လဲ။

ဦးကျော်ဇံသာ ။. ။ ပထမဆုံးကတော့ အင်မတန် ရှည်လျှားတဲ့ ထုတ်ပြန်ချက်ဟာ ထူးထူးခြားခြားဖြစ်ပါတယ်။ မကြေနပ်မှုဟာ ပြင်းထန်နေတယ်ဆိုတာ သိသာပါတယ်။ နိုင်ငံရေး ကိစ္စကို ကုလကိုယ်စားလှယ်နဲ့ ဆွေးနွေးတယ်ဆိုတာကို အသေးစိတ် ထုတ်ပြန်လေ့မရှိပါဘူး။ ဒီနေရာမှာ သူတို့ ဘာကြောင့်ခံပြင်းရသလဲဆိုတော့ အစတုံးက သူတို့မျှော်လင့်ထားတာက ကုလအထူးကိုယ်စားလှယ်လာခြင်းအားဖြင့် စစ်ကောင်စီ အပေါ်မှာ နိုင်ငံတကာက လက်ခံတဲ့သဘောလို့ ဆွဲယူချင်ပုံရပါတယ်။ ဘာလိုဆိုတော့ သူကို နိုင်ငံတကာက ဝိုင်းပယ်ထားတယ်။ အာဆီယံကလည်း အစည်းအဝေးမဖိတ်ဘူး။ မင်းတို့ဘာတွေပြောပြော ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် က ငါနဲ့ တွေ့တယ်ဆိုတာကို ပြချင်ပါလိမ့်မယ်။ အဲဒီလိုပြချင်ပုံရမယ်ဆိုတာကိုလည်း Noeleen Heyzer တို့ဖက်က သိထားပုံရပါတယ်။ ဒါကြောင့် ငါတို့သွားတာဟာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ သွားတာမဟုတ်ဘူးလို့ပြောလိုက်တာပါ။ စစ်ကောင်စီအတွက် အတော်ခံပြင်းစရာကောင်းပါတယ်။

ကိုအောင်လွင်ဦး ။. ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးမှုကို စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာနဲ့ အသေးစိတ် ထုတ်ပြန်လိုက်တဲ့အတွက် သူတို့သဘောထား၊ သူတို့ရပ်တည်ချက်ကို လက်ခံတာ၊ လက်မခံတာ အပထား အများပြည်သူကတော့ သိခွင့်ရလိုက်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂနဲ့ စစ်ကောင်စီကြား အဓိက ကွာဟချက်တွေ ဘာတွေများ တွေ့မိလဲ။

ဦးကျော်ဇံသာ ။. ။ စစ်ကောင်စီ ကတော့ သူတို့လုပ်ရပ်မှန်တယ်။ သူတိုဟာ တရားဝင် အစိုးရဖြစ်တယ်ဆိုပြီးတော့ ကြေညာချက်မှာလည်း ဖော်ပြထားပါတယ်။ Noeleen Heyzer တို့ ဖက်ကတင်ပြတဲ့အထဲမှာ သူတို့တောင်းဆိုတယ်လေ။ လေကြောင်းက တိုက်ခိုက်မှုတွေ၊ မီးရှို့တိုက်ခိုက်မှုတွေ ရပ်ပါလို့ ပြောတော့။ စစ်ကောင်စီ က ငါတို့က ဆူပူသောင်းကျန်းမှုကို နိုမ်နင်းနေတာပါလို့ပြောတယ်။ ကုလသမဂ္ဂ ကလည်း ၂ ဖက်စလုံးက အကြမ်းဖက်မှုတွေရှိတယ်ဆိုတာ ပြောထားပါတယ်။ စစ်ကောင်စီကိုလည်း အကြမ်းဖက်မှုမှာ ထဲထားတဲ့အတွက် ဒါကိုလည်း မကြေနပ်မှုရှိပုံရပါတယ်။ နောက်တခုက ကုလသမဂ္ဂရော၊ အာဆီယံရော သူတု့ိကို နားမလည်ဘူး။ တဖက်သတ် သဘောပဲ ပြောပြနေကြတယ်။ စစ်ကောင်စီက သူတို့တွေအမှန်ပြောချင်တာကို အာဆီယံရော၊ ကုလသမဂ္ဂရောက လက်မခံဘူးဆိုပြီး တော်တော်ကို နာနာကျည်းကျည်းဖော်ပြထားပါတယ်။ သူကအမှတ်ပေးထားတာက အိန္ဒိယတို့ ၊ တရုတ်တို့ ၊ ထိုင်း တို့ကတော့ နားလည်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ ကို မကြေနပ်တာကတော့ အဓိက အဲဒါပါပဲ။ သူတို့ကို တန်းတူထားပြီး မဆက်ဆံဘူးပေါ့လေ။ အဓိက ကွဲလွဲချက်ထင်ပါတယ်။

ကိုအောင်လွင်ဦး ။. ။ နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ကို တရားဝင် ပြစ်ဒဏ်တွေ မချခင် အိမ်ပြန်ပို့ဖို့ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ဖြေရှင်းတဲ့ နေရာမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် မြင်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ အကြီးအကဲကတော့ အပြစ်ရှိလို့သာ အရေးယူထားတယ်ဆိုတာမျိုး တုံ့ပြန်ထားပါတယ်။ ဒီလို ကွာဟချက်တွေကိုရော ဘယ်လိုဖြေရှင်းနိုင်ကြမယ်ထင်လဲ။

ဦးကျော်ဇံသာ ။. ။ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရွေးကောက်ပွဲ မသမာမှုလုပ်ခဲ့တာကို စေ့စပ်မယ် ဆိုပြီး တင်ပြခဲ့ပါတယ်တဲ့။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ဖက်က လုံးဝပယ်ချခဲ့တဲ့အတွက် ဒီပြသာနာတွေပေါ်လာတာတဲ့ ။ ဒေါ်အောင်ဆန်းစုကြည် ကတာ ပြေလည်အောင်ဖြေရှင်းပေးမယ်ဆိုရင် ဒါတွေ တခုမှ ပေါ်လာစရာ အကြောင်းမရှိပါဘူး သူပြောပါတယ်။ အဂတိလိုက်စားမှုတွေဘာတွေ စွပ်စွဲရတာဟာ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲ မသမာမှုကို လက်မခံလို့ ဒါတွေဖြစ်သွားတယ်ပေါ့။

ကိုအောင်လွင်ဦး ။. ။ နောက်ဆုံးအနေနဲ့ ဦးကျော်ဇံသာကို သုံးသပ်စေချင်တာကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ် ခရီးစဉ်မှာ အခုလို အဖုအထစ် ဖြစ်စရာကြုံခဲ့ရတာဆိုတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရှေ့အလားအလာ ကောင်းနိုင်ပါ့မလား။

ဦးကျော်ဇံသာ ။. ။ ကျနော်အားရတာတခုကတော့ Noeleen Heyzer ပြောထားတာက ပွင့်လင်းတဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုပြီး ပြောတာဟာ သိပ်ကောင်းတဲ့ လမ်းပွင့်နေခြင်းဖြစ်ပါတယ်။ စစ်ကောင်စီ ဖက်ကတော့ ရုရှား၊ တရုတ် တို့ကို အားကိုးနေရတဲ့ အနေအထားရှိပါတယ်။ စစ်ကောင်စီက အိန္ဒိယ တို့ တရုတ်တို့က နားလည်တယ်လို့ပြောထားပါတယ်။ အဲဒီအထဲက အိန္ဒိယ က ဗဟိုအစိုးရထက် နယ်စပ်ပြည်နယ် တွေက မီ်ဇိုရမ်း ပြည်နယ် တို့ မဏီပူပြည်နယ်တို့က ဝန်ကြီးချုပ်တွေက ညှိနှိုင်းပေးချင်ကြတဲ့ သဘောထားရှိကြပါတယ်။ ဒါကို ဗဟိုအစိုးရက လူတချို့ကလည်း စိတ်ဝင်စားတယ်လို့ မကြာသေးခင်က အိန္ဒိယ သတင်းထောက်တဦး က ပြောဘူးပါတယ်။ အဲဒီလို အိန္ဒိယဖက်က စေ့စပ်ပေးရင် ဖြစ်နိုင်မလားဆိုတာကတော့ အချိန်ကြာပေမယ့် အကောင်းဖက်က ဖြစ်လာနိုင်ပါတယ်။

XS
SM
MD
LG